Back
/ 6
Chapter 5

သို့...ချစ်ရပါသော တီချယ်စိမ်း (part-5)

သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)

အချိန်တွေတရွေ့ရွေ့နဲ့ကုန်လာလိုက်တာ အခုဆိုရင် ခန့်နောက်ဆုံးနှစ်တောင်ရောက်နေပြီ ။ ခန့်က ခန့်ဝါသနာပါသည့်ဆေးလိုင်းကိုယူခဲ့သည်။

တီချယ်စိမ်းနှင့်ခန့်တွဲနေတာလည်း ၉နှစ်ကျော်ဆိုတဲ့ အချိန်တစ်ခုကိုရောက်လာသည်။ သည်ကြားထဲ အခက်အခဲတစ်ခုမှမရှိခဲ့ အရာအားလုံး ေအးအေးဆေးဆေးပင်။ တီချယ်စိမ်းကတော့ အရင်တိုင်းကောက်စိန်လေးပေါ့ဗျာ။

တီချယ်စိမ်းကကောက်လိုက် ခန့်ကစာရေးပြီးပြန်ချော့လိုက်နှင့်ပင်။ သည်လိုနဲ့ဘဲ အချစ်ပိုနေရသည်။

ခန့်က ညနေပိုင်း အတန်းချိန်မရှိလျှင် တီချယ်စိမ်းကိုကျောင်းသွားကြိုသည်။ မနက်ဘက်ဆို တီချယ်စိမ်းကို ကျောင်းပို့သည်။

သည်နေ့ကလည်း သာမန်နေ့လေးတွေလိုဘဲ တီချယ်စိမ်းကိုကျောင်းသွားပို့ရမည်။

ခန့်ကားကို တီချယ်စိမ်းအိမ်ရှေ့ထိမောင်းသွားလိုက်သည်။ ခန့်ကားမှန်းသိတော့ ခြံတံခါးဖွင့်ပေးသည်။ ခန့်လည်း ကားကိုခြံထဲထိမောင်းသွားပြီး တီချယ်စိမ်းရဲ့ swift ကားလေးဘေးမှာရပ်လိုက်သည်။

'တီချယ်စိမ်း'

'ထမင်းစားခန်းထဲမှာ ကလေး'

'ဟုတ်'

ခန့်လည်း ထမင်းစားခန်းထဲဝင်သွားလိုက်တော့ တီချယ်စိမ်းက ထမင်းချိုင့်ပြင်နေသည်။ ခန့်အတွက်ရော တီချယ်စိမ်းအတွက်ရောပေါ့။ တီချယ်စိမ်းက ခန့်ကိုကန်တင်းမှာ မစားခိုင်းဘူး။ တီချယ်စိမ်းထည့်ပေးတဲ့ ထမင်းဘူးလေးကိုသာစားခိုင်းသည်။

ထမင်းမကုန်လျှင် ဒေါ်စိမ်းမဟာနွယ်၏ ပုံစံအတိုင်း ရွှေစိတ်တော်ကလည်း ညှိုးတတ်သေးဗျ။

'ဘာဟင်းချက်လည်း အချစ်'

'ပုစွန်နဲ့ ငရုပ်သီးအကြမ်းဖက်နဲ့ကြော်တယ် ချဥ်ပေါင်ရွက်ချဥ်ဟင်းချက်တယ် ပြီးတော့ ခန့်အကြိုက် ကြက်ဥကြော်'

'ဝိုး အခုတောင်စားပလိုက်ချင်တယ်'

'စိတ်ထိန်းပါ အမတော်လေးရယ်'

'ဟီး"'

'ကဲ ရော့ လာသွားကြမယ်'

'ဟုတ်'

ခန့်လည်း တီချယ်စိမ်းရဲ့ ဆွဲခြင်းလေးနဲ့ ခန့်ရဲ့lunch boxကို ယူကာ ကားနောက်ခန်းထဲထည့်လိုက်သည်။

တီချယ်စမ်းက ပိုက်ဆံအိတ်လေးကိုင်ကာ ထွက်လာသည်။ ခန့်လည်းအလိုက်တသိနှင့် ကားတံခါးကိုဖွင့်ပေးလိုက်သည်။

ထို့နောက် ခန့်တို့ breakfast စားဖို့ဆိုင်ကိုမောင်းလာသည်။

ခန့်တို့ကားနောက်ကို အနက်ရောင်ကားတစ်စီး လိုက်နေသည်ကို ခန့်သတိထားမိသွားသဖြင့် ကားကိုအရှိန်တင်လိုက်သည်။

'ခန့်ကားကို ဘာလို့အရှိန်တင်လိုက်တာလဲ'

