Back
/ 11
Chapter 10

(9)

ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ

Unicode

လွန်ခဲ့သော ၁၂ နှစ်က ခြောက်နှစ်အရွယ် Tong Yao ဟာ နွေရာသီအားလပ်ရက်မှာ သူ့အဖွားအိမ်ကိုလည်သွားခဲ့တယ်။  မြစ်ထဲမှာ ငါးမျှားနေရင်း ယောက်ျားလေးတစ်စုက လူတစ်ယောက်ကို အနိုင်ကျင့်နေတာကို ကြုံခဲ့ရတယ်။

Tong Yao က လမ်းလျှောက်လာရင်း အရမ်းချစ်စရာကောင်းတဲ့ ကလေးမလေးကို အနိုင်ကျင့်နေတာ တွေ့လိုက်ရတယ်။  သူမက အရပ်မရှည်သေးပေမဲ့ သူ(မ)ရဲ့ မျက်ခုံးကြားမှာအနီစက်လေး ခြယ်သထားတယ်။  အဲ့ဒီအချိန်မှာ သူ(မ)က မြေပြင်ပေါ်မှာ ထိုင်ပြီး ဝမ်းနည်းစွာ ငိုနေတယ်။

လူကြီးလူကောင်းတစ်ယောက်အနေနဲ့ Tong Yao ရဲ့ကာကွယ်လိုစိတ်တွေက ရုတ်တရက် မြင့်တက်လာတယ်။  အရာအားလုံးကို ဂရုမစိုက်ဘဲ သူကအရင်စတင်ပြီး တစ်ဖက်ကောင်လေးအချို့ကို ဖြိုခွင်းပစ်လိုက်တယ်။

အဲ့ဒီနောက်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်။  ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး Tong Yao က ကလေးမလေးရဲ့လက်ကို ဆုပ်ကိုင်ပြီး လိုက်ဖမ်းသူတဲ့တွေ မမှီလောက်တော့မဲ့နေရာအထိ မရပ်တန့်ဘဲ ပြေးလွှားခဲ့တယ်။

"အနီရောင်ပဲစေ့လေး(Red Dot Bean) မကြောက်ပါနဲ့!  မင်းကိုငါကာကွယ်ပေးမယ်!"  Tong Yao က ကလေးမလေးရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။

ကလေးမလေးက အငိုရပ်သွားတာကြာပြီ။  မျက်ရည်စိုနေတဲ့ မျက်လုံးကြီးတွေနဲ့ သူ(မ)ကTong Yao ရဲ့ မျက်နှာနဲ့ ပါးစပ်ထောင့်ရှိ ဒဏ်ရာတွေကို စိုက်ကြည့်နေတယ်။

Tong Yao ရဲ့ မျက်နှာပေါ်မှာ နာကျင်နေဆဲဖြစ်တဲ့ နာကျင်မှုက ကလေးမလေးရဲ့ အကြည့်ကြောင့် အံ့ဖွယ်ကောင်းစွာနဲ့ပဲ သက်သာရာရသွားခဲ့တယ်။

"ဟေးးး မင်းက စူပါမန်းလား?"

ကလေးမလေးရဲ့အသံက သူအရင်ကကြားဖူးတဲ့ တခြားမိန်းကလေးတွေထက် နည်းနည်းလေးသြနေပေမယ့် Tong Yao က ဂရုမစိုက်ဘူး။

ကလေးမလေးရဲ့အမေးကိုကြားတော့ Tong Yao က ရုတ်တရက် ပို တက်ကြွလာပြီး

"မှန်တာပေါ့! ငါက စူပါမန်းပဲ! ပဲနီစေ့လေးအတွက် သီးသန့်စူပါမန်း!"

အဲ့ဒီနွေရာသီအားလပ်ရက်မှာ Tong Yao နဲ့ ပဲနီစေ့လေး တို့အတူတူကစားခဲ့ကြတယ်။  Tong Yao က အိမ်မှုအတူတူကစားဖို့အတွက်လည်း ပဲနီစေ့လေး ကို အကြိမ်ကြိမ် လက်ထပ်ခဲ့သေးတယ်။

ဒါပေမယ့် ပဲနီစေ့လေး က အားလပ်ရက်မှာ မိသားစုနဲ့အတူ ကျေးလက်ဒေသကိုလာလည်တာတဲ့။နွေရာသီအားလပ်ရက်ကုန်ဆုံးပြီးနောက်မှာ သူ(မ)ကမြို့ဆီကိုပြန်လာခဲ့သည်။

