Chapter 17: part 16{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 31685

မနက် အိပ်ရာ ထထချင်း နေရဲမာန် မနေ့က

တောင်တက်ရသည့် ဒဏ်ကြောင့် တစ်ကိုယ်လုံးနာ ကျင် ကိုက်ခဲနေသည်။ ခြေထောက် နာနေသောကြောင့် လှေကား အတက်အဆင်းလုပ်ရသည်မှာ ထော့နဲ့ ထော့နဲ့ဖြင့် အဘိုးကြီးအို လမ်းလျှောက်သကဲ့သို့။

*သူတောင် ဒီလောက် ဖြစ်နေတာ ဟို

ကောင်လေးဆို ဘယ်လို ဖြစ်နေပြီလဲမသိဘူး*

နေရဲမာန် ကိုယ်အတွက် ကိုပင် မပူရ စောစော

စီးစီး မင်းမခ အကြောင်း တွေးနေရင်း

''နေရဲမာန် နင် လမ်းလျှောက်တာကြီးက ဘဲကြီးယက်ကန်း ယက်ကန်းပုံစံလိုမျိုး ။ မနေ့က ဆေးမလိမ်းဘူးလား?''

သူအပေါ်ထပ်က ဆင်းလာတဲ့ပုံစံကိုကြည့်ကာ အမဖြစ်သူ ဟေမာန်က ခနဲ့ပြီး မေးလိုက်သောအခါ နေရဲမာန် ကျတ်စ် တစ်ချက် စုတ်သပ်ကာ

''မနေ့က မေ့ပြီး မလိမ်းမိလိုက်တာ။

တောင်တက်ပြီးရင် ဒီလောက် ဒဏ် ဖြစ်မယ်လို့မထင်ထားပါဘူး။ ''

စုတ်သပ်စွာဖြေလိုက်သည်။

''ဖြစ်ရမယ်လေ ။ တောင်တက်တာ ပထမဆုံး

အကြိမ်ဆိုရင် ဒီလို ပါဘဲ''

ဟေမာန် ကတော့ သူဘာမှမဖြစ်သလိုပင်အေးဆေးသော လေသံဖြင့် . . . .

*****************************

တနင်္လာနေ့

ကျောင်းဖွင့်ရက် ဖြစ်သောကြောင့် နေရဲမာန်

ကျောင်းသို့ မတက်ချင် ဘဲနဲ့တက်ရသည်။ ကျောင်းလှေကားထစ်ပေါင်းများစွာကို လည်း လေးလံသော ခြေလှမ်းများဖြင့် နှေးကွေးစွာ တက်ခဲ့ရသည်။

စာသင်ခန်းထဲရောက်ရောက်ချင်း အေးအေး

ဆေးဆေးမနေနိုင်။ မျိုးမြင့်နဲ့ ဟိန်းထက်

နှစ်ကောင် လျှာရှည် အမေးအမြန်းထူမူကြောင့် ခြေထောက် ကိစ္စပြန်ဖြေ ရှင်းရသေးသည်။

''လူကောင်ကြီးပြီး အဖြစ်မရှိတဲ့ကောင် ။ အားနည်းလိုက်တာ လွန်ရော ဒီလောက် လေး တောင်တက်ရတာကိုးများ''

တောင်တက်အတွေ့အကြုံရှိသော

ဟိန်းထက် နဲ့ မျိုးမြင့် က ဘာဒဏ်မှ မခံစားရ

သည့်ပုံစံဖြင့် ကျောတစ်ချက် လောက်ရိုက်လိုက်ရင် တကျွတ်ကျွတ်ဖြစ်နေသော မာန် ပုံစံကို ကြည့်ပြီးအားရပါးရ ဝေဖန်ရေးဆင်းနေကြသည်။

သူ့ဘော်ဒါ နှစ်ယောက် နေရဲမာန် အား

ပယ်ပယ်နယ်နယ် ဝေဖန် နေသံကို မလှမ်း

မကမ်းတွင် ထိုင်နေသော မေမြတ်နဒီ စာဖတ်

ရင်း ကြားသော အခါ နှင်းဆီရောင်နှုတ်ခမ်း ပေါ်တွင်အပြုံးတစ်ခု ဖြစ်ထွန်းလျက်။

''ဟဲ့ နဒီ နင် facebook ပေါ်ကနေရဲမာန် ပုံတွေ တွေ့ပြီးပြီလား? ''

