Back
/ 11
Chapter 6

(5)

ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ

Unicode

ကျောင်းဆင်းချိန်မှာတော့ ခါတိုင်းလိုပဲ Jiang Jinyue က သူ့ကျောင်းလွယ်အိတ်ကို ကျောပေါ်ပစ်တင်လိုက်တယ်။  စာသင်ခန်းထဲက အရင်ထွက်ပြီး ကျောင်းတံခါးမှာ စောင့်နေတဲ့ အိမ်တော်ကကားဆီ တည့်တည့်သွားလိုက်တယ်။

"သခင်လေး....အဝတ်အစားတွေ ပြင်ဆင်ပြီးပါပြီ"

Jiang Jinyue ကားတံခါးကိုပိတ်ပြီးတာနဲ့ သူ့ "Fat Weeb" တီရှပ်ကို အမြန်ချွတ်လိုက်ပြီး Armani ရှပ်အင်္ကျီကို သူ့ရဲ့ အထိန်းတော် လက်ထဲက ဆွဲယူပြီး ဝတ်လိုက်တယ်။

Jiang Jinyue ရဲ့ အချိုးအစားကျတဲ့ ဝမ်းဗိုက်ကြွက်သားတွေနဲ့ သန်မာတဲ့ကျောပြင်မှာ ဓာတ်မတည့်မှုတစ်ခုလို အနီစက်တွေနဲ့  ပြည့်နှက်နေတယ်။

"သခင်လေး၊ မင်းဘာလို့ဒီလိုလုပ်ရတာလဲ? ဒီလို အရည်အသွေးနိမ့်တဲ့ အဝတ်အစားတွေ ဝတ်ဖို့ ကိုယ့်အ၀တ်အစားတွေမဝတ်တာလား? သူငယ်ချင်းဖွဲ့ချင်ရင် အဝတ်အစား၊ အစားအသောက်၊ အိမ်ရာနဲ့ အကြိုအပို့အတွက် အတိအကျ ပစ္စည်းတွေရှိဖို့ မလိုပါဘူး။ ဒီလိုမလုပ်ဘဲနဲ့လည်း သူငယ်ချင်းဖွဲ့လို့ရပါတယ်။"

အထိန်းတော်ကြီးက Jiang Jinyue ကို ဆယ်နှစ်ကျော်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ပြီး Jiang Jinyue ကို သူ့သားအရင်လို သတ်မှတ်ခဲ့တယ်။ Jiang Jinyue ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ အနီစက်တွေကို မြင်လိုက်ရတာနဲ့ သူ့အတွက် စိတ်မကောင်းဖြစ်မိမှာ အသေအချာပါပဲ။

Jiang Jinyue က သူ့အင်္ကျီကိုဝတ်ပြီးနောက်မှာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူ့မှာ အလွယ်တကူ ဓါတ်မတည့်တဲ့ အသားအရေ ရှိတယ်။  ပန်းခြံထဲကအင်္ကျီဆိုင်ကနေ ဒေါ်လာနှစ်ဆယ်နဲ့ ဝယ်ထားတဲ့ ဒီတီရှပ်က သူ့ကို တစ်နေ့လုံး နှိပ်စက်နေတယ်။

"ဦးလေး Wu နားမလည်ဘူးလား။  ဘယ်နည်းကိုသုံးနေပါစေ သူက ကျွန်တော့်ကို တစ်ချက်တောင်လှည့်ကြည့်မှာ မဟုတ်ဘူး။"

Jiang Jinyue က ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို အကြည့် လွှဲလိုက်ပြီး ကျောင်းတံခါးမှ ကျောပိုးအိတ်နဲ့ထွက်လာတဲ့ Tong Yao ကို လှမ်းကြည့်လိုက်တယ်။  သူက မူလတန်းကျောင်းသားလေးတစ်ယောက်လိုပဲ လက်နှစ်ဖက်နဲ့ လွယ်အိတ်ကြိုးလေးကိုကို ကိုင်ထားတုန်းပဲ။

