Chapter 11: Part-10(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 22851

(Zawgyi)

“ ဆိုင္သြားေတာ့မွာလားယိင္း အတူသြားရေအာင္ေနာ္"

“ ေနပါေစ ခါတိုင္းလိုပဲတစ္ေယာက္ထဲသြားပါရေစ"

“ ကိုကိုး"

“ ဟင္ ၀တီပါလားဘာလာလုပ္တာလဲ"

“ အေလ်ာ္လာေတာင္းတာေလ"

“ ဘာအေလ်ာ္လဲ "

“ ဟာ ကိုကိုးကေမ့ေနၿပီလား ၀တီ့ကိုshopping လိုက္ပို႔

ေပးမယ္ေျပာထားတယ္ေလ"

“ အာ..ေနာက္ေန႔မွသြားလို႔မရဘူးလား"

“ မရဘူး ဒီေန႔လိုက္မပို႔ေပးရင္မျပန္ဘူးဒီတိုင္းတေနကုန္စိတ္ ေကာက္ေနလိုက္မွာ"

ေျပာၿပီးဧည့္ခန္းထဲဆိုဖာေပၚထိုင္ခ်လိုက္ေလသည္။ သူမွား တာ ၀ဏၰရဲ႕ညီမေလးဆိုေပမယ့္သူ႕ညီမေလးလိုခ်စ္သျဖင့္ အလိုလိုက္ထား၍ ဒီေကာင္မေလးကအခုလိုဆိုးေနျခင္းျဖစ္ သည္။ အခ်ိန္ကလည္းတိုက္တိုက္ဆိုင္ဆိုင္ပင္ ယိင္းကိုဆိုင္ လိုက္ပို႔ကာနီးမွ လာရတယ္လို႔ ဘာပဲျဖစ္ျဖစ္ကိုယ့္ကတိက လည္းရိွေနသလို လိုက္မပို႔ပါကလည္းဒီေကာင္မေလးတေန ကုန္ထိုင္စိတ္ေကာက္ေနမည္ကို သိေနေသာေၾကာင့္လည္း လိုက္ပို႔ရန္သာဆံုးျဖတ္လိုက္သည္။

ယိင္း သူဘယ္လိုဆံုးျဖတ္မလဲဆိုတာသိခ်င္မိသည္။သူ႕ကို ခ်စ္တယ္လို႔ဖြင့္ေျပာထားတဲ့သူက အခုေတာ့တျခားတစ္ ေယာက္ကို အေရးေပးဆက္ဆံတာျမင္ရေတာ့နည္းနည္းေတာ့ ဘ၀င္မက်မိသလို။ သူဘာကိုဘ၀င္မက်မွန္းေတာ့မသိေပ မယ့္ ဒါဟာခ်စ္ျခင္းရဲ႕အစပ်ဳိးျခင္းမဟုတ္ပါေစနဲ႔လို႔ပဲစိတ္ထဲ ေရရြတ္ေနမိတယ္။

“ ယိင္း ဟိုေလ"

“ မအားဘူးမို႔လား"

“ အဲဒါသူ႕ကိုေပးထားတဲ့ကတိကရိွထားေတာ့.. "

“ ဘာမွမျဖစ္ပါဘူး အစကတည္းကတစ္ေယာက္ထဲသြားမယ္ ေျပာခဲ့သားပဲ"

“ ေတာင္းပန္တယ္ေနာ္"

“ မလိုဘူး"

ဟြန္႔ ေတာ္ေသးတာေပါ့ သူ႕စကားကိုယံုမိေတာ့မလို႔။ကိုးအနဂၢလွ်ံ မင္းဟာေလတကယ္မ်က္ႏွာေျပာင္တိုက္လြန္း တာပဲ။

ကိုး သက္ျပင္းသာအသာေလးခိုးခ်လိုက္သည္။ယိင္းရဲ႕မ်က္ႏွာ ကို ၾကည့္ျခင္းအားျဖင့္ သူ႕အေပၚစိတ္ဆိုးသြားတာမဟုတ္ ေတာင္ အထင္လြဲသြားတာေတာ့ေသခ်ာသည္။ ေခ်ာ့ရမွာ မပင္ပန္းေပမယ့္ သူ႕အခ်စ္အေပၚအထင္ေသးသြားမွာပဲ သူစိုးရိမ္မိသည္။ တကယ္ပါယိင္းရယ္ ခမ်ားမ်က္ႏွာတစ္ခ်က္ ပ်က္သြားမွာကစ စိုးရိမ္သူမို႔အျခားသူအေပၚဂ႐ုစိုက္ေပးမိတာ ဒါေနာက္ဆံုးပဲဆိုတာက်ဳပ္ကတိေပးပါရေစ။

