Back
/ 11
Chapter 7

(6)

ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ

Unicode

အချိန်တွေကုန်ဆုံးတာ အရမ်းမြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ဇွန်လ ၁ ရက်နေ့ဖြစ်သွားတယ်။ သူတို့ရဲ့ ဘွဲ့လက်မှတ် နှစ်ချုပ်စာအုပ်ကလည်း အတန်းထဲတွင် တိတ်တဆိတ် ပျံ့နှံ့လာခဲ့တယ်။

Jiang Jinyue တောင်မှတစ်ခုပြင်ဆင်ထားသေးတယ်။ သူ့အတန်းဖော်တွေအားလုံးက Jiang Jinyue ရဲ့မိတ္တူ ပေါ်မှာ မက်ဆေ့ချ်တစ်စောင် ရေးဖို့ ရုန်းကန်နေကြတယ်။

"မင်းချမ်းသာလာရင်တောင် တစ်ယောက်ကိုတစ်ယောက် မမေ့ပါနဲ့နော်" ဆိုတဲ့ ပုံနှိပ်စာလုံးကြီးနဲ့ရေးထားတဲ့စာကြောင်းကြီး။ အတန်းရဲ့ ထိပ်တန်းကျောင်းသားက အနာဂတ်မှာ သူတို့ကို မေ့သွားမည်ကို ကြောက်ရွံ့နေကြပုံပဲ။

Jiang Jinyue ရဲ့ဘွဲ့လက်မှတ်နှစ်ချုပ်စာအုပ်လေးက Tong Yao ဆီကိုရောက်ရှိလာတဲ့အခါ စာအုပ်တစ်အုပ်လုံးက စာတိုများဖြင့် ပြည့်နှက်နေနှင့်ပြီ။ Tong Yao က စာအုပ်ရဲ့အနောက်ဘက်မျက်နှာပြင်ပေါ်မှာ မှတ်ချက်တစ်ခုပဲ ချန်ထားနိုင်တော့တယ်။

Tong Yao ရေးခါနီးမှာ သူ့လက်တွေမှာ ချွေးတွေ စိုရွှဲလို့။ Jiang Jinyue ရဲ့စာအုပ်ကို စွန်းထင်းမှာကြောက်လို့ သူ့အဝတ်တွေနဲ့ တင်းတင်းကျပ်ကျပ် ပွတ်တိုက်လိုက်တယ်။

"လပြည့်ညသည် အကန့်အသတ်မဲ့မြစ်ထဲတွင် စိမ်နေရင်း လွမ်းဆွေးစိတ်ဖြင့် ခွဲခွာရမည့်အချိန် ရောက်လာသောအခါ"

"When came the time to part with melancholy, with the full moon soaking in the boundless river."

ပထမစာလုံးလေးလုံးက လေဖြတ်နေသလို တွန့်လိမ်နေတယ်။ နောက်ဆုံးအက္ခရာသုံးလုံးအတွက်ပဲ Tong Yao က သူ့ရဲ့ညာလက်တုန်နေတာကို အတင်းအကြပ်ထိန်းပြီး လေးလေးနက်နက်ရေးသားခဲ့တယ်။

သူရေးပြီးတာနဲ့ Tong Yao က သူ့နာမည်ကို ရေးထိုးဖို့ နေရာမရှိတော့ဘူးဆိုတာ ရုတ်တရက် သိလိုက်ရတယ်...။

ဒါပေမယ့် အရေးမကြီးပါဘူး။ Tong Yao က အရေးမပါသောလူအနေနဲ့ လက်မှတ်ထိုးထားလိုက်ရင်တောင် Jiang Jinyue က နောင်နှစ်ပေါင်းများစွာမှာလည်း သူ့ကို လုံးဝမှတ်မိမှာမဟုတ်ဘူးလေ။

ပြောရမယ်ဆိုင်ရင် အတန်းထဲမှာ ကျောင်းသား ခုနစ်ဆယ်ကနေ ရှစ်ဆယ်လောက်ရှိတယ်။

Jiang Jinyue က သူ့လို အတန်းဖော်တစ်ယောက်ရှိတယ်ဆိုတာ လုံးဝသိနိုင်မှာမဟုတ်ဘူး။

Tong Yao က စာရေးလိုက်ပြီး Jiang Jinyue ရဲ့ နောက်ကျောကို ကြည့်ဖို့ ခေါင်းကို မော့လိုက်တယ်။ Jiang Jinyue က အရင်လိုပဲ ဒီနေမှာလည်း သူနဲ့တူညီတဲ့ အဖြူရောင်တီရှပ်ကို ၀တ်ဆင်ထားတယ်

