Chapter 19: Part 18{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 28325

4နာရီ ထိုးသော အခါ ပန်းနုရောင် အဆောက်အဦးထဲမှ ကျောင်းသူကျောင်းသူများ တဖွဲဖွဲ ထွက်လာကြသည်။အဆောက်အဦး ထဲမှ ထွက်ထွက် ချင်း မင်းမခ မျက်လုံးများ အငြိမ်မနေ ။

ပတ်ဝန်းကျင် တစ်ဝိုက်ကို မျက်လုံးကစားလိုက်သည်။ဘေးနားမှ သူငယ်ချင်းမ နှစ်ယောက်က သူ့အဖြစ်ကို ရိပ်မိသောကြောင့်  တစ်ယောက်နှင့် တစ်ယောက် အထာပေးကာ စပ်ဖြီးဖြီးလုပ်နေသော မျက်နှာပေါက်ဖြင့်။

မျက်စိလျင်သူ မေလေးနဲ့ မြလေးက ခပုခုံးပေါ်သို့တစ်ယောက် တစ်ဖက်စီ လက်တင်ကာ

''နင့်အကိုအာလောက်ကြီး ရှာမနေနဲ့။ ဟိုက

သစ်သားစားပွဲဝိုင်းမှာ ထိုင်နေတယ်''

မြလေး၏ လက်ညှိုး ညွှန်ပြရာနေရာကို

ကြည့်လိုက်တော့ စာကြည့်တိုက်ရှေ့ မန်ကျည်းပင် ကြီးအောက်ရှိ သစ်သားစားပွဲဝိုင်းတွင် ထိုင်ကာ ဖုန်းသုံးနေသော နေရဲမာန်။

အာရုံက ဖုန်းထဲတွင်ရှိနေသော ကြောင့် မာန်တစ်ယောက် မင်းမခတို့ထွက်လာသည်ကို သတိမထားမိ။ 3နာရီကတည်းက အတန်းဆင်းသောကြောင့် မာန်တစ်ယောက် စိတ်ရှည်လက်ရှည် မင်းမခ အားထိုင်စောင့်ရင်း ဖုန်းသုံးနေခြင်းဖြစ်သည်။

''အမလေး . . .ပြောတော့ဖြင့် လာမကြိုနဲ့ လေး။ဘာလေး။ညာလေးနဲ့။ အခုတော့ဖြင့်

ခေါင်းပြုတ်ထွက်မတတ် ရှာနေလိုက်တာ ။

မင်းမခတို့များ တတ်လည်းတတ်နိုင်ပါ့''

အမှန်တရားများကို မေလေးဆီကို

မင်းမခ မည်သို့မျှ စကားဖြင့် တုံ့ပြန်မှုမရှိသော်လည်း မျက်စောင်းများပြေးဝင်လာသည်။

''ကဲ သွားပြီ ။အိမ်က လာကြိုနေပြီ။bye bye ''

လက်ပြနှုတ်ဆက်ကာ အသီးသီး လှစ်ခနဲထွက်သွားကြတော့ မင်းမခ တစ်ယောက်တည်း Department အပေါက်ဝတွင် ရပ်ကျန်နေခဲ့သည်။

''ချောလိုက်တာဟယ် ။ကြည့်စမ်း. . .ကြည့်စမ်း။ ဖုန်းသုံးနေတဲ့ စတိုင်လေးက တော်တော်အထာကျတယ်။တစ်ယောက်တည်း ထိုင်နေတာ။ဒီလောက်ခန့်ညားတဲ့ ကောင်လေးကို ဒီMUမှာ မမြင်ဖူးသေးဘူး။''

''ဟဲ့ UMM က King လေ။ သူရုပ်ရည်ကြောင့် မသိတဲ့သူမရှိဘူး။ တစ်ယောက်ယောက်ကို လာ

စောင့်နေတာ  ဖြစ်လောက်တယ် ။ သူစော်များလားသိဘူး''

မင်းမခဘေးနား ဖြတ်သွားသော ကောင်မလေး အုပ်စု တစ်စု ၏တီတိုး ပြောဆိုသံများ ကြားလိုက်သည့်အခါ မင်းမခ နေရဲမာန် ကို အဝေးကနေ လှမ်းကာ အကဲခတ်ကြည့်လိုက်သည်။