ဘေးက သူငယ်ချင်းမတစ်ယောက် ရဲ့ လက်တို့အမေးကြောင့် နဒီစာဖတ်နေရာမှ နားမလည်သည့်ဟန်ဖြင့် မေးလိုက်သည်။

''ဘာပုံကိုလဲ? ''

သူငယ်ချင်းမက စိတ်မရှည်သည့်ဟန်ဖြင့် သူမဖုန်းထဲက fb ကိုဖွင့်ကာ

''ဒီမယ် ကြည့် ။ မနေ့က နေရဲမာန်

သူ့သူငယ်ချင်းတွေနဲ့ MU ကသူတွေနဲ့ခရီးသွားတယ် ။

fb ပေါ်မှာ သူ့ခရီးသွား ပုံတွေကော သူပါတဲ့ tagged ထားတဲ့ ပုံတွေကော ပလူးကိုး ပျံနေတာဘဲ။ မိန်းမ နင် သတိထား တော့နော်။

ဘယ်တော့မှ ကျောင်းက တောင်တက်

ခရီးစဉ်တွေ waterfall တွေဘက်ဆို မလိုက်တဲ့သူ က အခု များ MU ကသူတွေနဲ့အတူ

ခရီးတွေတောင် သွားတဲ့အဆင့်ဖြစ်နေပြီ။ ''

နဒီ ဘာမျှ ပြန်မပြောဘဲ ငြိမ်နေလိုက်ပြီး သူငယ်ချင်းမ ဖုန်းကိုယူကာ fb ပေါ်က photoများကို တစ်ပုံချင်းစီသာ ကြည့်ပြီး စိတ်ထဲတွင် ဘေးက သူငယ်ချင်း အပြောကြောင့်စိုးရိမ်စိတ် အနည်းငယ် ဖုံးလွှမ်းလျက်။

တင်ထားသော photo များကို scroll down လုပ်နေရာမှာ တစ်နေရာရောက်တော့ screen ကို touch လုပ်ထားသော လက်များရပ်တန့်သွားသည်။

နေရဲမာန် တင်ထားသော photoများရဲ့ အောက်ဆုံးပုံထဲတွင် ရှားရှားပါးပါး တစ်ယောက်သော သူပုံတင်ထားသည်။

ဘေးတစောင်းပုံဖြူ ဖြူ ဖွေးဖွေး ကောင်လေးတစ်ယောက် ရေထဲသို့ခြေထောက်စိမ်လျက်ထိုင်နေသောပုံ။ ချွန်မြသော နှာခေါင်း ဆံစလေးများက နီရဲနေသော နားရွက် ကို ထောက်လျက်။

ကြည် လင်နေသော ရေထဲတွင် ဖောက်ထွင်းမြင်နိုင်သော သူ့သွယ်တန်းသော ခြေသလုံးများမှာ ဖြူ ဖွေး နေလျက်။

ဘေးတစောင်း မြင်ရတာတောင် တော်တော်

လေး ကြည့်ကောင်းနေလျှင် မျက်နှာတစ်ခုလုံး ဆိုလျှင် မည်မျှတောင် ချောမည်နည်း။

*မာန်ကြိုက်တာ ဒီကောင်လေးများလား ။ မဖြစ်နိုင်ပါဘူး*

အတွေးဝဲဂယက် များကို ထကာ နဒီ Photo ကိုဆက်ကြည့်ချင်လိုစိတ်မရှိတော့။ phone ကို သူငယ်ချင်း ဖြစ်သူထံပြန်ပေးပြီး စာသာ

ဆက်ဖက်နေလိုက်သည်။

********************

ထုံးစံအတိုင်း နေ့လည်စာ စားချိန် နေရဲမာန်

ဘော်ဒါ နှစ်ယောက်နဲ့အတူ MU  canteen သို့သွားခဲ့ကြသည်။

''အကို မာန် ခြေထောက် ကဘယ်လို ဖြစ်တာလဲ?''

