Back
/ 11
Chapter 9

(8)

ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ

Unicode

ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးကြောင်း  အချက်ပြလိုက်တဲ့ နှိုးဆော်သံက ကျောင်းသားတွေ အတွက်လွတ်မြောက်သွားသလိုပင်။  ကောင်းကောင်းလုပ်ခဲ့သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အားလုံးက အောင်ပွဲခံစစ်သည်တွေလို စာမေးပွဲခန်းထဲက ပြေးဆင်းကြတယ်။

ကျောင်းတံခါးဝမှာ လှိုင်းလုံးကြီးတစ်ခုလို မိဘတွေ ဝိုင်းအုံလာသတယ်။ သားသမီးတွေအတွက် ပန်းစည်းတွေ ကိုင်ဆောင်ပြီး ချစ်ချစ်ခင်ခင် ပွေ့ဖက်ထားကြတယ်။

Tong Yao ရဲ့ မိဘများကလည်း လာခဲ့ကြပေမဲ့ Tong Yao က သူနဲ့ အတန်းဖော်ကြားမှာ မပြီးသေးသော ကိစ္စတစ်ခု ရှိနေသေးကြောင်း ပြောပြလိုက်တယ်။

မှန်ပါတယ်။ သူက 'Red Dot Bean'(ပဲနီစေ့လေး) ဆိုတဲ့ ကောင်မလေးကို ဆိုလိုတာပါ။  Tong Yao က သူ(မ)ကို သွားတွေ့တော့မယ်။

သူ(မ)ကို မကြိုက်ရင်တောင် Tong Yao က ကောင်မလေးကို ရှင်းပြရမယ်လေ။

Tong Yao က ကျောင်းရဲ့ တောအုပ်ငယ်လေးဆီကို ရောက်သွားတယ်။  ပဲနီစေ့လေး ကမရောက်သေးတာကြောင့် တောအုပ်လေးသည် အလွန်တိတ်ဆိတ်နေတယ်။

တကယ်တော့ Tong Yao ဟာ ပဲနီစေ့လေး အကြောင်းကို တော်တော်လေး သိချင်နေသေးတယ်။  အံ့သြစရာကောင်းတဲ့ အသွင်အပြင်မရှိသူတစ်ယောက်ကို ဘယ်လိုမိန်းကလေးမျိုးက သဘောကျလဲ သူသိချင်တယ်။

အချိန်ကြာလာတာနဲ့အမျှ Tong Yao ကို တစ်စုံတစ်ဦးက လှည့်စားနေတယ်လို့ ထင်လိုက်တဲ့အချိန်မှာ နောက်ဆုံးတော့ သူ့နောက်ကနေ သစ်ရွက်ခြောက်နင်းသံကို ကြားလိုက်ရတယ်။

Tong Yao က ခေါင်းကို အလျင်အမြန် လှည့်လိုက်တဲ့အခါ

သူ့လျှာသူ ကိုက်မိတော့မလိုပဲ!

ဒီကိုရောက်လာတဲ့သူကတော့ Jiang Jinyue ပဲ!

“Jiang …… အတန်းဖော် Jiang Jinyue ၊ မင်းလည်း ဒီကို လေညှင်းခံဖို့လာတာလား? ဟားဟား ……”

Tong Yao က ပြောပြီးတာနဲ့ သူ အရူးတစ်ယောက်ဖြစ်သွားသလို ခံစားလိုက်ရတယ်။

Jiang Jinyue က Tong Yao ရဲ့မေးခွန်းကို ချက်ချင်းမဖြေခံ့ဘူး။

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ထားသွားသလိုပဲ။ သူ့ရင်ဘတ်က ပိန်လိုက်ဖောင်းလိုက်ဖြစ်နေပြီး ချွေးစက်တွေကလည်း ဖြူဖွေးသန့်စင်ပြီး သွယ်လျတဲ့မျက်နှာပေါ်  စီးကျနေတယ်။

ဒီနေ့မှာတော့ Jiang Jinyue က သူ့ရဲ့စျေးကြီးပြီး လိုက်ဖက်တဲ့အဝတ်အစားတွေကို ၀တ်ထားပြန်တယ်။  Jiang Jinyue က သူနဲ့ထပ်တူအဝတ်အစားတွေ မဝတ်တော့တာကို မြင်လိုက်ရတော့ Tong Yao က ရုတ်တရက် နားမလည်နိုင်တဲ့ ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရပြီး သူတို့ကြားက တစ်ခုတည်းသော ဆက်စပ်မှုလေးကပြတ်တောက်သွားသလိုပဲ။

ရလဒ်မပေါ်ပဲ အကြာကြီးစောင့်ဆိုင်းပြီးနောက်မှာ

ပဲနီစေ့လေး ကပေါ်မလာတော့ပေ။

သူ့ဘာသာသူ စွန့်လွှတ်လိုက်တာပဲ ကောင်းပါတယ်လေ။

"Jiang Jinyue ငါအရင်သွားလိုက်မယ်၊  အဲ့ဒါ …… မင်းကို အနာဂတ်လေး တောက်ပပါစေ လို့ ဆုတောင်းပေးတယ်”

