Chapter 5: Part-5(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 18011

(Zawgyi)

ယိင္း ဒီအိမ္ေရာက္တာအခုဆိုတစ္လေလာက္ျပည့္ၿပီျဖစ္ၿပီး

အခုလို မိသားစုစံုစံုညီညီထမင္းတစ္ခါမွ်မစားဘူးေခ်။ သိပ္ကိုလွပတဲ့ ညေနခင္းေလးတစ္ခုထင္ အန္ကယ္လ္ဦးဓနလွ်ံတို႔ ဇနီးေမာင္ႏွံကေတာ့ၿပံဳးေပ်ာ္လို႔။

“ ယိင္းဒီအိမ္ေရာက္တာတစ္လေလာက္ျပည့္ေရာ့မယ္ အခုမွ ပဲ မာမီတို႔မိသားစုစံုစံုညီညီထမင္းလက္ဆံုစားရေတာ့တယ္"

ယိင္းနဲ႔ ကိုးအနဂၢလွ်ံကေတာ့တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လ်က္ဘာစကားမွမဆိုၾကပဲ မ်က္ႏွာျပန္၍လႊဲသြားၾက သည္။ဦးဓနလွ်ံကေတာ့ ၿပံဳး၍သာေနသည္။ တကယ္ေတာ့ ယိင္းကသားအရင္းမဟုတ္တာေတာင္ သူတို႔သားႏွင့္အတူ သေဘာထားကာအလိုလည္းလိုက္သလို ေနရာလည္းေပး ေလသည္။ စကားေျပာလွ်င္လည္း သူတို႔ကိုယ္သူတို႔မာမီ၊ဒယ္ဒီဟု သာသံုး၍ ယိင္းကိုလည္းသားဟုပါးစပ္ဖ်ားကမခ်။

“ဒယ္ဒီနဲ႔မာမီကို ယိင္းခြင့္ေတာင္းစရာရိွပါတယ္"

“ဘာမ်ားလဲသားရဲ႕"

“ယိင္း အလုပ္တစ္ခုေလာက္လုပ္ခ်င္လို႔ပါ"

“အပိုေတြ"

တိုးတိုးေလးဆိုေပမယ့္ ကိုးအနဂၢလွ်ံဆီမွခနဲ႔တဲ့တဲ့ထြက္လာ တဲ့စကားက ယိင္းအတြက္ေတာ့မုန္းစရာ။

“ သားကိုး ပါးစပ္ခဏပိတ္ထားစမ္း"

ဒယ္ဒီေအာ္လိုက္မွ ေခါင္းကိုငံု႔သြားေလသည္  ဒါေပမယ့္ ႏႈတ္ခမ္းကေတာ့မဲ့ၿပံဳးၿပံဳးေနလ်က္။

“ သားယိင္းက ဘာအလုပ္လုပ္ခ်င္လို႔လဲ ဒါမွမဟုတ္မာမီတို႔ ဆီမွာေနရတာအဆင္မေျပလို႔လားဟင္"

“ ေျပပါတယ္မာမီ အခုကသားလည္းအရြယ္ေရာက္ၿပီဆိုေတာ့ အလုပ္တစ္ခုရိွသင့္တယ္ထင္လို႔ပါ"

“ဒါဆို သားယိင္းက ဘာလုပ္ခ်င္တာလဲ ဒယ္ဒီ့ေက်ာက္မ်က္ လုပ္ငန္းကိုစိတ္၀င္စားရင္လည္း ဒယ္ဒီနဲ႔အတူလုပ္လို႔ရတယ္ ေနာ္"

“ ေက်းဇူးတင္ပါတယ္ဒယ္ဒီ ဒါေပမယ့္ ယိင္းစာအုပ္ဆိုင္ေလး ဖြင့္ခ်င္လို႔ပါ"

“ ေနရာေရာၾကည့္ၿပီးၿပီလား"

“ၾကည့္ၿပီးပါၿပီ ဒယ္ဒီ အိမ္နဲ႔လည္းသိပ္မေ၀းပါဘူး လမ္းထိပ္က ေကာ္ဖီဆိုင္ရဲ႕ေဘးကဆိုင္ခန္းက အခုထပ္ငွား မယ့္သူမရိွလို႔တဲ့ အဲဒါ ယိင္းလုပ္ၾကည့္ခ်င္လို႔ပါ"

“ ဟုတ္ပါၿပီ သားသေဘာက်ရင္လည္းလုပ္ၾကည့္ပါ"