မေလေး၏ တွေ့တွေ့ချင်း ဆီးကြို စကားကြောင့် နေရဲမာန် ခေါင်းကုတ်ကာ

''တောင်တက်လိုက်ရလို့ ခြေထောက်နာနေတာ။ ငါလည်း တစ်မနက်လုံး ဒီ ခြေထောက် ဘဲ လာလာမေးနေကြတာ။ မင်းမခ ကော။

ဒီကောင်လေး ဘယ်သွားတာလဲ ?''

မင်းမခ ကို မြလေးနဲ့မေနှင်းတို့နဲ့အတူ

မတွေ့သောကြောင့် မာန် မေးလိုက်သည်။

''ခလေး ဖျားနေလို့ ဒီနေ့ ကျောင်းမလာဘူး ''

မြလေး ပန်းကန်လုံးထဲက အာပူလျှာပူကို

ဇွန်းဖြင့် ခပ်ရင်း ဖြေလိုက်သည်။

''ဘာ!!!!!''

မာန်တစ်ယောက် မင်းမခ ဖျားနေသည် ဆိုသည့် စကားကြားတော့ စိုးရိမ်မှု ဒီဂရီ မြင့်တက်သွားသော ကြောင့် အသံမှာ နည်းနည်းကျယ်သွားသည်။တခြားဝိုင်းက ကျောင်းသား/သူများက ဘာဖြစ်တာလဲဆိုသည့် အကြည့်ဖြင့်ကြည့်လျက်။

''အကို ရာ အသံလေး လျှော့ ပါအုံး။ တခြားဝိုင်းက လူတွေတောင် ညီမတို့ကို ကြည့်နေပြီ။ မသိရင် ဒေါသထွက်နေတဲ့အသံအတိုင်း ဘဲ''

မေလေး ပြောလိုက်တော့မှ နေရဲမာန်လည်း

''sorry ညီမ ''

အားတုံအားနာဖြင့် တောင်းပန်လိုက်သည်။

''အကို အကို ညီမတို့တစ်ခုမေးလို့ရမလား?''

မေလေး၏ ခွင့်တောင်းမှုကြောင့် မာန်က

''မေးလေ ။ ဘာမေးမှာလဲ?''

ပြောရင်း ထမင်းဆက်စားနေသည်။

မေလေးက ပန်းကန်ထဲက ထမင်းဆီဆမ်းကို

ဇွန်းဖြင့် ချေရင်း

''ဟို အကို မနေ့က ရေတံခွန်မှာ မင်းမခ ကို . . . kiss . . .kiss ပေးလိုက် ရတဲ့အချိန် အကို ဘယ်လို ခံစားရလဲဟင် ''

ထစ်ထစ်အအဖြင့် မေးလိုက်သည်။

မေလေးရဲ့ မေးခွန်းကြောင့် နေရဲမာန် စားနေသော ထမင်းပင် လည်ချောင်းထဲတွင် တစ်ဆို့နေသော ကြောင့် အနီးရှိ ရေဘူးထဲက ရေကို  ဖန်ခွက်ထဲသို့ ထည့်ကာ သောက်ရသည့်အဖြစ်။

အစားအသောက် ကို အငမ်းမရစားနေသော

မျိုးမြင့် နဲ့ဟိန်းထက် ကလည်း မေလေးမေးခွန်း ကြောင့် မာန်အား ပြုံး စိစိ ရုပ်များ ဖြင့် ကြည့်နေလျက်။

''အာဒါ kiss မှ မဟုတ်တာ ။ ပါးစပ်ထဲကို လေရှုသွင်း ပေးရုံပါဘဲ''

မျိုးမြင့် အပြော ကို မြလေးက

''ဘာဘဲဖြစ်ဖြစ် ပါးစပ်ထဲလေရှုသွင်းပေးမှတော့ နှုတ်ခမ်းချင်း ထိရတာဘဲလေ။ kiss က kiss ဘဲပေါ့အကို တို့ကလည်း။ ဟုတ်တယ်မလား အကိုမာန်''

မျက်တောင် တဖျပ်ဖျပ် ခတ်ကာ နေရဲမာန်အဖြေကို မျှော်နေလျက်။

နေရဲမာန် ကတော့ ထို ဝိုင်းထဲမှ ထပြေးချင် စိတ် တဖွားဖွား။ကာယကံရှင် တစ်ယောက်လို ရှေ့မှာထားပြီး kiss ဟုတ်လား မဟုတ်လား အပြိုင်အဆိုင် ငြင်းနေကြသော သူငယ်ချင်း များကို ထထု ပစ်ချင်သည်မှာ လက်ကို ယားလို့ပင်။

''တော်ကြစမ်း။ ဘယ်နှယ် ဒီကောင်မလေးတွေ အကိုတွေရှေ့ လာပြီး kiss အကြောင်း လာမေးနေတာ။ အခုတိတ်!!''

