Back
/ 11
Chapter 4

(3)

ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ

(Unicode)

ပုံမှန်အားဖြင့် Tong Yao နဲ့ Jiang Jinyue တို့ကဘဝမှာလုံးဝ မဆုံသင့်တဲ့သူတွေဖြစ်တယ်။ Jiang Jinyue ကပိုပြီးပြည့်စုံလေလေ၊ Tong Yao ကပိုပြီးနှိမ့်ချလေလေ။

ဒါပေမယ့် အဝတ်အစားအနည်းငယ်ကြောင့် သူတို့နှစ်ဦးကို အတူတူချိတ်ဆက်ထားခြင်းခံနေရတယ်။

တကယ်တော့ Tong Yao က Jiang Jinyue ကို အကြိမ်ပေါင်းများစွာ မေးချင်ခဲ့တာ။ သူက ဘာလို့ ဒီအဝတ်အစားတွေ ဆက်ဝတ်နေလဲဆိုတာ အတိအကျ မေးချင်နေခဲ့တာ။ ဒါပေမယ့် အစကနေ အဆုံးအထိ သတ္တိတွေ မစုစည်းနိုင်ခဲ့ဘူး။ Tong Yao ဟာ Jiang Jinyue က အထက်စီးဆန်တဲ့အကြည့်နဲ့ မထီမဲ့မြင်ပြုမည်ကို ကြောက်နေမိတယ်။

သူလမ်းလျှောက်လာစဉ် Jiang Jinyue ရဲ့ ပြီးပြည့်စုံသောပုံစံ မေးက အထက်ထောင့်သို့ အမြဲတက်နေသဖြင့် ချဉ်းကပ်ရန် အလွန်ခက်ခဲနေပုံရတယ်။ သို့ပေမယ့် သူ့ဆီ ချဉ်းကပ်လာတဲ့သူတွေ အားလုံးက စိတ်အားထက်သန်နေကြဆဲဖြစ်ပြီး အားကစားပွဲတစ်ခုမှာ သူထိမိလိုက်တဲ့ ဘတ်စကတ်ဘောလုံးကိုတောင် သူ့ရဲ့ fangirl လေးတွေက လုယူကြပြီး ကောက်ယူသွားကြသေးတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ကျောင်းသားအများစုက Jiang Jinyue ကို မကြိုက်ကြဘူး။

ဒါက နားလည်ရ အရမ်းလွယ်ပါတယ်။ ဒါက မနာလိုစိတ်တွေပဲ။ သူတို့ရဲ့နံဘေးမှာ ဒီလိုပြိုးပြိုးပြက်ပြက်လေးတောက်ပနေတဲ့ တစ်ယောက်ရှိနေတော့ ယောက်ျားလေးချင်းမနာလိုမဖြစ်ဖို့ ခဲယဉ်းတယ်လေ။ မျိုးတူတွေကြားထဲမှာတော့ ရွံရှာတယ်လို့ခေါ်ဖို့ ယုတ္တိမတန်ဘူးလေ။ ဒါပေမယ့် လူတိုင်းနှင့် မသက်ဆိုင်ပါဘူး။

ဥပမာအားဖြင့် Tong Yao က အခြားကောင်လေးများနှင့် မတူဘူး။ Jiang Jinyue ကို သူ သဘောကျတယ်။

Jiang Jinyue ကို အဲ့ဒီမိန်းကလေးတွေ သဘောကျတဲ့အတိုင်း သူသဘောကျတယ်။

ကံမကောင်းစွာနဲ့ပဲ Tong Yao က Jiang Jinyue နှင့် အခန်းတူတာ သုံးနှစ်နီးပါးရှိခဲ့ပေမဲ့ သူ့ကို တစ်စုံတစ်ခုပြောဖို့ တစ်ကြိမ်မှ အစမပြုနိုင်ခဲ့ဘူး။

မဟုတ်ဘူး! စကားပြောဖို့ အသာထား! Tong Yao က Jiang Jinyue ကိုကြည့်ဖို့တောင် ရှက်လွန်းနေတယ်!

