Chapter 10: Part-9(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 20854

(Zawgyi)

အေျခအေနမွာမနက္ကႏွင့္မတူပဲ သခင္ေလးႏွစ္ေယာက္ မွာအသီး သီးမိမိအခန္းထဲတြင္သာေနၾက၍ ညစာပင္ ထြက္မစားၾကေခ်။ တိတ္ဆိတ္ေနေသာအိမ္ အေျခအေန ေၾကာင့္ ေဒၚေရႊဥသာမက က်န္လူမ်ားပါအသက္႐ႈရမွာပင္ ထိတ္လန္႔ေနၾကသည္။ ဘယ္သူမွတက္ၿပီးလည္း အေျခအေန ကိုမေမးရဲသို႔ေပမယ့္ ဒီအတိုင္းေန၍လည္းမျဖစ္သျဖင့္ အရဲစြန္႔ကာသခင္ေလးယိင္း အခန္းဆီသို႔ေဒၚေရႊဥ တက္လာ ခဲ့သည္။ သခင္ေလးကိုးထက္စာရင္ သခင္ေလးယိင္းက ေဒါသထြက္ခဲသည္မဟုတ္ပါလား။

" သခင္ေလးယိင္း သခင္ေလးယိင္း ဘာျဖစ္လို႔လဲဟင္ ေနမေကာင္းလို႔လား"

အထဲမွျပန္ထူးသံမၾကားရေခ်။

" သခင္ေလးယိင္း သခင္ေလးယိင္း"

ေရွ႕အခန္းဆီမွ ေခၚသံအဆက္မျပတ္ၾကားေပမယ့္ျပန္ထူးသံ မၾကားရ၍ ကိုးအနဂၢလွ်ံနားစြင့္ေနလိုက္သည္။

" ႀကီးဥ အေျခေနဘယ္လိုလဲဟင္"

" အထဲက ဘာသံမွမၾကားရဘူးအိပ္ေပ်ာ္ေနတာမ်ားလားမသိ ဘူး"

" တက္သြားတာမၾကာေသးဘူးဆိုေတာ့ အိပ္ေပ်ာ္ေနတာျဖစ္ ႏိုင္ပါ့မလား"

"သခင္ေလး သခင္ေလးယိင္းတံခါးဖြင့္ေပးပါဦး"

သူလည္းမေနသာေတာ့ပဲ အခန္းအျပင္သို႔ထြက္လာခဲ့သည္။

" ဘာျဖစ္ေနၾကတာလဲ ဆူညံေနတာပဲ"

" သခင္ေလးယိင္း ဘာျဖစ္တာလဲမသိဘူးေခၚေနတာၾကာၿပီ တံခါးလည္းဖြင့္မေပးဘူး"

" အာ့ဆိုဘာလုပ္ေနၾကတာလဲ အခန္းေသာ့သြားယူၾကေလ"

" ဟုတ္ ဟုတ္ကဲ့"

ပူစူးမလည္း အေျပးသြားကာေသာ့ယူၿပီးတံခါးဖြင့္ေပးေလ သည္။ ကိုးတစ္ေယာက္စိုးရိမ္စိတ္ျဖင့္ အခန္းထဲသို႔ဒေရာ ေသာပါးေျပး၀င္သြားမိသည္မွာ မိမိကိုယ္မိမိဟန္မေဆာင္ ႏိုင္ေအာင္ပင္။ အခန္းထဲအေျပး၀င္ကာရွာေဖြေသာ္လည္း လူကမေတြ႕ ေနာက္ဆံုးေရခ်ဳိးခန္းထဲေရာက္မွ ေရပန္းဖြင့္ကာ ထိုင္ေနေသာသူသိပ္ျမတ္ႏိုးရတဲ့လူသားေလး။ မနက္ကသူ ဆိုင္သို႔လိုက္သြားစဥ္က ၾကားခဲ့ရေသာစကားမ်ားေၾကာင့္ယိင္း မွာခ်စ္သူရိွမွန္းသိခဲ့ရသျဖင့္ သူ႕ရင္ထဲနင့္ကာမခံစားႏိုင္ေအာင္ ျဖစ္ခဲ့ရသည္။ ဘာေတြမ်ားစိတ္ညစ္စရာရိွလို႔ ယိင္းအခုလိုလုပ္ ရလဲသူမသိေပ။ သူကိုယ္တိုင္ကပဲ ယိင္းအတြက္အေႏွာင့္ အယွက္ျဖစ္ေစခဲ့သလား။ စိုရႊဲေနတဲ့ခႏၶာကိုယ္ေသးေသးေလး ကို ေပြ႕ခ်ီလိုက္ေတာ့ သူ႕ရင္ခြင္ထက္မွာ ကေလးတစ္ေယာက္ သဖြယ္ ပါလာေလသည္။ ယိင္းသာအခုေနတစ္ခုခုျဖစ္သြားခဲ့ ရင္ သူ႕ဘ၀တစ္ေလွ်ာက္လံုးေနာင္တေတြႏွင့္သာကုန္ဆံုးရမွာ အေသအခ်ာပင္။

