Chapter 13: Part-12(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 22496

(Zawgyi)

" breakfast စားေတာ့မယ္ႀကီးဥ"

သခင္ေလးယိင္းႏွင့္သခင္ေလးကိုအနဂၢလွ်ံတို႔ႏွစ္ေယာက္အတူ ထမင္းစားခန္းထဲသို႔၀င္လာသည္ကိုၾကည့္ၿပီး ေဒၚေရႊဥ သာမက ပူစူးမတို႔ညီအစ္မပါအံ့အားသင့္ေနေလသည္။ သခင္ေလးယိင္းဒီအိမ္ကိုေရာက္တာ ၆လေက်ာ္ေလာက္ပင္ ရိွေပမည္ တစ္ခါမွဒီလိုႏွစ္ေယာက္အတူ ထမင္းစားခန္းထဲသို႔ ၀င္မလာဖူးေခ်။ သခင္ေလးႏွစ္ေယာက္လံုးၿပံဳးေပ်ာ္ေနတာကို ၾကည့္ရတာႏွစ္ေယာက္ အဆင္ေျပသြားၾကၿပီထင္သည္။

" ႀကီးဥ ေနမေကာင္းဘူးလားဟင္"

" ေကာင္းပါတယ္သခင္ေလးယိင္း"

" ဪ ဟုတ္ကဲ့"

စားေသာက္ၿပီးသည္ႏွင့္ ဆိုင္သို႔အတူတူထြက္လာခဲ့ၾကသည္။

ဆယ္မိနစ္ခန္႔မွ်ေမာင္းလာၿပီးေနာက္ ကားေလးသည္ အမွတ္တရ စာအုပ္ဆိုင္ေရွ႕တြင္ရပ္တန္႔သြားခဲ့သည္။

" ယိင္း ဘာျဖစ္လို႔ဒီအလုပ္ကိုေရြးခ်ယ္ခဲ့တာလဲဟင္"

" ယိင္းငယ္ငယ္ေလးကတည္းက ႀကီးလာရင္ကိုယ္ပိုင္စာအုပ္ ဆိုင္ေလးတစ္ဆိုင္ဖြင့္ႏိုင္ဖို႔ အိမ္မက္မက္ခဲ့ရတာ"

" ဟုတ္လား ယိင္းစာဖတ္ရတာႀကိဳက္တာေတာ့သိတယ္ ဒါေပမယ့္ ယိင္းရဲ႕ဝါသနာကစာအုပ္ဆိုင္ဖြင့္ခ်င္ခဲ့မွန္း မသိခဲ့ဘူး"

" အင္း အခုဆိုယိင္းရဲ႕အိမ္မက္ေတြတကယ္ျဖစ္လာၿပီေလ"

" ေပ်ာ္လား"

" ေပ်ာ္တာေပါ့ ဒါနဲ႔ကိုးရဲ႕အိမ္မက္ကေရာဘာလဲ"

" ယိင္း ရယ္ခ်င္ေနမလားေတာ့မသိဘူးက်ဳပ္မွာ အရင္က အဲလိုစိတ္ကူးအိမ္မက္မ်ဳိးမရိွခဲ့ဖူးဘူး"

" ဆိုေတာ့ အခုရိွၿပီလား"

" ရိွတာေပါ့ အခုဒယ္ဒီ့ရဲ႕လုပ္ငန္းေတြကိုဦးစီးဖို႔ေလ့လာ ေနတယ္ ၿပီးရင္က်ဳပ္မိသားစုအတြက္ေယာက်္ားေကာင္း တစ္ေယာက္၊က်ဳပ္ရဲ႕လက္တြဲေဖာ္အတြက္လည္း ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ေစရမယ္"

ယိင္းကိုၾကည့္ၿပီးေျပာလိုက္သျဖင့္ ရွက္ရြံ႕စြာမ်က္လႊာခ်သြား ေလသည္။ မ်က္ႏွာငံု႔ထားသည့္ၾကားမွ အၿပံဳးေလးတစ္ခုကို ေတာ့ ကိုးျမင္ျဖစ္ေအာင္ျမင္လိုက္ရပါသည္။

" စာအုပ္လိုခ်င္လို႔ပါ"

စာအုပ္လာ၀ယ္သည့္သူ အသံၾကားမွႏွစ္ေယာက္သားအသံ လာရာဆီလွည့္ၾကည့္လိုက္မိသည္။ တစ္ျခားသူမဟုတ္ ဟန္လင္းသန္႔ကိုပင္ျဖစ္သည္။