အဲ့ဒီစကားကိုပြောပြီးနောက်မှာ Tong Yao ချက်ချင်းလှည့်ကာ ထွက်သွားလိုက်တယ်။

သူအရမ်းရှက်သွားတယ်။

"အနာဂတ်အတွက်...ကတိပေးတယ်" ဆိုတဲ့စကားလုံးမှာ အံကြိတ်မိပြီးတဲ့နောက် Tong Yao က သူ့မျက်လုံးတွေကနေ မျက်ရည်တွေစီးကျလာတာကို အမှန်တကယ် ခံစားလိုက်ရတယ်။

“ငါ့အမေက အခုမှရောက်လာလို့လေ။ သူ(မ)က ငါ့အတွက်ခဏလောက်နောက်ကျနေတာနဲ့.....Tong Yao မင်းကို စောင့်ခိုင်းမိတဲ့အတွက် ငါ တောင်းပန်ပါတယ်”

Jiang Jinyue ရဲ့ အသံက အနောက်မှ ရုတ်တရက် ထွက်ပေါ်လာတယ်။

Tong Yao ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားတယ်။

Jiang Jinyue က "Tong Yao၊ မင်းရဲ့အဖြေကို ငါစောင့်နေတယ်။"

Tong Yao က Jiang Jinyue ရဲ့စကားတွေက ဘာကိုဆိုလိုလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေတာကြောင့် လှည့်မကြည့်နိုင်ခဲ့ဘူး။

“ငါက အဲ့ဒီစာကိုရေးတဲ့သူပါ။  ငါက 'ပဲနီစေ့လေး' ပါ။”

Jiang Jinyue ရဲ့ စကားဆုံးသွားတဲ့အခါမှာ Tong Yao ရဲ့ပခုံးများ လှုပ်ခါလာသည်ကို သူမြင်လိုက်ရတယ်။  သူ့ရဲ့တုန်လှုပ်မှုက ပိုပြီးပြင်းထန်လာပြီး အချိန်အကြာကြီးစောင့်နေပေမဲ့ Tong Yao က အခြားတုံ့ပြန်မှုတစ်စုံတစ်ရာမရှိလာခဲ့ဘူး။

Jiang Jinyue က နောက်ဆုံးတွင် အနောက်မှာရပ်မနေနိုင်တော့ဘူး။  သူက ထိုကောင်လေးနဲ့ မျက်နှာချင်းဆိုင်ရန် လျှောက်သွားလိုက်တယ်။

Tong Yao ငိုနေတယ်။  ပဲစေ့တွေလို မျက်ရည်ပေါက်ကြီးတွေက သူ့မျက်မှာပေါ် အဆက်မပြတ် လိမ့်ဆင်းလာတယ်။

ဒါကိုမြင်တော့ Jiang Jinyue က ထိတ်လန့်သွားတယ်။  ယောက်ျားလေးတောင် ဒီလို ငိုကြွေးနေနိုင်တာပဲလေ။

မျိုးတူအချင်းချင်း ဝန်ခံတာဟာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုလို့ သူသိထားပေမယ့် ကောင်လေးအတွက် ဒီလောက်ထိ တုန်လှုပ်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

"Tong Yao ဘာဖြစ်နေတာလဲ? အာ..."

Jiang Jinyue ကြံရာမရဖြစ်နေတယ်။ သူက Tong Yao ရဲ့ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးချင်ဖို့ လက်ကို အကြိမ်ပေါင်းများစွာ မြှောက်လိုက်ချလိုက်လုပ်နေပေမဲ့ ဘယ်ကနေစရမှန်း မသိပေ။

နောက်ဆုံးမှာ သူက Tong Yao ရဲ့ မျက်နှာကို ထိတွေ့ရန် သတ္တိတွေ စုစည်းလိုက်တဲ့အချိန်မှာ သူ့လက်က ဖယ်ထုတ်ခံလိုက်ရတယ်။ ခက်ခက်ခဲခဲ Jiang Jinyue ဖမ်းမိလိုက်တဲ့ မျက်ရည်စက် တောင် ရက်စက်စွာ လွင့်ပျံသွားတယ်။

"တောင်းပန်ပါတယ် Tong Yao ငါ......"

“မင်း ငါနဲ့ဒီလိုကစားရတာ စိတ်ဝင်စားဖို့ကောင်းနေလား!? ဒါဆို မင်းက ကျောင်းရဲ့မင်းသားလေးဖြစ်တော့ရော ဘာဖြစ်လဲ? ဒါဆို တစ်တန်းလုံးမှာ အကောင်းဆုံး အမှတ်တွေရရင်ရော ဘာဖြစ်လဲ?”

ငါ မင်းကို သဘောကျနေတယ်ဆိုရင်လည်း......ဘာဖြစ်လဲ?

ဒီလိုမျိုး လူတွေကို လှောင်ပြောင်ဖို့ တစ်ခုခုကိုဘယ်လိုတောက် အသုံးချရက်ရတာလဲ.....