“ ဆိုင္နာမည္ေလးကလွသားပဲေနာ္ ဆိုင္ရွင္ကိုယ္တိုင္ေပး ထားလို႔မ်ားလား"

ဆိုင္ထဲသို႔၀င္လာၿပီး ၿပီတီတီလုပ္ေနသည့္လူေၾကာင့္ယိင္း စိတ္ညစ္သြားရသည္။ တကယ္ပဲ လူကိုမ်ားအားမနာ လွ်ာမက်ဳိး ယိင္းသတိထားမိသေလာက္ဆိုဒီလူဆိုင္ကို လာေနတာတစ္ပါတ္ေလာက္ ပင္ရိွေပမည္။

“ဒီမွာ ဘာကိုရွာေနတာလဲမသိဘူး"

“ ခ်စ္တံခါးေလးဖြင့္ပါအုန္းခင္ဗ်"

“ ဘာ "

“ ဪ ဆရာလယ္တြင္းသားေစာခ်စ္ရဲ႕ခ်စ္တံခါးေလး ဖြင့္ပါအုန္းစာအုပ္ရွာေနတာပါ"

“ အူေၾကာင္ေၾကာင္နဲ႔"

“ အဟဲ ကြၽန္ေတာ့္ကိုမမွတ္မိဘူးလား"

“ ျမင္ကိုမျမင္ဖူးတာ"

“ ကြၽန္ေတာ့နာမည္ကမိုးစက္ပါကိုးအနဂၢလွ်ံရဲ႕ သူငယ္ခ်င္းေလ"

“ ဪ အင္း"

“ မွတ္မိၿပီလား အိမ္ကိုလာတုန္းကတစ္ခါဆံုဖူးတယ္ေလ"

“ ဟုတ္လား ေဆာရီးေနာ္ကိုယ္ကအူေၾကာင္က်ားေတြဆို ေခါင္းထဲသိပ္မထည့္တတ္လို႔"

“ဗ်ာ"

ယိင္းလည္းလူတစ္ေယာက္ကိုအခုလိုမ်ဳိး  ျပစ္ျပစ္ႏွစ္ႏွစ္ မေျပာဖူးေပမယ့္ ဒီေန႔လူကဘာကိုစိတ္တိုမွန္း မသိအကုန္ အကန္ေတြခ်ည္းသာေျပာေနမိသည္။ကိုးအနဂၢလွ်ံရဲ့ပေယာဂ ေၾကာင့္ဆိုတာကေတာ့ ေျပာေနစရာေတာင္မလိုေပ။ မိုးစက္ ဆိုတဲ့လူကေတာ့ မလွမ္းခ်င္လွမ္းခ်င္ျဖင့္ထြက္သြားေလသည္။

“ ယိင္း မနက္စာစားၿပီးၿပီလားဟင္"

လာျပန္ၿပီေနာက္တစ္ေယာက္ အရင္တုန္းကယိင္းသိပ္ခ်စ္ခဲ့ တဲ့လူဆိုေပမယ့္ အခုေတာ့ယိင္းျပန္မပတ္သက္ခ်င္တဲ့လူ။ အတိတ္ဆိုတာအတိတ္မွာပဲရိွသင့္တဲ့အရာမဟုတ္လား။

သူသာကိုယ့္ကိုတကယ္ခ်စ္ခဲ့ရင္ အခုလိုမ်ဳိးျဖစ္လာစရာ အေၾကာင္းမွမရိွတာ။ခဲမွန္ဖူးတဲ့စာသူငယ္လို တစ္ႀကိမ္နာက်င္ ဖူးတဲ့ႏွလံုးသားကအမွတ္မရိွေနာက္တစ္ႀကိမ္ယံုၾကည္ဖို႔ဆိုတာ

ဘယ္လိုလုပ္ၿပီးျဖစ္ႏိုင္မွာတဲ့လဲ။

“ဘာလာလုပ္ျပန္ၿပီလဲ"

“ ကိုကို ေဆာရီးကိုယ္ယိင္းကို ျပန္ၿပီးပိုးေနတာေလ"

“ ဦးဟန္လင္းသန္႔ကို ခမ်ားအရွက္မရိွဘူးလား"

“ ဟင့္အင္း အရင္တုန္းကကိုယ္ယိင္းကိုလက္လႊတ္ခဲ့ရၿပီးၿပီ အခုေတာ့ ကိုယ္ဘယ္ေတာ့မွလႊတ္ေတာ့မွာမဟုတ္ဘူး"

