Chapter 18: Part 17{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 18273

''တီ. . . .တီ. . .တီ''

6နာရီ ထိုးသည့်နှင့် တစ်ပြိုင်နက် စာကြည့်စားပွဲပေါ်တွင် တင်ထားသော နာရီ နှိုးစက်မြည်သံသည် အခန်းထဲတွင် ပျံ့လွင်နေဆဲ။ သို့သော် စောင်ထဲတွင် အိပ်နေသော မင်းမခ ၏အချိန်အခါ ကောင်းကို နှောင့်ယှက်နေသယောင်။

အိပ်ရာနဲ့ ကျောပြင် သံလိုက် ကပ်ထားသကဲ့သို့ခတစ်ယောက် မထသေးဘဲ အနီးအနားရှိနှိုးစက်ရှိသည့်နေရာကို လက်ဖြင့် တရွေ့ရွေ့စမ်းပိတ်လိုက်သည်။

ထို့နောက် ပိတ်ထားသော

မျက်လုံးများ ဖြည်းဖြည်း ချင်း ပိတ် ကာ

အကြောပြေ ခြေဆန့်လက်ဆန့်လုပ်လိုက်

သည်။ 6နာရီ ပင် ထိုးသေးသည့်အတွက်

ကြောင့် 15 မိနစ်လောက် ထပ်မှေးရန် ဆုံးဖြတ်လိုက်ပြီး ခေါင်းမှီးပြန်ငြုံ ကာ ပြန်နှိပ်နေလိုက်သည်။မကြာပေ။

''🎶🎶Am I out of my head?

Am I out of my mind ?

If you only knew the bad things I like

Don't think that I can't explain it

What can I say

It's complicated 🎶🎶🎶''

စားပွဲပေါ်မှ ဖုန်း ringtone သံက အိပ်ရာထက်က စောင်ပုံထဲတွင် နှိပ်နေသော မင်းမခ နားထဲသို့ ပျံ့ လွင့် လာသောကြောင့် ကျတ်စ် တစ်ချက် စုတ်သပ်ရင်း

''ကျတ်စ် စောစောစီးစီး သူများအိပ်ကောင်းတုန်း အချိန်ကြီး ဖုန်းဆက် ရတယ် လို့ကွာ ''

တစ်ယောက်တည်း စိတ်တိုစွာ ရေရွတ်ရင်း flash light မီး တဖျတ်ဖျတ် လင်းနေသော

ဖုန်း screen ကို ကြည့် လိုက်တော့ မြင်လိုက်ရသော contact name ကြောင့် နဂို အိပ်ချင်

မူးတူး ဖြစ်နေသော မျက်လုံး နှစ်လုံး

ရုတ်ချည်း ပြူးကျဲသွားပြီး စောင်ပုံကြားထဲမှ

ဆတ်ခနဲထထိုင် လိုက်သည်။

''ကိုနေရဲမာန် ''ဟု သော အဖြူ ရောင် contact name သည် screen ပေါ်တွင် ထင်ရှား စွာ ပေါ်နေဆဲ။အစိမ်းရောင် ခလုတ် ကို ထိလိုက်သည့်နဲ့ တပြိုင်နက် တစ်ဖက်က နေရဲမာန် ၏အသံ။

''Hello ညီ ကိုယ် နေရဲမာန်ပါ။ ဒီနေ့ကျောင်းလာတက်မှာလား ?''

Hello တောင် မင်းမခ တစ်ခွန်းမှမဟရသေးခင် တစ်ဖက်မှ စောစောစီးစီး ဘာမဟုတ်သည့်မေးခွန်းကြောင့် ခေါင်းကုတ်ရင်း

''လာမှာလေ။ အဖျားလည်း သက်သာပြီဆို

တော့။ ဘာဖြစ်လို့လဲ?''

အိပ်ချင်မူးတူးအသံဖြင့် ပြန်မေးလိုက်သည်။

*ဘာကိစ္စများလဲ မှတ်တယ်။ ဒါလေးမေးဖို့

မနက်စောစောစီးစီး လူကို အိပ်ရေးပျက်အောင်လာလုပ်ရတယ် လို့ကွာ *

စိတ်ထဲတွင် ခတစ်ယောက် မာန် အပေါ်

မကျေမနပ်ပေါက်ကွဲရင်း. . .