အထက်တန်းကျောင်းပထမနှစ်တုန်းက နွေရာသီအားလပ်ရက်မှာ တစ်ခုခုပြောဖူးတာက အတန်းအကြံပေး Mister Tian က ရုံးခန်းရှေ့ကဖြတ်သွားတဲ့ Tong Yao ကို Jiang Jinyue ကိုသူ့လာပေးဖို့ တောင်းဆိုလိုက်တာပဲ။

သူသဘောတူပြီးနောက် Tong Yao ၏ကျောပြင်တွင် ချွေးတွေချက်ချင်းစိုရွဲလာတယ်။ Mister Tian က Jiang Jinyue မျက်နှာချင်းဆိုင် စကားပြောရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Jiang Jinyue ကို အကြောင်းကြားပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါက သူဆုပ်ကိုင်ထားရမယ့် ရှားပါးအခွင့်အရေးတစ်ခုဖြစ်ပေမယ့် ဘာကြောင့် သူ့နှလုံးခုန်နှုန်းက ဒီလောက်မြန်ရတာလဲ!?

စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူရဲ့ မူလအရှိန်အဟုန်တွေ နှေးကွေးသွားတယ်။

နောက်ဆုံးတော့ Tong Yao မခံနိုင်တော့ဘူး။ ဖြတ်ခနဲ က Jiang Jinyue ရဲ့ စားပွဲဆီကို ဖြည်းညှင်းစွာ ရွှေ့သွားလိုက်တယ်။

အခုထိ သူ အဲ့ဒီမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ- အဲ့ဒီအချိန်တုန်းက Jiang Jinyue က သင်္ချာပုစ္ဆာအချို့ကို တွက်နေခဲ့တာ။ အနက်ရောင် အနားကွပ်မျက်မှန်တစ်စုံက သူရဲ့ဖြောင့်စင်းပြီး ကြော့ရှင်းတဲ့ နှာတံပေါ်မှာ ရှိနေတယ်။ Tong Yao ရဲ့ လေ့လာတွေ့ရှိချက်တွေအရ Jiang Jinyue သည် အနည်းငယ် မျက်စိမှုန်တာကြောင့် အတန်းထဲတွင် ပုံမှန်အားဖြင့် မျက်မှန်တပ်ထားလေ့ရှိတယ်။

Jiang Jinyue ရဲ့ နောက်ကျောက အလွန်ဖြောင့်စင်းတယ်။ ရှည်လျားသွယ်လျသော လက်ချောင်းများက ဘောပင်ကို လှည့်ပတ်နေကာ သူ့မေးစေ့ကို ဘယ်ဘက်လက်ပေါ်တွင် တင်ထားသည်။ ခက်ခဲတဲ့ ပြဿနာတစ်ခုကို တွေးနေပုံပဲ။

Tong Yao က သူ့ရဲ့သတ္တိတွေကို စုစည်းလိုက်ပြီး

"အတန်းဖော် Jiang...Jiang...Jiang Jinyue!"

ဖြောက်!

Jiang Jinyue ရဲ့ လက်ချောင်းထိပ်များတွင် လှည့်ပတ်နေတဲ့ မင်စိုဘောပင်က စားပွဲပေါ်သို့ ပြုတ်ကျလာကာ မြေပြင်ပေါ်သို့ လှိမ့်မကျသွားမှီ ကျယ်လောင်စွာ အသံထွက်လာတယ်။

"တောင်းပန်ပါတယ်! တောင်းပန်ပါတယ်!"

Tong Yao က ချက်ချင်းပင် ငုတ်တုတ်ထိုင်လိုက်ပြီး ဘောပင်ကို ကောက်ယူလိုက်တယ်။ ကံမကောင်းစွာပဲ Jiang Jinyue ရဲ့ခြေရင်းနောက်ကို ဘောပင်က လှိမ့်ဝင်သွားသတယ်။

"Jiang... အတန်းဖော် Jiang Jinyue၊ မင်းရဲ့ခြေထောက်ကို နည်းနည်းလေးရွှေ့ပေးလို့ရမလား"

အားစိုက်ထုတ်ရင်း Tong Yao က သူ့လက်ကို ဆန့်ထုတ်လိုက်ပေမယ့် ဘောပင်ကို နည်းနည်းလေးမှ မထိနိုင်ခဲ့ဘူး။

Jiang Jinyue ရဲ့ ခြေထောက်တွေကလည်း လုံးဝမလှုပ်ပေ။

သူ့အသံက ပျော့ပျောင်းလွန်းတယ်လို့ ထင်ပြီး Jiang Jinyue က သူ့အသံကို မကြားရလောက်ဘူး။ ဒီတော့ Tong Yao က ခေါင်းကို မော့ပြီး

"တောင်းပန်ပါတယ် မင်းကောက်လိုက်လို့ရ........"