“ ခမ်ားက်ဳပ္ဘက္ကိုေရာ ေတြးၾကည့္ေပးဖူးလား"

“ ဟင္"

“ ဟုတ္တယ္ ခမ်ားကအရမ္းကိုအတၱႀကီးတာပဲ အရင္တုန္းက  ခမ်ားရဲ႕ဂုဏ္သိကၡာအတြက္က်ဳပ္ကို ထားခဲ့တယ္ အခုက်မွက်ဳပ္ကိုခ်စ္ေနေသးတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ျပန္လာတယ္ အဲလိုလူကိုက်ဳပ္က ဘယ္ႏွလံုးသားနဲ႔ယံုၾကည္ေပးရမွာ လဲဟင္"

“ စိတ္ စိတ္ထိန္းပါဦးယိင္းရယ္ အဲဒီတုန္းကကိုယ္တကယ္ နာမည္ေၾကာ္ၾကားမႈေနာက္လိုက္ခဲ့တာမွန္ပါတယ္ ဒါေပမယ့္ ကိုယ့္စိတ္ထဲမွာအခုထိယိင္းတစ္ေယာက္ထဲပဲရိွခဲ့တာပါ"

“ ျပန္ပါေတာ့"

“ ယိင္း ကိုယ္"

“ ယိင္းတစ္ေယာက္ထဲ ေနပါရေစေတာင္းဆိုတာပါေနာ္"

“ အင္း ကိုယ္ျပန္မယ္ ဒီမွာယိင္းႀကိဳက္တဲ့ေကာ္ဖီခါးခါးနဲ႔ ေပါင္မုန္႔မီးကင္ေလး ကိုယ့္ကိုစိတ္ထဲမုန္းေနလည္း ဒါေလး ေတာ့ စားျဖစ္ေအာင္စားလိုက္ပါေနာ္"

ေကာ္ဖီႏွင့္ေပါင္မုန္႔မီးကင္ေလးအား ေကာင္တာေပၚတင္ၿပီး ျပန္ထြက္သြားေလသည္။ မ်က္ရည္မ်ားက ပါးျပင္ေပၚစီးက် လာျပန္သည္ ကိုယ္ဆြဲထားခဲ့တုန္းကမၿမဲခဲ့တဲ့လက္ေတြ အတြက္အခုထိကိုယ့္မွာမ်က္ရည္နဲ႔မ်က္ခြက္။အခုလိုျပတ္သား

ႏိုင္ဖို႔အတြက္ ယိင္းႏွလံုးသားတစ္ခုလံုးနဲ႔မ်က္ရည္ေတြဘယ္ ေလာက္ထိရင္းခဲ့ရလဲဆိုတာ ေက်ာခိုင္းသြားတဲ့သူကေတာ့ ဘယ္လိုလုပ္ၿပီးနားလည္ႏိုင္ပါ့မလဲ။

(Unicode)

“ ဆိုင်သွားတော့မှာလားယိင်း အတူသွားရအောင်နော်"

“ နေပါစေ ခါတိုင်းလိုပဲတစ်ယောက်ထဲသွားပါရစေ"

“ ကိုကိုး"

“ ဟင် ဝတီပါလားဘာလာလုပ်တာလဲ"

“ အလျော်လာတောင်းတာလေ"

“ ဘာအလျော်လဲ "

“ ဟာ ကိုကိုးကမေ့နေပြီလား ဝတီ့ကိုshopping လိုက်ပို့

ပေးမယ်ပြောထားတယ်လေ"

“ အာ..နောက်နေ့မှသွားလို့မရဘူးလား"

“ မရဘူး ဒီနေ့လိုက်မပို့ပေးရင်မပြန်ဘူးဒီတိုင်းတနေကုန်စိတ် ကောက်နေလိုက်မှာ"

ပြောပြီးဧည့်ခန်းထဲဆိုဖာပေါ်ထိုင်ချလိုက်လေသည်။ သူမှား တာ ဝဏ္ဏရဲ့ညီမလေးဆိုပေမယ့်သူ့ညီမလေးလိုချစ်သဖြင့် အလိုလိုက်ထား၍ ဒီကောင်မလေးကအခုလိုဆိုးနေခြင်းဖြစ် သည်။ အချိန်ကလည်းတိုက်တိုက်ဆိုင်ဆိုင်ပင် ယိင်းကိုဆိုင် လိုက်ပို့ကာနီးမှ လာရတယ်လို့ ဘာပဲဖြစ်ဖြစ်ကိုယ့်ကတိက လည်းရှိနေသလို လိုက်မပို့ပါကလည်းဒီကောင်မလေးတနေ ကုန်ထိုင်စိတ်ကောက်နေမည်ကို သိနေသောကြောင့်လည်း လိုက်ပို့ရန်သာဆုံးဖြတ်လိုက်သည်။