''ဘာမှ မဟုတ်ဘူး။ ဒီတိုင်း သိချင်လို့ ဖုန်းဆက်လိုက်တာ ။ အခုမှ အိပ်ရာ နိုးတဲ့ ပုံဘဲ။ ညီရဲ့ အသံက အိပ်ချင်မူးတူးပုံစံပေါက်နေတယ်။ sorry နော်။ အကို ညီကို အနှောင့် အယှက်ပေးလိုက်မိလို့''

''ရပါတယ် ။ ကိစ္စမရှိပါဘူး။ အကိုရဲ့ phone

ကြောင့် ကျနော်လည်း ထပြီးသား ဖြစ်သွားတာပေါ့''

ပါးစပ်က ရပါတယ် ဟုပြောလိုက်သော်လည်း စိတ်ထဲတွင် သိပ်မကျေနပ်။မင်းမခဆိုသည် မှာလည်း အိပ်ကောင်းတုန်း အချိန် လာနှိုးသူသူ့ရန်သူ ထင်မှတ်စေနိုင်လောက်သည့် အအိပ်ပုတ်ကြီးသူပင်။

''ဒါနဲ့ညီ ဒီနေ့ ဘာနဲ့ လာမှာလဲ?''

မာန်၏အဆုံးမရှိ အစမရှိ မေးခွန်းကြောင့်

မင်းမခ ခေတ္တခဏ ကြောင်သွားသည်။ နောက်မှ သဘောပေါက်သွားသည့် ပုံစံဖြင့်. . .

''ဒီနေ့ကျနော်အမေ လိုက်ပို့မှာ။ ဘာလို့လဲ?''

တစ်ခုမေးလိုက်တိုင်း'' Why ''ဆိုသော မေးခွန်းတက်လာသည့် ထိုကောင်လေးကြောင့် နေရဲမာန်ပြောချင်သည့် စကားများကို ထိန်းပြောရသည်။

''ဒီနေ့ အကို ညီကို ဝင်လာခေါ်မယ်။ အန်တီကို လိုက်ပို့မခိုင်းနဲ့တော့။''

''ဟာ တကူးတကကြီး မဖြစ်ဘူး ။ အားနာစရာကြီး ။ ရတယ် အကို။ လိုက်ပို့မပေးနဲ့။ အိမ်မှာ အမေရှိတယ်။ အကို ဘာသာ ကျောင်းသွားစရာရှိတာသာသွား ။ ကျနော်တို့ကျောင်းက မတူဘူးလေ''

အားတုံအားနာ လေသံဖြင့် ပြာပြာသလဲ ငြင်း

နေသော မင်းမခ အသံကို မာန်တစ်ယောက် နားထောင်ရင်း

''ဘာတကူးတက မှ မဟုတ်ဘူး။ မင်းကို

လမ်းကြုံလို့ဝင်ခေါ်တာ ။ အားနာစရာ မလိုဘူး။ အားနာရမယ့် သူတွေလည်း မဟုတ်ဘူး။ ဘာမှငြင်းမနေနဲ့။ 8နာရီ မထိုးခင် အသင့်ပြင်ထား။ အကို လာခေါ်မယ် ။ ဒါဘဲ''

နေရဲမာန် ပြောချင်ရာပြောပြီး ဖုန်းချပစ်လိုက်သည်။ နေရဲမာန် ၏နှုတ်ခမ်းပေါ်တွင် ကျေနပ်မှုအပြုံးက နေရာယူလျက်။

''လမ်းကြုံ ''ဟု မာန် ပြောလိုက် မိသော်လည်း White lie တစ်ခုပင်။ မဟုတ်လျှင် လာခေါ်ဖို့တောင် အခွင့်မရနိုင်သည့် အခြေအနေဖြစ်သွားနိုင်သည်။

အမိန့်ပေးသော ဆရာကြီးလေသံဖြင့်

သူပြောချင်ရာ ပြောပြီး ဖုန်းချသွားသော

မာန်ကြောင့် ခေါင်းထက်ကရှုပ်ပွနေသော

ဆံပင်များဖွလိုက်ရင်း

''ဒီ brother တစ်ယောက်နဲ့တော့ ခက်ပြီ''

ညစ်ကျယ်ကျယ် ပြောကာ ဖုန်းကို စားပွဲပေါ်သို့တင်လိုက်ပြီး နိစ္စဓူဝ ပြင်ဆင်စရာ ရှိတာများ အချိန်မှီပြင်ဆင်ရတော့သည်။