" ယိင္း က်ဳပ္ေရာင္းလိုက္မယ္"

" ရပါတယ္ ယိင္းကိုယ္တိုင္ပဲေရာင္းလိုက္ပါ့မယ္ ဘာစာအုပ္ ယူမွာလဲ"

" ဆရာခ်စ္ဦးညိဳရဲ႕ လကၤာဒီပခ်စ္သူ"

" ခဏေလးေနာ္"

စာအုပ္စင္မွာ labelတပ္ထားသျဖင့္ ရွာရလြယ္ကူေလသည္။

" ေရာ့ ဒီမွာ"

" ယိင္း "

သူ႕ကိုေခၚလိုက္တဲ့အသံမွာ ၀မ္းနည္းမႈအျပည့္နဲ႔အတူမ်က္ႏွာ မွာလည္းညိႇဳးငယ္ေနေလသည္။

" အင္း ေျပာေလ"

" ကိုယ္ ဒီလကုန္က်ရင္ၿပိဳင္ပြဲအတြက္စင္ကာပူကိုသြားရေတာ့ မယ္"

" ဟုတ္လား"

" ယိင္းသူ႕ကိုေရြးခ်ယ္လိုက္ၿပီလား"

" အင္း ဒါေပမယ့္သူမသိေသးပါဘူး"

" ယိင္းေပ်ာ္ရႊင္ပါေစေနာ္ ကိုယ့္ေၾကာင့္နာက်င္ခဲ့ရတဲ့အတြက္ လည္း ေတာင္းပန္ပါတယ္ေနာ္"

" မလိုပါဘူး အားလံုးကျဖစ္ၿပီးသားေတြပဲ"

" အင္းတကယ္ေတာ့ ကိုယ့္အျပစ္နဲ႔ကိုယ္ပဲမို႔ ယိင္းတို႔ႏွစ္ ေယာက္ၾကားမွာ လကၡဏအျဖစ္နဲ႔ပဲေနေပးသြားမွာပါ"

" ကိုကို႔ကို မေရြးခ်ယ္ႏိုင္ခဲ့တဲ့အတြက္လည္းယိင္းေတာင္းပန္ ပါတယ္ေနာ္ "

" သူငယ္ခ်င္းတစ္ေယာက္လို၊ ယိင္းရဲ႕အစ္ကိုတစ္ေယာက္လို ေတာ့ ဆက္ေနခြင့္ေပးပါေနာ္"

" အင္း "

" ဒါနဲ႔ ဒီစာအုပ္တန္ဖိုးကဘယ္ေလာက္လဲဟင္"

" ယိင္းလက္ေဆာင္ေပးတယ္လို႔ပဲ သေဘာထားလိုက္ပါ"

စာအုပ္ကိုတစ္လွည့္ ယိင္းကိုတစ္လွည့္ၾကည့္ၿပီးမ်က္ရည္မ်ား က်လာေလသည္။ ယိင္းကိုယ္တိုင္လည္း ၀မ္းနည္းမိတာေတာ့ အမွန္ေပ။ ယိင္းသူ႕ကို မေရြးခ်ယ္ႏိုင္ေတာ့ေပမယ့္လည္း အခုလိုပံုစံမ်ဳိးနဲ႔ေတာ့မျမင္လိုေပ။

" ကိုယ္သြားေတာ့မယ္ယိင္း အစစအရာရာဂ႐ုစိုက္ပါေနာ္"

မ်က္ရည္မ်ားျဖင့္သာ ေခါင္းညိတ္ျပလိုက္မိသည္။ သူ႕ကို ႏႈတ္ဆက္ျပီးထြက္သြားေသာ ေက်ာျပင္ေလးသည္ဟိုးအရင္ တုန္းကအတိုင္းပင္။

ကိုးလည္းရပ္ၾကည့္ေနရာမွ ထလာၿပီးသိပ္ခ်စ္ရသူအား သူ႕ရင္ခြင္တြင္အပ္၍ ငိုေစလိုက္သည္။တကယ္ေတာ့ သူဘယ္လိုႏွစ္သိမ့္ေပးရမလဲမသိေပ။ သူ႕ရင္ခြင္ထက္ငိုေန သူကေတာ့ ကေလးတစ္ေယာက္သဖြယ္။

" ယိင္း တိတ္ေတာ့ေနာ္ ခမ်ားမ်က္ရည္က်ေနတာက်ဳပ္ မၾကည့္ရက္ဘူး"

