Chapter 16: part 15{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 25983

အပေါ်ထပ်ရေတံခွန်သို့ရောက်သောအခါ မျိုး မြင့်နဲ့ ဟိန်းထက်တို့ကရေထဲတောင်ဆင်းပြီးနေပြီ ။ မင်းမခ က ကန်ဘောင် ပေါ်တွင် ထိုင်လျက် ခြေထောက် ရေစိမ်ရင်း တသွင်သွင် စီးကျနေသောရေတံခွန်ကို ငေးမော ကြည့် နေဆဲ။

''မြန်မြန် လာကြ ဟေ့ ရေထဲကို ''

မျိုး မြင့်နဲ့ ဟိန်းထက်တို့ကရေကစားရန် အားရပါးရ လက် ယက် ခေါ်နေသည်။

''ကလေးတွေ ဂူပေါက်ရှေ့ က

ရေအလယ်ကောင် ထဲကို မသွားကြနဲ့နော်။ ဝဲရှိတယ် တဲ့နော် ဒေသခံက သတိပေးလိုက်တယ်။ အန္တရာယ် များတယ် ။ အထူး သဖြင့် ရေမကူး တတ်သူတွေ သတိထား ရေဆော့ကြ''

ဟေမာန် ကအကြီးတစ်ယောက်ပီပီ အငယ်များကို အန္တရာယ်မဖြစ်စေရန် အော်ပြော ကာ သတိပေးနေရသည်။ တောကြီး မျက်မဲ ထဲ လာပြီး တစ်ခုဖြစ်လျှင် ရတက်မအေး ဖြစ်ချေမည်။

နေရဲမာန် ကတော့ ရေတံခွန်တွင် ရေဆော့ရတာ မကြိုက်သောကြောင့တစ်ယောက်တည်း သီးသန့်နေကာ အနီးအနား ပတ်ကြည့်နေလိုက်သည်။

နေရဲမာန် အပေါ်ကနေ လှမ်းကြည့် လိုက်တော့ မိန်းကလေးများနဲ့သူ့ဘော်ဒါများက ရေထဲတွင် တစ်ယောက်နဲ့တစ်ယောက် ရေပက် ကာ ကစားနေလျက်။

ကန်ဘောင်ပေါ်တွင် ထိုင်နေသော မင်းမခ

လည်း ခြေထောက်ကို ဒူး အထိ ရေစိမ်လျက် သူတို့နဲ့အတူ ပြုံး ရွှင်စွာ ရေပက်တမ်းကစားနေလျက်။

ထိုကောင်လေး နေရဲမာန် ကို မြင်သော အခါ

ပြုံး ပြပြီး ရေကစားရန် လက်ယပ်ခေါ်လိုက်သည်မှာ ကလေး လေး တစ်ယောက်လိုပင်။

နေရဲမာန် ''တော်ပြီ''ဆိုသောပုံစံဖြင့် ခေါင်းကို တစ်ချက် ခါပြလိုက်သည်။ ထို ကောင်လေးကတော့ သူကို သွားတန်းလေးများ ပေါ်အောင် ပြုံး ပြပြီး ရေဆက်ကစားနေသည်။

"ဒီ ကောင်လေး တော်တော် ပျော်နေပါလား ?"

တစ်ယောက်တည်း ပြောပြီး ပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့် ပြီး ဖုန်းဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်နေလိုက်သည်။

အခြားသူများ ဂူထဲတွင် ရေငုပ်တမ်း ကစားနေသည် ကို ကြည့်နေသော ထိုကောင်လေးကိုနေရဲမာန် အပေါ်ကနေ သူ့phone camera

ဖြင့် တဖျပ်ဖျပ်ရိုက်နေသည်။

''အဟမ်းဟမ်း ငါ့မောင်ကတော့ paparazzi

ထပ်လုပ်ပြန်ပြီ။ ငါ ကတော့ ဓာတ်ပုံရိုက်ခိုင်းမလို့ သူကို လိုက်ရှာနေရတာ ။ ကိုယ်တော်ချော က ဒီမှာ Photo ခိုးရိုက်နေတာကိုး''

နောက်ကနေ အမဖြစ်သူ ဟေမာန် အသံကြား

တော့ မာန် phone ကို ချက်ချင်းပိတ်လိုက်ပြီး ရှက်ရမ်း ရမ်းပြီး လည်ပင်း ကို လက်ဖြင့်

သပ်လိုက်သည်။

'' ကျနော် ရိုက်ပေးမယ်။ ဘယ်မှာ ရိုက်မှာလဲ?''