……

"မင်းက....ပဲနီစေ့လေး လား"  Tong Yao ရဲ့ ဝေးကွာနေတဲ့ ငယ်ဘဝအမှတ်တရများကို ပြန်လည်အမှတ်ရသွားကာ အံ့အားသင့်သွားရတယ်။

“ဟုတ်တယ်”  Jiang Jinyue က ခေါင်းညိတ်ပြပြီး သူ့အပြုံးက အနည်းငယ် တွန်းအားပေးခံထားရသလိုပါပဲ။  Tong Yao က အခုအချိန်အထိ သူ့ကို မမှတ်မိသေးဘူး။

"ဒါပေမယ့် ပဲနီစေ့လေး က မိန်းကလေး မဟုတ်ဘူးလား"

"ငါ့ရဲ့ ဘယ်အပိုင်းက မိန်းကလေးနဲ့တူလို့လဲ"

Tong Yao ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်တယ်။

Jiang Jinyue က အလွန်အရပ်ရှည်တယ်။  သူ့ကြွက်သားတွေ ပြည့်ကျပ်နေပြီး ပေါက်ကွဲတော့မဲ့ခွန်အားတွေနဲ့ တိုက်ခိုက်ခဲ့သေးတာ။

ချောမောလှပနေရင်တောင်မှ မိန်းကလေးလို နည်းနည်းလေးမှမဟုတ်ဘဲ ချောမောတဲ့ကောင်လေးတစ်ယောက်ရဲ့ အလှတရားတစ်ခုပါပဲ။

"တောင်းပန်ပါတယ် ငါမိန်းကလေးမဟုတ်ပေမယ့် မင်းငါ့ကိုလက်ခံဖို့ကြိုးစားမယ်မလား"  Jiang Jinyue က Tong Yao ခြေတစ်လှမ်းဆုတ်သွားတိုင်း ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်။ Tong Yao ရဲ့နောက်ကျောက နံရံကို ထိမိသွားတယ်။

Tong Yao က ထိတ်လန့်ဖွယ်ကောင်းစွာ သိလိုက်ရတဲ့အရာတွေက သူ့အပေါ်ကို တစ်ခုပြီးတစ်ခု ရိုက်နှက်နေသလိုဖြစ်နေတာကြောင့် မူးလဲလုနီးပါး ဖြစ်နေပြီ။

"Tong Yao..... စူပါမန်းလေး?"

Jiang Jinyue ရဲ့ သံလိုက်လိုအသံက မှော်ဆန်တဲ့အသံဖြစ်နေပြီး Tong Yao ကို တဖြည်းဖြည်း ထိန်းချုပ်မှု ပျောက်ဆုံးသွားစေတယ်။

သူ့ရဲ့ နောက်ဆုံး အကြောင်းပြချက် သဲလွန်စတွေက ရှိနေတုန်းပဲ။ Tong Yao က "မင်း ငါ့ကို လှည့်စားနေတာ မဟုတ်ဘူးလား? Truth or Dare ဂိမ်းမှာ ရှုံးသွားသလိုမျိုး အကြောင်းတစ်ခုခုကြောင့် ကောင်လေးတစ်ယောက်ကို ဝန်ခံရမယ်"

Jiang Jinyue ပြုံးလိုက်တယ်။  ဒါက Tong Yao က  ကြီးကြီးမားမားတုန့်ပြန်ခဲ့တာ ဘာကြောင့်လဲ ဆိုတာပါပဲ။  ကောင်လေးက သူ့ကို အရူးလုပ်နေတယ်လို့ ခံစားနေရလို့ပဲ။

ဒီအရာဟာ ယခင်က Jiang Jinyue ကို အလွန်အမင်းစိုးရိမ်စေခဲ့တယ်။  Tong Yao က သူမုန်းနေတဲ့ တစ်ယောက်ယောက်ရဲ့  ချစ်ရေးဆိုတာကို ခံရတယ်လို့ သူထင်ခဲ့တာ။ ဒါကြောင့် ကောင်လေးမှာ ဒေါသဖြစ်နေတယ်လို့ထင်ခဲ့တာ။

"ဒါပေမယ့် ငါက စူပါမန်း မဟုတ်ဘူးလေ။  ငါက စူပါ ပါဝါတွေမရှိတဲ့ အနှိမ့်ကျဆုံးနဲ့ သာမန်အထက်တန်းကျောင်းသားလေးပဲကို”  Tong Yao က သူ့ကိုယ်သူ လေးစားမှု အားနည်းတာကြောင့် ခေါင်းလေးက  ငုံ့ကျသွားခဲ့တယ်။