Jiang Jinyue စကားမဆုံးခင်မှာ Tong Yao ရဲ့ ရုတ်တရက် အော်ဟစ်သံကြောင့် သူ့ တားဆီးခံလိုက်ရတယ်။

အော်ဟစ်ပြီးတာနဲ့ ချက်ချင်း ထွက်ပြေးသွားခဲ့တယ်။

"ခဏနေဦး! Tong Yao ငါ့စကားနားထောင်ပါဦး!"

သို့သော်လည်း Tong Yao က သူ့စကားကိုနားမထောင်ခဲ့ဘူး။Jiang Jinyue က ကောင်လေးနောက်သို့ မနည်းမှိအောင်လိုက် လိုက်ရတယ်။

Tong Yao က နူးညံ့ပျော့ပျောင်းပုံရပေမဲ့ ယုန်တစ်ကောင်လိုပဲ အရမ်းအပြေးမြန်တယ်။

Tong Yao က Jiang Jinyue သူ့နောက်မှာ ရှိနေတာကို တာကြောင့် သူထွက်မပြေးနိုင်တော့ဘူး။

Jiang Jinyue က သူတို့ရဲ့အတန်းဖော်တွေနဲ့ Truth or Dare လိုမျိုး ဂိမ်းတစ်ခုတွင် ရှုံးခဲ့တယ်လို့ သူထင်ခဲ့တယ်။ အဲ့ဒါ့ကြောင့် Tong Yao ကို လှောင်ပြောင်ဖို့ သူဒီနေရာကို လာခဲ့တာ။

ဒါပေမယ့် Jiang Jinyue က သူကလွဲပြီး ဘယ်ကောင်လေးကိုမဆို လှောင်ပြောင်နိုင်တာပဲလေ။ အကြောင်းရင်းက Tong Yao လိုမျိုး Jiang Jinyue ကို ချစ်နိုင်တဲ့ အခြားကောင်လေးတစ်ယောက်လိုမျိုး ရှိတော့မှာမဟုတ်ဘူး။

သူပြေးလာနေစဉ် Tong Yao က သူ့နောက်က ခြေသံတွေ ရုတ်တရက် ရပ်သွားသည်ကို ကြားလိုက်ရတယ်။  Jiang Jinyue ထွက်သွားတာကြောင့်လို့ သူထင်ခဲ့တယ်။

သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ Jiang Jinyue က ထောင့်တစ်ထောင့်မှာ ယောက်ျားလေးတစ်စုကနေ ပိတ်ဆို့ခံထားရလို့ပဲ။  သူတို့အားလုံးက အတန်းထဲကဖြစ်ပြီး ဘယ်သူကမှ သွားရှုပ်လို့ရမဲ့ပုံမပေါ်ဘူး။

Jiang Jinyue ကဝိုင်းရံခံထားရပေမဲ့ မထီမဲ့မြင်မျက်လုံးများနဲ့သူ့ရဲ့အေးစက်တဲ့အမူအရာကို ဆက်ပြီးထိန်းထားနိုင်တုန်းပဲ။

“မစ္စတာ ကျောင်းရဲ့မင်းသားလေး...မင်း သောက်ရမ်းဟန်ဆောင်ပြဖို့ ကြိုးစားနေတုန်းပဲလား? ကျောင်းမှာ လုံလုံလောက်လောက် မပြဖူးဘူးလား“

“အရင်တုန်းက မင်းလို နာခံမှုရှိတဲ့ ကျောင်းသားကို ကာကွယ်ဖို့ ပတ်ဝန်းကျင်မှာ ဆရာတွေရှိတယ်။  ဒါပေမယ့် အခု ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးသွားတော့ ငါတို့ အားလုံးက လူ့အဖွဲ့အစည်းထဲကို ဝင်ရောက်လာတဲ့ အရွယ်ရောက်ပြီးတဲ့သူတွေ ဖြစ်လာပြီလေ”

“လူကြီးတွေ အနေနဲ့ ရန်ဖြစ်တယ်ဆိုတာ ပြင်းထန်တဲ့ ကိစ္စတော့မဟုတ်ဘူးမလား။  ဟမ်?  ”

ဦးဆောင်သူ ကောင်လေးက လက်သီးဝှေ့ယမ်းကာ Jiang Jinyue ဆီကို ခြေလှမ်း လှမ်းလိုက်တယ်

Jiang Jinyue က မျက်မှောင်ကြုတ် လိုက်ပြီး “ Sun Jiayu က မင်းရဲ့ ချစ်ရေးဆိုတာကို ငြင်းဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့ပုံပဲ”

Sun Jiayu က ထိုနေ့ မေလ 20 ရက်နေ့ (520 day) မှာ Jiang Jinyue ကို ချစ်ရေးဆိုခဲ့တဲ့ မိန်းကလေးပဲ။

Jiang Jinyue ရဲ့ စကားတွေက ခေါင်းဆောင်ကောင်လေးရဲ့ အရှိုက်ကို သိသိသာသာ ထိသွားခဲ့တယ်။  သူက Jiang Jinyue ရဲ့ကော်လာကိုဆွဲပြီး "မင်းဘာတွေပြောနေတာလဲ!?"

"ရပ်စမ်း!  မင်း သူ့ကို ရိုက်ဖို့ ငါခွင့်မပြုဘူး!"

