Back
/ 33
Chapter 5

အပိုင်း(၄)

ကိုကို့ကို[completed]

ခိုင်ဝေလွင်နဲ့ စကားရပ်ပြောနေသော ကိုကို။

အမျိုးသမီးငယ်က ချိုမြနေအောင်ပြုံးနေသည်။ကိုကိုသည် လည်း ခပ်ပြုံးပြုံးပင် ခွန်းတုံ့ပြန်နေတာကြောင့် ညီစေစိတ်ထဲ ကသိကအောက်ဖြစ်လာသည်။

''ကိုကို ဒီညနေ ဘူးညွန့်ကြော်ကြမယ် အညွန့်တွေသန်တယ်"

စကားပြောနေမှန်းသိပေမယ့် အနားရောက်အောင်သွားမိပြီး စိတ်ထဲ​ပေါ်လာတာကောက်ပြောမိသည်။

ကိုကိုက သူ့ကိုလှည့်ကြည့်လာပြီး

''အင်း ကြော်ပေးမယ် "တဲ့။

''ဒါဆို ခိုင်သွားတော့မယ်နော် ကိုရှင်းမြတ် "

ခိုင်ဝေလွင်က သူ့ကိုပါ တစ်ဆက်တည်း အသိအမှတ်ပြု ပြုံးပြလာသည်။ညီစေပြန်မပြုံးပြမိ။ဆိုင်ကယ်နားမှာရပ်စောင့်နေသည် ခိုင်ဝေလွင်၏ မောင်ဖြစ်သူကတော့ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်နေသည်။ဒီကောင်လေးက စာတော့အတော်ကြိုးစားသည်။

''ကိုကို ဘူးညွန့်သွားချိုးမယ် မင်းလုပ်စရာရှိတာလုပ်လေ"

''ကျွန်တော်ပါချိုးမယ် "

နှစ်ယောက်သားစိုက်ခဲ့သည့် ဘူးပင်မှာ အညွန့်တွေ ဖြာနေသည်။

''နောက်ရက်ကျ မကြည်ညိုကို စားချင်ရင် လာချိုးစားလို့ပြောအုံးမှ "

''ကိုကို"

''ဟင် "

သူ့အာရုံနဲ့သူ ဘူးညွန့်ဖြတ်နေသောသူက ဘူးသီးပေါက်စလေးတွေကို မဖြတ်မိအောင် ရှောင်နေသည်။

''ခိုင်ဝေလွင် ဘာတွေပြောလဲ"

''ကျော်ဇောက အိမ်ထောင်ပြုတော့မှာမို့လို့ နောက်ရက် ဖိတ်စာလာလိမ့်မယ် ညီ့ကိုလည်း

အပါခေါ်ခဲ့တဲ့ "

''ဘယ်သူကလဲ ကိုကျော်ဇောကလား "

''အင်း"

''ခိုင်ဝေလွင်နဲ့က မောင်နှမအရင်းလား "

''အရင်းလားဘာလားတော့ မသိဘူး"

''ကိုကို "

'' ဟင် "

''အတူတူသွားမှာနော် "

''အေးပါကွာ"

ကိုကို့လက်ထဲက ဘူးညွန့်တွေ့ကို လက်ပြောင်းယူရင်း သူ့ခေါင်းပေါ်ကဦးထုပ်ကို ချွတ်ပြီး ကိုကို့ကိုဆောင်းပေးလိုက်သည်။ ဘူးစင်ပေါ်က အမှုန်အမွှားတွေ ကျတတ်သည်မို့။

+++++++++++++++

🎵ဒီအချိန်ကစ တို့နှစ်ယောက်သည် အမြဲအတူနေရတော့မည် ဘယ်ခါ မခွဲတမ်း အမြဲတမ်း စွဲလမ်းချစ်ကြသည်🎵

မင်္ဂလာသီချင်းသံက ဘောက်ကောင်းတာကြောင့် ဟီးထအောင် ပျံ့လွင့်နေသည်။ဆိုင်ကယ်ရပ်ပြီး သော့ကို ကိုကို့ကိုပေးတော့ ကိုကိုကအိပ်ကပ်ထဲ

ထည့်သည်။ညီစေရော ကိုကိုပါရှပ်အပြာနုတွေနှင့်။သူ့အင်္ကျီအရောင်က ခဲပြာဘက်နည်းနည်းသွားပေ