" ႀကီးဥတို႔ ဘာလုပ္ေပးရမလဲဟင္"

" ကြၽန္ေတာ့ဘာသာပဲ လုပ္ေပးလိုက္ပါ့မယ္အကုန္လံုးသြား လို႔ရပါၿပီ"

" ေကာင္းပါၿပီ လိုအပ္ရင္ေခၚလိုက္ပါကြယ္"

ေဒၚေရႊဥလည္းအကုန္လံုးကိုမ်က္ရိပ္ျပၿပီး ထြက္သြားေစလိုက္ သည္။ ဘယ္ေလာက္ပဲႏႈတ္ထြက္ၾကမ္းေပမယ့္သခင္ေလးကိုး

ဟာ သခင္ေလးယိင္းအေပၚမွာခံစားခ်က္ရိွေနတာမို႔ နာက်င္ေအာင္ေတာ့လုပ္မွာမဟုတ္မွန္းယံုၾကည္ကာသူမ စိတ္ခ်ကာထားခဲ့ျခင္းပင္။

" က်စ္ ဘာလို႔ကိုယ့္ကိုယ္ကိုထိခိုက္ေအာင္လုပ္ရတာလဲ"

ယိင္း မ်က္လံုးမ်ားမို႔အစ္ေနသည့္ၾကားမွ ေရွ႕ကလူကိုၾကည့္ လိုက္သည္။ တစ္ခ်ိန္လံုးသူ႕ကိုႏႈတ္ကေန စိတ္ဒုကၡေပးေနတဲ့ လူက မ်က္ႏွာမွာစိုးရိမ္မႈအျပည့္။သူဟန္ေဆာင္ေနတာမဟုတ္

မွန္း ယိင္းခံစားလို႔ရသည္။ ဘာျဖစ္လို႔လဲ ဘာျဖစ္လို႔အဲလိုလုပ္ ေပးရတာလဲ။ တကယ္ဆို သူယိင္းကိုမုန္းေနခဲ့တာ မဟုတ္လား။

" ကိုး"

" ဘာလဲေျပာ"

" ငါ့ကိုမုန္းလား"

ေရေျခာက္ေအာင္သုပ္ေပးေနသည့္ ကိုး လက္မ်ားတံု႔ဆိုင္း သြားေလသည္။ ယိင္းအခုထိ သူ႕ခံစားခ်က္ကိုမရိပ္မိေသး တာ ေသခ်ာေနေလၿပီ။

" ငါ့ကိုမုန္းေနတာဆို ငါေတာင္းပန္ပါတယ္ေနာ္ ဒါေပမယ့္

မင္းငါ့ကိုဘာျဖစ္လို႔ဂ႐ုစိုက္ေနတာလဲငါနားမလည္ဘူး"

" ခမ်ားနဲ႔သူနဲ႔က အခုထိပတ္သက္ေနေသးတာလား"

" ဟင္ မင္း...မင္း ဘယ္လိုသိတာလဲ"

" က်ဳပ္ေမးတာေျဖပါ အဲဒါဆိုခမ်ားေမးတာလဲအမွန္အတိုင္း ေျဖေပးမယ္"

" ဟင့္အင္း သူနဲ႔ငါလမ္းခြဲၿပီးသြားၿပီဘာပတ္သက္မႈမွမရိွေတာ့ ဘူး"

" ေသခ်ာလား"