“ တကယ္ေျပာတာေနာ္ မာမီ"

“တကယ္ပါကြယ္"

ေခါင္းငံု႔ေနလ်က္မွ ယိင္းရဲ႕မ်က္ႏွာကအၿပံဳးကိုျမင္ေယာင္ရင္း ကိုးပါလိုက္ၿပံဳးလိုက္မိသည္။ယိင္းတကယ္ေပ်ာ္သြားတာမို႔

သူလည္းထပ္တူ၀မ္းသာရပါသည္။စေတြ႕တဲ့ေန႔ကတည္းက သူ႕ကိုေငးခနဲျဖစ္သြား ေစတဲ့မ်က္ႏွာေလးကအခုထိ ကို ေမ့မရခဲ့။တကယ္ေတာ့ သူတို႔ႏွစ္ေယာက္ကိုလက္ထပ္ေပးဖို႔ လူႀကီးခ်င္းကတိေပးခဲ့ၾကတာျဖစ္ေၾကာင္း သူအသက္ ဆယ့္ရွစ္ႏွစ္ျပည့္တဲ့ေန႔က မာမီေျပာျပ၍သိခဲ့သျဖင့္ ယိင္းလည္း ဒီအေၾကာင္းကိုသိေနမွာအမွန္ပင္။တကယ္ေတာ့ သူလိုခ်င္တဲ့အခ်စ္ကဘယ္သူ႕ရဲ႕တိုက္တြန္း မႈမွ မပါဘဲ ႏွလံုးသားကေနျဖစ္တည္ လာတဲ့အခ်စ္ပင္။အဲဒီအျဖစ္အပ်က္ ေတြသိၿပီးသားယိင္းကိုလည္း အေနမခက္ေစလို၍ သူ႕ဘက္ကအခုလိုအကန္ေတြခ်ည္းေျပာ ခဲ့ျခင္းပင္။

“ သားကိုးက ယိင္းကိုလိုက္ၿပီးကူညီေပးလိုက္ပါဦးကြယ္"

“ ရပါတယ္ ယိင္းတစ္ေယာက္ထဲလုပ္ႏိုင္ပါတယ္"

“ ဘယ္ဟုတ္မလဲ သားကဒီပတ္၀န္းက်င္နဲ႔ေနသားမက်ေသး ဘူးေလ "

ယိင္းဘာမွမေျပာေတာ့ဘဲ ေခါင္းသာညိတ္ျပလိုက္သည္။

“ကဲ အဲဒါဆိုလည္းႏွစ္ေယာက္တိုင္ပင္လိုက္ၾကဦး မာမီတို႔ လည္းသြားနားေတာ့မယ္"

“ဟုတ္"“ဟုတ္"

မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾကတဲ့သူတို႔ႏွစ္ေယာက္ကေတာ့ အခုထိတစ္ေယာက္ကိုတစ္ေယာက္မၾကည့္ေသးပဲ အေတြး ကိုယ္စီနဲ႔။

“တကယ္လို႔ မင္းအဆင္မေျပရင္လည္းမလိုက္ခဲ့နဲ႔ရတယ္ ငါမင္းကိုမေႏွာင့္ယွက္ပါဘူး"

“ရတယ္ လိုက္ခဲ့မယ္ ဘယ္အခ်ိန္သြားမွာလဲ"

“မနက္ျဖန္မနက္ ၉နာရီ"

“ ေကာင္းၿပီေလ "

ေျပာၿပီးအိမ္ေပၚသို႔တက္သြားေလသည္။

ယိင္းသူ႕ကိုနားမလည္ေပ တစ္ခါတေလက်ေကာင္းေပးမလို ႏွင့္ ဆိုးတတ္ၿပီးတစ္ခါတေလက်လည္းနားလည္ေပးသည္ ထင္ရသည္အေပါက္ဆိုးတာကလြဲလို႔ေပါ့။ ကိုယ့္ထက္အ ငယ္သာေျပာတယ္ အၿမဲတမ္းဘုကန္႔လန္႔နဲ႔စကားေျပာတာက အစ အထက္စီးက။ သူအေပၚေရာက္သြားၿပီထင္မွ ကိုယ္ပါ အေနာက္ကတက္လာခဲ့လိုက္သည္။ အန္တီျမတို႔မ်ား ဘယ္လိုစိတ္ကူးနဲ႔ မတည့္တဲ့သူႏွစ္ေယာက္ကိုအတူ ခိုင္းရလဲ မသိေပ။ ဒီေလာက္ဂ်စ္ကန္ကန္နဲ႔အေပါက္ဆိုးဆိုးလူက သူ႕ကိုဘယ္လိုလုပ္ၿပီးကူညီေပးပါ့မလဲ မိဘေတြေရွ႕မွာမို႔သာ လိမၼာသလိုလုပ္ျပေနတာ ဟြန္႔ မင္းကတကယ္ကိုမုန္းစရာ ေကာင္းလိုက္တာ ကိုးအနဂၢလွ်ံ။