မ်က္ရည္မ်ားၾကားမွ ေမာ့ၾကည့္လာသည့္မ်က္၀န္း၀ိုင္းေလး။ မ်က္ေတာင္လွလွေလးေတြမွာလည္း မ်က္ရည္စေတြစိုရႊဲလို႔။

" ယိင္း စိတ္မေကာင္းျဖစ္သြားလို႔ပါ"

" ဘာလို႔လဲ ယိင္းစိတ္ထဲမွာသူရိွေနေသးလို႔လား"

" ဟင့္အင္း ငါတစ္ျခားတစ္ေယာက္ကိုေရြးခ်ယ္လိုက္လို႔"

" ဘယ္သူလဲ ဘယ္သူ႕ကိုလဲယိင္းေျပာစမ္းပါက်ဳပ္ရင္ေတြ တုန္ေနၿပီ"

" ေမာင့္ကို "

" ဘယ္ကေမာင္လဲဟင္"

"ကိုးအနဂၢလွ်ံဆိုတဲ့ ေမာင့္ကိုေပါ့"

" ဟင္ တကယ္..တကယ္ေျပာတာလားယိင္း"

" မယံုဘူးလား"

" ဒါဆို ယိင္းကေမာင့္ကို"

" ခ်စ္တယ္လို႔"

သူေပ်ာ္လြန္းသျဖင့္ယိင္းရဲ႕ခႏၶာကိုယ္ေလးအား ရင္ခြင္ထဲ ဆြဲသြင္းကာဖက္ထားလိုက္ျပန္သည္။

" ေမာင့္ကိုဘယ္လိုျဖစ္ၿပီးခ်စ္သြားတာလဲဟင္"

" ယိင္းေမာင့္ကိုခ်စ္တယ္ဆိုတာယိင္းႏွလံုးသားရဲ႕ေတာင္း ဆိုမႈ ေၾကာင့္ပါ ဘယ္သူ႕ရဲ႕ပေယာဂေၾကာင့္မွမဟုတ္ပါဘူး"

" အင္း ေမာင္ယံုတယ္"

အခ်စ္ေၾကာင့္ထင္သည္ ဒီေန႔ရဲ႕ကမ႓ာႀကီးသည္ ပို၍လွပေန ေလသည္။ကိုယ္သိပ္ျမတ္ႏိုးရတဲ့သူဆီကေန ခ်စ္တယ္ဆိုတဲ့ စကားကိုၾကားလိုက္ရသည္မို႔ အေပ်ာ္လြန္ကာရင္ခြင္ထဲရိွ ခ်စ္ရသူရဲ႕နဖူးေလးအားခပ္ဖြဖြအနမ္းေလးမ်ားေႁခြမိေတာ့ လက္သီးႏုႏုေလးမ်ားက ရင္ခြင္ထက္က်ေရာက္လာသည္မွာ ပန္းနဲ႔ထိုင္ေပါက္ေနသည့္ႏွယ္ ၾကည္ႏူးရျပန္ပါသည္။ ဒါဟာ ခ်စ္ျခင္းရဲ႕ေပ်ာ္ရႊင္မႈ အစပ်ဳိးျခင္းမ်ားလား။

(Unicode)

" breakfast စားတော့မယ်ကြီးဥ"

သခင်လေးယိင်းနှင့်သခင်လေးကိုအနဂ္ဂလျှံတို့နှစ်ယောက်အတူ ထမင်းစားခန်းထဲသို့ဝင်လာသည်ကိုကြည့်ပြီး ဒေါ်ရွှေဥ သာမက ပူစူးမတို့ညီအစ်မပါအံ့အားသင့်နေလေသည်။ သခင်လေးယိင်းဒီအိမ်ကိုရောက်တာ ၆လကျော်လောက်ပင် ရှိပေမည် တစ်ခါမှဒီလိုနှစ်ယောက်အတူ ထမင်းစားခန်းထဲသို့ ဝင်မလာဖူးချေ။ သခင်လေးနှစ်ယောက်လုံးပြုံးပျော်နေတာကို ကြည့်ရတာနှစ်ယောက် အဆင်ပြေသွားကြပြီထင်သည်။

" ကြီးဥ နေမကောင်းဘူးလားဟင်"

" ကောင်းပါတယ်သခင်လေးယိင်း"

" ဪ ဟုတ်ကဲ့"

စားသောက်ပြီးသည်နှင့် ဆိုင်သို့အတူတူထွက်လာခဲ့ကြသည်။

ဆယ်မိနစ်ခန့်မျှမောင်းလာပြီးနောက် ကားလေးသည် အမှတ်တရ စာအုပ်ဆိုင်ရှေ့တွင်ရပ်တန့်သွားခဲ့သည်။