နေရဲမာန် ပိတ်ဟောက် လိုက်တော့ ငြိမ်ကျသွားကာ ထမင်းကိုယ်စီဆက်စားနေကြသည်။

ဒါတောင်မြလေးက မျိုးမြင့်အား ငါးခူ အပြုံး ပြုံးကာ

''တွေ့တယ်နော်။ အကို မာန်ရဲ့ စကားမှာ kiss ဆိုတဲ့စကားတောင် ပါသွားပြီ။ ''

မာန်မကြားစေရန် တိုးတိုးလေး ပြောလိုက်သည်ကို မာန်ကြား ဖြင့်အောင်ကြားလိုက်ပြီး မသိချင် ဟန်ဆောင်နေလိုက်သည်။

ထမင်းဝိုင်းတွင် မင်းမခ မပါသောကြောင့်

နေရဲမာန်အတွက် ထမင်းဝိုင်းသည် တစ်ခုခု လိုနေသည် ဟု ထင်ရသည်။ နေ့လည်စာစားရသည်မှာလည်း အဆင်မပြေ။ မေလေးရဲ့

မေးခွန်း ကြောင့် နေ့လည်စာစားရသည်မှာ

မဖြောင့်။

***************

နောက်တစ်ရက် လည်း မင်းမခ ကျောင်းမလာသောကြောင့် နေရဲမာန် ကျောင်းဆင်းဆင်းချင်းမုန့်များဝယ်ခြမ်းကာ မင်းမခ အိမ်ပေါက်သို့ရောက်လာခဲ့ရသည်။

အိမ်ရှေ့တွင် ကားရပ်လိုက်ပြီး ကားထဲက

မုန့်ပုံးများဆွဲကာ အိမ်ဝင်း တံခါးပေါက်တွင် အိမ်ထဲသို့ လူလှမ်းခေါ်ရန် ချီတုံချတုံဖြစ်နေစဉ် အိမ်ထဲမှ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးထွက်လာသည်။

''သား ဘာ ကိစ္စ ရှိလို့လဲ?''

ပြုံး၍မေးလိုက်ရာ နေရဲမာန် မင်းမခ အမေကို တွေ့ဖူးသောကြောင့် တန်းမှတ်မိပြီး ပြုံးပြ

လိုက်သည်။

''ကျွန်တော် မင်းမခရဲ့ သူငယ်ချင်း နေရဲမာန် ပါခင်ဗျာ။ မင်းမခနဲ့တွေ့ချင်လို့ပါ ခင်ဗျာ''

ခင်ဗျာကို ပါးစပ်က မချတိုင်း ယဉ်ယဉ်ကျေး

ကျေး ပြောနေသော မာန်အား ကြည့်ပြီး ဒေါ်နန်းသင်း တစ်ခုခု ကို မှတ်မိသွားသည် ။

''အော် သားသူငယ်ချင်းကိုး ။လာ လာ အိမ်ထဲဝင် ထိုင် သား''

အိမ်တံခါး ပေါက် ဖွင့်ပေးလိုက်ပြီး ဧည်ရိပ် ပျူ ဌာ စွာ ကြိုဆိုသော မင်းမခ အမေအား ကြည့်ပြီး မာန် စိတ်သက်သာရာ ရသွားသည်။

''လာ သား ထိုင်ပါအုံး''

မင်းမခ အမေ ညွှန်ပြသော နေရာတွင်

ထိုင်လိုက်ပြီး

''မင်းမခ နေမကောင်းဘူး ဆိုလို့ ။ အန်တီတို့

အတွက် ကျွန်တော် ဝယ်လာတာ''