စူပါ ပါဝါရှိသူဖြစ်သင့်တာက Jiang Jinyue ပဲ။ သူက အရာရာကို ထူးချွန်တဲ့သူဖြစ်ရမယ်။

Jiang Jinyue က ခန္ဓာကိုယ်ကို ရှေ့ဘက်ကို ကိုင်းချလိုက်တယ်။  "မင်းမှာ စူပါ ပါဝါတွေ ဘာလို့ မရှိရမှာလဲ?  နှစ်လတည်းနဲ့ မင်းက တစ်စုံတစ်ယောက်ကို ဆယ့်တစ်နှစ်ကြာအောင် စွဲလန်းစေခဲ့တယ်လေ"

"သူတို့တွေ ပြန်တွေ့ပြီး သုံးနှစ်ကျော်ကြာတော့ မင်းက အဲ့ဒီလူကို လုံးဝတောင်မကြည့်တော့ဘူး၊ ဒါပေမယ့် အဲ့ဒီလူရဲ့ နှလုံးသားကြိုးလေးတွေကို တစ်ချိန်လုံး ဆွဲထုတ်နေတုန်းပဲ"

"ငါ့ကိုပြောပါဦး? ဒါကစူပါပါဝါမဟုတ်ရင် အဲ့ဒါကဘာများလဲ?"

သူ့စကားဆုံးသွားတဲ့အခါ Jiang Jinyue ရဲ့နှုတ်ခမ်းတွေက Tong Yao ရဲ့နှုတ်ခမ်းတွေနဲ့ တစ်စင်တီမီတာသာကွာဝေးတော့တယ်။ နောက်ဆုံး စင်တီမီတာကို ဖယ်ရှားဖို့ အဆင်သင့်ဖြစ်နေသလို.....

Tong Yao က ရုတ်တရက် "Jiang Jinyue! မင်းရဲ့တံတောင်ဆစ်က သွေးထွက်နေတယ်!"

ရန်ဖြစ်တုန်းက ဓားနဲ့ရှပ်ထိသွားတဲ့ပုံပဲ။  Jiang Jinyue က Tong Yao မြင်သွားမှာကို စိုးရိမ်တာကြောင့် သူ့နောက်ကျောမှာလက်ကိုဝှက်ထားခဲ့တာ။ ဒါပေမယ့် အဆုံးမှာတော့ သူ့ရဲ့ဒဏ်ရာကို Tong Yao က ရှာတွေ့သွားခဲ့တယ်။

Jiang Jinyue မျက်မှောင်ကြုတ်လိုက်တယ်။ သွေးပေမနေတဲ့လက်နဲ့ Tong Yao ရဲ့ မျက်နှာကို ဆွဲကိုင်ပြီး နမ်းလိုက်တယ်။

ပူရှိန်း အရသာက Tong Yao ပါးစပ်ထဲဝင်လာတယ်။ သူ အလိုလို တုံ့ပြန်ဖို့ ကြိုးစားနေတယ်။

သူရဲ့တုံ့ပြန်မှုကြောင့် Jiang Jinyue ထံမှ ပြင်းထန်တဲ့ အနမ်းတစ်ခုရလာခဲ့တယ်။

အဲ့ဒီအချိန်မှာ ကမ္ဘာကြီးက အိပ်မက်တစ်ခုဖြစ်လာခဲ့တယ်။

ဒီအနမ်းကို Tong Yao က သုံးနှစ်ကြာ တိတ်တဆိတ် စိတ်ကူးယဉ်ခဲ့ပြီး Jiang Jinyue ကတော့နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့တယ်။

Zawgyi

လြန္ခဲ့ေသာ ၁၂ ႏွစ္က ေျခာက္ႏွစ္အ႐ြယ္ Tong Yao ဟာ ေႏြရာသီအားလပ္ရက္မွာ သူ႕အဖြားအိမ္ကိုလည္သြားခဲ့တယ္။  ျမစ္ထဲမွာ ငါးမွ်ားေနရင္း ေယာက်္ားေလးတစ္စုက လူတစ္ေယာက္ကို အႏိုင္က်င့္ေနတာကို ၾကဳံခဲ့ရတယ္။

