Back
/ 11
Chapter 11

(10) - Final

ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ

Unicode

နွေရာသီအားလပ်ရက်မှာ Jiang Jinyue က Tong Yao ကို သူ့အိမ်ကြီးထဲကိုခေါ်ပြီး "ဒီလိုအိမ်အကြီးကြီးထဲမှာ တစ်ယောက်တည်းနေရတာ အရမ်းအထီးကျန်တယ်! ငါ့ကို;သနားဖို့ နှလုံးသားရောရှိရဲ့လား?" လို့လှည့်စားပြောဆိုခဲ့တယ်။

တစ်နေ့မှာတော့ Tong Yao က ရေချိုးပြီးစက Jiang Jinyue ရဲ့ ကုတင်ကြီးပေါ်မှာ လဲလျောင်းနေပြီး ဖုန်းနဲ့ ဂိမ်းကစားနေခဲ့တယ်။ရုတ်တရက် ပွင့်နေတဲ့ အံဆွဲထဲမှာ ရှိနေတဲ့ MP3 စက်လေးကိုတွေ့လိုက်တယ်။ Jiang Jinyue က ကျောင်းကို ပေါ်တင်ကြီး ယူလာတဲ့ဟာပဲ!

သူ့ရဲ့အခြားအတန်းဖော်တွေလိုပဲ Tong Yao က Jiang Jinyue နေ့တိုင်း နားထောင်နေတဲ့အရာတွေအကြောင်း သိချင်တာကြောင့် MP3 စက်ကို ကောက်ကိုင်လိုက်တယ်။

ဒါပေမယ့် MP3 စက်လေးထဲမှာ "ပထမဦးဆုံးအကြိမ်" လို့နာမည်ပေးထားတဲ့ အသံဖိုင်တစ်ခုပဲရှိတယ်။

Tong Yao က နားကြပ်ကိုတပ်လိုက်တယ်။ စက္ကန့်အနည်းငယ်လောက်ကြာတော့ သူ့မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးတွေလို နီရဲလာတယ်...။

နားကြပ်ထဲမှာ သူကြားလိုက်ရတာက တကယ်တော့ ကျောင်းမှာ Jiang Jinyue နဲ့ သူ့ရဲ့ ပထမဆုံး စကားပြောနေတာကို အသံသွင်းတာပဲ။

အတိအကျပြောရရင် အထက်တန်းကျောင်း ပထမနှစ်တုန်းက ပြုတ်ကျနေတဲ့ ဘောပင်ကို ကောက်ကိုင်လိုက်ပြီး

"Jiang......Jiang......Jiang Jinyue" လို့ပြောလိုက်တဲ့အသံ။ ဒီနေရာမှာ ရက်ပ်သံလိုလိုကြားလိုက်ရပြီး "ရုံးခန်းက မင်းကို မစ္စတာ Tian ဆီကို သွားခိုင်းနေတယ်" ဆိုတဲ့ ရှက်စရာကောင်းတဲ့ စကားတစ်ခွန်းထွက်လာခဲ့တယ်။

"ဘာတွေနားထောင်နေတာလဲ?" ရေချိုးပြီးခါစ Jiang Jinyue သည် သူရဲ့ ပူနွေးသော ခန္ဓာကိုယ်ကို Tong Yao ရဲ့ ကျောပြင်ပေါ်သို့ ဖိကပ်လိုက်တယ်။

"မင်းကိုယ်တိုင်စကားပြောတာကို နားထောင်နေတာလား?"

"မင်း...မင်း...မင်းက ဒါကို ဘယ်လိုလုပ် အသံသွင်းထားနိုင်ရတာလဲ!? အင်္ဂလိပ်စာ ပရိုဂရမ်တွေကို နေ့တိုင်း နားမထောင်ဘူးလား?"

"အင်္ဂလိပ်ပရိုဂရမ်တွေက မင်းရဲ့အသံလောက် မကောင်းဘူး"

Tong Yao ရဲ့ နားရွက်များ နီရဲနေတယ်။ Jiang Jinyue က မနေနိုင်တော့ပဲ ကိုက်ချလိုက်တယ်။

"မင်းလည်းငါ့ကို ခိုးချစ်ခဲ့တာ ငါ့လိုပဲ သုံးနှစ်ရှိနေပြီလို့တော့ မပြောနဲ့နော်" Tong Yao က မေးလိုက်တယ်။