Tong Yao က ပြောဖို့စီစဉ်ထားတဲ့ စကားလုံးတွေ သူ့လည်ချောင်းထဲမှာ ပိတ်ဆို့သွားတယ်။ ငါးစင်တီမီတာအကွာ သူ့ရှေ့မှာ Jiang Jinyue ရဲ့ချောမောသောမျက်နှာရှိနေတယ်။ သူတို့ရဲ့ အသက်ရှုသံတွေကတောင် တစ်ခုနဲ့တစ်ခု ရောထွေးနေတယ်။

Tong Yao ချက်ချင်း အသက်ရှုကြပ်သွားရတယ်။

Jiang Jinyue ၏ အသက်ရှုသံသည် ပူရှိန်းနံ့သင်းသင်းလေး ရပြီး အလွန်ကောင်းမွန်သော အနံ့ဖြစ်တယ်။

"ကိုယ့်ဘာသာကောက်လိုက်မယ်"

တကယ်တော့ နှစ်စက္ကန့်လောက် ခေတ္တရပ်လိုက်ရုံပါပဲ။ အဲ့ဒီနောက် Jiang Jinyue က သူ့ဘောပင်ကို ကောက်ဖို့ အောက်ငုံ့လိုက်တယ်။

Tong Yao က မတ်တပ်ရန် တုန်ယင်နေတယ်။ Jiang Jinyue ရဲ့ မျက်မှောင်ကြုတ်ထားတဲ့ကြားကနေ နောက်ကုိ ဆုတ်လိုက်ပြီး

"ရုံးခန်းက မင်းကို Lao Tian ဆီလာခဲ့ဖို့ ပြောလိုက်တယ်" လို့ပြောပြီး ထွက်ပြေးလာမိခဲ့တယ်။

ခပ်ဝေးဝေးကို လျှောက်သွားပြီးနောက် ရုတ်တရက် သူပြောခဲ့တဲ့ စကားက ပြောင်းပြန်ဖြစ်သွားတာသူသတိရလိုက်တယ်။ Lao Tian က Jiang Jinyue ကို ရုံးခန်းဆီကိုလာစေချင်တာ!!!

အဲ့ဒီနောက်ပိုင်း Tong Yao က Jiang Jinyue နဲ့ ထပ်ပြီးစကားပြောဖို့ အရမ်းရှက်သွားခဲ့တယ်။ သူက ကျောင်းရဲ့မင်းသားလေးကို အဝေးမှ ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။

Jiang Jinyue ရဲ့ရှေ့မှာ ထပ်ပြီးရှက်နေရင် Tong Yao က တို့ဟူးတစ်ခြမ်းနဲ့ ခေါင်းစောင့်ပြီး သေရလိမ့်မယ်။

အဲ့ဒါကြောင့် အဲ့ဒီအချိန်ကစပြီး Tong Yao ရဲ့ အကြိုက်ဆုံး အတန်း-သတ်မှတ်ထားသော စာသားမှာ

"Song of the Pipa" ဖြစ်တယ်။ အကြောင်းရင်းက ၎င်းကို ရွတ်ဖတ်သောအခါမှ Jiang Jinyue ရဲ့ နာမည်ကို အကျယ်ကြီး အော်နိုင်လို့ပါပဲ။

"လပြည့်ညသည် အကန့်အသတ်မဲ့မြစ်ထဲတွင် စိမ်ပြီး လွမ်းဆွေးစိတ်ဖြင့် ခွဲခွာရမည့်အချိန်ရောက်လာသောအခါ"

(When came the time to part with melancholy, with the full moon soaking in the boundless river ) ¹