ကိုယ်ကို လက်တန်းနောက်သို့မှီရင်း

ခြေထောက်တစ်ဖက်ချိတ်ထိုင်နေပုံမှာ ဝတ်ထားသော nike sneaker အမဲနဲ့

အနက်ရောင်ဘောင်းဘီရှည် ၏fashion မှာ ပိုပေါ်လွင်နေသည်။ ထို့ပြင် အပြာကွက် collar ပါ လက်ရှည် ကို တံဆောင်ဆစ်အထိခေါက်ထားသောကြောင့် ဖြူ ဖွေးသာ လက်ဖျံတွင် သွေးကြောစိမ်းများယှက်သွယ်ထလျက်။  လက်တစ်ဖက်က ဖုန်းကို ကြည့်နေပြီး ကျန်လက်တစ်ဖက်က လက်ပိုက်သလို ပုံစံ လုပ်ကာ ထိုင်နေပုံမှာ အဝေးကနေကြည့်လျှင်ပင် ဆွဲဆောင်မှုရှိနေပေသည်။

ဒါကြောင့်လည်း အနီးအနားမှ ဖြတ်သွားဖြတ်လာ မိန်းကလေးတိုင်း သမင်လည်ပြန် မငေးတဲ့သူ မရှိ။ နေရဲမာန်ကမူ သူ့ဖုန်းထဲဈာန်ဝင်စားနေသောကြောင့် ပတ်ဝန်းကျင် ကို ဂရုမပြုနိုင်။

*ဒီလူကြီး ရှေးဘဝက ဘာကုသိုလ်ကောင်းမှု

တွေများ လုပ်ခဲ့လို့ မိန်းကလေးတွေရဲ့

အာရုံစိုက်တာ ခံရတာပါလိမ့်?*

ခတစ်ယောက် အတွေးများ ပြန့်ပွားရင်း မာန်

ထိုင်နေရာဆီသို့ လျှောက်လာသည်။

''ဒုတ်''

ရောက်နေပြီဖြစ်ကြောင်း အသိပေးချင်သော

ကြောင့် မင်းမခ စားပွဲပေါ်သို့ ထမင်းချိုင့်ကို

သေချာတမင် အသံမြည်အောင် တင်လိုက်သည်။

ဖုန်းထဲ အာရုံရောက်နေသောနေရဲမာန်

သစ်သားစားပွဲပေါ်က အသံတစ်ခုကြောင့်

အကြည့် လွှဲလိုက်သည့်အခါ သူရှေ့တွင်ကျောပိုးအိတ်လွယ်ကာ ရပ်စောင့်နေသော

မင်းမခ။သူကို စူးစိုက်ကာကြည့်နေလျက်။ မျက်ဝန်းများက တစ်ခုခုကို အလိုမကျဟန် ပြနေလျက်။

''aww ရောက်လာပြီးကိုး။ ''

မာန် ဖုန်းကို ပိတ်လိုက်ကာ ထရပ်လိုက်သည်။ 1နာရီလောက် ထိုင်စောင့် လိုက်ရသောကြောင့် နေရဲမာန် အကြောဆန့်ရင်း

''1နာရီလောက် ကိုယ်ထိုင်စောင့်လိုက်ရတယ်။ အချိန်ကတော်တော်ကြာတာဘဲ''

မသိမသာ ညည်းညူ ပြလိုက်သည်။

တကယ်တမ်း ဖုန်းသုံးနေရင်း ထိုင်စောင့်

လိုက်သော ကြောင့်ထို 1နာရီဘယ်လို ကုန်သွားမှန်းသူမသိ။

''အာကြောင့် ကျနော် နေ့လည်ကတည်းက လာမကြိုနဲ့လို့ပြောသားဘဲ။ မေမေကို လာကြိုခိုင်းလိုက်ရင် ရတာဘဲကိုး။ အကို ဘာသာ ခေါင်းမာပြီး လာကြိုတာလေ။ အတန်းဆင်းချိန်လည်း မတူဘဲနဲ့''

လာကြိုပြီး စောင့်ရသည့် လူကိုတောင် မသနားသည့်အပြင် လေသံမာမာဖြင့်ကတ်ကတ်လန်ပြန်ပြောနေသော မင်းမခ အားကြည့်၍ သူသိသည့် မင်းမခ ဟုတ်ပါလေစ ဟုသော အကြည့်ဖြင့် နေရဲမာန်တစ်ချက်ကြည့်လိုက်မိသည်။

မင်းမခ ထိုသို့ပြန်ပြောအပြီး သူ့နှုတ်ခမ်းသူ

ပြန်ကိုက်မိရသည့်အဖြစ်။

*သွားပြီ ။ ဘာလို့ အကို အာလို ပြောလိုက်ရတာလဲ? သေစမ်း*

စိတ်ထဲတွင် မင်းမခ ကိုယ့်ကိုယ်ကို ပြန် အပြစ်တင်ရင်း. . .