လူအနည်းငယ်က ဒီအသံကိုကြားလိုက်တဲ့ တယောက်ပြီး တယောက် ခေါင်းလှည့်ကြလိုက်ကြတယ်။  Tong Yao လို့ မြင်လိုက်တာနဲ့ ချက်ချင်းဆိုသလို လှောင်ပြောင်ရယ်မောကြတယ်။

“အိုးးး ဘယ်သူက သူရဲကောင်းလဲလို့ တွေးနေတာ  ငါတို့ အတန်းထဲက သူရဲဘောကြောင်လေး ဖြစ်နေတယ်”

တကယ်တော့ Tong Yao က ဒီကောင်တွေကို အော်ငေါက်ဖို့ သတ္တိတွေ ဘယ်နားကရသွားမှန်းမသိဘူး။  Jiang Jinyue က အခြားသူတွေရဲ့ အနိုင်ကျင့်တာကို ခံရတော့မည်ကို သူသိတယ်။

Tong Yao က Jiang Jinyue ကို ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး။  သူ့ကို ကဲ့ရဲနေကြတုန်းမှာပဲ သူက Jiang Jinyue ရှေ့သို့ လျင်မြန်စွာ ရောက်လာတယ်။

“ကျစ် ကျစ် အခု ငါတို့ ဒုက္ခရောက်နေတဲ့ ကောင်မလေးကို သူရဲကောင်းက လာကယ်တင်တဲ့ ဂိမ်း ကစားနေကြတာလား? ”

ကောင်းလေးတွေက အင်္ကျီတွေကို တယောက်ပြီး တယောက် လှန်ပြီး “ဒါဆို ရိုက်နှက်တာကို အတူတူ ခံရမှာပေါ့” ​​

ထိုစကားတွေနောက်မှာ လက်သီးတွေ ကျရောက်လာတယ်။  Tong Yao က Jiang Jingyue ကို သူတို့ဆီကနေ ကာကွယ်ဖို့ ကြိုးစားပြီး မျက်လုံးတွေကို တင်းတင်းပိတ်ထားထားလိုက်တယ်။

ဒါပေမယ့် တစ်စက္ကန့်အကြာမှာ Jiang Jinyue က သူ့ကို ကာကွယ်ဖို့ ပြန်တွန်းလိုက်တယ်။ အံ့အားသင့်စွာနဲ့ပဲ ငါးယောက်တစ်ယောက်အနိုင်တိုက်လိုက်တဲ့ Jaing Jinyue ကို Tong Yao စိုက်ကြည့်နေမိတယ်။

Tong Yao က အံ့အားသင့်နေတာ မသက်သာသေးဘူး!

"မင်း တကယ်ပဲ....ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ သိတယ်လား?"  Tong Yao ဟာ Jiang Jinyue က သူ့အတွက် အဖိုးတန်ရတနာတစ်ခုလိုဖြစ်တဲ့အတွက် Jiang Jinyue က ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို တကယ်ပဲ တိုက်ခိုက်နိုင်တယ်ဆိုတာ မယုံနိုင်သေးဘူး။

“အရင်ကတော့ ဘယ်လိုတိုက်ခိုက်ရမှန်းမသိခဲ့ဘူး။ ဒါပေမယ့် ငါ့ရဲ့ စူပါမန်းလေးကို တွေ့ပြီးတဲ့နောက်မှာ ငါ သင်ဖို့ဖြစ်လာခဲ့တယ်"

.

.

.

"ဟေးးး မင်းက စူပါမန်း လား"

Tong Yao က အမှတ်တမဲ့ အမှတ်တရဟောင်းတစ်ခုကို သတိရသွားမိတယ်။

Zawgyi

ေကာလိပ္ဝင္ခြင့္ စာေမးပြဲ ၿပီးဆုံးေၾကာင္း  အခ်က္ျပလိုက္တဲ့ ႏိႈးေဆာ္သံက ေက်ာင္းသားေတြ အတြက္လြတ္ေျမာက္သြားသလိုပင္။  ေကာင္းေကာင္းလုပ္ခဲ့သည္ျဖစ္ေစ မေအာင္ျမင္သည္ျဖစ္ေစ အားလုံးက ေအာင္ပြဲခံစစ္သည္ေတြလို စာေမးပြဲခန္းထဲက ေျပးဆင္းၾကတယ္။

ေက်ာင္းတံခါးဝမွာ လိႈင္းလုံးႀကီးတစ္ခုလို မိဘေတြ ဝိုင္းအုံလာသတယ္။ သားသမီးေတြအတြက္ ပန္းစည္းေတြ ကိုင္ေဆာင္ၿပီး ခ်စ္ခ်စ္ခင္ခင္ ေပြ႕ဖက္ထားၾကတယ္။

Tong Yao ရဲ႕ မိဘမ်ားကလည္း လာခဲ့ၾကေပမဲ့ Tong Yao က သူနဲ႔ အတန္းေဖာ္ၾကားမွာ မၿပီးေသးေသာ ကိစၥတစ္ခု ႐ွိေနေသးေၾကာင္း ေျပာျပလိုက္တယ္။