(Unicode)

ယိင်း ဒီအိမ်ရောက်တာအခုဆိုတစ်လလောက်ပြည့်ပြီဖြစ်ပြီး

အခုလို မိသားစုစုံစုံညီညီထမင်းတစ်ခါမျှမစားဘူးချေ။ သိပ်ကိုလှပတဲ့ ညနေခင်းလေးတစ်ခုထင် အန်ကယ်လ်ဦးဓနလျှံတို့ ဇနီးမောင်နှံကတော့ပြုံးပျော်လို့။

“ ယိင်းဒီအိမ်ရောက်တာတစ်လလောက်ပြည့်ရော့မယ် အခုမှ ပဲ မာမီတို့မိသားစုစုံစုံညီညီထမင်းလက်ဆုံစားရတော့တယ်"

ယိင်းနဲ့ ကိုးအနဂ္ဂလျှံကတော့တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လျက်ဘာစကားမှမဆိုကြပဲ မျက်နှာပြန်၍လွှဲသွားကြ သည်။ဦးဓနလျှံကတော့ ပြုံး၍သာနေသည်။ တကယ်တော့ ယိင်းကသားအရင်းမဟုတ်တာတောင် သူတို့သားနှင့်အတူ သဘောထားကာအလိုလည်းလိုက်သလို နေရာလည်းပေး လေသည်။ စကားပြောလျှင်လည်း သူတို့ကိုယ်သူတို့မာမီ၊ဒယ်ဒီဟု သာသုံး၍ ယိင်းကိုလည်းသားဟုပါးစပ်ဖျားကမချ။

“ဒယ်ဒီနဲ့မာမီကို ယိင်းခွင့်တောင်းစရာရှိပါတယ်"

“ဘာများလဲသားရဲ့"

“ယိင်း အလုပ်တစ်ခုလောက်လုပ်ချင်လို့ပါ"

“အပိုတွေ"

တိုးတိုးလေးဆိုပေမယ့် ကိုးအနဂ္ဂလျှံဆီမှခနဲ့တဲ့တဲ့ထွက်လာ တဲ့စကားက ယိင်းအတွက်တော့မုန်းစရာ။

“ သားကိုး ပါးစပ်ခဏပိတ်ထားစမ်း"

ဒယ်ဒီအော်လိုက်မှ ခေါင်းကိုငုံ့သွားလေသည်  ဒါပေမယ့် နှုတ်ခမ်းကတော့မဲ့ပြုံးပြုံးနေလျက်။

“ သားယိင်းက ဘာအလုပ်လုပ်ချင်လို့လဲ ဒါမှမဟုတ်မာမီတို့ ဆီမှာနေရတာအဆင်မပြေလို့လားဟင်"

“ ပြေပါတယ်မာမီ အခုကသားလည်းအရွယ်ရောက်ပြီဆိုတော့ အလုပ်တစ်ခုရှိသင့်တယ်ထင်လို့ပါ"

“ဒါဆို သားယိင်းက ဘာလုပ်ချင်တာလဲ ဒယ်ဒီ့ကျောက်မျက် လုပ်ငန်းကိုစိတ်ဝင်စားရင်လည်း ဒယ်ဒီနဲ့အတူလုပ်လို့ရတယ် နော်"

“ ကျေးဇူးတင်ပါတယ်ဒယ်ဒီ ဒါပေမယ့် ယိင်းစာအုပ်ဆိုင်လေး ဖွင့်ချင်လို့ပါ"

“ နေရာရောကြည့်ပြီးပြီလား"

“ကြည့်ပြီးပါပြီ ဒယ်ဒီ အိမ်နဲ့လည်းသိပ်မဝေးပါဘူး လမ်းထိပ်က ကော်ဖီဆိုင်ရဲ့ဘေးကဆိုင်ခန်းက အခုထပ်ငှား မယ့်သူမရှိလို့တဲ့ အဲဒါ ယိင်းလုပ်ကြည့်ချင်လို့ပါ"