လာကြိုသည်ကိုတောင် ကျေးဇူးမတင်။ ခေါင်းမာသည်ဟု ပြောခံလိုက်ရသေး။

*သည်းခံ . . သည်းခံ နေရဲမာန်။ *

နေရဲမာန်တစ်ယောက် ကိုယ့်ကိုယ်ကို သတိပေးရင်း ထို သကောင်သားလေးအား အိမ်အထိ လိုက်ပို့ပေးခဲ့သည်။အိမ်ရောက်သည့်အထိ ကားထဲတွင် နှစ်ယောက်သမား စကားတစ်ခွန်းမျှမဟကြ ။ တိတ်ဆိတ်မှုအပေါင်း ခညောင်းလျက်။

အိမ်ရှေ့တွင် ကားကို ရပ်လိုက်ကာ စက်သက်

လိုက်သည်။

''ကဲရောက်ပြီ''

နေရဲမာန်ပြောရင်း မင်းမခ ဘက်လှည့်ကြည့်

လိုက်တော့ ထိုကောင်လေးက အောက်နှုတ်ခမ်းကို ကိုက်ဖိကာ တစ်ခုခု ကို ပြောချင်နေဟန်။ နှုတ်ခမ်းမှာ ဖိထားသောကြောင့် စတော်ဘယ်ရီသီး တစ်လုံးလို ရဲနေသည်။ နေရဲမာန် အသံကြားတော့မှ မျက်လုံးလေး ပြူးသွားပြီး ရေးကြီးသုတ်ပြာဖြင့် seatbelt ကို ဖြုတ်ကာ

''aww ဟုတ်သားဘဲ။ ''

ပြောရင်း ကားတံခါးကိုအဖွင့် ဆင်းမလို့ လုပ်တုန်း ခြင်းတောင်း ကိုင် ထားသော လက်၏လက်ကောက်ဝတ်အား ရုတ်တရက်

နေရဲမာန် လှမ်းဆွဲလိုက်သော ကြောင့်

လှည့်ကြည့်လိုက်ရာ

''တကူးတက လိုက်ပို့ပေးတဲ့သူကို အိမ်ထဲဝင်ဖို့ မခေါ်တော့ဘူးလား?''

'' မေ့သွားတာ sorry ။ လာလေ အကို။

အိမ်ထဲဝင်ထိုင်အုံး''

ခုနတုန်းက သူမဟုတ်သည့်အတိုင်း အရောင်တောက်နေသော မျက်လုံး လေးများဖြင့်

ရှောရှော ရူရူ ဖိတ်မန္တရပြု မှုကြောင့် မာန်

ကားပေါ်မှ ဆင်းလာခဲ့သည်။

''အိမ်က သော့ခတ်ထားတယ် ။ ဘယ်လိုဝင်မှာလဲ?''

အိမ်တံခါးပေါက် နဲ့ ဝင်းတံခါးပေါက်တို့မှာ သော့ ခတ်ထားသည် ကို တွေ့ရသော ကြောင့် နေရဲမာန် မေးလိုက်သည်။

မာန်အပြောကြောင့် မင်းမခ သဘောတကျ ရယ်ကာ လွယ်အိတ်ထဲမှ Dream Catcher

အပြာရောင် keychain တွဲထားသော

သော့နှစ်ချောင်း ကို ထုတ်ကာ မာန်ရှေ့ ထိုသော့တွဲကို လှုပ်ပြလိုက်သည်။

''အိမ်က နေ့ဆိုရင် ဘယ်သူမှမရှိဘူး။

အာ့ကြောင့် အမြဲသော့ခတ်ထားတာ။

မေမေ က ကုန်စုံဆိုင်မှာ များသော အားဖြင့် ရှိတာ။ နေ့ပိုင်း ကျနော် ပြန်လာရင် တစ်ယောက်တည်း။ ''

မင်းမခ ပြောရင်း သော့ဖွင့်နေသည်။

''ဒါဆို အဖေရော ?''