အမ လက်ထဲမှ ဖုန်းကို ယူ ကာ photographer လုပ်ပေးရတော့သည်။

photo အနည်းငယ်ရိုက်ပြီးနောက်

''လာခဲ့ ။ ငါတို့ ရေတံခွန်ကို နောက်ခံထားပြီး မရိုက်ရသေးဘူး။ ငါ ကို ရေတံခွန် နောက်ခံ

ပြီး . . .OMG မင်းမခ ရေနစ်နေတယ်

ဝဲရှိတဲ့ရေအလယ်ကောင်ထဲမှာ မာန် လုပ်ပါအုံး ''

ရေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေသောကောင်လေး ။ နေရဲမာန် စိုးရိမ်မှု level ဂိတ်ဆုံးထိ မြင့်တက်ကာ

ထိတ်ထိတ်ပြာပြာ ပြောနေသော ဟေမာန်

လက်ထဲသို့ မာန် Camera ထည့်ပေးပြီး

ချက်ချင်း ရေထဲသို့ ဒိုင်ဗင် ထိုးချ ကာ

မင်းမခ အား ကယ်ဆယ်ရတော့သည်။

နေရဲမာန်နဲ့ ဟေမာန်ရဲ့ အော်သံကြောင့် ဂူထဲတွင် ရေငုပ်တမ်း ကစားနေ ကြ သူများ မင်းမခ ရေနစ်သည်ကို သိလိုက်ရသောကြောင့် ချက်ချင်း ဂူထဲမှ ထွက်လာကာ စိုးရိမ်တကြီးဖြင့် ဘာမှမဖြစ်ပါစေနဲ့ဟု စိတ်ထဲကဆုတောင်းလျက်။

နေရဲမာန် သတိလစ်မေ့မြောနေသော မင်းမခ အား ကြမ်းပြင်ပေါ်သို့အလျင်အမြန်ချပြီးအဆုတ်ထဲက ရေများ ထွက်လာစေရန် အရေးပေါ် အသက်ကယ်ဆယ်နည်း(CPR)ကို အသုံးပြု ရသည်။

အသက်ရှု စေရန် မာန် မင်းမခ ပါးစပ်ထဲသို့ တုံ့နှေးမဆိုင်း သူပါးစပ်ဖြင့် လေရှုသွင်း ပေးလိုက်သော အဖြစ်ကြောင့်ဘေးနားက ဝိုင်းကြည့်နေသော မိန်းကလေးများ အသက်ရှုပင်မေ့ရလောက်သည်အထိ။

မင်းမခ သတိပြန်ရသောအခါ နေရဲမာန်

တစ်ယောက်

''မင်းတို့တွေ လူတစ်ယောက်လုံး ရေနစ်နေတာတောင် မသိကြဘူးလား။အချိန်မှီသာ မသိလို့ကတော့ သေသွားနိုင်တယ် ''

စိုးရိမ်မှုကော ဒေါသ ကောပါနေသောကြောင့်

အသံမှာ ဟောက်သလို ဖြစ်သွားသည်။

''တောင်းပန်ပါတယ်ဟာ။ ငါတို့တွေ ဂူထဲမှာ

ရေငုပ်တမ်းကစားနေကြတာကြောင့် သတိ

မထားမိဘူးဖြစ်သွားတာ။ ခ နင်ကို ဂရုမစိုက်မိတဲ့အတွက် ငါတို့တောင်းပန်ပါတယ်နော် ''