ယိင်း သူဘယ်လိုဆုံးဖြတ်မလဲဆိုတာသိချင်မိသည်။သူ့ကို ချစ်တယ်လို့ဖွင့်ပြောထားတဲ့သူက အခုတော့တခြားတစ် ယောက်ကို အရေးပေးဆက်ဆံတာမြင်ရတော့နည်းနည်းတော့ ဘဝင်မကျမိသလို။ သူဘာကိုဘဝင်မကျမှန်းတော့မသိပေ မယ့် ဒါဟာချစ်ခြင်းရဲ့အစပျိုးခြင်းမဟုတ်ပါစေနဲ့လို့ပဲစိတ်ထဲ ရေရွတ်နေမိတယ်။

“ ယိင်း ဟိုလေ"

“ မအားဘူးမို့လား"

“ အဲဒါသူ့ကိုပေးထားတဲ့ကတိကရှိထားတော့.. "

“ ဘာမှမဖြစ်ပါဘူး အစကတည်းကတစ်ယောက်ထဲသွားမယ် ပြောခဲ့သားပဲ"

“ တောင်းပန်တယ်နော်"

“ မလိုဘူး"

ဟွန့် တော်သေးတာပေါ့ သူ့စကားကိုယုံမိတော့မလို့။ကိုးအနဂ္ဂလျှံ မင်းဟာလေတကယ်မျက်နှာပြောင်တိုက်လွန်း တာပဲ။

ကိုး သက်ပြင်းသာအသာလေးခိုးချလိုက်သည်။ယိင်းရဲ့မျက်နှာ ကို ကြည့်ခြင်းအားဖြင့် သူ့အပေါ်စိတ်ဆိုးသွားတာမဟုတ် တောင် အထင်လွဲသွားတာတော့သေချာသည်။ ချော့ရမှာ မပင်ပန်းပေမယ့် သူ့အချစ်အပေါ်အထင်သေးသွားမှာပဲ သူစိုးရိမ်မိသည်။ တကယ်ပါယိင်းရယ် ခများမျက်နှာတစ်ချက် ပျက်သွားမှာကစ စိုးရိမ်သူမို့အခြားသူအပေါ်ဂရုစိုက်ပေးမိတာ ဒါနောက်ဆုံးပဲဆိုတာကျုပ်ကတိပေးပါရစေ။

“ ဆိုင်နာမည်လေးကလှသားပဲနော် ဆိုင်ရှင်ကိုယ်တိုင်ပေး ထားလို့များလား"

ဆိုင်ထဲသို့ဝင်လာပြီး ပြီတီတီလုပ်နေသည့်လူကြောင့်ယိင်း စိတ်ညစ်သွားရသည်။ တကယ်ပဲ လူကိုများအားမနာ လျှာမကျိုး ယိင်းသတိထားမိသလောက်ဆိုဒီလူဆိုင်ကို လာနေတာတစ်ပါတ်လောက် ပင်ရှိပေမည်။

“ဒီမှာ ဘာကိုရှာနေတာလဲမသိဘူး"

“ ချစ်တံခါးလေးဖွင့်ပါအုန်းခင်ဗျ"

“ ဘာ "

“ ဪ ဆရာလယ်တွင်းသားစောချစ်ရဲ့ချစ်တံခါးလေး ဖွင့်ပါအုန်းစာအုပ်ရှာနေတာပါ"

“ အူကြောင်ကြောင်နဲ့"

“ အဟဲ ကျွန်တော့်ကိုမမှတ်မိဘူးလား"

“ မြင်ကိုမမြင်ဖူးတာ"

“ ကျွန်တော့နာမည်ကမိုးစက်ပါကိုးအနဂ္ဂလျှံရဲ့ သူငယ်ချင်းလေ"

“ ဪ အင်း"

“ မှတ်မိပြီလား အိမ်ကိုလာတုန်းကတစ်ခါဆုံဖူးတယ်လေ"

“ ဟုတ်လား ဆောရီးနော်ကိုယ်ကအူကြောင်ကျားတွေဆို ခေါင်းထဲသိပ်မထည့်တတ်လို့"

“ဗျာ"