သူ့သခင်လေးရဲ့ ဆုံးရှုံးခြင်းတွေ ပြည့်နှက်နေသော အကြည့်တွေကို အထိန်းတော် Wu က အလွန်ထိတ်လန့်သွားတယ်။  Jiang Jinyue ရဲ့ ချောမောမှုတွေနဲ့ ဆွဲဆောင်လိုမရတဲ့ လူတွေ အမှန်တကယ်ရှိနေခဲ့တယ်။  သူ့သခင်လေးက အလုပ်တောင်အရမ်းကြိုးစားလိုက်သေးတယ်!

Jiang Jinyue က Tong Yao အဝေးသို့ ထွက်ခွာသွားချိန်အထိ အဝေးက အစက်သေးသေးလေးတစ်စက် ဖြစ်လာတဲ့အထိ သူ့အကြည့်ကို မရုတ်သိမ်းခဲ့ဘူး။

ဒါပေမယ့် အရေးမကြီးပါဘူး။  သူ့မှာ နောက်ဆုံး အားကိုးရာ ရှိသေးတယ်။

ကားရဲ့အင်ဂျင်စတင်လိုက်တယ်။  Jiang Jinyue က မျက်လုံးတွေကိုမှိတ်ထားပြီး ကားထိုင်ခုံပေါ်ကို ပြန်လှဲချလိုက်တယ်။

ဒီနေ့တော့ Tong Yao က အဲ့ဒီစာအိတ်ကို ဖွင့်ကြည့်လိုက်တာကို သူ့မျက်လုံးနဲ့မြင်လိုက်ရတယ်။

Zawgyi

ေက်ာင္းဆင္းခ်ိန္မွာေတာ့ ခါတိုင္းလိုပဲ Jiang Jinyue က သူ႕ေက်ာင္းလြယ္အိတ္ကို ေက်ာေပၚပစ္တင္လိုက္တယ္။  စာသင္ခန္းထဲက အရင္ထြက္ၿပီး ေက်ာင္းတံခါးမွာ ေစာင့္ေနတဲ့ အိမ္ေတာ္ကကားဆီ တည့္တည့္သြားလိုက္တယ္။

"သခင္ေလး....အဝတ္အစားေတြ ျပင္ဆင္ၿပီးပါၿပီ"

Jiang Jinyue ကားတံခါးကိုပိတ္ၿပီးတာနဲ႔ သူ႕ "Fat Weeb" တီ႐ွပ္ကို အျမန္ခြၽတ္လိုက္ၿပီး Armani ႐ွပ္အက်ႌကို သူ႕ရဲ႕ အထိန္းေတာ္ လက္ထဲက ဆြဲယူၿပီး ဝတ္လိုက္တယ္။

Jiang Jinyue ရဲ႕ အခ်ိဳးအစားက်တဲ့ ဝမ္းဗိုက္ႂကြက္သားေတြနဲ႔ သန္မာတဲ့ေက်ာျပင္မွာ ဓာတ္မတည့္မႈတစ္ခုလို အနီစက္ေတြနဲ႔  ျပည့္ႏွက္ေနတယ္။

"သခင္ေလး၊ မင္းဘာလို႔ဒီလိုလုပ္ရတာလဲ? ဒီလို အရည္အေသြးနိမ့္တဲ့ အဝတ္အစားေတြ ဝတ္ဖို႔ ကိုယ့္အ၀တ္အစားေတြမဝတ္တာလား? သူငယ္ခ်င္းဖြဲ႕ခ်င္ရင္ အဝတ္အစား၊ အစားအေသာက္၊ အိမ္ရာနဲ႔ အႀကိဳအပို႔အတြက္ အတိအက် ပစၥည္းေတြ႐ွိဖို႔ မလိုပါဘူး။ ဒီလိုမလုပ္ဘဲနဲ႔လည္း သူငယ္ခ်င္းဖြဲ႕လို႔ရပါတယ္။"