'ဟို..ဟို...ခန့်ဗိုက်အရမ်းဆာနေလို့ပါ'

ခန့် တီချယ်စိမ်းကို စိတ်မပူစေချင်တာကြောင့် မုသားသုံးလိုက်သည်။

'အမှန်တိုင်းပြောနော်'

'ဟို..ဟို..နောက်ကားက ခန့်တို့နောက်လိုက်နေတာ တော်တော်ကြာပြီ'

'ဟင်..ဟုတ်လား'

စိမ်းအနောက်လှည့်ကြည့်လိုက်တော့

'အဲ့တာ ကိုမင်းရာဇာမောင်ရဲ့ တပည့်တွေဘဲ'

'ဟင် အဲ့တာဘယ်သူကြီးလဲ'

'ကော်ဖီဆိုင်မှာ တီချယ်နဲ့ ပြဿနာဖြစ်တဲ့တစ်ယောက်လေ'

'အော်'

ဟုပြောကာ ခန်လည်းကားကို အရှိန်တင်လိုက်သည်။ ခန့်ကားက ပြိုင်ကားဖြစ်တာကြောင့် မျက်ခြေဖျတ်နိုင်သွားသည်။

ထို့နောက်ခန့်လည်း ဆိုင်တစ်ဆိုင်တွင် ကားရပ်လိုက်ပြီး တီချယ်စိမ်းနှင့်အတူ ဆိုင်ထဲဝင်လာခဲ့သည်။ တီချယ်စိမ်းက အရမ်းကြောက်နေသည့်ပုံစံပင်။ လက်များပင် တုန်လို့နေသည်။

'တီချယ်စိမ်း အဆင်ပြေရဲ့လား'

'အင်း'

အင်းဟုသာ ဆိုသည် လက်များတုန်နေသည်မှာ မရပ်နိုင်သေး။ ခန့်လည်း တီချယ်စိမ်း၏လက်များကိုဆုပ်ကိုင်ထားလိုက်သည်။

'ခန့်ရှိတယ်နော် မကြောက်နဲ့'

'အင်း'

ထိုအချိန် waiterလေးတစ်ယောက်ယောက်လာပြီး

'ဘာမှာမလဲအကို'

'ရေတစ်ဘူး ဖက်ထုပ်ဆီချက်နှစ်ပွဲ'

'ဒါဘဲလားအကို'

'အင်း'

'ဟုတ် ခဏလေးစောင့်ပါနော်'

ခန့်ခေါင်းငြိမ့်ပြလိုက်သည်။

'တီချယ်စိမ်း ဗိုက်ဆာနေတယ်မလား မုန့်အရင်စားလိုက်နော် ခန့်တီချယ်စိမ်းကြိုက်တာလေးမှာလိုက်တယ်'

'တီချယ် ဘာမှမစားချင်တော့ဘူးခန့်'

'တစ်ခုခုတော့စားလိုက်ပါကွာ တီချယ်စိမ်း ဗိုက်ဆာနေတာခန့်သိတယ် ပြီးတော့ ဘာမှမကြောက်နဲ့ တီချယ်စိမ်းနားမှာခန့်တစ်ယောက်လုံးရှိတယ်'

တီချယ်စိမ်းက ခန့်ကို ဖက်လိုက်ပြီး မျက်ရည်များကြဆင်းလာကာ

'မေမေ...မေမေ့တုန်းကလည်း သူ..သူတို့ ဒီ..ဒီလို သတ်ခဲ့ကြတာဘဲ မေမေ..မေမေလည်း ဒီလိုဖြစ်ပြီး ကားaccidentဖြစ်ပြီးသေသွားရတာ'

ခန့်ဘာမှမပြောမိ တီချယ်စိမ်းကိုသာ ဖက်ထားမိသည်။ တီချယ်ိစမ်းငိုနေတော့ ခန့်လည်းငိုချင်လာသည်။ ထိုအချိန်မှာထားတာတွေလာချသည်။

'တီချယ်စိမ်း'

'အင်း'

'အရင်စားရအောင်နော် ပြီးရင်လည်းကျောင်းသွားရအုန်းမယ် ကျောင်းချိန်မမှီဘဲနေမယ်'

'အင်း'

'လာ မျက်ရည်တွေသုတ်လိုက်အုန်း'

ခန့်က တီချယ်စိမ်း၏ မျက်ရည်များကို tissueလေးနှင့် ဖွဖွကလေးသုတ်ပေးသည်။

ထို့နောက် တီချယ်စိမ်းကို ခွံကျွေးရလေသည်။ စားသောက်ပြီးတော့ ခန့်တီချယ်စိမ်းကို ကျောင်းကိုလိုက်ပို့လိုက်သည်။