ဒီကဗျာကို တခြားသူတွေက ဖတ်တဲ့အခါ နောက်ဆုံး ဇာတ်ကောင်သုံးကောင်ရဲ့ လေသံက အမြဲတမ်း ဆွေးမြေ့နေတတ်တယ်။

Tong Yao က ပြင်းပြင်းထန်ထန် အသံထွက်မည့် တစ်ဦးတည်းသောသူသာဖြစ်တယ်။ (whose tone would rise vigorously) ²

Notes:

1. Jiang Jinyue ရဲ့နာမည် (江浸月) က "moon sinking into water" လို့လည်းအဓိပ္ပါယ်ရတယ်။

2. ဇာတ်ကောင်တွေကတူညီပေမဲ့လည်း ကဗျာရဲ့ Jiang Jinyue နာမည်က တော်တော်လေးလွမ်းဆွေးစရာကောင်းပါတယ်။ အဲ့တာကြောင့်လူတွေက အဲ့အပိုဒ်ကို ရွတ်တဲ့အချိန်တိုင်း ဆွေးဆွေးမြေ့မြေ့ရွတ်တတ်ကြပါတယ်။

နာမည်တစ်ခုအတွက် ရွတ်ရင်တော့မတူဘူးပေါ့လေ။

(Zawgyi)

ပုံမွန္အားျဖင့္ Tong Yao နဲ႔ Jiang Jinyue တို႔ကဘဝမွာလုံးဝ မဆုံသင့္တဲ့သူေတြျဖစ္တယ္။ Jiang Jinyue ကပိုၿပီးျပည့္စုံေလေလ၊ Tong Yao ကပိုၿပီးႏွိမ့္ခ်ေလေလ။

ဒါေပမယ့္ အဝတ္အစားအနည္းငယ္ေၾကာင့္ သူတို႔ႏွစ္ဦးကို အတူတူခ်ိတ္ဆက္ထားျခင္းခံေနရတယ္။

တကယ္ေတာ့ Tong Yao က Jiang Jinyue ကို အႀကိမ္ေပါင္းမ်ားစြာ ေမးခ်င္ခဲ့တာ။ သူက ဘာလို႔ ဒီအဝတ္အစားေတြ ဆက္ဝတ္ေနလဲဆိုတာ အတိအက် ေမးခ်င္ေနခဲ့တာ။ ဒါေပမယ့္ အစကေန အဆုံးအထိ သတၱိေတြ မစုစည္းႏိုင္ခဲ့ဘူး။ Tong Yao ဟာ Jiang Jinyue က အထက္စီးဆန္တဲ့အၾကည့္နဲ႔ မထီမဲ့ျမင္ျပဳမည္ကို ေၾကာက္ေနမိတယ္။

သူလမ္းေလွ်ာက္လာစဥ္ Jiang Jinyue ရဲ႕ ၿပီးျပည့္စုံေသာပုံစံ ေမးက အထက္ေထာင့္သို႔ အၿမဲတက္ေနသျဖင့္ ခ်ဥ္းကပ္ရန္ အလြန္ခက္ခဲေနပုံရတယ္။ သို႔ေပမယ့္ သူ႕ဆီ ခ်ဥ္းကပ္လာတဲ့သူေတြ အားလုံးက စိတ္အားထက္သန္ေနၾကဆဲျဖစ္ၿပီး အားကစားပြဲတစ္ခုမွာ သူထိမိလိုက္တဲ့ ဘတ္စကတ္ေဘာလုံးကိုေတာင္ သူ႕ရဲ႕ fangirl ေလးေတြက လုယူၾကၿပီး ေကာက္ယူသြားၾကေသးတယ္။

ဒါေပမယ့္ အျခားတစ္ဖက္မွာေတာ့ ေက်ာင္းသားအမ်ားစုက Jiang Jinyue ကို မႀကိဳက္ၾကဘူး။

ဒါက နားလည္ရ အရမ္းလြယ္ပါတယ္။ ဒါက မနာလိုစိတ္ေတြပဲ။ သူတို႔ရဲ႕နံေဘးမွာ ဒီလိုၿပိဳးၿပိဳးျပက္ျပက္ေလးေတာက္ပေနတဲ့ တစ္ေယာက္႐ွိေနေတာ့ ေယာက်္ားေလးခ်င္းမနာလိုမျဖစ္ဖို႔ ခဲယဥ္းတယ္ေလ။ မ်ိဳးတူေတြၾကားထဲမွာေတာ့ ႐ြံ႐ွာတယ္လို႔ေခၚဖို႔ ယုတၱိမတန္ဘူးေလ။ ဒါေပမယ့္ လူတိုင္းႏွင့္ မသက္ဆိုင္ပါဘူး။