"Li Wei, ဒီနှစ်ချုပ်စာအုပ်ကို Jiang Jinyue ကို လက်ဆင့်ကမ်းပေးပါဦး၊ ကျေးဇူးနော်" Tong Yao က သူ့ရှေ့မှာထိုင်နေတဲအတန်းဖော်ကို အသာပုတ်ရင်းပြောလိုက်တယ်။

Tong Yao က Jiang Jingyue ရဲ့နာမည်ကို "Song of the Pipa" ကိုမရွတ်ဘဲပြောနိုင်သည့်အကြိမ်အနည်းငယ်ထဲမှတစ်ခုသာဖြစ်သည်။ စကားလုံးတိုင်းက သူ့ရဲ့ဂရုစိုက်မှုနဲ့ ထိုက်တန်တယ်။

မကြာမီမှာပဲ "Jiang Jinyue" ဆိုတဲ့ စကားလုံးသုံးလုံးက

Tong Yao အတွက်ပြောနိုင်ပေမဲ့ မမြင်နိုင်တော့တဲ့ သင်္ကေတတစ်ခုဖြစ်လာတော့မယ်။

Jiang Jinyue ကိုကြည့်ရင်း သူ့နာမည်ကိုရေရွတ်နိုင်မဲ့ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး Tong Yao က ဒီကာရိုက်တာသုံးခုကို သူ့ကိုယ်သူ တိတ်တဆိတ် ရွေရွတ်လိုက်တယ်။

Jiang Jinyue...Jiang Jinyue....Jiang Jinyue.....

တစ်တန်းလုံးကို လွှမ်းခြုံသွားတဲ့ နှုတ်ဆက်ခွဲခွာခြင်းရဲ့ ဝမ်းနည်းမှုတွေကြားမှာ Tong Yao က တွေးလိုက်တယ်။

နှုတ်ဆက်လိုက်ပါတယ် Jaing Jinyue....

Zawgyi

အခ်ိန္ေတြကုန္ဆုံးတာ အရမ္းျမန္ၿပီး မ်က္စိတစ္မွိတ္အတြင္းမွာပဲ ဇြန္လ ၁ ရက္ေန႔ျဖစ္သြားတယ္။ သူတို႔ရဲ႕ ဘြဲ႕လက္မွတ္ ႏွစ္ခ်ဳပ္စာအုပ္ကလည္း အတန္းထဲတြင္ တိတ္တဆိတ္ ပ်ံ႕ႏွံ႔လာခဲ့တယ္။

Jiang Jinyue ေတာင္မွတစ္ခုျပင္ဆင္ထားေသးတယ္။ သူ႕အတန္းေဖာ္ေတြအားလုံးက Jiang Jinyue ရဲ႕မိတၱဴ ေပၚမွာ မက္ေဆ့ခ်္တစ္ေစာင္ ေရးဖို႔ ႐ုန္းကန္ေနၾကတယ္။

"မင္းခ်မ္းသာလာရင္ေတာင္ တစ္ေယာက္ကိုတစ္ေယာက္ မေမ့ပါနဲ႔ေနာ္" ဆိုတဲ့ ပုံႏွိပ္စာလုံးႀကီးနဲ႔ေရးထားတဲ့စာေၾကာင္းႀကီး။ အတန္းရဲ႕ ထိပ္တန္းေက်ာင္းသားက အနာဂတ္မွာ သူတို႔ကို ေမ့သြားမည္ကို ေၾကာက္႐ြံ႕ေနၾကပုံပဲ။

Jiang Jinyue ရဲ႕ဘြဲ႕လက္မွတ္ႏွစ္ခ်ဳပ္စာအုပ္ေလးက Tong Yao ဆီကိုေရာက္႐ွိလာတဲ့အခါ စာအုပ္တစ္အုပ္လုံးက စာတိုမ်ားျဖင့္ ျပည့္ႏွက္ေနႏွင့္ၿပီ။ Tong Yao က စာအုပ္ရဲ႕အေနာက္ဘက္မ်က္ႏွာျပင္ေပၚမွာ မွတ္ခ်က္တစ္ခုပဲ ခ်န္ထားႏိုင္ေတာ့တယ္။

Tong Yao ေရးခါနီးမွာ သူ႕လက္ေတြမွာ ေခြၽးေတြ စို႐ႊဲလို႔။ Jiang Jinyue ရဲ႕စာအုပ္ကို စြန္းထင္းမွာေၾကာက္လို႔ သူ႕အဝတ္ေတြနဲ႔ တင္းတင္းက်ပ္က်ပ္ ပြတ္တိုက္လိုက္တယ္။

"လျပည့္ညသည္ အကန္႔အသတ္မဲ့ျမစ္ထဲတြင္ စိမ္ေနရင္း လြမ္းေဆြးစိတ္ျဖင့္ ခြဲခြာရမည့္အခ်ိန္ ေရာက္လာေသာအခါ"

"When came the time to part with melancholy, with the full moon soaking in the boundless river."

