Back
/ 6
Chapter 4

သို့...ချစ်ရပါသော တီချယ်စိမ်း (part-4)

သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)

နောက်နေ့မနက် ခန့်နိုးတော့ ခန့်အမျိုးသမီးလေးက အိပ်ရာပေါ်မှာတောင်မရှိတော့ချေ။ ထိုအချိန် ဖုန်းမြည်လာသည်။

'hello'

'hello မာမီ'

'ခန့်ကို မာမီပြောစရာရှိတယ်'

'ဟုတ်ပြောလေမာမီ'

'ခန့် ကျူရှင်ကို အမရည်မွန်စီမှာဘဲ သွားတတ်လိုက်နော်'

'ဟုတ်မာမီ'

'အေး အာ့ဆို ဒါဘဲနော် မာမီအလုပ်ရှုပ်နေလို့'

'ဟုတ် မာမီ'

ခန့်လည်း ဖုန်းချပြီးတော့ အပြင်ထွက်လာတော့ တီချယ်စိမ်းကလည်း ဘုရားခန်းထဲက ထွက်လာသည်။

ခြေထောက်ကနဲနဲတော့ ထော့နဲ့ထော့နဲ့ဖြစ်နေတယ် ဒါပေမယ့် လမ်းလျှောက်လို့ ရတဲ့အနေအထားလောက်ပေါ့။

'morning ခန့်'

'morningပါ ခန့်အမျိုးသမီးလေး'

'ကျောင်းမှာ အဲ့လိုမခေါ်နဲ့နော်'

'ဟုတ် ခန့်သိပါတယ်'

'ခုနက အသံတွေကြားနေတယ် ဖုန်းပြောနေတာလား'

'ဟုတ် မာမီနဲ့ပြောနေတာ တီချယ်ရည်မွန်စီမှာ ကျူရှင် သွားတတ်ခိုင်းနေတာ'

'ခန့်နဲ့ မရည်မွန်နဲ့က တော်တော်ရင်းနှီးတယ်နော်'

'အော် ခန့်ရဲ့ နှစ်ယောက်မရှိတဲ့ အဒေါ်လေ'

'အော် မရည်မွန်က ခန့်အဒေါ်လား'

'အင်း မာမီ့အမအရင်းလေ'

'အော် '

ထို့နောက် ခန့်တို့ မနက်စာစားပြီး ကျောင်းကိုထွက်လာခဲ့ကြသည်။

__________

'ဘာ.....'

'......'

'အဲ့ကလေးကို အိမ်မှာပါ ညခေါ်အိပ်တယ် ဟုတ်လား'

'ဟုတ်ပါတယ်'

'အဲ့ကလေးက ဘယ်သူလည်းဆိုတာ ငါ့ကို စုံစမ်းပေး'

'ဟုတ်ကဲ့ပါ ဘော့စ်'

'စိမ်းမဟာနွယ်....မင်းငါ့အပိုင်ဖြစ်လာစေရမယ် မင်းစောင့်နေ'

__________

ဒီနေ့ ခန့်ကျောင်းရောက်တော့ မနေ့ညက ခန့်ရင်ခွင်ထဲမှာ တီချယ်စိမ်းအိပ်နေသည့် ပုံစံလေးကို ခန့်ပြန်ပြန်တွေးနေမိသည်။

'နေမင်းခန့်..'

'ဗျ...ဗျာ'

'ခေါ်နေတာကြာလှပြီ ပြုံးစိစိနဲ့ ဘာတွေတွေးနေတာလဲ'

'ဘာ..ဘာမှမတွေးနေပါဘူး'

'ဘာမှမတွေးရင် ဘာလို့တို့ခေါ်တာမကြားတာလဲ'

'အဲ..အဲ့တာကလေ..ဟို...ဟိုဟာ..'

'ထားလိုက်တော့ ဒီတစ်ခါခွင့်လွှတ်ပေးလိုက်မယ်'

'ဟု..ဟုတ်'

တီချယ်စိမ်းက အပြစ်ပေးကြမ်းသည်ဟုပြောသံကြားသည်။ ဒီလိုပုံစံမျိုး တခြားသူတွေဆို အခန်းပြင်ထွက်နေရပြီ။ ဒါပေမယ့် ခန့်ကိုတော့ မထွက်ခိုင်းပေ။

ညနေကျောင်းဆင်းတော့ တီချယ်စိမ်း အိမ်မှ အဝတ်အစားများနှင့် စာအုပ်များကို ​သွားယူကာ အိမ်ပြန်လာသည်။ တီချယ်စိမ်းကတော့ ကျောင်းမှာ အစည်းအဝေးရှိလို့ ​ကျန်ခဲ့သည်။

ခန့်ရေချိုး အဝတ်အစားလဲပြီး တီချယ်ရည်မွန်အိမ်သို့ ဦးတည်လိုက်သည်။ ခန့်ရောက်တော့ ခန့်သူငယ်ချင်းများနှင့် G-10,G-12 များကိုလည်းတွေ့သည်။

'ဟျောင့် ခန့်ဒီလာ'

'အေး လာပြီ'

ခန့်လည်း ကျော်ကြီးနှင့် အဝင်း ေဘးနားဝင်ထိုင်လိုက်သည်။

ခန့်က အလယ်မှာ ဝင်ရထွက်ရခက်လို့ တစ်ခါမှမထိုင်ဘူး။ ခန့်ထိုင်သည့်ဘေးတွေ G-10 ကောင်မလေးများလည်းရှိသည်။

'အမ နွေအမteleကို hiထားတယ်'

'ဟုတ်လား အလုပ်ရှုပ်နေလို့ ဝင်မကြည့်မိဘူး ညကြရင်ကြည့်လိုက်မယ်နော်'