မယ့် နှစ်ယောက်သားကဆင်တူနီးပါး။ပုဆိုးကလည်း အဆင်တူပြီး အရောင်နည်းနည်းကွဲရုံသာ။သူတို့မင်္ဂလာဆောင်အိမ်ထဲ၀င်တော့ ကိုကျော်ဇောနဲ့သတို့သမီးက ကြိုဆိုနှုတ်ဆက်လာသည်။ နောက်ထပ်ထွက်ကြိုသည့် တစ်စုံတစ်ယောက်ကို ခပ်လှမ်းလှမ်းကမြင်လိုက်တော့ သူ့လက်တွေ ကိုကို့ပုခုံးပေါ်ရောက်လျက်သား။

''လာ ကိုရှင်းမြတ် ကိုစေရော လာ ဒီမှာထိုင်ကြ "

ခရမ်းနုနု ၀တ်ထားသော ခိုင်ဝေလွင်သည် ခပ်ပါးပါးပြင်ဆင်ထားပြီး မှုန်နေအောင် လှနေသည်။

ကိုကိုကို့ကြည်တော့ ခိုင်ဝေလွင့်ထက် ဘိသိက်ခန်းထဲက ပန်းတွေဆီ အာရုံရောက်နေတော့မှ သူသက်ပြင်း ခိုးချမိလိုက်သည်။ ခဏနေတော့ ထမင်းစားဖို့လာခေါ်တော့ ၂ယောက်စလုံးထကြသည်။သူပုဆိုးပြင်၀တ်တော့ ကိုကိုကရပ်စောင့်ပေးသည်။ညီစေက ၀က်သားမစားတဲ့ ကိုကို့ဖို့ ငါးတစ်ပွဲတောင်းပြီး အရိုးတွေထွင်ပြီးမှ ပန်းကန်ထဲ

ထည့်ပေးသည်။ကိုကိုကဘာမှမပြော သူနဲ့လှမ်း

သည့် အချဥ်သုတ်ကိုသာ သူ့ပန်းကန်ထဲလှမ်းထည့်ပေးပြီး ဆက်စားသည်။တစ်ဝိုင်းထဲစားတဲ့ကောင်မလေး၂ယောက်က ကိုကို့ကို ခိုးကြည့်နေတာမို့ သူထမင်းထပ်မထည့်ဖြစ်တော့။ဒါတောင်နောက်နားက ကောင်မလေးတွေက လှုပ်လှုပ်ရွရွတွန်းထိုးနေကြသည်။ဝိုင်းကထတော့ ကိုကိုကရှေ့က သူကနောက်က။

''ချစ်စရာလေးဟယ် "

''blတွဲလား ချစ်လိုက်တာ ဟိ "

ဘာကိုဆိုလိုမှန်းမသိပေမယ့် ကိုကို့ကိုကြောင်နေကြတာတော့သေချာသည်။

နောက်ကကြည့်ရတာ ကိုကို့နားရွက်ကလေးတွေ ရဲလာသလိုပဲ။ကိုကိုကရှက်နေတာလား။

++++++++++++++

မင်္ဂဆောင်ကအပြန် ဘမောင်ကြည်တို့အိမ်၀င်ဖြစ်ကြသည်။ခြံထဲ၀င်တော့ ဘမောင်ကြည်က နှီးထိုးရင်းကနေ မျက်မှောင်ကြုတ်ပြီး ကြည့်သည်။မျက်စိပြာလို့ ဘယ်သူတွေမှန်းမသိသေးသည့်ပုံ။

အနားနောက်မှ ၀မ်းသာအားရလက်ယပ်ခေါ်သည်။

''လာ ဘယ်သူတွေလဲလို့ ငါ့မြေးတွေပဲ"

နှီးမှိုက်တွေဘေးဖယ်ရင်း ဖျာပိုင်းလေးကိုဆွဲပြီး သူတို့ကိုထိုင်ခိုင်းသည်။ဘမောင်ကြည်ခြံကြီးက အကျယ်ကြီးမို့လို့ သူတို့ငယ်ငယ်က အမြဲ ဒီခြံထဲပဲလာကစားကြသည်။

''ဘ ဒီမှာ ဆပ်ပြာအမွှေးခဲ "