မာန် လက် ထဲမှ ကိုင်ထားသော မုန့်ပုံးများကို

ကို စားပွဲပေါ်သို့ တင်လိုက်သည်။

''ဟောတော့ တကူးတက သားရယ် ။

အားနာစရာ ကြီး။ မင်းတို့trip က ပြန်လာတဲ့ သူ နောက်ရက် ကစပြီး ဖျားတော့ တာဘဲ ။ဒီနေ့လည်း ကျောင်းကို တကဲကဲသွားမယ် လုပ်နေတာ။ သူအဖျားက အရှင်းကြီး မပျောက်သေးတာကြောင့် အန်တီက မနည်း တားထားရတာ။ သားကို သွားခေါ်လိုက်အုံးမယ် ။ ခဏစောင့်အုံး သား''

ပြောပြီး ဒေါ်နန်းသင်း အပေါ်သို့တက်သွား

သည်။

ဧည့် ခန်းထဲတစ်ယောက်တည်း ကျန်ခဲ့သော

မာန် မင်းမခ ဆင်းအလာကို ထိုင်စောင့်ရင်း

Dream Catcher များကို လှပ သေသပ်သော design မျိုးစုံဖြင့် ရွယ်စုံ ဆိုဒ်စုံဖြင့် နံရံပေါ်တွင် ချိတ်ဆွဲအလှဆင်ထား သည့်

ဧည့်ခန်း ကို ကျီးကန်းတောင်မှောက် ကြည့်

လိုက်သည်။

Dream Catcherများအလယ်မှ မိသားစု

ဓာတ်ပုံကြီးသည် နေရာယူလျက် ။ နေရဲမာန် ထိုဓာတ်ပုံအားသေသေချာချာ ကြည့်ပြီး

*ဒီကောင်လေး က သူ့မိဘတွေဆီက

အကောင်းဆုံး အလှတရားတွေကို အမွှေရထားတာကိုး *

မှတ်ချက်ပြု လိုက်သည်။

မင်းမခ မိခင်နဲ့အတူ အပေါ်ထပ်က ဆင်းလာသည်။ ခြေ မျက်စိထိဖုံးထားသော ချည် ဘောင်းဘီအရှည် နဲ့ Hoodie အပြာရောင် လက်ရှည် သည် သူရဲ့ ပိန်ပါးသော ခန္ဓာကိုယ်နှင့် မလိုက်။ ပွယောင်ယောင် ဖြစ်နေသည်။ ခေါင်းမဖြီးထားသောကြောင့် ဆံပင် များမှာ နဖူးပေါ်တွင် ကျလျက်။

''အကို အိမ်ကို တကူးတကကြီး ။ မုန့်တွေ

လည်း ဝယ် လာ တယ်။ အားနာစရာကြီးဗျာ''

ပြောရင်း မင်းမခ မာန် ၏ခပ်လှမ်းလှမ်း အကွာတွင် ဝင်ထိုင်လိုက်သည်။ ပါးစပ်က အားနာစရာ ကြီးဟု သာ ပြောနေသော်လည်း

အမူအရာက ကလေး ချိုချဉ် ရသွားသလို ပြုံးချိုချို ဖြင့်။

မတွေ့ရသည့် နှုတ်ခမ်းမှာလည်း အနည်းငယ် ဖြူ ဆုတ်တဲ့ဘက် သမ်းလျက်။ ထိုဖြူဖတ်ဖတ်ကောင်လေး ပုံစံ ကိုကြည့်ပြီး ဘယ်လောက် အဖျားကြီး သွားသည်ကို သိသောကြောင့် နေရဲမာန် စိတ်သက်သာရာမရ။

''ကဲ သားတို့ အေးအေးဆေးဆေး စကားပြော နှင့်ကြ။ အမေ သား သူငယ်ချင်းအတွက် ဧည့်ခံဖို့ မုန့်သွားပြင်လိုက်အုံးမယ် ''

ပြောရင်းစားပွဲပေါ်က မုန့်ပုံးများကို ယူပြီး

မင်းမခ အမေ မီးဖို ခန်းထဲသို့ဝင်သွားသည် ။

ဧည့်ခန်းထဲတွင် နေရဲမာန်နဲ့ မင်းမခ

နှစ်ယောက်ထဲ ။

''ကဲ ဆိုစမ်းပါဦး။ လန့်ဖျား ဖျားတာ လား ။''