မြလေးက မျက်နှာညှိုးငယ်စွာဖြင့် မင်းမခ အားတောင်းပန်ရှာသည်။

''အာဒါ သူတို့အပြစ်မဟုတ်ပါဘူး။ ကျနော်

အပြစ်ပါ။ကျနော် ဘာသာ မနေနိုင်လို့ရေမကူးတတ်ဘဲနဲ့ ရေထဲဆင်းမိတာ ခြေချော်ပြီး

အမဟေမာန် သတိပေးထားတဲ့ ဝဲရှိတဲ့နေရာ

ရောက်မိတာ။ အားလုံးကို စိတ်ပူ အောင် လုပ်မိတဲ့အတွက် လည်း ကျနော် တောင်းပန်ပါတယ်။ ပြီးတော့ ကျနော် အသက်ကို ကယ်ပေးတဲ့ ဒီက အစ်ကို နေရဲမာန် ကို လည်း တကယ်ကို ကျေးဇူးတင်ပါတယ်''

အက်ကွဲသံလေးဖြင့် တောင်းပန်စကားကော ကယ်ဆက်ပေးသူကို ကျေးဇူးတင်စကား ကော မျက်နှာငယ် လေးဖြင့် ပြောနေသော ထို ကောင်လေးကို ကြည့်ပြီး မာန် မနေနိုင်စွာ

သူပါးတစ်ဖက်အား ဆွဲကာ ပြောလိုက်သည်။

''ကဲ လျှာရှည် ပြီး ရေထဲဆင်းမနေနဲ့။ မင်း

ရေနစ်တော့ ကိုယ် ဘယ်လောက် စိတ်ပူ

ရတယ် ဆိုတာ သိရဲ့လား ''

နေရဲမာန် မင်းမခ ပါး ဆွဲလိုက်သည်မှာ နာမနာ မသိ။ ပါးကတော့ အနီရောင် လေး သမ်းသွားသည်မှာ ပါးအို့နီ တို့ထားသည့်အတိုင်းပင်။ ခ ကတော့ ပါးလေးကို လက်လေးဖြင့်ပွတ်ကာ

''အခု ကိစ္စကို ကျွန်တော်မေမေကို မပြော ပါနဲ့နော်။ကျနော် တောင်းဆိုပါရစေ။ကျနော် ရေနစ်တဲ့ အကြောင်းကို လျှို့ဝှက်ထားပေးပါ။ မေမေစိတ်ပူမှာ ဆိုတဲ့အတွက်ကြောင့်ပါ။ ''

မျက်လုံးဝိုင်းလေးဖြင့် သေသေချာချာတောင်းဆိုနေသောကြောင့် သူအမေအား မပြောပါဘူး ဟု အားလုံးက ကတိပေးရသည်။

အားလုံးထံမှ ကတိတောင်းခံပြီးပြီးချင်း

ခုနတုန်းကလို ဝမ်းနည်းနေသည့် ရုပ်မဟုတ်

တော့။ဝမ်းသာသွားသောမျက်နှာ ဖြင့်

''ကဲ ကျနော် တို့ရေဆက်ဆော့ရအောင်။ ဒီကို

ရောက်တာ တစ်နာရီတောင် မပြည့်သေးဘူး။ လာ မြလေးနဲ့မေနှင်း ''

ပြောပြောဆိုဆို ဖြင့် မေလေးနှင့် မြလေးတို့

ဆွဲခေါ်ပြီးရေတိမ်သည့် နေရာ သို့ဆင်းသွား

သည်။အခြားသူများလည်း ရေထဲသို့ဆင်းသွားသည်။ ဟေမာန် လည်း ရေမကစား ရသေးသည့် အတွက်ကြောင့် ခပ်မြန်မြန် ရေထဲဆင်းသွားလေရဲ့။ မာန်ကတော့ ပြောမနိုင် ဆိုမနိုင်သော ရေကြိုက်သူ မင်းမခ အား ငေးကြည့်နေရသည်မှလွဲ၍ဘာမှ မတတ်နိုင်ပေ။

