Chapter 4: Part-4(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 17605

(Zawgyi)

ယိင္းညကေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္သျဖင့္ အခုမနက္အိပ္ယာ ထေနာက္က်ခဲ့ေလသည္။ နာရီကိုၾကည့္ေတာ့မနက္၉နာရီပင္ ရိွေနေလၿပီ။ သူမ်က္ႏွာသစ္ကိုယ္လက္သန္႔စင္ၿပီးေအာက္ကို ဆင္းခဲ့ေတာ့ ဧည့္ခန္းထဲတြင္အခန္႔သားထိုင္ကာဖုန္းတစ္လံုး ႏွင့္အလုပ္႐ႈပ္ေနေသာ ကိုးအနဂၢလွ်ံကိုေတြ႕ရသည္။ ထူးထူးဆန္းဆန္း သူေရာက္ကတည္းကအိမ္ရယ္လို႔မကပ္တဲ့ သူက အခုမွအိမ္ေတြဘာေတြကပ္လို႔။ သူပဲအျမင္မွားတာလား လို႔ေသခ်ာၾကည့္မိေတာ့လည္း မဟုတ္သည္မို႔သူ႕ကိုေက်ာ္ကာ ဧည့္ခန္းကအထြက္ ၾကားလိုက္ရတဲ့အသံကခြၽဲခြၽဲႏြဲ႕ႏြဲ႕နဲ႔။

" တကယ္ေျပာတာပါ ၀တီေလးရဲ႕ ေနာက္ရက္က်ျပန္ေခ်ာ့တဲ့ အေနနဲ႔ ကိုးက၀တီလိုခ်င္တာ၀ယ္ေပးမယ္ေလ"

"........."

"တကယ္ ကိုးကတိေပးတယ္ကြာ ဟုတ္ၿပီလား"

"............."

"အိုေက အဲဒါဆို see you ေနာ္"

ေျပာၿပီးဖုန္းခ်သြားသံၾကားလိုက္ရသည္။ သူ႕ေကာင္မေလးပဲ ေနမွာေပါ့ ဘာပဲျဖစ္ျဖစ္သူ႕လိုေထာင့္မက်ဳိးတဲ့ေကာင္ကိုအခု လိုေျပာႏိုင္တယ္ဆိုကတည္းက တစ္ဖက္ကသူကိုခ်ီးမက်ဴးပဲ မေနႏိုင္။ ယိင္း ကိုယ့္အေတြးနဲ႔ကိုယ္ၿပံဳးေနလိုက္တယ္။

ကိုးဒီေန႔အိပ္ယာထေတာ့ ခါတိုင္းသူမသြားခင္အေစာႀကီးႏိုးေန တတ္တဲ့သူက အခုထိအိပ္ယာမထေသးဘူးဆိုေတာ့ သူစိတ္ပူ သြားခဲ့သည္။ သို႔ေပမယ့္တျခားသူေတြရိပ္မိမွာဆိုးေတာ့ဘယ္ သူ႕မွမေျပာပဲ ဧည့္ခန္းထဲမွာပဲထိုင္ေနလိုက္တယ္။ တိုက္တိုက္ ဆိုင္ဆိုင္ပဲ သူ႕သူငယ္ခ်င္း၀ဏၰရဲ႕ညီမေလး၀တီဖုန္းဆက္၍ ျပန္ေျပာေနခ်ိန္ ထိုလူလည္းအိပ္ယာမွႏိုးသည္ႏွင့္ႀကံဳေလ သည္။ေျပာတုန္းကေတာ့ ထိုလူကိုစခ်င္၍တမင္တကာခြၽဲပစ္ ေနေအာင္ေျပာၿပီးမွ ဘာေၾကာင့္ရယ္မသိအဲဒီလူကိုအထင္လြဲ မိေစမွာ စိုးရိမ္ျပန္ေလသည္။ ႐ုတ္တရက္ထကာ ၿခံ၀န္းထဲ ဆင္းသြားသည့္ ထိုလူေနာက္မွအသာေလးလိုက္ခဲ့သည္။

ကံ့ေကာ္ပန္းေတြေ၀ဆာေနေအာင္ပြင့္ေနတာကို ျမင္လိုက္ရ၍ ယိင္း အိမ္ကိုပင္သတိရသြားေလသည္။ ေဖေဖတို႔ေမေမတို႔ မရိွ၍ တစ္ေကာင္ႂကြက္ျဖစ္သြားတဲ့မိမိဘ၀က တကယ္ကိုပဲ အထီးက်န္လြန္းလွပါတယ္ေလ။ တစ္ေယာက္ထဲေတြးေနစဥ္ ေနာက္မွေျခသံၾကား၍လွည့္ၾကည့္လိုက္သည္။