'ဘာမှမကြောက်နဲ့နော် ခန့်ရှိတယ်'

'အင်း တို့မင်းကိုယုံပါတယ် တို့သွားတော့မယ်နော်'

'ဒီတိုင်းသွားတော့မို့လား'

ခန့်က ပြောလိုက်တော့ တီချယ်စိမ်းက ခန့်နှုတ်ခမ်းလေးကို နမ်းလိုက်သည်။

'တာ့တာ ညနေကြရင် ခန့်လာကြိုမယ်နော်'

'အင်း'

တီချယ်စိမ်း ကျောင်းထဲကိုဝင်သွားသည်ထိခန့်ကြည့်နေမိသည်။

တီချယ်စိမ်းကျောင်းထဲရောက်သွားမှ ခန့်လည်းထွက်လာလိုက်သည်။

ကားမောင်းနေရင်းနှင့် ခန့်တနေရာကို ဖုန်းဆက်နေသည်။

'ကျောင်းနား ပတ်ဝန်းကျင်ကို မင်းတို့သေချာစောင့်ကြည့်ထား ညနေကျောင်းဆင်းလို့ ငါတီချယ်စိမ်းကို လာမကြိုခင်ထိ တီချယ်စိမ်းကို မင်းတို့စောက်ရှောက်ရမယ်ကြားလား'

'ဟုတ် boss'

__________

နေ့လည် ကန်တင်းရောက်တော့ နာရီကြည့်လိုက်တော့ ၁၁နာရီခွဲပြီ။ ၁၁နာရီခွဲဆို တီချယ်စိမ်းတို့ မုန့်စားကျောင်းဆင်းချိန်ပင်။ ခန့်လည်း တီချယ်စိမ်းစီကို ဖုန်းခေါ်လိုက်သည်။

'အချစ်'

'အင်း ခန့်ပြော'

'အားလား'

'အင်း'

'လွမ်းလို့ ပြီးတော့ အဆင်ပြေလားမေးမို့'

'တီချယ်လည်းလွမ်းပါတယ်

အဆင်လည်းပြေတယ် ဘာမှစိတ်မပူနဲ့ အမရည်မွန်လည်းရှိနေတာဘဲ'

'တီချယ်ရည်မွန်ရှိလို့ပိုစိတ်မချတာ'

'ကိုယ့်အဒေါ်ကိုနော်'

'ဟီး စတာပါ ဒါနဲ့ ထမင်းစားပြီးပြီလား'

'အင်း မုန့်စားကျောင်းတတ်ရင် စာသင်ရမှာမလို့ စောစားလိုက်တယ်'

'အော်'

'ခန့်ရော'

'ခန့်က စားနေရင်းနဲ့ဆက်တာ'

'ထမင်းကို အရင်မစားဘူး အဲ့တာဆို ဒါဘဲ ညနေကြမှ တွေ့မယ် ထမင်းကို အရင်စား'

'လွမ်းလို့ပါဗျာ'

'ဒါဘဲ မွ မွ အရမ်းချစ်တယ်'

'အား ထမင်းမစားဘဲတောင်ဗိုက်ပြည့်သွားပြီ'

'အပိုတေ ဒါဘဲ'

'အင်း အရမ်းချစ်တယ်‌နော် မွ မွ'

'အင်း'

ဖုန်းချပြီးတော့ ခန့်လည်း စားစရာရှိတာအမြန်စားပြီး အတန်းသွားပြန်တတ်သည်။

ညနေ တီချယ်တို့ကျောင်းဆင်းချိန် အမှိကျောင်းကိုသွားပေမယ့် လမ်းမှာ ကားaccidentဖြစ်လို့ လမ်းပိတ်နေသည်။ ထိုအချိန် ခန့်တပည့်တစ်ယောက်စီမှဖုန်းဝင်လာသည်။

'ဟယ်လို boss'

'အေး ပြော'

'ဟိုဟာလေ bossရဲ့ တီချယ်ကို ဟိုလူတွေ ဖမ်းသွားကြတယ်'

'ဘာ....ဘယ်လိုဖြစ်တာလဲ'

'ကျနော်တို့ အားလုံးကို မေ့သွားအောင်လုပ်ပြီူ ဖမ်းသွားတာပါ ကျနော်တို့နိုးတော့ ကားပေါ်ဖမ်းတင်သွားတာမြင်လိုက်လို့ ကျနော်တို့နောက်ကလိုက်နေပါပြီ'

'ငါအခုဘဲလာခဲ့မယ်'