ဒူး လောက်ရှိသော ရေထဲတွင် မင်းမခ ကုန်းပေါ်တွင် မတ်တပ်ရပ်ကာ သူကို ကြည့်နေသော မာန် နားသို့သွားကာ

''အကို လာလေ။ ရေလည်း တစ်စက်မှလည်း မဆော့သေးဘူး။ ကျနော်တို့နဲ့ လာဆော့လေ ''

ဖိတ်ခေါ်နေသည်။

''တော်ပြီ။ ငါ က ရေဆော့ တာ မကြိုက် . . . ''

နေရဲမာန် စကားမဆုံးခင် မင်းမခ သူလက်ကို ဆွဲလိုက်တာ ကို ခံလိုက်ရသောကြောင့် ရေထဲသို့ကျကာ ဘောင်း ဘီရွှဲစိုသွားသည်။

အလစ်သုတ်ကာ ရေထဲသို့ဆွဲချခံရသော

ကြောင့် နေရဲမာန် တခစ်ခစ်ရယ်နေသော မင်းမခ အား ရေဖြင့် လှမ်းပက်လိုက်သည်။နောက်ဆုံးတော့လည်း နေရဲမာန် မင်းမခ ကောင်းမှုကြောင့် သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ တစ်ယောက်နဲ့တစ်ယောက် ရေပက် ကစားနေကြသည်မှာ သြင်္ကန် ကျနေသည်ပမာ။ရယ်သံများ တစ်ယောက်နဲ့ တစ်ယောက်စ နောက် သံများ သည်လည်း ရေတံခွန်နား တစ်ဝိုက်တွင် ပျံ့လွင့်လျက်။

ရေတံခွန်တွင် Group photos များရိုက် လိုက်ရေဆော့ လိုက်ဖြင့် 2နာရီ ထိုးတော့

တောင်အောက်သို့ ခပ်သွက်သွက် ပြန်ဆင်းလာခဲ့ရသည်။ အဝတ်အစားများလည်း ကိုယ်စီ စိုရွှဲနေလျက်။

အပြန်ခရီးလမ်းတွင် စကားတပြော ပြောဖြင့် ခပ်သွက်သွက်ဆင်းလာခဲ့သော ကြောင့် အသွားကြာချိန်ထက် ပိုမြန်သည် သာမက တစ်ယောက်နဲ့တစ်ယောက် ဖေးမ ကူညီကြရင်း ပို၍ရင်းနှီးလာသည်။ အထူး သဖြင့် နေရဲမာန်နဲ့မင်းမခ ။

မိန်းကလေး လေးယောက်မှာတော့ fujoshi ဝါသနာတူများ စုမိကြသောအခါ

အပြန်တစ်လမ်းလုံး BL movies fictions အကြောင်းများကို အားရပါးရပြောကာ ဆွေးနွေးရင်း ဆင်းလာခဲ့ကြသည်။

အပြန်ခရီးတွင် ရှုခင်း လှသည့်တစ်နေရာတွင် အမောဖြေ ခဏနား သောကြောင့် ကျန်တဲ့သူများက selfie ဆွဲကာ အလုပ်ရှုပ်နေကြသည်။

''' အကို တောင်တန်းကြီးတွေက တော်တော်လှတယ်နော်''

စကားသံကြောင့် မင်းမခ ဘက်သို့ နေရဲမာန် လှည့်ကြည့်လိုက်တော့ ထို ကောင်လေးက သူအားမကြည့် ။ စိမ်းစို နေသော တောင်တန်းကြီးများကို ငေးမော ကာ ကြည့်နေဆဲ။

''အင်း ။ တော်တော်လှတယ် ''

နေရဲမာန် တောင်တန်းကို မကြည့်။မင်းမခ မျက်နှာကို သေသေချာချာ ကြည့်ကာ ဖြေလိုက်သည်။ သူတို့နှစ်ယောက်