ပထမစာလုံးေလးလုံးက ေလျဖတ္ေနသလို တြန္႔လိမ္ေနတယ္။ ေနာက္ဆုံးအကၡရာသုံးလုံးအတြက္ပဲ Tong Yao က သူ႕ရဲ႕ညာလက္တုန္ေနတာကို အတင္းအၾကပ္ထိန္းၿပီး ေလးေလးနက္နက္ေရးသားခဲ့တယ္။

သူေရးၿပီးတာနဲ႔ Tong Yao က သူ႕နာမည္ကို ေရးထိုးဖို႔ ေနရာမ႐ွိေတာ့ဘူးဆိုတာ ႐ုတ္တရက္ သိလိုက္ရတယ္...။

ဒါေပမယ့္ အေရးမႀကီးပါဘူး။ Tong Yao က အေရးမပါေသာလူအေနနဲ႔ လက္မွတ္ထိုးထားလိုက္ရင္ေတာင္ Jiang Jinyue က ေနာင္ႏွစ္ေပါင္းမ်ားစြာမွာလည္း သူ႕ကို လုံးဝမွတ္မိမွာမဟုတ္ဘူးေလ။

ေျပာရမယ္ဆိုင္ရင္ အတန္းထဲမွာ ေက်ာင္းသား ခုနစ္ဆယ္ကေန ႐ွစ္ဆယ္ေလာက္႐ွိတယ္။

Jiang Jinyue က သူ႕လို အတန္းေဖာ္တစ္ေယာက္႐ွိတယ္ဆိုတာ လုံးဝသိႏိုင္မွာမဟုတ္ဘူး။

Tong Yao က စာေရးလိုက္ၿပီး Jiang Jinyue ရဲ႕ ေနာက္ေက်ာကို ၾကည့္ဖို႔ ေခါင္းကို ေမာ့လိုက္တယ္။ Jiang Jinyue က အရင္လိုပဲ ဒီေနမွာလည္း သူနဲ႔တူညီတဲ့ အျဖဴေရာင္တီ႐ွပ္ကို ၀တ္ဆင္ထားတယ္

"Li Wei, ဒီႏွစ္ခ်ဳပ္စာအုပ္ကို Jiang Jinyue ကို လက္ဆင့္ကမ္းေပးပါဦး၊ ေက်းဇူးေနာ္" Tong Yao က သူ႕ေ႐ွ႕မွာထိုင္ေနတဲအတန္းေဖာ္ကို အသာပုတ္ရင္းေျပာလိုက္တယ္။

Tong Yao က Jiang Jingyue ရဲ႕နာမည္ကို "Song of the Pipa" ကိုမ႐ြတ္ဘဲေျပာႏိုင္သည့္အႀကိမ္အနည္းငယ္ထဲမွတစ္ခုသာျဖစ္သည္။ စကားလုံးတိုင္းက သူ႕ရဲ႕ဂ႐ုစိုက္မႈနဲ႔ ထိုက္တန္တယ္။

မၾကာမီမွာပဲ "Jiang Jinyue" ဆိုတဲ့ စကားလုံးသုံးလုံးက

Tong Yao အတြက္ေျပာႏိုင္ေပမဲ့ မျမင္ႏိုင္ေတာ့တဲ့ သေကၤတတစ္ခုျဖစ္လာေတာ့မယ္။

Jiang Jinyue ကိုၾကည့္ရင္း သူ႕နာမည္ကိုေရ႐ြတ္ႏိုင္မဲ့ ဒီအခ်ိန္ေလးကို အခြင့္ေကာင္းယူၿပီး Tong Yao က ဒီကာ႐ိုက္တာသုံးခုကို သူ႕ကိုယ္သူ တိတ္တဆိတ္ ေ႐ြ႐ြတ္လိုက္တယ္။

Jiang Jinyue...Jiang Jinyue....Jiang Jinyue.....

တစ္တန္းလုံးကို လႊမ္းျခဳံသြားတဲ့ ႏႈတ္ဆက္ခြဲခြာျခင္းရဲ႕ ဝမ္းနည္းမႈေတြၾကားမွာ Tong Yao က ေတြးလိုက္တယ္။

ႏႈတ္ဆက္လိုက္ပါတယ္ Jaing Jinyue....

Share This Chapter