မာန် ထပ်စပ်စု လိုက်ရာ

''ဖေဖေက နယ်က ပွဲရုံတွေကြောင့်  အိမ်ကို

တစ်လ သုံးခေါက် လေးခေါက်လောက်ဘဲ ပြန်ရောက်တာ။ အာတော့ များသောအားဖြင့် အိမ်မှာ အမေတစ်ခု သားတစ်ခုပေါ့ဗျာ''

''မင်း မပျင်းဘူးလား ?''

နေရဲမာန် ထပ်မေးလိုက်ရာ

''ဟင့်အင်း မပျင်းပါဘူး။ တစ်ယောက်တည်း

နေရတာကို ကြိုက်တယ်။ ထိုင်ပါအုံး အကို''

သူ့ညွှန်ပြသည့် ဆတ်တီခုံပေါ်တွင် နေရဲမာန် ထိုင်လိုက်သည်။ထို့နောက် ဆက်၍

''ကျနော်က တိတ်ဆိတ်တာကို သဘောကျ

တယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လေ ။အဟီး ''

လွယ်အိတ်နဲ့ခြင်းတောင်းကို ဘေးနားတွင်

ခုံပေါ်တွင်ချကာ အိမ်တွင်းထဲက ပိတ်ထားသော မှန်ပြတင်းချပ်များကို ဖွင့်ကာ သဘောတကျ ပြောနေသော မင်းမခအား ကြည့်ရင်း သက်ပြင်းတစ်ချက်ခိုးချမိသည်။

ပြတင်းပေါက်များ ဖွင့်ကာ လိုက်ကာများဆွဲတင်လိုက်သောကြောင့် အမှောင်ချနေသော

အိမ်သည် လင်းလင်းထိန်ထိန်ရှိလာသည်။

''အစ်ကို ခဏနော်။ အကို အတွက် ကျနော် တစ်ခုခု သွားပြင်ဆင်လိုက်အုံးမယ် ''

''တော်ပြီ ညီ ။အကို  မစား . . . . .''

မာန် စကားတောင် ဆုံးအောင်မပြော လိုက်။ ဝှစ်ခနဲ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသော

ထိုကောင်လေးအား ကြည့်ရင်း ခေါင်းတခါခါရမ်းရင်း ဧည့်ခန်းထဲတွင် ကျန်ခဲ့သည်။

မကြာပါ။ ကော်ဖီနဲ့ မုန့်များထည့်ထား

သော လင်ပန်းကို ကိုင်ကာ ရောက်ချလာသည်။

''သောက်လည်းသောက် ။စားလည်း စားပါအုံး''

ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေသော မင်းမခ အား ကြည့်ရင်း ပန်းကန်ပေါ်က မုန့်များကို ကြည့်လိုက်တော့ သူမနေ့က ဝယ်ပေးခဲ့သည့်

မုန့်များဖြစ်နေသည်။

''ဒါ မနေ့က ကိုယ်ဝယ်ပေးခဲ့တဲ့မုန့်တွေဘဲ''

မာန် မျက်ခုံးတစ်ဖက်ပင့်ပြီး ပြောလိုက်တော့

မင်းမခ သူ့လည်ပင်းသူ လက်ဖြင့် ပွတ်သပ်ကာပြုံးဖြီးပြရင်း

''အိမ်မှာ ရှိတဲ့ဟာ ကျနော် ဧည့်ခံ လိုက်တာ ။ အဟီး  အကို မကြိုက်ရင် ကျ နော် တစ်ခု ခု လုပ်ပေးမယ်လေ ''

တကယ်လုပ်ပေးမည့် ပုံစံဖြင့် ပြောနေသော ခပုံစံကို ကြည့်ရင်း နေရဲမာန် တစ်ချက်ရယ်ကာ

''မလိုပါဘူးကွာ။ ကော်ဖီနဲ့ မုန့်အတွက်ကျေးဇူးဘဲ။''

ပြောရင်း စားပွဲပေါ်က ကော်ဖီခွက်ကိုယူကာ

တစ်ငုံသောက်လိုက်သည်။

'' ဟို ဟိုလေ ခုန ကျောင်းတုန်းက အကိုကို ပြန်. .ပြန်ပြောလိုက်တဲ့အတွက် တောင်းပန်ပါတယ်။အကို တကူးတက လာကြိုပြီး အကြာကြီး စောင့်ပေးတာကို ကျနော် လေသံမာမာနဲ့