" အင္း ငါ့ဘက္ကလံုး၀ေသခ်ာတယ္"

" က်ဳပ္ခမ်ားကိုမုန္းလား သိခ်င္လား"

" အင္း"

" ခ်စ္တယ္"

" ဟင္"

" ခ်စ္တယ္လို႔"

" ဟုတ္တယ္က်ဳပ္ခမ်ားကိုမုန္းေနတာမဟုတ္ဘူး စေတြ႕ကတည္းကခ်စ္ေနတာသိၿပီလား"

ယိင္း အံ့ဩလြန္း၍ထင္ဘာစကားမွ ထြက္မလာေတာ့ေခ်။ ရွက္ရြံ႕စြာျဖင့္သာ ေခါင္းကိုငံု႔ထားလ်က္

" မင္း ငါ့ကိုေလွာင္ေနတာလားကိုး"

" ဘယ္သူကမ်ား ကိုယ္မခ်စ္တဲ့သူကိုအခုလိုဂ႐ုစိုက္ေပးမွာ တဲ့လဲ"

" ဒါေပမယ့္ မင္းငါ့ကိုဘယ္တုန္းကအေကာင္းေျပာဖူးလို႔လဲ"

" ဪ ခမ်ားကက်ဳပ္ရဲ႕ႏႈတ္ဖ်ားကစကားသံကိုေတာ့အမွန္ ထင္ၿပီး ႏွလံုးသားကစကားသံကိုေတာ့မၾကားႏိုင္ဘူးေပါ့ေလ"

" ငါ ငါ..မယံုဘူး"

" အင္းသိတယ္ အဲဒါေၾကာင့္အခုကစၿပီးက်ဳပ္အခ်စ္ေတြနဲ႔ ခမ်ားကိုခ်ည္ေႏွာင္ေတာ့မွာမို႔ ခမ်ား႐ုန္းမထြက္ႏိုင္မွာစိုးတယ္"

" ေသလိုက္ပါလား"

" ဟား ဟား စိတ္ခ်ခမ်ားကိုမယူရေသးဘဲနဲ႔ေတာ့မေသႏိုင္ ေသးဘူးရယ္"

ယိင္းတစ္ေယာက္အခန္းထဲတြင္ ျပဴးေၾကာင္ကာရပ္ရင္းက်န္ ခဲ့ေလသည္။ ေျပာခ်င္ရာေျပာၿပီးထြက္သြားသူကေတာ့မသိ ေပမယ့္ က်န္ခဲ့တဲ့သူကေတာ့ အေတြးေပါင္းစံုၾကားဗ်ာမ်ားေန ရင္းသာ...။

(Unicode)

အခြေအနေမှာမနက်ကနှင့်မတူပဲ သခင်လေးနှစ်ယောက် မှာအသီး သီးမိမိအခန်းထဲတွင်သာနေကြ၍ ညစာပင် ထွက်မစားကြချေ။ တိတ်ဆိတ်နေသောအိမ် အခြေအနေ ကြောင့် ဒေါ်ရွှေဥသာမက ကျန်လူများပါအသက်ရှုရမှာပင် ထိတ်လန့်နေကြသည်။ ဘယ်သူမှတက်ပြီးလည်း အခြေအနေ ကိုမမေးရဲသို့ပေမယ့် ဒီအတိုင်းနေ၍လည်းမဖြစ်သဖြင့် အရဲစွန့်ကာသခင်လေးယိင်း အခန်းဆီသို့ဒေါ်ရွှေဥ တက်လာ ခဲ့သည်။ သခင်လေးကိုးထက်စာရင် သခင်လေးယိင်းက ဒေါသထွက်ခဲသည်မဟုတ်ပါလား။

" သခင်လေးယိင်း သခင်လေးယိင်း ဘာဖြစ်လို့လဲဟင် နေမကောင်းလို့လား"

အထဲမှပြန်ထူးသံမကြားရချေ။

" သခင်လေးယိင်း သခင်လေးယိင်း"

ရှေ့အခန်းဆီမှ ခေါ်သံအဆက်မပြတ်ကြားပေမယ့်ပြန်ထူးသံ မကြားရ၍ ကိုးအနဂ္ဂလျှံနားစွင့်နေလိုက်သည်။