ခန့်လည်း ဖုန်းပြောပြီးတော့ ကားလမ်းလည်းပြန်ပွင့်သွားတာကြောင့် ခန့်ကားကိုအရှိန်တင်ကာမောင်းလိုက်သည်။ တလမ်းလုံးလည်း တီချယ့်ဖုန်းကို ဆက်နေတာ လုံးဝမကိုင်ဘူး။

နောက်တော့ ခန့်တပည့်တွေက တောင်ဒဂုံဘက်မှ ဂိုထောင်တစ်ခုတည်းကို ဝင်သွားသည်ဟုပြောသဖြင့် ခန့်လည်း အဝင်းတို့ကို အကူအညီတောင်းပြီး ရဲခေါ်ခိုင်းလိုက်သည်။

ခန့် ထိုနေရာရောက်သွားတော့ ခန့်တပည့်တွေက ခန့်ကို ဝင်လို့လွယ်မည့်အပေါက်ကိုပြသည်။ခန့်တပည့်တေကလည်း နှစ်ယောက်တည်းဆိုတော့ လူအများကြီးကို မနိုင်သဖြင့် ခန့်အလယကိုစောင့်နေကြသည်။

'boss ဒီအနောက်မှာ ခွေးတိုးပေါက်တစ်ပေါက်ရှိတယ် ခွေးတိုးပေါက်ဆိုပေမယ့် လူတစ်ယောက်လောက်တော့ဝင်လို့ရတယ်'

'တခြား အပေါက်လေး ဘာလေးမရှိဘူးလား'

'အဲ့တစ်ပေါက်ဘဲရှိတယ် boss'

တခြား အပေါက်လည်းမရှိသည့်အဆုံး ခန့်လည်း ထိုအပေါက်မှဝင်လိုက်ရသည်။ ခန့်တပည့်များကို အဝင်းတို့အားစောင့်ခိုင်းကာ ချန်ခဲ့သည်။

ခန့်အထဲကိုရောက်သွားတော့ လူတစ်ယောင်မှမတွေ့ပေ။ အလွန်ပင် တိတ်ဆိတ်နေသည်။ ဂိုထောင်တံခါးဟာလည်း ပွင့်နေသည်။

ခန့် ခြေလှမ်းဖွဖွလှမ်းကာ အထဲကိုဝင်သွားသည်။ အထဲတွင်လည်း တိတ်ဆိတ်နေသည်။ ထိုအချိန် ခန့်အရှေ့တည့်တည့်တွင် ခန့်တွေ့လိုက်ရသည်က ခန့်အမျိုးသမီးလေး။

တိုင်နှင့် လက်ကိုတွဲ၍ ကြိုးချည်ထားကာ ပါးစပ်ကိုလည်း အဝတ်ဖြင့်စည်းထားသေးသည်။ တီချယ်စိမ်းကတော့ သတိမေ့နေသည့်ပုံစံပင်။

ခန့်လည်း တီချယ်စိမ်းစီ အပြေးသွားကာ ကြိုးဖြည်ရင်း တီချယ်စိမ်းကို နှိုးနေမိသည်။

'တီချယ်စိမ်း....တီချယ်စိမ်း....တီချယ်စိမ်း ထပါအုန်း တီချယ်စိမ်းရေ....'

'ဟင်...အင်...အင်း'

'တီချယ်စိမ်း သတိရပြီလား'

'ခန့်...ခန့် တို့...တို့ ကြောက်တယ်'

'မကြောက်နဲ့နော် ခန့် ရှိတယ် ခန့် ကာကွယ်ပေးမယ်'

'အင်း...ယုံတယ် တို့ယုံတယ်'

ခန့်လည်း တီချယ်စိမ်းကို ဖက်ထားလိုက်သည်။ ထိုအချိန် အသံတစ်ခုထွက်လာသည်။

'ဝါး အချစ်ငှက်ကလေးနှစ်ကောင် အရမ်းချစ်နေကြပုံဘဲ'

'ရှင်...ရှင် ဒါဘာလုပ်တာလဲ'

'စိမ်းရယ် ကိုယ်က မင်းကို အနုနည်းနဲ့ ရအောင်ကြိုးစားသားဘဲ အခုအနုနည်းနဲ့မရတော့ အကြမ်းနည်းနဲ့ ရအောင်ယူရတော့မှာပေါ့ ဟျောင့်တေ ဟိုကောင်မကိုရှင်းလိုက်ကွာ'

ဦးမင်းရာဇာမောင်၏ အမိန့်အသံအဆုံး လူတစ်စုခန့်စီသို့ပြေးဝင်လာသည်။ ထိုလူတွေမှာ အလွန်ဆုံးရှိ ၉ယောက် ၁၀ယောက်လောက်ရှိမယ်ထင်သည်။