ယိင်းလည်းလူတစ်ယောက်ကိုအခုလိုမျိုး  ပြစ်ပြစ်နှစ်နှစ် မပြောဖူးပေမယ့် ဒီနေ့လူကဘာကိုစိတ်တိုမှန်း မသိအကုန် အကန်တွေချည်းသာပြောနေမိသည်။ကိုးအနဂ္ဂလျှံရဲ့ပယောဂ ကြောင့်ဆိုတာကတော့ ပြောနေစရာတောင်မလိုပေ။ မိုးစက် ဆိုတဲ့လူကတော့ မလှမ်းချင်လှမ်းချင်ဖြင့်ထွက်သွားလေသည်။

“ ယိင်း မနက်စာစားပြီးပြီလားဟင်"

လာပြန်ပြီနောက်တစ်ယောက် အရင်တုန်းကယိင်းသိပ်ချစ်ခဲ့ တဲ့လူဆိုပေမယ့် အခုတော့ယိင်းပြန်မပတ်သက်ချင်တဲ့လူ။ အတိတ်ဆိုတာအတိတ်မှာပဲရှိသင့်တဲ့အရာမဟုတ်လား။

သူသာကိုယ့်ကိုတကယ်ချစ်ခဲ့ရင် အခုလိုမျိုးဖြစ်လာစရာ အကြောင်းမှမရှိတာ။ခဲမှန်ဖူးတဲ့စာသူငယ်လို တစ်ကြိမ်နာကျင် ဖူးတဲ့နှလုံးသားကအမှတ်မရှိနောက်တစ်ကြိမ်ယုံကြည်ဖို့ဆိုတာ

ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာတဲ့လဲ။

“ဘာလာလုပ်ပြန်ပြီလဲ"

“ ကိုကို ဆောရီးကိုယ်ယိင်းကို ပြန်ပြီးပိုးနေတာလေ"

“ ဦးဟန်လင်းသန့်ကို ခများအရှက်မရှိဘူးလား"

“ ဟင့်အင်း အရင်တုန်းကကိုယ်ယိင်းကိုလက်လွှတ်ခဲ့ရပြီးပြီ အခုတော့ ကိုယ်ဘယ်တော့မှလွှတ်တော့မှာမဟုတ်ဘူး"

“ ခများကျုပ်ဘက်ကိုရော တွေးကြည့်ပေးဖူးလား"

“ ဟင်"

“ ဟုတ်တယ် ခများကအရမ်းကိုအတ္တကြီးတာပဲ အရင်တုန်းက  ခများရဲ့ဂုဏ်သိက္ခာအတွက်ကျုပ်ကို ထားခဲ့တယ် အခုကျမှကျုပ်ကိုချစ်နေသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လာတယ် အဲလိုလူကိုကျုပ်က ဘယ်နှလုံးသားနဲ့ယုံကြည်ပေးရမှာ လဲဟင်"

“ စိတ် စိတ်ထိန်းပါဦးယိင်းရယ် အဲဒီတုန်းကကိုယ်တကယ် နာမည်ကြော်ကြားမှုနောက်လိုက်ခဲ့တာမှန်ပါတယ် ဒါပေမယ့် ကိုယ့်စိတ်ထဲမှာအခုထိယိင်းတစ်ယောက်ထဲပဲရှိခဲ့တာပါ"

“ ပြန်ပါတော့"

“ ယိင်း ကိုယ်"

“ ယိင်းတစ်ယောက်ထဲ နေပါရစေတောင်းဆိုတာပါနော်"

“ အင်း ကိုယ်ပြန်မယ် ဒီမှာယိင်းကြိုက်တဲ့ကော်ဖီခါးခါးနဲ့ ပေါင်မုန့်မီးကင်လေး ကိုယ့်ကိုစိတ်ထဲမုန်းနေလည်း ဒါလေး တော့ စားဖြစ်အောင်စားလိုက်ပါနော်"

ကော်ဖီနှင့်ပေါင်မုန့်မီးကင်လေးအား ကောင်တာပေါ်တင်ပြီး ပြန်ထွက်သွားလေသည်။ မျက်ရည်များက ပါးပြင်ပေါ်စီးကျ လာပြန်သည် ကိုယ်ဆွဲထားခဲ့တုန်းကမမြဲခဲ့တဲ့လက်တွေ အတွက်အခုထိကိုယ့်မှာမျက်ရည်နဲ့မျက်ခွက်။အခုလိုပြတ်သား

နိုင်ဖို့အတွက် ယိင်းနှလုံးသားတစ်ခုလုံးနဲ့မျက်ရည်တွေဘယ် လောက်ထိရင်းခဲ့ရလဲဆိုတာ ကျောခိုင်းသွားတဲ့သူကတော့ ဘယ်လိုလုပ်ပြီးနားလည်နိုင်ပါ့မလဲ။