မွန္ပါတယ္။ သူက 'Red Dot Bean'(ပဲနီေစ့ေလး) ဆိုတဲ့ ေကာင္မေလးကို ဆိုလိုတာပါ။  Tong Yao က သူ(မ)ကို သြားေတြ႕ေတာ့မယ္။

သူ(မ)ကို မႀကိဳက္ရင္ေတာင္ Tong Yao က ေကာင္မေလးကို ႐ွင္းျပရမယ္ေလ။

Tong Yao က ေက်ာင္းရဲ႕ ေတာအုပ္ငယ္ေလးဆီကို ေရာက္သြားတယ္။  ပဲနီေစ့ေလး ကမေရာက္ေသးတာေၾကာင့္ ေတာအုပ္ေလးသည္ အလြန္တိတ္ဆိတ္ေနတယ္။

တကယ္ေတာ့ Tong Yao ဟာ ပဲနီေစ့ေလး အေၾကာင္းကို ေတာ္ေတာ္ေလး သိခ်င္ေနေသးတယ္။  အံ့ၾသစရာေကာင္းတဲ့ အသြင္အျပင္မ႐ွိသူတစ္ေယာက္ကို ဘယ္လိုမိန္းကေလးမ်ိဳးက သေဘာက်လဲ သူသိခ်င္တယ္။

အခ်ိန္ၾကာလာတာနဲ႔အမွ် Tong Yao ကို တစ္စုံတစ္ဦးက လွည့္စားေနတယ္လို႔ ထင္လိုက္တဲ့အခ်ိန္မွာ ေနာက္ဆုံးေတာ့ သူ႕ေနာက္ကေန သစ္႐ြက္ေျခာက္နင္းသံကို ၾကားလိုက္ရတယ္။

Tong Yao က ေခါင္းကို အလ်င္အျမန္ လွည့္လိုက္တဲ့အခါ

သူ႕လွ်ာသူ ကိုက္မိေတာ့မလိုပဲ!

ဒီကိုေရာက္လာတဲ့သူကေတာ့ Jiang Jinyue ပဲ!

“Jiang …… အတန္းေဖာ္ Jiang Jinyue ၊ မင္းလည္း ဒီကို ေလညႇင္းခံဖို႔လာတာလား? ဟားဟား ……”

Tong Yao က ေျပာၿပီးတာနဲ႔ သူ အ႐ူးတစ္ေယာက္ျဖစ္သြားသလို ခံစားလိုက္ရတယ္။

Jiang Jinyue က Tong Yao ရဲ႕ေမးခြန္းကို ခ်က္ခ်င္းမေျဖခံ့ဘူး။

ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္း လုပ္ထားသြားသလိုပဲ။ သူ႕ရင္ဘတ္က ပိန္လိုက္ေဖာင္းလိုက္ျဖစ္ေနၿပီး ေခြၽးစက္ေတြကလည္း ျဖဴေဖြးသန္႔စင္ၿပီး သြယ္လ်တဲ့မ်က္ႏွာေပၚ  စီးက်ေနတယ္။

ဒီေန႔မွာေတာ့ Jiang Jinyue က သူ႕ရဲ႕ေစ်းႀကီးၿပီး လိုက္ဖက္တဲ့အဝတ္အစားေတြကို ၀တ္ထားျပန္တယ္။  Jiang Jinyue က သူနဲ႔ထပ္တူအဝတ္အစားေတြ မဝတ္ေတာ့တာကို ျမင္လိုက္ရေတာ့ Tong Yao က ႐ုတ္တရက္ နားမလည္ႏိုင္တဲ့ ဆုံး႐ႈံးမႈတစ္ခုကို ခံစားလိုက္ရၿပီး သူတို႔ၾကားက တစ္ခုတည္းေသာ ဆက္စပ္မႈေလးကျပတ္ေတာက္သြားသလိုပဲ။

ရလဒ္မေပၚပဲ အၾကာႀကီးေစာင့္ဆိုင္းၿပီးေနာက္မွာ

ပဲနီေစ့ေလး ကေပၚမလာေတာ့ေပ။

သူ႕ဘာသာသူ စြန္႔လႊတ္လိုက္တာပဲ ေကာင္းပါတယ္ေလ။

"Jiang Jinyue ငါအရင္သြားလိုက္မယ္၊  အဲ့ဒါ …… မင္းကို အနာဂတ္ေလး ေတာက္ပပါေစ လို႔ ဆုေတာင္းေပးတယ္”

အဲ့ဒီစကားကိုေျပာၿပီးေနာက္မွာ Tong Yao ခ်က္ခ်င္းလွည့္ကာ ထြက္သြားလိုက္တယ္။

သူအရမ္း႐ွက္သြားတယ္။

"အနာဂတ္အတြက္...ကတိေပးတယ္" ဆိုတဲ့စကားလုံးမွာ အံႀကိတ္မိၿပီးတဲ့ေနာက္ Tong Yao က သူ႕မ်က္လုံးေတြကေန မ်က္ရည္ေတြစီးက်လာတာကို အမွန္တကယ္ ခံစားလိုက္ရတယ္။