" ကြီးဥ အခြေနေဘယ်လိုလဲဟင်"

" အထဲက ဘာသံမှမကြားရဘူးအိပ်ပျော်နေတာများလားမသိ ဘူး"

" တက်သွားတာမကြာသေးဘူးဆိုတော့ အိပ်ပျော်နေတာဖြစ် နိုင်ပါ့မလား"

"သခင်လေး သခင်လေးယိင်းတံခါးဖွင့်ပေးပါဦး"

သူလည်းမနေသာတော့ပဲ အခန်းအပြင်သို့ထွက်လာခဲ့သည်။

" ဘာဖြစ်နေကြတာလဲ ဆူညံနေတာပဲ"

" သခင်လေးယိင်း ဘာဖြစ်တာလဲမသိဘူးခေါ်နေတာကြာပြီ တံခါးလည်းဖွင့်မပေးဘူး"

" အာ့ဆိုဘာလုပ်နေကြတာလဲ အခန်းသော့သွားယူကြလေ"

" ဟုတ် ဟုတ်ကဲ့"

ပူစူးမလည်း အပြေးသွားကာသော့ယူပြီးတံခါးဖွင့်ပေးလေ သည်။ ကိုးတစ်ယောက်စိုးရိမ်စိတ်ဖြင့် အခန်းထဲသို့ဒရော သောပါးပြေးဝင်သွားမိသည်မှာ မိမိကိုယ်မိမိဟန်မဆောင် နိုင်အောင်ပင်။ အခန်းထဲအပြေးဝင်ကာရှာဖွေသော်လည်း လူကမတွေ့ နောက်ဆုံးရေချိုးခန်းထဲရောက်မှ ရေပန်းဖွင့်ကာ ထိုင်နေသောသူသိပ်မြတ်နိုးရတဲ့လူသားလေး။ မနက်ကသူ ဆိုင်သို့လိုက်သွားစဉ်က ကြားခဲ့ရသောစကားများကြောင့်ယိင်း မှာချစ်သူရှိမှန်းသိခဲ့ရသဖြင့် သူ့ရင်ထဲနင့်ကာမခံစားနိုင်အောင် ဖြစ်ခဲ့ရသည်။ ဘာတွေများစိတ်ညစ်စရာရှိလို့ ယိင်းအခုလိုလုပ် ရလဲသူမသိပေ။ သူကိုယ်တိုင်ကပဲ ယိင်းအတွက်အနှောင့် အယှက်ဖြစ်စေခဲ့သလား။ စိုရွှဲနေတဲ့ခန္ဓာကိုယ်သေးသေးလေး ကို ပွေ့ချီလိုက်တော့ သူ့ရင်ခွင်ထက်မှာ ကလေးတစ်ယောက် သဖွယ် ပါလာလေသည်။ ယိင်းသာအခုနေတစ်ခုခုဖြစ်သွားခဲ့ ရင် သူ့ဘဝတစ်လျှောက်လုံးနောင်တတွေနှင့်သာကုန်ဆုံးရမှာ အသေအချာပင်။

" ကြီးဥတို့ ဘာလုပ်ပေးရမလဲဟင်"

" ကျွန်တော့ဘာသာပဲ လုပ်ပေးလိုက်ပါ့မယ်အကုန်လုံးသွား လို့ရပါပြီ"

" ကောင်းပါပြီ လိုအပ်ရင်ခေါ်လိုက်ပါကွယ်"

ဒေါ်ရွှေဥလည်းအကုန်လုံးကိုမျက်ရိပ်ပြပြီး ထွက်သွားစေလိုက် သည်။ ဘယ်လောက်ပဲနှုတ်ထွက်ကြမ်းပေမယ့်သခင်လေးကိုး

ဟာ သခင်လေးယိင်းအပေါ်မှာခံစားချက်ရှိနေတာမို့ နာကျင်အောင်တော့လုပ်မှာမဟုတ်မှန်းယုံကြည်ကာသူမ စိတ်ချကာထားခဲ့ခြင်းပင်။

" ကျစ် ဘာလို့ကိုယ့်ကိုယ်ကိုထိခိုက်အောင်လုပ်ရတာလဲ"