" အမေလး"

" ဘာလဲက်ဳပ္ကိုျမင္တာသရဲကိုျမင္တာက်ေနတာပဲ"

"မင္းကဧည့္ခန္းထဲမွာမဟုတ္ဘူးလား"

"ခုနကဟုတ္တယ္ေလ ဘာလဲကို္ယ့္အိမ္ထဲကိုယ္ေတာင္ ေလွ်ာက္သြားလို႔မရဘူးလား"

"အဲလိုမဟုတ္. "

"အင္းေပါ့တစ္ေယာက္ထဲစိတ္ကူးယဥ္ေနတာပ်က္သြားလို႔ လား ဒါမွမဟုတ္ရည္းစားအေၾကာင္းေတြးေနတာမ်ားလား"

"မင္းထင္ရာေတြေလ်ာက္ေျပာမေနနဲ႔ ငါ့မွာဘယ္ရည္းစားမွ မရိွဘူး "

"အာ့ဆိုဘာလို႔က်ဳပ္ေခၚတာမၾကားတာလဲ"

"ဟမ္ ေခၚလိုက္လို႔လား"

"ဟုတ္တယ္ေလ"

" ေဆာရီးေနာ္ ယိင္းတကယ္မၾကားလိုက္ဘူး"

"ထားပါေတာ့ ခမ်ားနာမည္ကယိင္းလားက်ဳပ္နာမည္က ကိုးအနဂၢလွ်ံပါ စေတြ႕ကတည္းကေသခ်ာမိတ္မဆက္ရေသး လို႔"

" အင္း"

"ဒါပဲလား"

" ေရာ္ ဘာေျပာရဦးမွာလဲ"

"နာမည္အျပည့္အစံုေလ"

"ယိင္းဆိုတဲ့တစ္လံုးတည္းပဲရွင္းၿပီလား"

သူ႕ကိုေၾကာက္တယ္ထင္ေနတာ အခုေတာ့လည္းတစ္ခြန္းမ က်န္ျပန္ေျပာေနပံုက ရယ္ခ်င္စရာ။ ႏႈတ္ခမ္းဖူးဖူးေလးထက္ က ထြက္က်လာတဲ့စကားလံုးတိုင္းက ခ်ဳိသာမေနေပမယ့္ အဲဒီခါးသက္သက္အရသာကပဲ သူ႕ကိုတစ္မ်ဳိးဆြဲေဆာင္ေန ေလသည္။ အဲဒီဆြဲေဆာင္မႈေနာက္ကိုပဲ လိုက္ေနမိတဲ့အမ်ဳိး အမည္မသိတဲ့ခံစားခ်က္က ဘာလို႔ေခါင္းစဥ္တပ္ရမလဲ ေရေရ ရာရာမသိေသး။ ေနျခည္ျဖာေနတဲ့အလင္းေရာင္ေအာက္မွာ ထိုလူသားေလးရဲ႕အလွတရားက သူ႕ကိုအနည္းငယ္ေတာ့ ေငးမိသြားေစသည္။ ဘာေၾကာင့္မ်ားဒီေလာက္ထိ လွရက္ႏိုင္ တာပါလိမ့္။က်ဳပ္ခမ်ားအေပၚစၿပီးစိတ္၀င္စားမိေနၿပီထင္တယ္ ခမ်ားရယ္။အဲဒီစိတ္၀င္စားမႈကေနတဆင့္ ျဖစ္ေပၚလာတာက အခ်စ္ဆိုရင္ေရာ ခမ်ားက်ဳပ္ကိုလက္ခံပါ့မလား။ ဒီအိမ္ထဲမွာ ေန႔တိုင္းခမ်ားနဲ႔သာအတူေနရရင္ က်ဳပ္ရဲ႕ခံစားခ်က္ေတြ ထိန္းမထားႏိုင္ပဲ ပြင့္ထြက္လာမွာစိုးမိတယ္။ဒါေၾကာင့္မို႔လည္း တခ်ဳိ႕ႏႈတ္ကထြက္တဲ့စကားလံုးေတြက ႏွလံုးသားနဲ႔ဆန္႔က်င္ ၿပီးေျပာမိတဲ့အခါ ခမ်ားက်ဳပ္ကိုမမုန္းပါေစနဲ႔။ အဲဒါကအခ်ိန္ မတန္ေသးခင္ ပြင့္ထြက္လာမယ့္ႏွလံုးသားကခံစားခ်က္ကိုဖံုး ကြယ္ႏိုင္ဖို႔တစ္ခုတည္းေသာနည္းလမ္းျဖစ္ေနလို႔ပါယိင္းရယ္။