တကယ်တော့ Jiang Jinyue က သူဝန်ခံလိုက်တဲ့နေ့မှာပဲ ရှင်းရှင်းလင်းလင်းပြောခဲ့တာ။ ဒါပေမယ့် Tong Yao က အခုအချိန်အထိ လက်မခံနိုင်သေးဘဲ သူ့ရဲ့ကိုယ်ပိုင် "လျှို့ဝှက်ချက်" ကိုတောင် မတော်တဆ ပြောပြမိလိုက်ပြီ။

"မင်းငါ့ကို သဘောကျခဲ့တာလား?" Jiang Jinyue အံ့သြသွားရတယ်။

"ဟုတ်​တယ်​! ငါမင်းကို စကားတောင်မ​ပြောရဲခဲ့ဘူး!" အခု အတူတူရှိနေပြီဆိုတော့ သူဒီလိုပြောရင် ကိစ္စမရှိလောက်ဘူးမလား။

လျှို့ဝှက်ဆန်းကြယ်ကတော့ရှင်းသွားခဲ့ပြီ။ Jiang Jinyue က Tong Yao ရဲ့ အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ စူပါမန်း လေးကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းပါတယ်။

"ဒါဆို ငါသဘောကျတာက မင်းထက်နည်းနည်းပိုကြာတာပဲ" Jiang Jinyue ရဲ့ အသက်ရှူသံက Tong Yao ရဲ့လည်ပင်းကို ထိတွေ့နေတယ်။

"ငါနောက်ထပ်မေးစရာရှိသေးတယ်" သူ့နောက်က ဆယ်ကျော်သက်လေးရဲ့ အဆက်မပြတ် စနောက်မှုတွေကို ခံယူရင်း Tong Yao က သူ့ရဲ့မေးခွန်းကို ဆက်မေးဖို့ အားမွေးခဲ့တယ်။

"တတိယနှစ်ရဲ့ ဒုတိယစာသင်နှစ်ဝက်မှာ မင်းဘာလို့ ငါနဲ့တူတဲ့အဝတ်အစားတွေဝတ်တာလဲ? တခြားအတန်းဖော်တွေပြောသလို မင်းကို တမင်တကာ အတုယူခဲ့တာမဟုတ်ဘူးဆိုတာ ငါကျိန်ရဲပါတယ်"

"ဟုတ်​တယ်​ မင်းကတော့မရည်​ရွယ်​ဘူး ဒါ​ပေမဲ့ ငါလုပ်​ခဲ့တယ်​လေ" Jiang Jinyue က သူ့ရဲ့လက်များကို Tong Yao လက်အောက်ကနေဝင်လာပြီး ကောင်လေးရဲ့ရင်ဘတ်ကို ပွေ့ဖက်ထားလိုက်တယ်။

"မင်းရဲ့အာရုံတွေငါ့ဆီရောက်လာဖို့ နည်းလမ်းပေါင်း တစ်သောင်း ငါ တီထွင်ခဲ့တယ်... ဒါက အဲ့ဒါတွေထဲက တစ်ခုပဲလေ"

"ဒါပေမယ့် ပထမနှစ်မှာ မင်းကို ပထမဆုံးစတွေ့ကတည်းက မင်းက ငါ့မျက်လုံးထဲမှာ အမြဲရှိနေခဲ့ပြီး တစ်ကြိမ်မှ ထုတ်လို့မရခဲ့ဘူး" Tong Yao က ရှင်းပြဖို့ စိတ်အားထက်သန်နေတယ်။

သူ ခေါင်းကို လှည့်လိုက်တာနဲ့ သူ့အနားမှာ အကြာကြီး စောင့်နေခဲ့ရတဲ့ Jiang Jinyue ရဲ့ နှုတ်ခမ်းတွေကို တွေ့လိုက်ရတယ်။

"ငါအခုတော့သိသွားပါပြီ....မင်းကို စောင့်နေစေမိလို့ ငါတောင်းပန်ပါတယ်"

Zawgyi

ေႏြရာသီအားလပ္ရက္မွာ Jiang Jinyue က Tong Yao ကို သူ႕အိမ္ႀကီးထဲကိုေခၚၿပီး "ဒီလိုအိမ္အႀကီးႀကီးထဲမွာ တစ္ေယာက္တည္းေနရတာ အရမ္းအထီးက်န္တယ္! ငါ့ကို;သနားဖို႔ ႏွလုံးသားေရာ႐ွိရဲ႕လား?" လို႔လွည့္စားေျပာဆိုခဲ့တယ္။