ယိင်း မျက်လုံးများမို့အစ်နေသည့်ကြားမှ ရှေ့ကလူကိုကြည့် လိုက်သည်။ တစ်ချိန်လုံးသူ့ကိုနှုတ်ကနေ စိတ်ဒုက္ခပေးနေတဲ့ လူက မျက်နှာမှာစိုးရိမ်မှုအပြည့်။သူဟန်ဆောင်နေတာမဟုတ်

မှန်း ယိင်းခံစားလို့ရသည်။ ဘာဖြစ်လို့လဲ ဘာဖြစ်လို့အဲလိုလုပ် ပေးရတာလဲ။ တကယ်ဆို သူယိင်းကိုမုန်းနေခဲ့တာ မဟုတ်လား။

" ကိုး"

" ဘာလဲပြော"

" ငါ့ကိုမုန်းလား"

ရေခြောက်အောင်သုပ်ပေးနေသည့် ကိုး လက်များတုံ့ဆိုင်း သွားလေသည်။ ယိင်းအခုထိ သူ့ခံစားချက်ကိုမရိပ်မိသေး တာ သေချာနေလေပြီ။

" ငါ့ကိုမုန်းနေတာဆို ငါတောင်းပန်ပါတယ်နော် ဒါပေမယ့်

မင်းငါ့ကိုဘာဖြစ်လို့ဂရုစိုက်နေတာလဲငါနားမလည်ဘူး"

" ခများနဲ့သူနဲ့က အခုထိပတ်သက်နေသေးတာလား"

" ဟင် မင်း...မင်း ဘယ်လိုသိတာလဲ"

" ကျုပ်မေးတာဖြေပါ အဲဒါဆိုခများမေးတာလဲအမှန်အတိုင်း ဖြေပေးမယ်"

" ဟင့်အင်း သူနဲ့ငါလမ်းခွဲပြီးသွားပြီဘာပတ်သက်မှုမှမရှိတော့ ဘူး"

" သေချာလား"

" အင်း ငါ့ဘက်ကလုံးဝသေချာတယ်"

" ကျုပ်ခများကိုမုန်းလား သိချင်လား"

" အင်း"

" ချစ်တယ်"

" ဟင်"

" ချစ်တယ်လို့"

" ဟုတ်တယ်ကျုပ်ခများကိုမုန်းနေတာမဟုတ်ဘူး စတွေ့ကတည်းကချစ်နေတာသိပြီလား"

ယိင်း အံ့ဩလွန်း၍ထင်ဘာစကားမှ ထွက်မလာတော့ချေ။ ရှက်ရွံ့စွာဖြင့်သာ ခေါင်းကိုငုံ့ထားလျက်

" မင်း ငါ့ကိုလှောင်နေတာလားကိုး"

" ဘယ်သူကများ ကိုယ်မချစ်တဲ့သူကိုအခုလိုဂရုစိုက်ပေးမှာ တဲ့လဲ"

" ဒါပေမယ့် မင်းငါ့ကိုဘယ်တုန်းကအကောင်းပြောဖူးလို့လဲ"

" ဪ ခများကကျုပ်ရဲ့နှုတ်ဖျားကစကားသံကိုတော့အမှန် ထင်ပြီး နှလုံးသားကစကားသံကိုတော့မကြားနိုင်ဘူးပေါ့လေ"

" ငါ ငါ..မယုံဘူး"

" အင်းသိတယ် အဲဒါကြောင့်အခုကစပြီးကျုပ်အချစ်တွေနဲ့ ခများကိုချည်နှောင်တော့မှာမို့ ခများရုန်းမထွက်နိုင်မှာစိုးတယ်"

" သေလိုက်ပါလား"

" ဟား ဟား စိတ်ချခများကိုမယူရသေးဘဲနဲ့တော့မသေနိုင် သေးဘူးရယ်"

ယိင်းတစ်ယောက်အခန်းထဲတွင် ပြူးကြောင်ကာရပ်ရင်းကျန် ခဲ့လေသည်။ ပြောချင်ရာပြောပြီးထွက်သွားသူကတော့မသိ ပေမယ့် ကျန်ခဲ့တဲ့သူကတော့ အတွေးပေါင်းစုံကြားဗျာများနေ ရင်းသာ...။