*********

B & W အပြာရင့်ရောင် ကား တစ်စင်း

အစိမ်းရောင် အိမ်ရှေ့ တွင်ထိုးရပ်လိုက်ပြီး

ရောက်ပြီးဖြစ်ကြောင်း သိစေရန်

ကားဟွန်းတစ်ချက်တီးလိုက်သည်။

ထမင်းချိုင့် ထည့်ထားသော ခြင်းတောင်းဆွဲကာ ကျောပိုးအိတ်လွယ်လျက် အိမ်ထဲမှ ကောင်လေးတစ်ယောက်။ အဖြူ အစိမ်း ကျောင်း uniform ဝတ်စုံသာ ဝတ်လိုက်လျှင် တကယ့် state ကျောင်းသား အတိုင်းပင်။

ဘေးမှ အမေဖြစ်သူ ဒေါ်နန်း

သင်းလိုက်ပါလာသောကြောင့် နေရဲမာန် ကားထဲမှ ထွက်လိုက်ပြီး အန်တီကို နှုတ်ဆက်လိုက်သည်။

''သားမာန် လာခေါ်မယ်ဆိုလို့ အန်တီကို လိုက်မပို့နဲ့ဆိုပြီး အတင်း ပြောနေတာ ။ အားနာစရာတွေတောင်ဖြစ်ကုန်ပြီ။ သားခကို တကူးတက လာခေါ်ပေးတဲ့အတွက် ကျေးဇူးပါ သားရေ ''

''ရပါတယ် အန်တီ ။ ကျွန်တော်လည်း

လမ်းကြုံနေတာနဲ့ ဝင်ခေါ်လိုက်တာ။ ကျနော်တို့ သွားလိုက်ပါအုံးမယ် ခင်ဗျာ ''

''အေးအေး သား ။ ကားကို ဂရုတစိုက် မောင်းအုံးနော်''

''ဟုတ်ကဲ့ ခင်ဗျာ ။ ခွင့်ပြုပါအုံး ''

မင်းမခ အမေအားနှုတ်ဆက်ပြီး ကားပေါ်သို့

တက်သွားသည်။ မင်းမခ lover seat တွင် ဝင် ထိုင်လိုက်ပြီး ခါးပတ်ပတ်နေစဉ် ရုတ်တရက် နဖူးပေါ်သို့ ကျရောက်လာသော ခဏတာ လက်အထိအတွေ့ကြောင့် ခန္ဓာကိုယ်မှာ အနည်းငယ် ပူရှိန်ရှိန်ဖြစ်သွားသည်။

''မင်း အဖျား ကျသွားပြီဘဲ''

မင်းမခ တစ်ခွန်းမှ မဟဘဲအေးအေးဆေးဆေး ပြောနေသော နေရဲမာန် ကို ကြည့်လိုက်တော့ သူမဟုတ်သည့် ပုံစံဖြင့် ခပ်တည်တည် ပင် ကားကို ဂရုတစိုက်မောင်းနေသည်။

အရင်တုန်းက မာန်တွင် girlfriend ပေါင်းများစွာ ရှိသော်လည်း ယခုကဲ့သို့ စိတ်ပူပန်ပေးမှုမရှိ။ ''One goes ,Two come''ဆိုသည့် ပုံစံမျိုးဖြင့် သာ တွဲခဲ့သည်။ ယခု ကဲ့သို့ စိတ်ပူပန်ပြီး အိမ်အထိ တကူးတက လာခေါ်ပေးတာတောင် သင်းလေး၏မျက်နှာက အချေစတိုင်ရုပ်ဖြင့် ခပ်တည်တည်ပင်။

MU Botany အဆောက်အဦး ရှေ့တွင် ထိုးရပ်လိုက်သော အပြာရင့်ရောင် ကားတစ်စီး။

ထို ကားထဲမှ မင်းမခလက်တစ်ဖက်မှ

ခြင်းတောင်း ကိုင်လျက်ဆင်းလာသည်။

ကားတံခါးရွက် မပိတ်မီ

''ဒီနေ့ လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးဘဲ အကို ''

''You're welcome.နေ့လည်ကျမှ တွေ့မယ်။ bye ''