တစ္ေန႔မွာေတာ့ Tong Yao က ေရခ်ိဳးၿပီးစက Jiang Jinyue ရဲ႕ ကုတင္ႀကီးေပၚမွာ လဲေလ်ာင္းေနၿပီး ဖုန္းနဲ႔ ဂိမ္းကစားေနခဲ့တယ္။႐ုတ္တရက္ ပြင့္ေနတဲ့ အံဆြဲထဲမွာ ႐ွိေနတဲ့ MP3 စက္ေလးကိုေတြ႕လိုက္တယ္။ Jiang Jinyue က ေက်ာင္းတြင္ ေပၚတင္ႀကီး ယူလာတဲ့ဟာပဲ!

သူ႕ရဲ႕အျခားအတန္းေဖာ္ေတြလိုပဲ Tong Yao က Jiang Jinyue ေန႔တိုင္း နားေထာင္ေနတဲ့အရာေတြအေၾကာင္း သိခ်င္တာေၾကာင့္ MP3 စက္ကို ေကာက္ကိုင္လိုက္တယ္။

ဒါေပမယ့္ MP3 စက္ေလးထဲမွာ"ပထမဦးဆုံးအႀကိမ္" လို႔နာမည္ေပးထားတဲ့ အသံဖိုင္တစ္ခုပဲ႐ွိတယ္။

Tong Yao က နားၾကပ္ကိုတပ္လိုက္တယ္။ စကၠန္႔အနည္းငယ္ေလာက္ၾကာေတာ့ သူ႕မ်က္ႏွာတစ္ခုလုံး ခရမ္းခ်ဥ္သီးေတြလို နီရဲလာတယ္...။

နားၾကပ္ထဲမွာ သူၾကားလိုက္ရတာက တကယ္ေတာ့ ေက်ာင္းမွာ Jiang Jinyue နဲ႔ သူ႕ရဲ႕ ပထမဆုံး စကားေျပာေနတာကို အသံသြင္းတာပဲ။

အတိအက်ေျပာရရင္ အထက္တန္းေက်ာင္း ပထမႏွစ္တုန္းက ျပဳတ္က်ေနတဲ့ ေဘာပင္ကို ေကာက္ကိုင္လိုက္ၿပီး

"Jiang......Jiang......Jiang Jinyue" လို႔ေျပာလိုက္တယ္အသံ။ ဒီေနရာမွာ ရက္ပ္သံလိုလိုၾကားလိုက္ရၿပီး "႐ုံးခန္းက မင္းကို မစၥတာ Tian ဆီကို သြားခိုင္းေနတယ္" ဆိုတဲ့ ႐ွက္စရာေကာင္းတဲ့ စကားတစ္ခြန္းထြက္လာခဲ့တယ္။

"ဘာေတြနားေထာင္ေနတာလဲ?" ေရခ်ိဳးၿပီးခါစ Jiang Jinyue သည္ သူရဲ႕ ပူေႏြးေသာ ခႏၶာကိုယ္ကို Tong Yao ရဲ႕ ေက်ာျပင္ေပၚသို႔ ဖိကပ္လိုက္တယ္။

"မင္းကိုယ္တိုင္စကားေျပာတာကို နားေထာင္ေနတာလား?"

"မင္း...မင္း...မင္းက ဒါကို ဘယ္လိုလုပ္ အသံသြင္းထားႏိုင္ရတာလဲ!? အဂၤလိပ္စာ ပ႐ိုဂရမ္ေတြကို ေန႔တိုင္း နားမေထာင္ဘူးလား?"

"အဂၤလိပ္ပ႐ိုဂရမ္ေတြက မင္းရဲ႕အသံေလာက္ မေကာင္းဘူး"

Tong Yao ရဲ႕ နား႐ြက္မ်ား နီရဲေနတယ္။ Jiang Jinyue က မေနႏိုင္ေတာ့ပဲ ကိုက္ခ်လိုက္တယ္။

"မင္းလည္းငါ့ကို ခိုးခ်စ္ခဲ့တာ ငါ့လိုပဲ သုံးႏွစ္႐ွိေနၿပီလို႔ေတာ့ မေျပာနဲ႔ေနာ္" Tong Yao က ေမးလိုက္တယ္။