(Unicode)

ယိင်းညကတော်တော်နှင့်အိပ်မပျော်သဖြင့် အခုမနက်အိပ်ယာ ထနောက်ကျခဲ့လေသည်။ နာရီကိုကြည့်တော့မနက်၉နာရီပင် ရှိနေလေပြီ။ သူမျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးအောက်ကို ဆင်းခဲ့တော့ ဧည့်ခန်းထဲတွင်အခန့်သားထိုင်ကာဖုန်းတစ်လုံး နှင့်အလုပ်ရှုပ်နေသော ကိုးအနဂ္ဂလျှံကိုတွေ့ရသည်။ ထူးထူးဆန်းဆန်း သူရောက်ကတည်းကအိမ်ရယ်လို့မကပ်တဲ့ သူက အခုမှအိမ်တွေဘာတွေကပ်လို့။ သူပဲအမြင်မှားတာလား လို့သေချာကြည့်မိတော့လည်း မဟုတ်သည်မို့သူ့ကိုကျော်ကာ ဧည့်ခန်းကအထွက် ကြားလိုက်ရတဲ့အသံကချွဲချွဲနွဲ့နွဲ့နဲ့။

" တကယ်ပြောတာပါ ဝတီလေးရဲ့ နောက်ရက်ကျပြန်ချော့တဲ့ အနေနဲ့ ကိုးကဝတီလိုချင်တာဝယ်ပေးမယ်လေ"

"........."

"တကယ် ကိုးကတိပေးတယ်ကွာ ဟုတ်ပြီလား"

"............."

"အိုကေ အဲဒါဆို see you နော်"

ပြောပြီးဖုန်းချသွားသံကြားလိုက်ရသည်။ သူ့ကောင်မလေးပဲ နေမှာပေါ့ ဘာပဲဖြစ်ဖြစ်သူ့လိုထောင့်မကျိုးတဲ့ကောင်ကိုအခု လိုပြောနိုင်တယ်ဆိုကတည်းက တစ်ဖက်ကသူကိုချီးမကျူးပဲ မနေနိုင်။ ယိင်း ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေလိုက်တယ်။

ကိုးဒီနေ့အိပ်ယာထတော့ ခါတိုင်းသူမသွားခင်အစောကြီးနိုးနေ တတ်တဲ့သူက အခုထိအိပ်ယာမထသေးဘူးဆိုတော့ သူစိတ်ပူ သွားခဲ့သည်။ သို့ပေမယ့်တခြားသူတွေရိပ်မိမှာဆိုးတော့ဘယ် သူ့မှမပြောပဲ ဧည့်ခန်းထဲမှာပဲထိုင်နေလိုက်တယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ သူ့သူငယ်ချင်းဝဏ္ဏရဲ့ညီမလေးဝတီဖုန်းဆက်၍ ပြန်ပြောနေချိန် ထိုလူလည်းအိပ်ယာမှနိုးသည်နှင့်ကြုံလေ သည်။ပြောတုန်းကတော့ ထိုလူကိုစချင်၍တမင်တကာချွဲပစ် နေအောင်ပြောပြီးမှ ဘာကြောင့်ရယ်မသိအဲဒီလူကိုအထင်လွဲ မိစေမှာ စိုးရိမ်ပြန်လေသည်။ ရုတ်တရက်ထကာ ခြံဝန်းထဲ ဆင်းသွားသည့် ထိုလူနောက်မှအသာလေးလိုက်ခဲ့သည်။

ကံ့ကော်ပန်းတွေဝေဆာနေအောင်ပွင့်နေတာကို မြင်လိုက်ရ၍ ယိင်း အိမ်ကိုပင်သတိရသွားလေသည်။ ဖေဖေတို့မေမေတို့ မရှိ၍ တစ်ကောင်ကြွက်ဖြစ်သွားတဲ့မိမိဘဝက တကယ်ကိုပဲ အထီးကျန်လွန်းလှပါတယ်လေ။ တစ်ယောက်ထဲတွေးနေစဉ် နောက်မှခြေသံကြား၍လှည့်ကြည့်လိုက်သည်။