ဥပမာအားျဖင့္ Tong Yao က အျခားေကာင္ေလးမ်ားႏွင့္ မတူဘူး။ Jiang Jinyue ကို သူ သေဘာက်တယ္။

Jiang Jinyue ကို အဲ့ဒီမိန္းကေလးေတြ သေဘာက်တဲ့အတိုင္း သူသေဘာက်တယ္။

ကံမေကာင္းစြာနဲ႔ပဲ Tong Yao က Jiang Jinyue ႏွင့္ အခန္းတူတာ သုံးႏွစ္နီးပါး႐ွိခဲ့ေပမဲ့ သူ႕ကို တစ္စုံတစ္ခုေျပာဖို႔ တစ္ႀကိမ္မွ အစမျပဳႏိုင္ခဲ့ဘူး။

မဟုတ္ဘူး! စကားေျပာဖို႔ အသာထား! Tong Yao က Jiang Jinyue ကိုၾကည့္ဖို႔ေတာင္ ႐ွက္လြန္းေနတယ္!

အထက္တန္းေက်ာင္းပထမႏွစ္တုန္းက ေႏြရာသီအားလပ္ရက္မွာ တစ္ခုခုေျပာဖူးတာက အတန္းအၾကံေပး Mister Tian က ႐ုံးခန္းေ႐ွ႕ကျဖတ္သြားတဲ့ Tong Yao ကို Jiang Jinyue ကိုသူ႕လာေပးဖို႔ ေတာင္းဆိုလိုက္တာပဲ။

သူသေဘာတူၿပီးေနာက္ Tong Yao ၏ေက်ာျပင္တြင္ ေခြၽးေတြခ်က္ခ်င္းစို႐ြဲလာတယ္။ Mister Tian က Jiang Jinyue မ်က္ႏွာခ်င္းဆိုင္ စကားေျပာရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ Jiang Jinyue ကို အေၾကာင္းၾကားေပးဖို႔ ေတာင္းဆိုခဲ့တယ္။ ဒါက သူဆုပ္ကိုင္ထားရမယ့္ ႐ွားပါးအခြင့္အေရးတစ္ခုျဖစ္ေပမယ့္ ဘာေၾကာင့္ သူ႕ႏွလုံးခုန္ႏႈန္းက ဒီေလာက္ျမန္ရတာလဲ!?

စာသင္ခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ သူရဲ႕ မူလအ႐ွိန္အဟုန္ေတြ ေႏွးေကြးသြားတယ္။

ေနာက္ဆုံးေတာ့ Tong Yao မခံႏိုင္ေတာ့ဘူး။ ျဖတ္ခနဲ က Jiang Jinyue ရဲ႕ စားပြဲဆီကို ျဖည္းညႇင္းစြာ ေ႐ႊ႕သြားလိုက္တယ္။

အခုထိ သူ အဲ့ဒီျမင္ကြင္းကို ႐ွင္း႐ွင္းလင္းလင္း မွတ္မိေနတုန္းပဲ- အဲ့ဒီအခ်ိန္တုန္းက Jiang Jinyue က သခ်ၤာပုစၧာအခ်ိဳ႕ကို တြက္ေနခဲ့တာ။ အနက္ေရာင္ အနားကြပ္မ်က္မွန္တစ္စုံက သူရဲ႕ေျဖာင့္စင္းၿပီး ေၾကာ့႐ွင္းတဲ့ ႏွာတံေပၚမွာ ႐ွိေနတယ္။ Tong Yao ရဲ႕ ေလ့လာေတြ႕႐ွိခ်က္ေတြအရ Jiang Jinyue သည္ အနည္းငယ္ မ်က္စိမႈန္တာေၾကာင့္ အတန္းထဲတြင္ ပုံမွန္အားျဖင့္ မ်က္မွန္တပ္ထားေလ့႐ွိတယ္။