''ဒါက ဘုရားမီးဖယောင်းထိုင်နဲ့မုန့်ထုပ် ဘဖို့ သားတို့ကန်တော့တာ "

သူတို့ဦးချတော့ ဘကဆုတွေတသီတစ်တန်းပေးတော့သည်။

မင်္ဂလာဆောင်က ငွေလက်ဖွဲ့သူတွေကို ဆပ်ပြာခဲ ကမ်းသည်။ဒီတော့မှ အမွှေးနံ့သာကြိုက်တဲ့

ဘမောင်ကြည်ကို သတိရလိုက်လို့တဲ့ ကိုကိုက။ လမ်းကဆိုင်၀င်ပြီး မုန့်နဲ့ဖယောင်းတိုင်ထုပ်ပါ ၀င်၀ယ်ခဲ့ကြတာဖြစ်သည်။

''မဲတူးလေးကရော အစ်ကိုကြီး ကိုထိရင် ကလေးတုန်းကလိုပဲ အုတ်ခဲနဲ့ထုတုန်းပဲလားဟေ"

''ဟာဗျာ ဘကလည်း"

ညီစေ့ကိုစတော့ ကိုကိုကရယ်သည်။ညီစေကတော့ မရယ်နိုင်ပါ။ငယ်ငယ်က ခြံထဲမှာဆော့ရင်း ကိုကို့ကို ခါချဥ်အုံနဲ့လှမ်းပစ်ပြီး စတဲ့ကောင်ကို ညီစေက အုတ်ခဲနဲ့ထုလိုက်လို့ ခေါင်းပေါက်ပြီး ပြဿနာတက်ဖူးသည်။အဲ့တုန်းက ဘမောင်ကြည်ခမျာ မနည်းရှင်းလိုက်ရသည်။ခါချဉ်ကိုက်ခံတာများရင် တချို့ဆို ဖျားတောင်ဖျားကြသည်။ကိုကို့ကို အများကြီးအကိုက်မခံလိုက်ရပေမယ့် ကိုကို့မျက်လုံးထဲ မျက်ရည်လေးကလယ်ကလယ် ဖြစ်တာမြင်ပြီး ၈နှစ်သားက ဒေါသကိုမထိန်းနိုင်ခဲ့တာဖြစ်သည်။သူကကိုကိုနဲ့ ပတ်သက်ရင် အဲ့လောက်ကို အကဲဆတ်သည်။

ဘမောင်ကြည်အိမ်ကပြန်တော့ မိုးပင်ချုပ်တော့မည်။အပြန်မှာတော့ဆိုင်ကယ်ကို ကိုကိုကမောင်းသည်။

''ညီ "

''ဗျာ "

''ဘမောင်ကြည်အိမ်ရောက်တော့ ငယ်ဘ၀လွမ်းသွားတယ် "

''ကျွန်တော်ရောပဲ ကိုကို့ကိုကုန်းပိုးရတဲ့အချိန်တွေကို သတိရတယ်"

သူငယ်ငယ်က တကယ်ကို ကိုကို့ကို ကျောပေါ်ကမချချင်ခဲ့တာ။ကိုကိုငယ်ငယ်ကညှက်ပေမယ့် တအားသေးသေးလေးမဟုတ်။ခန္ဓာကိုယ်ချင်း ရွယ်တူ့နံတူဖြစ်တာတောင် သူကအမြဲကာကွယ်ပေးချင်ခဲ့တာ။

''ခု ပိုးချင်လို့လား "

ဆိုင်ကယ်မောင်းနေသူက စနောက်တော့ ခါးကိုပိတ်ထိုးလိုက်သည်။

''ဟေ့ ယားတယ် ဆိုင်ကယ်လဲမယ်"

''ကိုကို့ကိုယ်ကြီးကို ကျွန်တော်နိုင်ပါ့မလား "

သူ အပိုလုပ်ပြောတော့ ကိုကိုက

''မင်း ကြွက်သားတွေက အလကားလား  "တဲ့။

ရယ်သံတွေက ညနေလေပြည်ထဲ ချိုမြိန်စွာ လွင့်နေဆဲ။

17/4/24

myathandarnaing

voteလေးတွေရရင်ပျော်မိမှာ အာသာပေါက်စဆိုတော့ ခွန်အားလေးတွေလို🌸

Share This Chapter