'ဟုတ် အမ'

'facebookမှာလည်း friend အပ်ထားတယ်'

'အော် ဘာနာမည်နဲ့လည်း'

'ေနွရနံ့ဘဲ'

'ညမ နာမည်က နွေရနံ့လား'

'ဟိုနေ့က ပြောပြတယ်လေ'

'အော် သတိမထားလိုက်မိဘူး ဆောတီးနော်'

'ဟုတ်ရပါတယ်'

ထိုအချိန် အနောက်တွင် တီချယ်စိမ်းရှိနေသည်ကို ခန့်မတွေ့မိလိုက်ပေ။

တီချယ်စိမ်းက ခန့်တို့ကိုသင်ပြီး တီချယ်ရည်မွန်က G-10များကိုသင်သည်။ physicsဆရာမ ဒေါ်ပြုံးမေခင်က G-12များကိုသင်သည်။

စာသင်နေသည့်တစ်လျှောက် ခန့်ကို တစ်စက်မှမကြည့်ပေ။ စာမေးတော့လည်း အကုန်လုံးကို မေးပြီး ခန့်နာမည်မခေါ်ဘဲချန်သွားသည်။

ထို့နောက် စာအုပ်စစ်တော့ ခန့်တို့လွတ်လပ်ရေးရသည်။ မုန့်စားချင်သူများကို သွားစားခိုင်းသည်။ ခန့်နဲ့ ခန့်သူငယ်ချင်းများကတော့မစားပေ။

'ဟျောင့် ခန့်'

'ဟေ'

'ဆရာမ ဒီနေ့ထူးဆန်းနေတယ်နော်

ခါတိုင်းဆို စာမေးရင် မင်းထိပ်ဆုံးကမေးခံရတာ ဒီနေ့ကြတော့မင်းနာမည်တောင်မခေါ်ဘူး'

'အော် အဲ့တာလား စိတ်ကောက်နေတာလေ'

'ဘာကိုစိတ်ကောက်နေတာလဲ'

ခန့်လည်း တီချယ်စိမ်းနှင့် သူ့အကြောင်းကို ပြောပြလိုက်သည်။

'ဟင်!!!'

'တိုးတိုးလုပ်ပါ မသာရယ်'

အသံပြဲကြီးနှင့် ထအော်သောနှစ်ယောက်ကို ပါးစပ်အမြန်ပိတ်ရသည်။ တော်သေးတာပေါ့ G-10တွေရော G-12တွေရောပါ မုန့်သွားစားတာ ခန့်တို့သုံးယောက်ဘဲကျန်ခဲ့လို့။

'ဟို သုံးကောင် ဘာတွေဖြစ်နေတာလဲ'

'ဘာမှမဖြစ်ပါဘူး တီချယ်ရည်မွန်'

'နေမင်းခန့် နင်ငါ့ကို အဒေါ်လို့ခေါ်ဖို့လေးဘာလေး စိတ်ကူးမရှိဘူးလား'

'မွေးကတည်းက ခေါ်လာတာ နှုတ်ကျိုးနေပြီဗျ'

'သဘော သဘော'

ပြီးနောက် ခန့်လည်း ချော့ရလေတော့သည်။

'သို့...ချစ်ရပါသော တီချယ်စိမ်း

ခန့်ကလေ အဲ့ကောင်မလေးကို ပြောချင်လို့ ပြောတာမဟုတ်ရပါဘူး သူတို့က လာပြောတော့ လူမှုရေးအရပြန်ပြောရတာပါ ခန့်လည်းမပြောချင်ပါဘူး သူများတွေလည်းရှိနေတော့ ပြန်မပြောလို့မကောင်းလို့ ပြန်ပြောတာပါ ခန့်ရင်ထဲမှာ တီချယ်စိမ်းတစ်ယောက်ဘဲရှိတာပါ သူတို့နဲ့စကားပြောနေတာတောင် တီချယ်စိမ်းကိုမျှော်နေတာပါ ခန့်ကိုယုံပါ ခန့်အမျိုးသမီးလေးရယ်'

ခန့်လည်း စာလေးကို ကုန်းရေးနေမိသည်။ ထို့နောက် စာရွက်လေးကိုခေါက်ပြီး ဘောင်းဘီအိတ်ကပ်ထဲထည့်ထားလိုက်သည်။

'ဟိုတစ်ယောက် စာအုပ်တွေလာယူပြီး ဝေပေးလိုက်'

အသံက မာထန်နေသည်။ ခန့်သူငယ်ချင်းနှစ်ယောက်ကလည်း အိမ်သာသွားတော့ ထိုနေရာမှာခန့်တစ်ယောက်တည်းရှိသည်။

ခန့်လည်း စာအုပ်တွေသွားယူရင်း ခုံပေါ်ကို စာခေါက်လေးတင်ထားခဲ့လိုက်သည်။

ခန့်စာအုပ်တွေလည်း ဝေပြီးရော တီချယ်စိမ်းက ထိုစာကိုဖတ်လိုက် ခန့်ကိုကြည့်လိုက်လုပ်နေသည်။

ခန့် သူငယ်ချင်းနှစ်ယောက် အိမ်သာကနေပြန်လာတော့

'နေမင်းခန့်'

'ဗျာ'

'အိမ်သာသွားမလို့လိုက်ခဲ့'

'ဟုတ်'

ဒါစိတ်ကောက်နဲနဲပြေသွားတဲ့အသံပင်။

အိမ်သာရောက်တော့

'ဒါနောက်ဆုံးဖြစ်ပလေ့စေနော်'

'ဟုတ်ကဲ့ပါဗျ'

'ပြီးရော'

_____________

upကြာသွားလို့တောင်းပန်ပါတယ်ဗျ

Share This Chapter