" အမလေး"

" ဘာလဲကျုပ်ကိုမြင်တာသရဲကိုမြင်တာကျနေတာပဲ"

"မင်းကဧည့်ခန်းထဲမှာမဟုတ်ဘူးလား"

"ခုနကဟုတ်တယ်လေ ဘာလဲကိုယ့်အိမ်ထဲကိုယ်တောင် လျှောက်သွားလို့မရဘူးလား"

"အဲလိုမဟုတ်. "

"အင်းပေါ့တစ်ယောက်ထဲစိတ်ကူးယဉ်နေတာပျက်သွားလို့ လား ဒါမှမဟုတ်ရည်းစားအကြောင်းတွေးနေတာများလား"

"မင်းထင်ရာတွေလျောက်ပြောမနေနဲ့ ငါ့မှာဘယ်ရည်းစားမှ မရှိဘူး "

"အာ့ဆိုဘာလို့ကျုပ်ခေါ်တာမကြားတာလဲ"

"ဟမ် ခေါ်လိုက်လို့လား"

"ဟုတ်တယ်လေ"

" ဆောရီးနော် ယိင်းတကယ်မကြားလိုက်ဘူး"

"ထားပါတော့ ခများနာမည်ကယိင်းလားကျုပ်နာမည်က ကိုးအနဂ္ဂလျှံပါ စတွေ့ကတည်းကသေချာမိတ်မဆက်ရသေး လို့"

" အင်း"

"ဒါပဲလား"

" ရော် ဘာပြောရဦးမှာလဲ"

"နာမည်အပြည့်အစုံလေ"

"ယိင်းဆိုတဲ့တစ်လုံးတည်းပဲရှင်းပြီလား"

သူ့ကိုကြောက်တယ်ထင်နေတာ အခုတော့လည်းတစ်ခွန်းမ ကျန်ပြန်ပြောနေပုံက ရယ်ချင်စရာ။ နှုတ်ခမ်းဖူးဖူးလေးထက် က ထွက်ကျလာတဲ့စကားလုံးတိုင်းက ချိုသာမနေပေမယ့် အဲဒီခါးသက်သက်အရသာကပဲ သူ့ကိုတစ်မျိုးဆွဲဆောင်နေ လေသည်။ အဲဒီဆွဲဆောင်မှုနောက်ကိုပဲ လိုက်နေမိတဲ့အမျိုး အမည်မသိတဲ့ခံစားချက်က ဘာလို့ခေါင်းစဉ်တပ်ရမလဲ ရေရေ ရာရာမသိသေး။ နေခြည်ဖြာနေတဲ့အလင်းရောင်အောက်မှာ ထိုလူသားလေးရဲ့အလှတရားက သူ့ကိုအနည်းငယ်တော့ ငေးမိသွားစေသည်။ ဘာကြောင့်များဒီလောက်ထိ လှရက်နိုင် တာပါလိမ့်။ကျုပ်ခများအပေါ်စပြီးစိတ်ဝင်စားမိနေပြီထင်တယ် ခများရယ်။အဲဒီစိတ်ဝင်စားမှုကနေတဆင့် ဖြစ်ပေါ်လာတာက အချစ်ဆိုရင်ရော ခများကျုပ်ကိုလက်ခံပါ့မလား။ ဒီအိမ်ထဲမှာ နေ့တိုင်းခများနဲ့သာအတူနေရရင် ကျုပ်ရဲ့ခံစားချက်တွေ ထိန်းမထားနိုင်ပဲ ပွင့်ထွက်လာမှာစိုးမိတယ်။ဒါကြောင့်မို့လည်း တချို့နှုတ်ကထွက်တဲ့စကားလုံးတွေက နှလုံးသားနဲ့ဆန့်ကျင် ပြီးပြောမိတဲ့အခါ ခများကျုပ်ကိုမမုန်းပါစေနဲ့။ အဲဒါကအချိန် မတန်သေးခင် ပွင့်ထွက်လာမယ့်နှလုံးသားကခံစားချက်ကိုဖုံး ကွယ်နိုင်ဖို့တစ်ခုတည်းသောနည်းလမ်းဖြစ်နေလို့ပါယိင်းရယ်။