ခန့်လည်း ထိုလူတွေကို တတ်နိုင်သလောက်ချသည်။ သို့သော် အင်အားမမျှသောကြောင့် နောက်ဆုံးခန့်က ပြန်မချနိုင်တော့ပေ။

ထိုအချိန် တီချယ်စိမ်းက ဦးမင်းရာဇာမောင်စီသွားကာ ဦးမင်းရာဇာမောင်၏ ပါးကိုရိုက်လိုက်သည်။

'ဒီမှာ ကိုမင်းရာဇာမောင် ရှင်ဒီလိုတွေလုပ်နေလို့ ကျွန်မအချစ်ကို ပြန်ရလာမှာ မဟုတ်ဘူး ကား ခန့်အတွက်ဘဲ ထာဝရရှင်သန်နေမှာ'

'တော်ကြတော့ကွာ'

ဦးမင်းရာဇာမောင်၏ စကားသံအ‌ဆုံး ခန့်ကို ထိုးကြိတ်နေကြသော လူတွေလည်း ရပ်တန့်သွားကြသည်။ထို့နောက် ထိုလူတစ်စု ထွက်သွားကြသည်။

ခန့်လည်းအရမ်းနာကျင်နေသည်။ လှုပ်လို့မရနိုင်အောင်နာကျင်နေသည်။ ခန့်မျက်လုံးတွေမှာ ဝိုးတဝါးပုံရိပ်တွေသာ မြင်နေရသည်။

'ဒီမှာ စိမ်း ကိုယ်မင်းကို အရမ်းချစ်တယ် မင်းကိုယ့်ကိုချစ်ရမယ် မင်းကိုယ့်ကိုဘဲ ချစ်ရမယ်'

'မချစ်နိုင်ဘူး အချစ်ဆိုတာ လုပ်ယူလို့ရတဲ့ အရာမဟုတ်ဘူး နှလုံးသားက ဖြစ်ပေါ်လာတဲ့အရာ ရှင်ကျွန်မကို ဘယ်လိုဘဲ လုပ်ယူလုပ်ယူ ကျွန်မကတော့ ခန့်ကိုဘဲ ချစ်မြဲတိုင်းချစ်နေမှာ'

'စိမ်းမဟာနွယ်!!!!!'

ဟုဆိုကာ ထိုလူစီတွင် အဆင်သင့်ရှိသော ဓား‌ေမြှာင်အားထုတ်လိုက်ကာ တီချယ့်ကို ထိုးဖို့ရွယ်လိုက်ပြီး

'အေး ဒီဘဝမှာ မင်းငါ့ကို မချစ်ရင်တော့ နောက်ဘဝကြရင်တော့ မင်းငါ့ကိုပြန်ချစ်လာရမယ် နောက်ဘဝကို မင်းနဲ့ငါ အတူတူသွားကြမယ်'

ဟုဆိုကာ တီချယ်စိမ်းအား ထိုဓားဖြင့်ထိုးလိုက်ချိန် တီချယ်စိမ်း၏ အော်သံစူးစူးဟာ နားထဲဝင်ရောက်လာသည်။

'ခန့်......'

ခန့်ဝမ်းဗိုက်မှလည်း အရမ်းကို နာကျင်နေသည်။ တီချယ်စိမ်းအား ဓားဖြင့်ထိုးသည့်အချိန်တွင် ခန့်မရမကထကာ တီချယ်စိမ်းအား ကာကွယ်နိုင်လိုက်သည်။ ခန့်တီချယ်စိမ်းကို ကာကွယ်နိုင်လိုက်သည်။

ထိုအချိန် ရဲများ အဝင်းတို့နှင့် ခန့်တပည့်များဝင်လာသည်။

'ခန့်...ခန့် သတိထားပါအုန်း ကလေးရယ်'

'တီ..တီချယ်စိမ်း...ခန့်...ခန့်လေ...တီချယ်...တီချယ်စိမ်းကို...အရမ်း....အရမ်းချစ်တယ်နော်'

'ခန့်...ခန့် ဟင့်အင်း မဖြစ်ရဘူး ဆေးရုံကားခေါ်ပေးကြပါ ဆေးရုံကားခေါ်ပေးကြပါ'

__________

Up ကြာသွားလို့တောင်းပန်ပါတယ်နော်။

Nikတီချယ့်အပြုံးလေးမြင်ပြီး ဘာမဆိုဘာမှမလုပ်နိုင်တော့လို့ပါ😁

Share This Chapter