" ယိင်း ဘာဖြစ်လို့ဒီအလုပ်ကိုရွေးချယ်ခဲ့တာလဲဟင်"

" ယိင်းငယ်ငယ်လေးကတည်းက ကြီးလာရင်ကိုယ်ပိုင်စာအုပ် ဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ဖို့ အိမ်မက်မက်ခဲ့ရတာ"

" ဟုတ်လား ယိင်းစာဖတ်ရတာကြိုက်တာတော့သိတယ် ဒါပေမယ့် ယိင်းရဲ့ဝါသနာကစာအုပ်ဆိုင်ဖွင့်ချင်ခဲ့မှန်း မသိခဲ့ဘူး"

" အင်း အခုဆိုယိင်းရဲ့အိမ်မက်တွေတကယ်ဖြစ်လာပြီလေ"

" ပျော်လား"

" ပျော်တာပေါ့ ဒါနဲ့ကိုးရဲ့အိမ်မက်ကရောဘာလဲ"

" ယိင်း ရယ်ချင်နေမလားတော့မသိဘူးကျုပ်မှာ အရင်က အဲလိုစိတ်ကူးအိမ်မက်မျိုးမရှိခဲ့ဖူးဘူး"

" ဆိုတော့ အခုရှိပြီလား"

" ရှိတာပေါ့ အခုဒယ်ဒီ့ရဲ့လုပ်ငန်းတွေကိုဦးစီးဖို့လေ့လာ နေတယ် ပြီးရင်ကျုပ်မိသားစုအတွက်ယောကျ်ားကောင်း တစ်ယောက်၊ကျုပ်ရဲ့လက်တွဲဖော်အတွက်လည်း ခင်ပွန်းကောင်းတစ်ယောက်ဖြစ်စေရမယ်"

ယိင်းကိုကြည့်ပြီးပြောလိုက်သဖြင့် ရှက်ရွံ့စွာမျက်လွှာချသွား လေသည်။ မျက်နှာငုံ့ထားသည့်ကြားမှ အပြုံးလေးတစ်ခုကို တော့ ကိုးမြင်ဖြစ်အောင်မြင်လိုက်ရပါသည်။

" စာအုပ်လိုချင်လို့ပါ"

စာအုပ်လာဝယ်သည့်သူ အသံကြားမှနှစ်ယောက်သားအသံ လာရာဆီလှည့်ကြည့်လိုက်မိသည်။ တစ်ခြားသူမဟုတ် ဟန်လင်းသန့်ကိုပင်ဖြစ်သည်။

" ယိင်း ကျုပ်ရောင်းလိုက်မယ်"

" ရပါတယ် ယိင်းကိုယ်တိုင်ပဲရောင်းလိုက်ပါ့မယ် ဘာစာအုပ် ယူမှာလဲ"

" ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ"

" ခဏလေးနော်"

စာအုပ်စင်မှာ labelတပ်ထားသဖြင့် ရှာရလွယ်ကူလေသည်။

" ရော့ ဒီမှာ"

" ယိင်း "

သူ့ကိုခေါ်လိုက်တဲ့အသံမှာ ဝမ်းနည်းမှုအပြည့်နဲ့အတူမျက်နှာ မှာလည်းညှိုးငယ်နေလေသည်။

" အင်း ပြောလေ"

" ကိုယ် ဒီလကုန်ကျရင်ပြိုင်ပွဲအတွက်စင်ကာပူကိုသွားရတော့ မယ်"

" ဟုတ်လား"

" ယိင်းသူ့ကိုရွေးချယ်လိုက်ပြီလား"

" အင်း ဒါပေမယ့်သူမသိသေးပါဘူး"

" ယိင်းပျော်ရွှင်ပါစေနော် ကိုယ့်ကြောင့်နာကျင်ခဲ့ရတဲ့အတွက် လည်း တောင်းပန်ပါတယ်နော်"

" မလိုပါဘူး အားလုံးကဖြစ်ပြီးသားတွေပဲ"

" အင်းတကယ်တော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲမို့ ယိင်းတို့နှစ် ယောက်ကြားမှာ လက္ခဏအဖြစ်နဲ့ပဲနေပေးသွားမှာပါ"

" ကိုကို့ကို မရွေးချယ်နိုင်ခဲ့တဲ့အတွက်လည်းယိင်းတောင်းပန် ပါတယ်နော် "

" သူငယ်ချင်းတစ်ယောက်လို၊ ယိင်းရဲ့အစ်ကိုတစ်ယောက်လို တော့ ဆက်နေခွင့်ပေးပါနော်"