တကယ္ေတာ့ Jiang Jinyue က သူဝန္ခံလိုက္တဲ့ေန႔မွာပဲ ႐ွင္း႐ွင္းလင္းလင္းေျပာခဲ့တာ။ ဒါေပမယ့္ Tong Yao က အခုအခ်ိန္အထိ လက္မခံႏိုင္ေသးဘဲ သူ႕ရဲ႕ကိုယ္ပိုင္ "လွ်ိဳ႕ဝွက္ခ်က္" ကိုေတာင္ မေတာ္တဆ ေျပာျပမိလိုက္ၿပီ။

"မင္းငါ့ကို သေဘာက်ခဲ့တာလား?" Jiang Jinyue အံ့ၾသသြားရတယ္။

"ဟုတ္​တယ္​! ငါမင္းကို စကားေတာင္မ​ေျပာရဲခဲ့ဘူး" အခု အတူတူ႐ွိေနၿပီဆိုေတာ့ သူဒီလိုေျပာရင္ ကိစၥမ႐ွိေလာက္ဘူးမလား။

လွ်ိဳ႕ဝွက္ဆန္းၾကယ္ကေတာ့႐ွင္းသြားခဲ့ၿပီ။ Jiang Jinyue က Tong Yao ရဲ႕ အာ႐ုံကို မဆြဲေဆာင္ႏိုင္ခဲ့ေပမယ့္ သူ႕ရဲ႕ စူပါမန္း ေလးကေတာ့ အရမ္းကိုခ်စ္ဖို႔ေကာင္းလြန္းပါတယ္။

"ဒါဆို ငါသေဘာက်တာက မင္းထက္နည္းနည္းပိုၾကာတာပဲ" Jiang Jinyue ရဲ႕ အသက္႐ွဴသံက Tong Yao ရဲ႕လည္ပင္းကို ထိေတြ႕ေနတယ္။

"ငါေနာက္ထပ္ေမးစရာ႐ွိေသးတယ္" သူ႕ေနာက္က ဆယ္ေက်ာ္သက္ေလးရဲ႕ အဆက္မျပတ္ စေနာက္မႈေတြကို ခံယူရင္း Tong Yao က သူ႕ရဲ႕ေမးခြန္းကို ဆက္ေမးဖို႔ အားေမြးခဲ့တယ္။

"တတိယႏွစ္ရဲ႕ ဒုတိယစာသင္ႏွစ္ဝက္မွာ မင္းဘာလို႔ ငါနဲ႔တူတဲ့အဝတ္အစားေတြဝတ္တာလဲ? တျခားအတန္းေဖာ္ေတြေျပာသလို မင္းကို တမင္တကာ အတုယူခဲ့တာမဟုတ္ဘူးဆိုတာ ငါက်ိန္ရဲပါတယ္"

"ဟုတ္​တယ္​ မင္းကေတာ့မရည္​႐ြယ္​ဘူး ဒါ​ေပမဲ့ ငါလုပ္​ခဲ့တယ္​ေလ" Jiang Jinyue က သူ႕ရဲ႕လက္မ်ားကို Tong Yao လက္ေအာက္ကေနဝင္လာၿပီး ေကာင္ေလးရဲ႕ရင္ဘတ္ကို ေပြ႕ဖက္ထားလိုက္တယ္။

"မင္းရဲ႕အာ႐ုံေတြငါ့ဆီေရာက္လာဖို႔ နည္းလမ္းေပါင္း တစ္ေသာင္းနဲ႔ ငါ တီထြင္ခဲ့တယ္... ဒါက အဲ့ဒါေတြထဲက တစ္ခုပဲေလ"

"ဒါေပမယ့္ ပထမႏွစ္မွာ မင္းကို ပထမဆုံးစေတြ႕ကတည္းက မင္းက ငါ့မ်က္လုံးထဲမွာ အၿမဲ႐ွိေနခဲ့ၿပီး တစ္ႀကိမ္မွ ထုတ္လို႔မရခဲ့ဘူး" Tong Yao က ႐ွင္းျပဖို႔ စိတ္အားထက္သန္ေနတယ္။

သူ ေခါင္းကို လွည့္လိုက္တာနဲ႔ သူ႕အနားမွာ အၾကာႀကီး ေစာင့္ေနခဲ့ရတဲ့ Jiang Jinyue ရဲ႕ ႏႈတ္ခမ္းေတြကို ေတြ႕လိုက္ရတယ္။

"ငါအခုေတာ့သိသြားပါၿပီ....မင္းကို ေစာင့္ေနေစမိလို႔ ငါေတာင္းပန္ပါတယ္"

Previous
Last

Share This Chapter