Tong Yao က လမ္းေလွ်ာက္လာရင္း အရမ္းခ်စ္စရာေကာင္းတဲ့ ကေလးမေလးကို အႏိုင္က်င့္ေနတာ ေတြ႕လိုက္ရတယ္။  သူမက အရပ္မ႐ွည္ေသးေပမဲ့ သူ(မ)ရဲ႕ မ်က္ခုံးၾကားမွာအနီစက္ေလး ျခယ္သထားတယ္။  အဲ့ဒီအခ်ိန္မွာ သူ(မ)က ေျမျပင္ေပၚမွာ ထိုင္ၿပီး ဝမ္းနည္းစြာ ငိုေနတယ္။

လူႀကီးလူေကာင္းတစ္ေယာက္အေနနဲ႔ Tong Yao ရဲ႕ကာကြယ္လိုစိတ္ေတြက ႐ုတ္တရက္ ျမင့္တက္လာတယ္။  အရာအားလုံးကို ဂ႐ုမစိုက္ဘဲ သူကအရင္စတင္ၿပီး တစ္ဖက္ေကာင္ေလးအခ်ိဳ႕ကို ၿဖိဳခြင္းပစ္လိုက္တယ္။

အဲ့ဒီေနာက္မွာေတာ့ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့တယ္။  ႐ုန္းရင္းဆန္ခတ္ျဖစ္ေနတာကို အခြင့္ေကာင္းယူၿပီး Tong Yao က ကေလးမေလးရဲ႕လက္ကို ဆုပ္ကိုင္ၿပီး လိုက္ဖမ္းသူတဲ့ေတြ မမွီေလာက္ေတာ့မဲ့ေနရာအထိ မရပ္တန္႔ဘဲ ေျပးလႊားခဲ့တယ္။

"အနီေရာင္ပဲေစ့ေလး(Red Dot Bean) မေၾကာက္ပါနဲ႔!  မင္းကိုငါကာကြယ္ေပးမယ္!"  Tong Yao က ကေလးမေလးရဲ႕ ပခုံးကို ပုတ္ၿပီး ေျပာလိုက္တယ္။

ကေလးမေလးက အငိုရပ္သြားတာၾကာၿပီ။  မ်က္ရည္စိုေနတဲ့ မ်က္လုံးႀကီးေတြနဲ႔ သူ(မ)ကTong Yao ရဲ႕ မ်က္ႏွာနဲ႔ ပါးစပ္ေထာင့္႐ွိ ဒဏ္ရာေတြကို စိုက္ၾကည့္ေနတယ္။

Tong Yao ရဲ႕ မ်က္ႏွာေပၚမွာ နာက်င္ေနဆဲျဖစ္တဲ့ နာက်င္မႈက ကေလးမေလးရဲ႕ အၾကည့္ေၾကာင့္ အံ့ဖြယ္ေကာင္းစြာနဲ႔ပဲ သက္သာရာရသြားခဲ့တယ္။

"ေဟးးး မင္းက စူပါမန္းလား?"

ကေလးမေလးရဲ႕အသံက သူအရင္ကၾကားဖူးတဲ့ တျခားမိန္းကေလးေတြထက္ နည္းနည္းေလးၾသေနေပမယ့္ Tong Yao က ဂ႐ုမစိုက္ဘူး။

ကေလးမေလးရဲ႕အေမးကိုၾကားေတာ့ Tong Yao က ႐ုတ္တရက္ ပို တက္ႂကြလာၿပီး

"မွန္တာေပါ့! ငါက စူပါမန္းပဲ! ပဲနီေစ့ေလးအတြက္ သီးသန္႔စူပါမန္း!"

အဲ့ဒီေႏြရာသီအားလပ္ရက္မွာ Tong Yao နဲ႔ ပဲနီေစ့ေလး တို႔အတူတူကစားခဲ့ၾကတယ္။  Tong Yao က အိမ္မႈအတူတူကစားဖို႔အတြက္လည္း ပဲနီေစ့ေလး ကို အႀကိမ္ႀကိမ္ လက္ထပ္ခဲ့ေသးတယ္။

ဒါေပမယ့္ ပဲနီေစ့ေလး က အားလပ္ရက္မွာ မိသားစုနဲ႔အတူ ေက်းလက္ေဒသကိုလာလည္တာတဲ့။ေႏြရာသီအားလပ္ရက္ကုန္ဆုံးၿပီးေနာက္မွာ သူ(မ)ကၿမိဳ႕ဆီကိုျပန္လာခဲ့သည္။