နေရဲမာန် မေးရင်း ခပ်လှမ်းလှမ်းတွင် ထိုင်

နေသော မင်းမခ အနားသို့ ကပ်ထိုင်လိုက်ပြီး

ခနဖူးပေါ် သူ့လက်ဖဝါး တင်လိုက်ပြီး အပူချိန်ကို စမ်းသပ်နေသည်။

နေရဲမာန် ရဲ့ လက်ရဲဇာက်ရဲနိုင်မှုကြောင့် မင်းမခ မျက်လုံး အနည်းငယ်ပြူ းသွားလျက်။ ဖြူ ဖွေး သော မျက်နှာ ပြင် ပေါ်တွင် ပန်းရောင် အရိပ်များ ဖြတ်သန်းသွားသည်။

မင်းမခ ခေါင်းကို နောက်သို့ဆုတ်ရုံသာမက

ကိုယ်ကို မာန် နဲ့လက်တစ်ပြန် ကျော်မှ အကွာအဝေး ဆုတ်ပြီး

'' အကိုရာ တိုးတိုးပြောပါ။ အမေက မီးဖိုချောင်ထဲမှာ။ ''

ဟိုကြည့် ဒီကြည့်ဖြင့် မီးဖိုချောင်ထဲက သူ့အမေ အရိပ်အကဲကို ကြည့်ရင်း နှုတ်ခမ်းကို လက်ညှိုးဖြင့်တေ့ကာ စိုးရိမ်တကြီး သတိပေးနေရှာသည်။ ဆက်၍သူကပင်

''ကျနော်နား လေး မကပ်နဲ့။အကို ပါ

အဖျားတွေကူးကုန်အုံးမယ် ''

သူရှေ့က ချစ်လှစွာသော ကောင်လေး က သူကို အဖျားကူးမှာဆိုးလို့ ပြောလိုက်သော စကားကြောင့် မာန် မရယ်ဘဲမနေနိုင်တော့။

စိတ်ထဲတွင် ငါကို စိုးရိမ်ပေးရှာသားဘဲ ဆိုသည့်အနေဖြင့် အကျေနပ်ကြီးကျေနပ်နေသည်။

''ဒီက လူနာ ကိုယ်တော်ချော က ဆရာဝန်အလောင်းအလျာကို စိတ်ပူနေရသေးတယ်။ ''

ပြောရင်း နေရဲမာန် ခရဲ့ ဆံပင် များကို လက်ဖြင့် ဖွလိုက်သည်။

''အကိုဗျာ လက်ကို အငြိမ်မနေဘူး။ ကျနော်

ဆံပင်တွေပွကုန်ပြီ။ကြည့်အုံး။ ကျနော် ပုံစံက ကလေး ကျနေတာဘဲ''

မာန်ကြောင့် ပွသွားသော ဆံပင်များကို ပြန်သပ်ရင်း မျက်နှာစူပုတ်စွာ ပြောနေသော ခအားကြည့်ပြီး မာန် ရယ်လိုက်သည်။

''ညီက ကိုယ် မျက်လုံးထဲမှာ ကလေးလေး

အတိုင်းဘဲ။ဝတ်ထားတဲ့ ပုံစံလေးလည်း ကြည့်အုံး။ ဆံပင် က ဘုတ်သိုက်ကေနဲ့။ လူက ပိန်ရတဲ့ကြားထဲအင်္ကျီ က ပွဖောင်းနေတာဘဲ။ ''

နေရဲမာန် ထိုသို့စလိုက်တော့ မင်းမခ

အောက်နှုတ်ခမ်းကို ကိုက်ရင်း မျက်စောင်းကလည်း ပက်ခနဲ။

''ဒီကို လူနာ သတင်း လာမေးတာလား ။ ဒါမှ မဟုတ် လူကို ခနဲ့ဖို့ လာတာလား ။ နေမကောင်းဖြစ်နေတဲ့လူကို ခနဲ့ဖို့လာတယ်ဆိုရင် အကို ဂျောင်းတော့ ''

မုန့်ပုံးများဖြင့် လူနာလာမေးတဲ့သူကို အားမနာ ။နည်းနည်းလေး စလိုက်မိတာကို လူနာမေးသူကိုမျက်မှောင်လေးကြုတ်ကာ မောင်းထုတ်နေသော စိတ်ကြီး သူ မင်းမခ ကို မာန်ကပင် တောင်းပန်လိုက်သည်။

''hay စိတ်ကြီးလိုက်တာကွာ။sorry ညီ နေမ

ကောင်း ဖြစ်နေတာကို အကိုလက်လွှတ်ပြီး

စမိလိုက်လို့ ။ ညီရဲ့ အသက်သခင် ကျေးဇူးရှင် ကို ဒီလို မောင်းထုတ်လို့မရဘူးလေ။ဒါနဲ့ဆေးခန်း ကော သွားပြီးပြီလား?ဆေးကော အစားကော စားရဲ့လား?''