“ငါ့အေမက အခုမွေရာက္လာလို႔ေလ။ သူ(မ)က ငါ့အတြက္ခဏေလာက္ေနာက္က်ေနတာနဲ႔.....Tong Yao မင္းကို ေစာင့္ခိုင္းမိတဲ့အတြက္ ငါ ေတာင္းပန္ပါတယ္”

Jiang Jinyue ရဲ႕ အသံက အေနာက္မွ ႐ုတ္တရက္ ထြက္ေပၚလာတယ္။

Tong Yao ရဲ႕ခႏၶာကိုယ္တစ္ခုလုံးေအးခဲသြားတယ္။

Jiang Jinyue က "Tong Yao၊ မင္းရဲ႕အေျဖကို ငါေစာင့္ေနတယ္။"

Tong Yao က Jiang Jinyue ရဲ႕စကားေတြက ဘာကိုဆိုလိုလဲဆိုတာကို အေျဖ႐ွာဖို႔ ႀကိဳးစားေနတာေၾကာင့္ လွည့္မၾကည့္ႏိုင္ခဲ့ဘူး။

“ငါက အဲ့ဒီစာကိုေရးတဲ့သူပါ။  ငါက 'ပဲနီေစ့ေလး' ပါ။”

Jiang Jinyue ရဲ႕ စကားဆုံးသြားတဲ့အခါမွာ Tong Yao ရဲ႕ပခုံးမ်ား လႈပ္ခါလာသည္ကို သူျမင္လိုက္ရတယ္။  သူ႕ရဲ႕တုန္လႈပ္မႈက ပိုၿပီးျပင္းထန္လာၿပီး အခ်ိန္အၾကာႀကီးေစာင့္ေနေပမဲ့ Tong Yao က အျခားတုံ႔ျပန္မႈတစ္စုံတစ္ရာမ႐ွိလာခဲ့ဘူး။

Jiang Jinyue က ေနာက္ဆုံးတြင္ အေနာက္မွာရပ္မေနႏိုင္ေတာ့ဘူး။  သူက ထိုေကာင္ေလးနဲ႔ မ်က္ႏွာခ်င္းဆိုင္ရန္ ေလွ်ာက္သြားလိုက္တယ္။

Tong Yao ငိုေနတယ္။  ပဲေစ့ေတြလို မ်က္ရည္ေပါက္ႀကီးေတြက သူ႕မ်က္မွာေပၚ အဆက္မျပတ္ လိမ့္ဆင္းလာတယ္။

ဒါကိုျမင္ေတာ့ Jiang Jinyue က ထိတ္လန္႔သြားတယ္။  ေယာက်္ားေလးေတာင္ ဒီလို ငိုေႂကြးေနႏိုင္တာပဲေလ။

မ်ိဳးတူအခ်င္းခ်င္း ဝန္ခံတာဟာ ပုံမွန္မဟုတ္တဲ့ အရာတစ္ခုလို႔ သူသိထားေပမယ့္ ေကာင္ေလးအတြက္ ဒီေလာက္ထိ တုန္လႈပ္သြားလိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ဘူး။

"Tong Yao ဘာျဖစ္ေနတာလဲ? အာ..."

Jiang Jinyue ၾကံရာမရျဖစ္ေနတယ္။ သူက Tong Yao ရဲ႕ မ်က္ႏွာေပၚ႐ွိ မ်က္ရည္မ်ားကို သုတ္ေပးခ်င္ဖို႔ လက္ကို အႀကိမ္ေပါင္းမ်ားစြာ ေျမႇာက္လိုက္ခ်လိုက္လုပ္ေနေပမဲ့ ဘယ္ကေနစရမွန္း မသိေပ။

ေနာက္ဆုံးမွာ သူက Tong Yao ရဲ႕ မ်က္ႏွာကို ထိေတြ႕ရန္ သတၱိေတြ စုစည္းလိုက္တဲ့အခ်ိန္မွာ သူ႕လက္က ဖယ္ထုတ္ခံလိုက္ရတယ္။ ခက္ခက္ခဲခဲ Jiang Jinyue ဖမ္းမိလိုက္တဲ့ မ်က္ရည္စက္ ေတာင္ ရက္စက္စြာ လြင့္ပ်ံသြားတယ္။

"ေတာင္းပန္ပါတယ္ Tong Yao ငါ......"

“မင္း ငါနဲ႔ဒီလိုကစားရတာ စိတ္ဝင္စားဖို႔ေကာင္းေနလား!? ဒါဆို မင္းက ေက်ာင္းရဲ႕မင္းသားေလးျဖစ္ေတာ့ေရာ ဘာျဖစ္လဲ? ဒါဆို တစ္တန္းလုံးမွာ အေကာင္းဆုံး အမွတ္ေတြရရင္ေရာ ဘာျဖစ္လဲ?”

ငါ မင္းကို သေဘာက်ေနတယ္ဆိုရင္လည္း......ဘာျဖစ္လဲ?

ဒီလိုမ်ိဳး လူေတြကို ေလွာင္ေျပာင္ဖို႔ တစ္ခုခုကိုဘယ္လိုေတာက္ အသုံးခ်ရက္ရတာလဲ.....