မပြောသင့်မှန်း သိပါတယ်။ sorry နော် အကို ။ ပြီးတော့ လိုက်ပို့ပေးတဲ့အတွက် လည်း ကျေးဇူးတင်တယ်''

တောင်းပန်စကားနဲ့ ကျေးဇူးတင် စကားကို နှစ်မျိုး လုံးကို မရဲတရဲ ပြောနေသော ထိုကောင်လေးအားကြည့်ရင်း ပါးရောင် တဖြည်းဖြည်း သမ်းနေသော သူ့ပါးဖောင်းလေးများက ဖြစ်ညစ်ချင်စိတ် ပေါက်လာသည် ။

ဘာမဟုတ်သည့် အရာလေးအပေါ်  ဂရုပြုပြီးတော့လည်း သူတောင်းပန်ချင်သည့် စိတ်ဓာတ် ရှိသော ကြောင့် မာန် စိတ်ထဲတွင် ချီးကျူးနေမိသည်။

''ရပါတယ် ။ မလိုပါဘူး။ အကို စိတ်ထဲ ဘာမှ မထားပါဘူး။ ''

မာန် ထိုသို့ပြောလိုက်တော့ မင်းမခ ကျေနပ်သွားသည့် သဘောဖြင့် ပါးစပ်မှာ နားရွက် တက်ချိတ်မတတ် ပြုံးရင်း

''အာဆို ကျနော် အပေါ်ထပ်မှာ အဝတ်အစား သွားလဲလိုက်အုံးမယ်''

ပြောရင်း အပေါ်ထပ်သို့တက်သွားသည်။

''ဒါနဲ့ အကို အောက်မှာ ဘာပစ္စည်းမှ မပျောက်ပါဘူးနော်။ အကိုကို စိတ်ချမယ်နော် ''

လှေကား တစ်ဝက်လောက်တွင် ရပ်ကာ

ဧည့်ခန်းထဲတွင် ထိုင်နေသော မာန် အာ

လှမ်းပြောလိုက်သော စကားကြောင့် နေရဲမာန် ရုတ်တရက် ကြောင်သွားသည်။

ခ၏ဆိုလိုရင်းကို သဘောပေါက် သွားကာ

ထိုကောင်လေးကို ကြည့်လိုက်တော့

သူအား လျှာလေးထုတ်ပြပြီး အပေါ်သို့

ပြေးတက်သွားသည်မှာ တစ်ချိုးတည်း။

''ဒီကောင်လေး ကတော့ တွေ့မယ်။''

ဟု မာန်တစ်ယောက်ကြုံးဝါးရင်း ကော်ဖီဆက်သောက် ကာ စားပွဲပေါ်တွင် တင်ထားသော သတင်းစာ ဖတ်နေလိုက်သည်။

15 မိနစ်ကြာသောအခါ

T shirt အပြာရင့်ရောင် အပွနဲ့  ဒူးအထက် ဘောင်းဘီ တို လေးဝတ်ကာ အောက်ထပ်သို့

ဆင်းလာသည်။သတင်းစာ ဖတ်နေသော နေရဲမာန် ၏အာရုံက သတင်းစာ ပေါ်တွင်မရှိ။ သူဆီတစ်ရွေ့ရွေ့ လျှောက်လှမ်းလာသော ခြေတံဖြူဖြူသွယ်သွယ် လေးများ  ထံသို့။

မင်းမခ သူနားတွင် ဝင်ထိုင်လိုက်သည်။

ဒူးအထက် ဘောင်းဘီ ဖြစ်သော ကြောင့် ထိုင်လိုက်သည့်အခါ ပေါင် အထိ အနည်းငယ် တက်သွားသောကြောင့် ဖြူ ဖြူ ဖွေးဖွေး ပေါင်တံလေးများထင်းလျက်။

နေရဲမာန် သတင်းစာ ကို ကိုင်လျက် တံတွေးကို  မြို ချပြီး ရင်း မြို ချရင်း . . .