ကြားတွင် တိတ်ဆိတ်မှုက စက္ကန့်အနည်းငယ် လွှမ်းခြုံသွားသည်။

''ကျနော် က တောင်တန်းကြီးတွေကို ချစ်တယ်။ တောင်တက်ရတာကိုသဘောကျတယ်။အမြင့်ကို ပိုရောက်လေ လှပတဲ့ အရာတွေကို ပိုမြင်ရလေ တက်ရတာ သေလောက်အောင် ပင်ပန်ပေးမဲ့ အမြင့်ရောက်သွားတဲ့ ခံစားချက်က ဘာနဲ့မှမတူဘူး ပင်ပန်းရတာ ထိုက်တန်ပါတယ်။စားဝတ်နေရေး ရှုပ်ယှက်ခတ်နေသော လူလောကကြီးထဲမှာ ဘယ်လောက်ဘဲပင်ပန်းပါစေ အခု လိုမျိုး သဘာဝ တရားကြီးနဲ့ တစ်ရက်လောက် စိတ်တူကိုယ်တူ ကျနော် သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြု န်းရတာက ကျနော်အပျော်ရွှင်ဆုံးအရာတစ်ခုဘဲဗျ။ အစ်ကို ရော ?''

''အကို အရင်ကတောင်တက်ရတာ သဘောမကျဘူး။ မင်းနဲ့ဆန့်ကျင်ဘက်ဘဲ။ ဒါပေမဲ့ အခုတော့ တောင်တက်ရတာ ဘယ်လောက်ကောင်းမှန်း အကိုသိသွားပြီ။ တဖြည်းဖြည်း နဲ့ သဘာဝတရားကြီးကို တစ်စုံတစ်ယောက်ကြောင့် ချစ်တတ်လာပြီ။ ''

မင်းမခ မာန် စကားကို ဘာမှ မတုံ့ပြန့် ။ ငြိမ်နားထောင် နေပြီး မျက်စိတစ်ဆုံးရှည်လျား

နေသော တောင်တန်းကြီးများကို ငေးမောနေဆဲ။

ကားပေါ်သို့ ပြန်ရောက်တော့ 5နာရီ ပင်ရှိနေပြီ။မည်မျှ ပင် ပင်ပန်းသွားသည်မသိ။ ကားပေါ်က ပါလာသည့် သူများလည်း တစ်လမ်းလုံး တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ကြသည်။

မင်းမခ အိမ်ရှေ့ရောက်တော့ အမေဖြစ်သူ ကထွက်လာကြိုသည်။

''ရေလည်း ချိုးလိုက်အုံး။ နွေးနွေးထွေးထွေး

ဝတ်''

''ဟုတ်ကဲ့။ ကျနော် သွားပြီ ။ BYE BYE ''

အမှာတမ်း ချွေနေသော နေရဲမာန်ကို ပြုံး ပြကာ သူငယ်ချင်းများ အားလုံးကို

နှုတ်ဆက်ပြီး အမေဖြစ်သူနဲ့ အတူ အိမ်ထဲသို့

ဝင်သွား သည်။

နေရဲမာန် ထိုကလေးကျောပြင်အား ကြည့်နေ

သည်မှာ လည်ပင်းပြုတ်ထွက်မတတ်

တမော့မော့ ဖြင့် မြင်ကွင်းထဲမှ ပျောက်သည်အထိ။ ကားပေါ်မှ သူငယ်ချင်းများက

''အကဲပိုတာ ''ဆိုသော အကြည့်များဖြင့် သူပုံစံကို မသိမသာ ရှိုးလျက်။

ဒီလိုဖြင့် တစ်ယောက်ပြီး တစ်ယောက် အိမ်အထိ လိုက်ပို့ခဲ့ကာ ထိုတစ်နေ့တာကို

အမှတ်တရပေါင်းများစွာဖြင့် ပျော်ရွှင်စွာ

ဖြတ်သန်းခဲ့ကြသည်။

အပြန်လမ်းတွင်နေရဲမာန် မျက်နှာက မူ ပြုံး ရွှင်နေသည်။ အသွားလမ်းကလိုမျိုး မျက်နှာထားတင်းမနေ။ အိမ်ရောက်တော့