Jiang Jinyue စကားမဆုံးခင္မွာ Tong Yao ရဲ႕ ႐ုတ္တရက္ ေအာ္ဟစ္သံေၾကာင့္ သူ႕ တားဆီးခံလိုက္ရတယ္။

ေအာ္ဟစ္ၿပီးတာနဲ႔ ခ်က္ခ်င္း ထြက္ေျပးသြားခဲ့တယ္။

"ခဏေနဦး! Tong Yao ငါ့စကားနားေထာင္ပါဦး!"

သို႔ေသာ္လည္း Tong Yao က သူ႕စကားကိုနားမေထာင္ခဲ့ဘူး။Jiang Jinyue က ေကာင္ေလးေနာက္သို႔ မနည္းမွိေအာင္လိုက္ လိုက္ရတယ္။

Tong Yao က ႏူးညံ့ေပ်ာ့ေပ်ာင္းပုံရေပမဲ့ ယုန္တစ္ေကာင္လိုပဲ အရမ္းအေျပးျမန္တယ္။

Tong Yao က Jiang Jinyue သူ႕ေနာက္မွာ ႐ွိေနတာကို တာေၾကာင့္ သူထြက္မေျပးႏိုင္ေတာ့ဘူး။

Jiang Jinyue က သူတို႔ရဲ႕အတန္းေဖာ္ေတြနဲ႔ Truth or Dare လိုမ်ိဳး ဂိမ္းတစ္ခုတြင္ ႐ႈံးခဲ့တယ္လို႔ သူထင္ခဲ့တယ္။ အဲ့ဒါ့ေၾကာင့္ Tong Yao ကို ေလွာင္ေျပာင္ဖို႔ သူဒီေနရာကို လာခဲ့တာ။

ဒါေပမယ့္ Jiang Jinyue က သူကလြဲၿပီး ဘယ္ေကာင္ေလးကိုမဆို ေလွာင္ေျပာင္ႏိုင္တာပဲေလ။ အေၾကာင္းရင္းက Tong Yao လိုမ်ိဳး Jiang Jinyue ကို ခ်စ္ႏိုင္တဲ့ အျခားေကာင္ေလးတစ္ေယာက္လိုမ်ိဳး ႐ွိေတာ့မွာမဟုတ္ဘူး။

သူေျပးလာေနစဥ္ Tong Yao က သူ႕ေနာက္က ေျခသံေတြ ႐ုတ္တရက္ ရပ္သြားသည္ကို ၾကားလိုက္ရတယ္။  Jiang Jinyue ထြက္သြားတာေၾကာင့္လို႔ သူထင္ခဲ့တယ္။

သူ႕ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ Jiang Jinyue က ေထာင့္တစ္ေထာင့္မွာ ေယာက်္ားေလးတစ္စုကေန ပိတ္ဆို႔ခံထားရလို႔ပဲ။  သူတို႔အားလုံးက အတန္းထဲကျဖစ္ၿပီး ဘယ္သူကမွ သြား႐ႈပ္လို႔ရမဲ့ပုံမေပၚဘူး။

Jiang Jinyue ကဝိုင္းရံခံထားရေပမဲ့ မထီမဲ့ျမင္မ်က္လုံးမ်ားနဲ႔သူ႕ရဲ႕ေအးစက္တဲ့အမူအရာကို ဆက္ၿပီးထိန္းထားႏိုင္တုန္းပဲ။

“မစၥတာ ေက်ာင္းရဲ႕မင္းသားေလး...မင္း ေသာက္ရမ္းဟန္ေဆာင္ျပဖို႔ ႀကိဳးစားေနတုန္းပဲလား? ေက်ာင္းမွာ လုံလုံေလာက္ေလာက္ မျပဖူးဘူးလား“

“အရင္တုန္းက မင္းလို နာခံမႈ႐ွိတဲ့ ေက်ာင္းသားကို ကာကြယ္ဖို႔ ပတ္ဝန္းက်င္မွာ ဆရာေတြ႐ွိတယ္။  ဒါေပမယ့္ အခု ေကာလိပ္ဝင္ခြင့္ စာေမးပြဲ ၿပီးသြားေတာ့ ငါတို႔ အားလုံးက လူ႕အဖြဲ႕အစည္းထဲကို ဝင္ေရာက္လာတဲ့ အ႐ြယ္ေရာက္ၿပီးတဲ့သူေတြ ျဖစ္လာၿပီေလ”

“လူႀကီးေတြ အေနနဲ႔ ရန္ျဖစ္တယ္ဆိုတာ ျပင္းထန္တဲ့ ကိစၥေတာ့မဟုတ္ဘူးမလား။  ဟမ္?  ”

ဦးေဆာင္သူ ေကာင္ေလးက လက္သီးေဝွ႔ယမ္းကာ Jiang Jinyue ဆီကို ေျခလွမ္း လွမ္းလိုက္တယ္

Jiang Jinyue က မ်က္ေမွာင္ၾကဳတ္ လိုက္ၿပီး “ Sun Jiayu က မင္းရဲ႕ ခ်စ္ေရးဆိုတာကို ျငင္းဖို႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပုံပဲ”

Sun Jiayu က ထိုေန႔ ေမလ 20 ရက္ေန႔ (520 day) မွာ Jiang Jinyue ကို ခ်စ္ေရးဆိုခဲ့တဲ့ မိန္းကေလးပဲ။

Jiang Jinyue ရဲ႕ စကားေတြက ေခါင္းေဆာင္ေကာင္ေလးရဲ႕ အ႐ိႈက္ကို သိသိသာသာ ထိသြားခဲ့တယ္။  သူက Jiang Jinyue ရဲ႕ေကာ္လာကိုဆြဲၿပီး "မင္းဘာေတြေျပာေနတာလဲ!?"