အထိန္းေတာ္ႀကီးက Jiang Jinyue ကို ဆယ္ႏွစ္ေက်ာ္ကတည္းက ျပဳစုေစာင့္ေ႐ွာက္ခဲ့ၿပီး Jiang Jinyue ကို သူ႕သားအရင္လို သတ္မွတ္ခဲ့တယ္။ Jiang Jinyue ရဲ႕ ခႏၶာကိုယ္ေပၚ႐ွိ အနီစက္ေတြကို ျမင္လိုက္ရတာနဲ႔ သူ႕အတြက္ စိတ္မေကာင္းျဖစ္မိမွာ အေသအခ်ာပါပဲ။

Jiang Jinyue က သူ႕အက်ႌကိုဝတ္ၿပီးေနာက္မွာ သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္။ သူ႕မွာ အလြယ္တကူ ဓါတ္မတည့္တဲ့ အသားအေရ ႐ွိတယ္။  ပန္းျခံထဲကအက်ႌဆိုင္ကေန ေဒၚလာႏွစ္ဆယ္နဲ႔ ဝယ္ထားတဲ့ ဒီတီ႐ွပ္က သူ႕ကို တစ္ေန႔လုံး ႏွိပ္စက္ေနတယ္။

"ဦးေလး Wu နားမလည္ဘူးလား။  ဘယ္နည္းကိုသုံးေနပါေစ သူက ကြၽန္ေတာ့္ကို တစ္ခ်က္ေတာင္လွည့္ၾကည့္မွာ မဟုတ္ဘူး။"

Jiang Jinyue က ကားျပတင္းေပါက္ကေန အျပင္ဘက္ကို အၾကည့္ လႊဲလိုက္ၿပီး ေက်ာင္းတံခါးမွ ေက်ာပိုးအိတ္နဲ႔ထြက္လာတဲ့ Tong Yao ကို လွမ္းၾကည့္လိုက္တယ္။  သူက မူလတန္းေက်ာင္းသားေလးတစ္ေယာက္လိုပဲ လက္ႏွစ္ဖက္နဲ႔ လြယ္အိတ္ႀကိဳးေလးကိုကို ကိုင္ထားတုန္းပဲ။

သူ႕သခင္ေလးရဲ႕ ဆုံး႐ႈံးျခင္းေတြ ျပည့္ႏွက္ေနေသာ အၾကည့္ေတြကို အထိန္းေတာ္ Wu က အလြန္ထိတ္လန္႔သြားတယ္။  Jiang Jinyue ရဲ႕ ေခ်ာေမာမႈေတြနဲ႔ ဆြဲေဆာင္လိုမရတဲ့ လူေတြ အမွန္တကယ္႐ွိေနခဲ့တယ္။  သူ႕သခင္ေလးက အလုပ္ေတာင္အရမ္းႀကိဳးစားလိုက္ေသးတယ္!

Jiang Jinyue က Tong Yao အေဝးသို႔ ထြက္ခြာသြားခ်ိန္အထိ အေဝးက အစက္ေသးေသးေလးတစ္စက္ ျဖစ္လာတဲ့အထိ သူ႕အၾကည့္ကို မ႐ုတ္သိမ္းခဲ့ဘူး။

ဒါေပမယ့္ အေရးမႀကီးပါဘူး။  သူ႕မွာ ေနာက္ဆုံး အားကိုးရာ ႐ွိေသးတယ္။

ကားရဲ႕အင္ဂ်င္စတင္လိုက္တယ္။  Jiang Jinyue က မ်က္လုံးေတြကိုမွိတ္ထားၿပီး ကားထိုင္ခုံေပၚကို ျပန္လွဲခ်လိုက္တယ္။

ဒီေန႔ေတာ့ Tong Yao က အဲ့ဒီစာအိတ္ကို ဖြင့္ၾကည့္လိုက္တာကို သူ႕မ်က္လုံးနဲ႔ျမင္လိုက္ရတယ္။

Share This Chapter