“ ဟုတ်ပါပြီ သားသဘောကျရင်လည်းလုပ်ကြည့်ပါ"

“ တကယ်ပြောတာနော် မာမီ"

“တကယ်ပါကွယ်"

ခေါင်းငုံ့နေလျက်မှ ယိင်းရဲ့မျက်နှာကအပြုံးကိုမြင်ယောင်ရင်း ကိုးပါလိုက်ပြုံးလိုက်မိသည်။ယိင်းတကယ်ပျော်သွားတာမို့

သူလည်းထပ်တူဝမ်းသာရပါသည်။စတွေ့တဲ့နေ့ကတည်းက သူ့ကိုငေးခနဲဖြစ်သွား စေတဲ့မျက်နှာလေးကအခုထိ ကို မေ့မရခဲ့။တကယ်တော့ သူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့ လူကြီးချင်းကတိပေးခဲ့ကြတာဖြစ်ကြောင်း သူအသက် ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့က မာမီပြောပြ၍သိခဲ့သဖြင့် ယိင်းလည်း ဒီအကြောင်းကိုသိနေမှာအမှန်ပင်။တကယ်တော့ သူလိုချင်တဲ့အချစ်ကဘယ်သူ့ရဲ့တိုက်တွန်း မှုမှ မပါဘဲ နှလုံးသားကနေဖြစ်တည် လာတဲ့အချစ်ပင်။အဲဒီအဖြစ်အပျက် တွေသိပြီးသားယိင်းကိုလည်း အနေမခက်စေလို၍ သူ့ဘက်ကအခုလိုအကန်တွေချည်းပြော ခဲ့ခြင်းပင်။

“ သားကိုးက ယိင်းကိုလိုက်ပြီးကူညီပေးလိုက်ပါဦးကွယ်"

“ ရပါတယ် ယိင်းတစ်ယောက်ထဲလုပ်နိုင်ပါတယ်"

“ ဘယ်ဟုတ်မလဲ သားကဒီပတ်ဝန်းကျင်နဲ့နေသားမကျသေး ဘူးလေ "

ယိင်းဘာမှမပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

“ကဲ အဲဒါဆိုလည်းနှစ်ယောက်တိုင်ပင်လိုက်ကြဦး မာမီတို့ လည်းသွားနားတော့မယ်"

“ဟုတ်"“ဟုတ်"

မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့သူတို့နှစ်ယောက်ကတော့ အခုထိတစ်ယောက်ကိုတစ်ယောက်မကြည့်သေးပဲ အတွေး ကိုယ်စီနဲ့။

“တကယ်လို့ မင်းအဆင်မပြေရင်လည်းမလိုက်ခဲ့နဲ့ရတယ် ငါမင်းကိုမနှောင့်ယှက်ပါဘူး"

“ရတယ် လိုက်ခဲ့မယ် ဘယ်အချိန်သွားမှာလဲ"

“မနက်ဖြန်မနက် ၉နာရီ"

“ ကောင်းပြီလေ "

ပြောပြီးအိမ်ပေါ်သို့တက်သွားလေသည်။

ယိင်းသူ့ကိုနားမလည်ပေ တစ်ခါတလေကျကောင်းပေးမလို နှင့် ဆိုးတတ်ပြီးတစ်ခါတလေကျလည်းနားလည်ပေးသည် ထင်ရသည်အပေါက်ဆိုးတာကလွဲလို့ပေါ့။ ကိုယ့်ထက်အ ငယ်သာပြောတယ် အမြဲတမ်းဘုကန့်လန့်နဲ့စကားပြောတာက အစ အထက်စီးက။ သူအပေါ်ရောက်သွားပြီထင်မှ ကိုယ်ပါ အနောက်ကတက်လာခဲ့လိုက်သည်။ အန်တီမြတို့များ ဘယ်လိုစိတ်ကူးနဲ့ မတည့်တဲ့သူနှစ်ယောက်ကိုအတူ ခိုင်းရလဲ မသိပေ။ ဒီလောက်ဂျစ်ကန်ကန်နဲ့အပေါက်ဆိုးဆိုးလူက သူ့ကိုဘယ်လိုလုပ်ပြီးကူညီပေးပါ့မလဲ မိဘတွေရှေ့မှာမို့သာ လိမ္မာသလိုလုပ်ပြနေတာ ဟွန့် မင်းကတကယ်ကိုမုန်းစရာ ကောင်းလိုက်တာ ကိုးအနဂ္ဂလျှံ။