''အကို ဘာဖြစ်နေတာလဲ။ ဗိုက်ဆာနေတာလား။  ''

မင်းမခ မေးရင်း သတင်းစာ ကိုင်ထားသောမာန် တံတောင် ဆစ်အား လက်ဖြင့် ထိလိုက်ရာ ဓာတ်လိုက်သလို တစ်ကိုယ်လုံးတုန်တက်သွားသည်။

မျက်လုံး ဝိုင်းစက်ကာ အထူးအဆန်း

သူအား ဂရုတစိုက် မေးနေသော ထိုကောင်လေး အားလှည့် ကြည့် လိုက်တော့ မျက်နှာ သစ်ပြီးစ ဖြစ်သောကြောင့်ဖြူ ဖွေးသော မျက်နှာ မှာလည်း နဂိုကထက် ဖြူ ဖွေးဥကာ ပါးပေါ် က သွေးကြော လေများယှက်သွေး ဖြာလျက်။ရေစိုနေသော ဆံစများသည်လည်း နဖူးပေါ်တွင်ဝဲကျနေသည်။

နှုတ်ခမ်း များမှာ နှင်းဆီပန်း လို ဖူးငုံကာ

ပန်းရောင်သမ်းလျက်။

နှလုံးသား ခုန်နှုန်းမှာလည်း တဖြည်း ဖြည်း ပိုပိုမြန်လာသည်။ နမ်းချင်စိတ်က တဖွားဖွား။မာန် ခမျက်နှာအား မှင်သက်ကြည့်

နေသည်မှာ မည်မျှကြာသွားသည်မသိ။

''အကို ဘာဖြစ်နေတာလဲ?''

ကျောက်ရုပ်ပမာ ဖြစ်နေသော မာန်မျက်နှာရှေ့ လက်ဖဝါးကို ယမ်းပြလိုက်မှ မာန် လည်း သတိပြန်ဝင်ကာ ဖတ်လက်စ သတင်းစာ ကို ကမန်းကတန်း ပိတ်ပြီး စားပွဲပေါ် က ကော်ဖီခွက်ကို သောက်ဖို့အပြင်

''အကို ကော်ဖီ ကုန်သွားပြီလေ ''

မင်းမခ သတိပေးလိုက်တော့မှ ဗလာနတ္ထိဖြစ်

နေသောကော်ဖီ ခွက်ကို မော့သောက်တော့မည့် ကိုယ့် အဖြစ် ကို သတိရမိတော့သည်။မင်းမခကမူ တခစ်ခစ်ရယ်နေလျက်။ မာန်လည်း  အရှက်ပြေ သူအား တစ်ချက်ရယ်ပြကာ စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။

ဆက်နေလို့ မဖြစ်။

ထို အိမ်ထဲတွင် ဆက်နေလျှင် မရှိမဲ့ ရှိမဲ့ အရှက် များကွဲနိုင်မည့်ကိန်းဆိုက်နေသည်ကို မာန်တစ်ယောက် အာရုံရနေလျက်။တွေ့မည် ဆိုပြီး ကြုံး ဝါးခဲ့သူကိုယ်တိုင် က အခုတော့ ကိုယ်တိုင် ပြန်ဆုတ်ပြေးရသည့်အဖြစ်။

တစ်ခါမှ ထိုသို့ အရှက် မကွဲဖူး သည့် မာန် crush ရှေ့ ထိုသို့ ဖြစ်သွားသောအခါ ရှက်ရမ်းရမ်းကာ

''အကို . .ကို . . သွား . . .သွားပြီ။ ကိစ္စလေးတစ်ခုရှိလို့။ ''

စကားမှာလည်း ထစ်အထစ်အ အိုးနင်းခွက်နင်း ပုံစံဖြင့် တုံးတိပြောပြီး အိမ်အပြင်ဘက်သို့သုတ်ခြေတင်  ခဲ့ရလေသည်။

''သွားပြီ သွားပြီ  ။နေရဲမာန် မင်း ရူးသွားပြီ''

ကားထဲတွင် steerကို မကျေမနပ် လက်ဖြင့်

တဖြန်းဖြန်းရိုက်လျက် ကိုယ့်ကိုယ်ကို ရူးသွားပြီဆိုသော မာန်ရဲ့ ပြစ်တင်သံများ ကားထဲတွင် ဆူညံလျက်။

အိမ်ထဲတွင် တော့ ရှက်ကိုးရှက်ကန်းဖြစ်သွားသော မာန်အဖြစ်ကို ပြန်တွေးရင်း အူမတက်ရုံတစ်မယ် ရယ်နေသော မင်းမခ အသံများ ပျံ့လွင့်လျက်။

~~~~~~~~~~