"ရပ္စမ္း!  မင္း သူ႕ကို ႐ိုက္ဖို႔ ငါခြင့္မျပဳဘူး!"

လူအနည္းငယ္က ဒီအသံကိုၾကားလိုက္တဲ့ တေယာက္ၿပီး တေယာက္ ေခါင္းလွည့္ၾကလိုက္ၾကတယ္။  Tong Yao လို႔ ျမင္လိုက္တာနဲ႔ ခ်က္ခ်င္းဆိုသလို ေလွာင္ေျပာင္ရယ္ေမာၾကတယ္။

“အိုးးး ဘယ္သူက သူရဲေကာင္းလဲလို႔ ေတြးေနတာ  ငါတို႔ အတန္းထဲက သူရဲေဘာေၾကာင္ေလး ျဖစ္ေနတယ္”

တကယ္ေတာ့ Tong Yao က ဒီေကာင္ေတြကို ေအာ္ေငါက္ဖို႔ သတၱိေတြ ဘယ္နားကရသြားမွန္းမသိဘူး။  Jiang Jinyue က အျခားသူေတြရဲ႕ အႏိုင္က်င့္တာကို ခံရေတာ့မည္ကို သူသိတယ္။

Tong Yao က Jiang Jinyue ကို ဘယ္သူ႕ကိုမွ အႏိုင္က်င့္ခြင့္ မေပးႏိုင္ဘူး။  သူ႕ကို ကဲ့ရဲေနၾကတုန္းမွာပဲ သူက Jiang Jinyue ေ႐ွ႕သို႔ လ်င္ျမန္စြာ ေရာက္လာတယ္။

“က်စ္ က်စ္ အခု ငါတို႔ ဒုကၡေရာက္ေနတဲ့ ေကာင္မေလးကို သူရဲေကာင္းက လာကယ္တင္တဲ့ ဂိမ္း ကစားေနၾကတာလား? ”

ေကာင္းေလးေတြက အက်ႌေတြကို တေယာက္ၿပီး တေယာက္ လွန္ၿပီး “ဒါဆို ႐ိုက္ႏွက္တာကို အတူတူ ခံရမွာေပါ့” ​​

ထိုစကားေတြေနာက္မွာ လက္သီးေတြ က်ေရာက္လာတယ္။  Tong Yao က Jiang Jingyue ကို သူတို႔ဆီကေန ကာကြယ္ဖို႔ ႀကိဳးစားၿပီး မ်က္လုံးေတြကို တင္းတင္းပိတ္ထားထားလိုက္တယ္။

ဒါေပမယ့္ တစ္စကၠန္႔အၾကာမွာ Jiang Jinyue က သူ႕ကို ကာကြယ္ဖို႔ ျပန္တြန္းလိုက္တယ္။ အံ့အားသင့္စြာနဲ႔ပဲ ငါးေယာက္တစ္ေယာက္အႏိုင္တိုက္လိုက္တဲ့ Jaing Jinyue ကို Tong Yao စိုက္ၾကည့္ေနမိတယ္။

Tong Yao က အံ့အားသင့္ေနတာ မသက္သာေသးဘူး!

"မင္း တကယ္ပဲ....ဘယ္လိုတိုက္ခိုက္ရမယ္ဆိုတာ သိတယ္လား?"  Tong Yao ဟာ Jiang Jinyue က သူ႕အတြက္ အဖိုးတန္ရတနာတစ္ခုလိုျဖစ္တဲ့အတြက္ Jiang Jinyue က ဒီလို ရက္စက္ၾကမ္းၾကဳတ္တဲ့ တိုက္ခိုက္မႈေတြကို တကယ္ပဲ တိုက္ခိုက္ႏိုင္တယ္ဆိုတာ မယုံႏိုင္ေသးဘူး။

“အရင္ကေတာ့ ဘယ္လိုတိုက္ခိုက္ရမွန္းမသိခဲ့ဘူး။ ဒါေပမယ့္ ငါ့ရဲ႕ စူပါမန္းေလးကို ေတြ႕ၿပီးတဲ့ေနာက္မွာ ငါ သင္ဖို႔ျဖစ္လာခဲ့"

.

.

.

"ေဟးးး မင္းက စူပါမန္း လား"

Tong Yao က အမွတ္တမဲ့ အမွတ္တရေဟာင္းတစ္ခုကို သတိရသြားမိတယ္။

Share This Chapter