အခန်းထဲတွင် ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ကာ သူ့နှုတ်ခမ်းသူ တကိုင်ကိုင်ဖြင့် ကျေနပ်နေ

သည်။မင်းမခ နှုတ်ခမ်းကို ထိတွေ့ခွင့်ရခဲ့သောကြောင့်

ပင်။

~~~~~~~~~~~~~~~~~~

Note

👉ဒီအခန်းမှာ ပါတဲ့ ဘိုင်ဘင်ရေတံခွန်က ficထဲမှာရေးထားတဲ့အတိုင်းဘဲ Mandalay

ပုသိမ်ကြီးမြို့နယ် မင်းကန်ကျေးရွာ အုပ်စု

ဘိုင်ဘင်ရွာမှာ တကယ်ရှိတာပါ။

(တချို့facebook userတွေ ဘိုင်ဘင် ရေတံခွန် review ဖတ်ဖူးတဲ့သူရှိမှာပါ)

အရမ်းဝေးပြီး တောနက်ပါတယ်။ လမ်းလည်း

တော်တော်

ကြမ်းတယ်။ရေတံခွန်က တော်တော်လှ

တယ်။ရေကလည်း ကြည်လင်နေတာဘဲ။လူသူအရောက်ပေါက်နည်းတဲ့အတွက်ကြောင့် သဘာဝတရားအတိုင်းဘဲ။ (fb ထဲက pics တွေထဲမှာ

အရမ်းလှတယ်)

ဒါပေမဲ့ ကိုယ်တွေသွားတဲ့အချိန်တုန်းက

မိုးရာသီဖြစ်တာကတစ်ကြောင်း မသွားမီ

တရက် အလို မိုးတွေရွာထားတာကြောင့်

ရေတွေနောက်နေတာ ။သွားရတာနဲ့တောင် မတန်ဘူး။ 😢

သွားမယ်ဆိုရင်တောင် နွေရာသီနဲ့ ဆောင်းရာသီအချိန်လောက် သွားကြပါ လို့

အကြံပေးချင်ပါတယ်။

ပြီးတော့ ရေတံခွန် ဒုတိယထပ်ရဲ့ ဂူပေါက် ရှေ့ မှာ ဝဲ ဂယက်တကယ်ရှိပါတယ်။တော်တော်

လည်းနက်ပါတယ် ။

ဒေသခံတွေရဲ့ အပြောအရ

ဂူပေါက်ရဲ့ဆွဲအားကြောင့် ရေလယ်ကောင်မှာဝဲဂယက် ထသည့်အတွက်ကြောင့် ရေလည်း

နက်ပြီး အန္တရာယ် ရှိပါတယ်တဲ့ ။ 💣

ရေတံခွန် နာမည် အတိုင်းဘဲ ။ တစ်ခါ သွားပြီးရင် ထပ်မသွားချင် လောက်အောင်ကို ဘိုင်ဘိုင်ပါဘဲ။(အရမ်း ပင်ပန်းတဲ့အတွက်ကြောင့်ပါ)

👉"If you want to know about the character of people or develop friendship ,make a trip with them''

အာဒီစာကြောင်းလေးက တော်တော်မှန်ပါ

တယ်။

ခရီး ထွက်လိုက်ခြင်းအားဖြင့် ကျနော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် မျက်နှာစိမ်းဖြစ်နေရင်တောင်မှ ရိုင်းပင်းကူညီကြရင်း

အလွယ်တကူ ခင်မင်သွားတတ်ကြပါတယ်။ပိုပြီးလည်းရင်းနှီးသွားကြပါတယ်။

ပြီးတော့ ခရီး ထွက် လိုက်ရင် တစ်ယောက်

personality ကို တစ်ယောက် အသေးစိတ်မသိတာတောင် အကြမ်းဖျင်းခန့်မှန်းမိနိုင်ကြပါ

တယ်။

~~~~~~~~~~~