Jiang Jinyue ရဲ႕ ေနာက္ေက်ာက အလြန္ေျဖာင့္စင္းတယ္။ ႐ွည္လ်ားသြယ္လ်ေသာ လက္ေခ်ာင္းမ်ားက ေဘာပင္ကို လွည့္ပတ္ေနကာ သူ႕ေမးေစ့ကို ဘယ္ဘက္လက္ေပၚတြင္ တင္ထားသည္။ ခက္ခဲတဲ့ ျပႆနာတစ္ခုကို ေတြးေနပုံပဲ။

Tong Yao က သူ႕ရဲ႕သတၱိေတြကို စုစည္းလိုက္ၿပီး

"အတန္းေဖာ္ Jiang...Jiang...Jiang Jinyue!"

ေျဖာက္!

Jiang Jinyue ရဲ႕ လက္ေခ်ာင္းထိပ္မ်ားတြင္ လွည့္ပတ္ေနတဲ့ မင္စိုေဘာပင္က စားပြဲေပၚသို႔ ျပဳတ္က်လာကာ ေျမျပင္ေပၚသို႔ လွိမ့္မက်သြားမွီ က်ယ္ေလာင္စြာ အသံထြက္လာတယ္။

"ေတာင္းပန္ပါတယ္! ေတာင္းပန္ပါတယ္!"

Tong Yao က ခ်က္ခ်င္းပင္ ငုတ္တုတ္ထိုင္လိုက္ၿပီး ေဘာပင္ကို ေကာက္ယူလိုက္တယ္။ ကံမေကာင္းစြာပဲ Jiang Jinyue ရဲ႕ေျခရင္းေနာက္ကို ေဘာပင္က လွိမ့္ဝင္သြားသတယ္။

"Jiang... အတန္းေဖာ္ Jiang Jinyue၊ မင္းရဲ႕ေျခေထာက္ကို နည္းနည္းေလးေ႐ႊ႕ေပးလို႔ရမလား"

အားစိုက္ထုတ္ရင္း Tong Yao က သူ႕လက္ကို ဆန္႔ထုတ္လိုက္ေပမယ့္ ေဘာပင္ကို နည္းနည္းေလးမွ မထိႏိုင္ခဲ့ဘူး။

Jiang Jinyue ရဲ႕ ေျခေထာက္ေတြကလည္း လုံးဝမလႈပ္ေပ။

သူ႕အသံက ေပ်ာ့ေပ်ာင္းလြန္းတယ္လို႔ ထင္ၿပီး Jiang Jinyue က သူ႕အသံကို မၾကားရေလာက္ဘူး။ ဒီေတာ့ Tong Yao က ေခါင္းကို ေမာ့ၿပီး

"ေတာင္းပန္ပါတယ္ မင္းေကာက္လိုက္လို႔ရ........"

Tong Yao က ေျပာဖို႔စီစဥ္ထားတဲ့ စကားလုံးေတြ သူ႕လည္ေခ်ာင္းထဲမွာ ပိတ္ဆို႔သြားတယ္။ ငါးစင္တီမီတာအကြာ သူ႕ေ႐ွ႕မွာ Jiang Jinyue ရဲ႕ေခ်ာေမာေသာမ်က္ႏွာ႐ွိေနတယ္။ သူတို႔ရဲ႕ အသက္႐ႈသံေတြကေတာင္ တစ္ခုနဲ႔တစ္ခု ေရာေထြးေနတယ္။

Tong Yao ခ်က္ခ်င္း အသက္႐ႈၾကပ္သြားရတယ္။

Jiang Jinyue ၏ အသက္႐ႈသံသည္ ပူ႐ွိန္းနံ႔သင္းသင္းေလး ရၿပီး အလြန္ေကာင္းမြန္ေသာ အနံ႔ျဖစ္တယ္။

"ကိုယ္ဘာသာေကာက္လိုက္မယ္"

တကယ္ေတာ့ ႏွစ္စကၠန္႔ေလာက္ ေခတၱရပ္လိုက္႐ုံပါပဲ။ အဲ့ဒီေနာက္ Jiang Jinyue က သူ႕ေဘာပင္ကို ေကာက္ဖို႔ ေအာက္ငုံ႔လိုက္တယ္။