……

"မင္းက....ပဲနီေစ့ေလး လား"  Tong Yao ရဲ႕ ေဝးကြာေနတဲ့ ငယ္ဘဝအမွတ္တရမ်ားကို ျပန္လည္အမွတ္ရသြားကာ အံ့အားသင့္သြားရတယ္။

“ဟုတ္တယ္”  Jiang Jinyue က ေခါင္းညိတ္ျပၿပီး သူ႕အျပဳံးက အနည္းငယ္ တြန္းအားေပးခံထားရသလိုပါပဲ။  Tong Yao က အခုအခ်ိန္အထိ သူ႕ကို မမွတ္မိေသးဘူး။

"ဒါေပမယ့္ ပဲနီေစ့ေလး က မိန္းကေလး မဟုတ္ဘူးလား"

"ငါ့ရဲ႕ ဘယ္အပိုင္းက မိန္းကေလးနဲ႔တူလို႔လဲ"

Tong Yao ေခါင္းကို ျပင္းျပင္းထန္ထန္ ခါယမ္းလိုက္တယ္။

Jiang Jinyue က အလြန္အရပ္႐ွည္တယ္။  သူ႕ႂကြက္သားေတြ ျပည့္က်ပ္ေနၿပီး ေပါက္ကြဲေတာ့မဲ့ခြန္အားေတြနဲ႔ တိုက္ခိုက္ခဲ့ေသးတာ။

ေခ်ာေမာလွပေနရင္ေတာင္မွ မိန္းကေလးလို နည္းနည္းေလးမွမဟုတ္ဘဲ ေခ်ာေမာတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕ အလွတရားတစ္ခုပါပဲ။

"ေတာင္းပန္ပါတယ္ ငါမိန္းကေလးမဟုတ္ေပမယ့္ မင္းငါ့ကိုလက္ခံဖို႔ႀကိဳးစားမယ္မလား"  Jiang Jinyue က Tong Yao ေျခတစ္လွမ္းဆုတ္သြားတိုင္း ေ႐ွ႕ကို ေျခတစ္လွမ္းတိုးလိုက္တယ္။ Tong Yao ရဲ႕ေနာက္ေက်ာက နံရံကို ထိမိသြားတယ္။

Tong Yao က ထိတ္လန္႔ဖြယ္ေကာင္းစြာ သိလိုက္ရတဲ့အရာေတြက သူ႕အေပၚကို တစ္ခုၿပီးတစ္ခု ႐ိုက္ႏွက္ေနသလိုျဖစ္ေနတာေၾကာင့္ မူးလဲလုနီးပါး ျဖစ္ေနၿပီ။

"Tong Yao..... စူပါမန္းေလး?"

Jiang Jinyue ရဲ႕ သံလိုက္လိုအသံက ေမွာ္ဆန္တဲ့အသံျဖစ္ေနၿပီး Tong Yao ကို တျဖည္းျဖည္း ထိန္းခ်ဳပ္မႈ ေပ်ာက္ဆုံးသြားေစတယ္။

သူ႕ရဲ႕ ေနာက္ဆုံး အေၾကာင္းျပခ်က္ သဲလြန္စေတြက ႐ွိေနတုန္းပဲ။ Tong Yao က "မင္း ငါ့ကို လွည့္စားေနတာ မဟုတ္ဘူးလား? Truth or Dare ဂိမ္းမွာ ႐ႈံးသြားသလိုမ်ိဳး အေၾကာင္းတစ္ခုခုေၾကာင့္ ေကာင္ေလးတစ္ေယာက္ကို ဝန္ခံရမယ္"

Jiang Jinyue ျပဳံးလိုက္တယ္။  ဒါက Tong Yao က  ႀကီးႀကီးမားမားတုန္႔ျပန္ခဲ့တာ ဘာေၾကာင့္လဲ ဆိုတာပါပဲ။  ေကာင္ေလးက သူ႕ကို အ႐ူးလုပ္ေနတယ္လို႔ ခံစားေနရလို႔ပဲ။

ဒီအရာဟာ ယခင္က Jiang Jinyue ကို အလြန္အမင္းစိုးရိမ္ေစခဲ့တယ္။  Tong Yao က သူမုန္းေနတဲ့ တစ္ေယာက္ေယာက္ရဲ႕  ခ်စ္ေရးဆိုတာကို ခံရတယ္လို႔ သူထင္ခဲ့တာ။ ဒါေၾကာင့္ ေကာင္ေလးမွာ ေဒါသျဖစ္ေနတယ္လို႔ထင္ခဲ့တာ။