" အင်း "

" ဒါနဲ့ ဒီစာအုပ်တန်ဖိုးကဘယ်လောက်လဲဟင်"

" ယိင်းလက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ"

စာအုပ်ကိုတစ်လှည့် ယိင်းကိုတစ်လှည့်ကြည့်ပြီးမျက်ရည်များ ကျလာလေသည်။ ယိင်းကိုယ်တိုင်လည်း ဝမ်းနည်းမိတာတော့ အမှန်ပေ။ ယိင်းသူ့ကို မရွေးချယ်နိုင်တော့ပေမယ့်လည်း အခုလိုပုံစံမျိုးနဲ့တော့မမြင်လိုပေ။

" ကိုယ်သွားတော့မယ်ယိင်း အစစအရာရာဂရုစိုက်ပါနော်"

မျက်ရည်များဖြင့်သာ ခေါင်းညိတ်ပြလိုက်မိသည်။ သူ့ကို နှုတ်ဆက်ပြီးထွက်သွားသော ကျောပြင်လေးသည်ဟိုးအရင် တုန်းကအတိုင်းပင်။

ကိုးလည်းရပ်ကြည့်နေရာမှ ထလာပြီးသိပ်ချစ်ရသူအား သူ့ရင်ခွင်တွင်အပ်၍ ငိုစေလိုက်သည်။တကယ်တော့ သူဘယ်လိုနှစ်သိမ့်ပေးရမလဲမသိပေ။ သူ့ရင်ခွင်ထက်ငိုနေ သူကတော့ ကလေးတစ်ယောက်သဖွယ်။

" ယိင်း တိတ်တော့နော် ခများမျက်ရည်ကျနေတာကျုပ် မကြည့်ရက်ဘူး"

မျက်ရည်များကြားမှ မော့ကြည့်လာသည့်မျက်ဝန်းဝိုင်းလေး။ မျက်တောင်လှလှလေးတွေမှာလည်း မျက်ရည်စတွေစိုရွှဲလို့။

" ယိင်း စိတ်မကောင်းဖြစ်သွားလို့ပါ"

" ဘာလို့လဲ ယိင်းစိတ်ထဲမှာသူရှိနေသေးလို့လား"

" ဟင့်အင်း ငါတစ်ခြားတစ်ယောက်ကိုရွေးချယ်လိုက်လို့"

" ဘယ်သူလဲ ဘယ်သူ့ကိုလဲယိင်းပြောစမ်းပါကျုပ်ရင်တွေ တုန်နေပြီ"

" မောင့်ကို "

" ဘယ်ကမောင်လဲဟင်"

"ကိုးအနဂ္ဂလျှံဆိုတဲ့ မောင့်ကိုပေါ့"

" ဟင် တကယ်..တကယ်ပြောတာလားယိင်း"

" မယုံဘူးလား"

" ဒါဆို ယိင်းကမောင့်ကို"

" ချစ်တယ်လို့"

သူပျော်လွန်းသဖြင့်ယိင်းရဲ့ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ ဆွဲသွင်းကာဖက်ထားလိုက်ပြန်သည်။

" မောင့်ကိုဘယ်လိုဖြစ်ပြီးချစ်သွားတာလဲဟင်"

" ယိင်းမောင့်ကိုချစ်တယ်ဆိုတာယိင်းနှလုံးသားရဲ့တောင်း ဆိုမှု ကြောင့်ပါ ဘယ်သူ့ရဲ့ပယောဂကြောင့်မှမဟုတ်ပါဘူး"

" အင်း မောင်ယုံတယ်"

အချစ်ကြောင့်ထင်သည် ဒီနေ့ရဲ့ကမ္ဘာကြီးသည် ပို၍လှပနေ လေသည်။ကိုယ်သိပ်မြတ်နိုးရတဲ့သူဆီကနေ ချစ်တယ်ဆိုတဲ့ စကားကိုကြားလိုက်ရသည်မို့ အပျော်လွန်ကာရင်ခွင်ထဲရှိ ချစ်ရသူရဲ့နဖူးလေးအားခပ်ဖွဖွအနမ်းလေးများခြွေမိတော့ လက်သီးနုနုလေးများက ရင်ခွင်ထက်ကျရောက်လာသည်မှာ ပန်းနဲ့ထိုင်ပေါက်နေသည့်နှယ် ကြည်နူးရပြန်ပါသည်။ ဒါဟာ ချစ်ခြင်းရဲ့ပျော်ရွှင်မှု အစပျိုးခြင်းများလား။