Tong Yao က မတ္တပ္ရန္ တုန္ယင္ေနတယ္။ Jiang Jinyue ရဲ႕ မ်က္ေမွာင္ၾကဳတ္ထားတဲ့ၾကားကေန ေနာက္ကုိ ဆုတ္လိုက္ၿပီး

"႐ုံးခန္းက မင္းကို Lao Tian ဆီသြားၾကည့္ဖို႔ ေျပာတယ္" လို႔ေျပာၿပီး ထြက္ေျပးလာမိခဲ့တယ္။

ခပ္ေဝးေဝးကို ေလွ်ာက္သြားၿပီးေနာက္ ႐ုတ္တရက္ သူေျပာခဲ့တဲ့ စကားက ေျပာင္းျပန္ျဖစ္သြားတာသူသတိရလိုက္တယ္။ Lao Tian က Jiang Jinyue ကို ႐ုံးခန္းဆီကိုလာေစခ်င္တာ!!!

အဲ့ဒီေနာက္ပိုင္း Tong Yao က Jiang Jinyue နဲ႔ ထပ္ၿပီးစကားေျပာဖို႔ အရမ္း႐ွက္သြားခဲ့တယ္။ သူက ေက်ာင္းရဲ႕မင္းသားေလးကို အေဝးမွ ၾကည့္ေန႐ုံပဲ တတ္ႏိုင္ေတာ့တယ္။

Jiang Jinyue ရဲ႕ေ႐ွ႕မွာ ထပ္ၿပီး႐ွက္ေနရင္ Tong Yao က တို႔ဟူးတစ္ျခမ္းနဲ႔ ေခါင္းေစာင့္ၿပီး ေသရလိမ့္မယ္။

အဲ့ဒါေၾကာင့္ အဲ့ဒီအခ်ိန္ကစၿပီး Tong Yao ရဲ႕ အႀကိဳက္ဆုံး အတန္း-သတ္မွတ္ထားေသာ စာသားမွာ

"Song of the Pipa" ျဖစ္တယ္။ အေၾကာင္းရင္းက ၎ကို ႐ြတ္ဖတ္ေသာအခါမွ Jiang Jinyue ရဲ႕ နာမည္ကို အက်ယ္ႀကီး ေအာ္ႏိုင္လို႔ပါပဲ။

"လျပည့္ညသည္ အကန္႔အသတ္မဲ့ျမစ္ထဲတြင္ စိမ္ၿပီး လြမ္းေဆြးစိတ္ျဖင့္ ခြဲခြာရမည့္အခ်ိန္ေရာက္လာေသာအခါ"

(When came the time to part with melancholy, with the full moon soaking in the boundless river ) ¹

ဒီကဗ်ာကို တျခားသူေတြက ဖတ္တဲ့အခါ ေနာက္ဆုံး ဇာတ္ေကာင္သုံးေကာင္ရဲ႕ ေလသံက အၿမဲတမ္း ေဆြးေျမ့ေနတတ္တယ္။

Tong Yao က ျပင္းျပင္းထန္ထန္ အသံထြက္မည့္ တစ္ဦးတည္းေသာသူသာျဖစ္တယ္။ (whose tone would rise vigorously) ²

Notes:

1. Jiang Jinyue ရဲ႕နာမည္ (江浸月) က "moon sinking into water" လို႔လည္းအဓိပၸါယ္ရတယ္။

2. ဇာတ္ေကာင္ေတြကတူညီေပမဲ့လည္း ကဗ်ာရဲ႕ Jiang Jinyue နာမည္က ေတာ္ေတာ္ေလးလြမ္းေဆြးစရာေကာင္းပါတယ္။ အဲ့တာေၾကာင့္လူေတြက အဲ့အပိုဒ္ကို ႐ြတ္တဲ့အခ်ိန္တိုင္း ေဆြးေဆြးေျမ့ေျမ့႐ြတ္ၾကတတ္ပါတယ္။

နာမည္တစ္ခုအတြက္ ႐ြတ္ရင္ေတာ့မတူဘူးေပါ့ေလ။

Share This Chapter