ဟုတ် ဆိုသော သဘောဖြင့် ခေါင်း ငြိမ့်ရုံသာ

ငြိမ့်ပြီး ပြုံးပြလိုက်ပြီး ကားတံခါးကို ပိတ်လိုက်သည်။ မင်းမခ တစ်ယောက် တရွေ့ရွေ့ထွက်သွားသည့် အပြာရင့်ရောင် ကားလေးကို မြင်ကွင်းထဲမှ ပျောက်သည့်အထိ ငေးကြည့်နေမိသည်။

ထို့နောက် Botany Department အဆောက်အဦး ထဲသို့ တရွေ့ ရွေ့ဖြင့် လျှောက်လှမ်းလာသည်။

Botany Department လှေကားနားတွင်

လက်နှစ်ဖက် ယှက်ရင်းမင်းမခ အား ရပ်စောင့်နေသော မြလေး ၏ပုံစံမှာ ဆရာမကြီး

ပုံစံအတိုင်းပင်။မချိုမချဉ် မျက်နှာဘေးဖြင့်။

''နင် ဒီမှာ ဘာလုပ်နေတာလဲ? ဆရာမ အတန်းဝင်တော့မှာကိုး''

မင်းမခ ဆီးကြို မေးလိုက်ရာ

''ငါရဲ့ ရှေ့ က ကောင်လေးနှစ်ယောက်ရဲ့ sweet moment လေးကို ငမ်းနေတာလေ ''

ငါးခူ အပြုံး ပြုံး ရင်း မြလေး ဖြေလိုက်သည်။

''ဘာ sweet moment လဲ?''

ခ နားမလည် သည့် ပုံစံဖြင့် မေးလိုက်သည်။

''Aww သူများတွေများ နေမကောင်းဖြစ်လို့

ကိုယ်တိုင် လိုက်ပို့ပေးရတာနဲ့ စိတ်ပူပေးတဲ့သူတွေရှိနေလိုက်တာ။ ကိုယ်တွေများဖြင့် မိဘကလွဲရင် စိတ်ပူပေးမဲ့သူတောင်မရှိဘူး''

ညစ်ကျယ်ကျယ်လေသံဖြင့် သွယ်ဝိုက်ကာ

ပြောနေသော မြလေးကို ကြည့်ရင်း နဖူး ပေါ်က ဝဲကျနေသော ဆံစများကို မှုတ်ထုတ်လိုက်သည်။

''နင်နဲ့တော့ ခက်ပြီ။ အကိုက လမ်းကြုံလို့

ဝင်ခေါ်တာပါ ဟ။ မြန်မြန်လာ ။ ဆရာမဝင်နေလိုက်ပြီ။''

ရှေ့ ကနေ ခပ်သွက်သွက် တက်သွားသော နေရဲမာန် ကျောပြင်ကို ကြည့်ရင်း

*ဒီကောင်လေး မရိုးတော့ဘူး *

စိတ်ထဲတွင် ကောက်ချက်ချလိုက်ပြီး ခနောက်သို့ အမှီလိုက်ခဲ့ရသည်။

မင်းမခ မျက်နှာပေါ်က ပန်းရောင် အရိပ်လေးများ ဖြတ်သွားသည်ကိုတော့ သူမ သတိမထားမိလိုက်ပေ။

အတန်းထဲသို့ ဝင်ဝင် ချင်း ဆရာမ မရောက်

သေးသောကြောင့် မြလေး တစ်ယောက်

သူ့နေရာတွင် ဝင်ထိုင်ပြီးပြီချင်း ဘေးနားက

စာအုပ်ဖတ်နေသော မြလေးကို လက်တို့ကာ သူတွေ့ခဲ့သည့် momentကို ပြန်လည်ဖောက်သည်ချနေသည်။

မေနှင်း (မေလေး)လည်း ဒါမျိုးဆို လျှင်

ဖတ်လက်စ စာအုပ်ကိုပင် ပိတ်ကာ နှစ်ယောက်သမား ခေါင်းချင်းဆိုင် အားရပါးရ ပြောနေသည့် စကားဝိုင်းထဲသို့ မင်းမခ မည်သည့် ဖြောင့်ချက်မှမပေးလို။မသိချင် ဟန်ဆောင်ပြီး ကျောပိုးအိတ်ထဲမှ စာအုပ်ထုတ်ကာ စာသာဖတ်နေလိုက်

သည်။

~~~~~~~~~~~~~