"ဒါေပမယ့္ ငါက စူပါမန္း မဟုတ္ဘူးေလ။  ငါက စူပါ ပါဝါေတြမ႐ွိတဲ့ အႏွိမ့္က်ဆုံးနဲ႔ သာမန္အထက္တန္းေက်ာင္းသားေလးပဲကို”  Tong Yao က သူ႕ကိုယ္သူ ေလးစားမႈ အားနည္းတာေၾကာင့္ ေခါင္းေလးက  ငုံ႔က်သြားခဲ့တယ္။

စူပါ ပါဝါ႐ွိသူျဖစ္သင့္တာက Jiang Jinyue ပဲ။ သူက အရာရာကို ထူးခြၽန္တဲ့သူျဖစ္ရမယ္။

Jiang Jinyue က ခႏၶာကိုယ္ကို ေ႐ွ႕ဘက္ကို ကိုင္းခ်လိုက္တယ္။  "မင္းမွာ စူပါ ပါဝါေတြ ဘာလို႔ မ႐ွိရမွာလဲ?  ႏွစ္လတည္းနဲ႔ မင္းက တစ္စုံတစ္ေယာက္ကို ဆယ့္တစ္ႏွစ္ၾကာေအာင္ စြဲလန္းေစခဲ့တယ္ေလ"

"သူတို႔ေတြ ျပန္ေတြ႕ၿပီး သုံးႏွစ္ေက်ာ္ၾကာေတာ့ မင္းက အဲ့ဒီလူကို လုံးဝေတာင္မၾကည့္ေတာ့ဘူး၊ ဒါေပမယ့္ အဲ့ဒီလူရဲ႕ ႏွလုံးသားႀကိဳးေလးေတြကို တစ္ခ်ိန္လုံး ဆြဲထုတ္ေနတုန္းပဲ"

"ငါ့ကိုေျပာပါဦး? ဒါကစူပါပါဝါမဟုတ္ရင္ အဲ့ဒါကဘာမ်ားလဲ?"

သူ႕စကားဆုံးသြားတဲ့အခါ Jiang Jinyue ရဲ႕ႏႈတ္ခမ္းေတြက Tong Yao ရဲ႕ႏႈတ္ခမ္းေတြနဲ႔ တစ္စင္တီမီတာသာကြာေဝးေတာ့တယ္။ ေနာက္ဆုံး စင္တီမီတာကို ဖယ္႐ွားဖို႔ အဆင္သင့္ျဖစ္ေနသလို.....

Tong Yao က ႐ုတ္တရက္ "Jiang Jinyue! မင္းရဲ႕တံေတာင္ဆစ္က ေသြးထြက္ေနတယ္!"

ရန္ျဖစ္တုန္းက ဓားနဲ႔႐ွပ္ထိသြားတဲ့ပုံပဲ။  Jiang Jinyue က Tong Yao ျမင္သြားမွာကို စိုးရိမ္တာေၾကာင့္ သူ႕ေနာက္ေက်ာမွာလက္ကိုဝွက္ထားခဲ့တာ။ ဒါေပမယ့္ အဆုံးမွာေတာ့ သူ႕ရဲ႕ဒဏ္ရာကို Tong Yao က ႐ွာေတြ႕သြားခဲ့တယ္။

Jiang Jinyue မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ ေသြးေပမေနတဲ့လက္နဲ႔ Tong Yao ရဲ႕ မ်က္ႏွာကို ဆြဲကိုင္ၿပီး နမ္းလိုက္တယ္။

ပူ႐ွိန္း အရသာက Tong Yao ပါးစပ္ထဲဝင္လာတယ္။ သူ အလိုလို တုံ႔ျပန္ဖို႔ ႀကိဳးစားေနတယ္။

သူရဲ႕တုံ႔ျပန္မႈေၾကာင့္ Jiang Jinyue ထံမွ ျပင္းထန္တဲ့ အနမ္းတစ္ခုရလာခဲ့တယ္။

အဲ့ဒီအခ်ိန္မွာ ကမ႓ာႀကီးက အိပ္မက္တစ္ခုျဖစ္လာခဲ့တယ္။

ဒီအနမ္းကို Tong Yao က သုံးႏွစ္ၾကာ တိတ္တဆိတ္ စိတ္ကူးယဥ္ခဲ့ၿပီး Jiang Jinyue ကေတာ့ႏွစ္ေပါင္းမ်ားစြာ ေစာင့္ေမွ်ာ္ေနခဲ့တယ္။

Share This Chapter