''ကျနော်ကလည်း အတည်ပေါက်နဲ့နောက်တာပါဗျာ ။haha အကို စသလိုဘဲ ကျနော် လည်း ပြန်နောက်ကြည့်တာ။ Revenge is revenge.Haha စတာပါ ။ ကိုယ်အိမ်အလည် လာတဲ့ ဧည့်သည်ကို မောင်းထုတ် ကြည့်ပါလား။ မေမေက ဆူမှာ ။ ဆေးခန်းလည်း ပြပြီးပြီ။ ဆေးလည်း ပုံမှန်သောက်ပါတယ် ''

ပြောလိုက်တော့ နှစ်ယောက်သမား ရယ်မောကျနေတော့သည်။ရယ်မောနေတုန်း မင်းမခ အမေ သစ်သီးပန်းကန် နဲ့ ဖျော်ရည် တစ်ခွက် သယ်လာပြီး သုံးယောက်သမား စကား လက်ဆုံကျနေတော့သည်။

ခုနတုန်းက ရုပ်တည်ကြီးဖြင့် မောင်းထုတ်နေ

သောကြောင့် မာန်တစ်ယောက်တစ်ကယ်ထင်ကာ တောင်းပန် လိုက်တော့ သူက ပြန်နောက်

ပြောင်ခြင်း ဟု သာ ခေါင်းစဉ်တပ်ကာ သူဘာသာသူ ကျေနပ်ပြုံး ပြုံး နေသည်။

*ဒီကောင်လေး က မခေတဲ့သူဘဲ။ *

မာန် စိတ်ထဲတွင် မှတ်ချက်ပြု လိုက်သည်။

မိန်းကလေးများနဲ့ တွဲစဉ် တုန်းက ထိုသို့ မိန်းကလေး ဘက်မှ ပြောလိုက်လျှင် မာန် နဲ့ အပြတ်ပင်။ တခါမှ တောင်းပန်စကား ပြောရန် ဝန်လေး တတ်သူ မာန်လည်း မင်းမခဆိုသည့်ကောင်လေးနဲ့ကျမှ sorry ဆိုသည့်စကားက အကြိမ်ကြိမ် ပါးစပ်မှ ထွက်ဖြစ်သည်။

4နာရီ ခွဲသောအခါ နေရဲမာန် နှုတ်ဆက်ပြီး

အိမ်သို့ပြန်လာခဲ့သည်။ အပြန်လမ်းတွင်

အိမ်ကို တံခါးမရှိ ဓားမရှိ လာလို့ရသည်

ဆိုသည့် မင်းမခအမေ ဖိတ်ခေါ်စကားကြောင့် နေရဲမာန် ပျော်မြူးနေလျက်။

''သား သူငယ်ချင်းက သားကို တော်တော် ခင်ရှာတယ် ။ ရုပ်လေးကလည်း သန့်နေတာဘဲ။

လူချောလေးဘဲ။ မိကောင်းဖခင် သားသမီးဘဲ။ စကားပြောရင်း ခင်ဗျာ ခင်ဗျာနဲ့။ သားသူငယ်ချင်း က တော်တော် ယဉ်ကျေး တယ်''

မင်းမခမိခင် နေရဲမာန်အပေါ် ချီးမွမ်းနေမှုများကို ခ ဘာမှပြန်မပြော မေးသမျှ အလိုက်သင့် ပြန်ဖြေကာ စားပွဲပေါ်က ပန်းကန်ပြားပေါ်တွင်ကျန်သေးသည့် ပန်းသီးစိတ်များကိုသာ စားနေလျက်။

~~~~~~~~~~~~~~~~~~~~~~