Chapter 17: အပိုင်း (၁၆) ရှောင်ပင်းပင်း 小冰冰

My other halfWords: 25894

မတ်သရူး စာသင်ခန်းထဲသို့ ဝင်လာသည့်အခါ သူ့စားပွဲခုံပေါ်တွင် သေချာထုတ်ပိုးထားတဲ့ လက်ဆောင်ဘူး သေးသေးလေးအား တွေ့လိုက်ရသည်။

"အို? ဒါလေးက ဘာပါလိမ့်?"

မတ်သရူး ဟန်မဆောင်နိုင်စွာပြုံးလိုက်ရင်း ထပ်မေးလိုက်သည်။

"ဒါက ဘာလေးလဲ"

ထိုအခါ ကျန်းဟောက်က အပြင် ပြတင်းပေါက်ဘက်သို့ ငေးနေရာကနေမတ်သရူးဘက်သို့ တစ်ကိုယ်လုံးလှည့်ကာ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ဆိုလာလေသည်။

"မင်းအတွက် လက်ဆောင်"

"အို့? ဒီနေ့က ဆောင်းဟန်ဘင်း မွေးနေ့လေ"

"ငါသိတယ်၊ သူ့တွက်ဝယ်ရင်း မင်းတွက်ပါ ဝယ်လာပေးလိုက်တာ"

"ဟဟ!! ကျေးဇူးဘဲ"

ထိုအခါ မတ်သရူးမှာ အပျော်လွန်ကာ ထိုင်ခုံတွင် ဝင်ထိုင်ရင်း ကျန်းဟောက်အား ဖက်ရန် ကြိုးစားတော့သည်။

ကျန်းဟောက်မှာလဲ သူ့အား တစ်ကိုယ်လုံး မှီကာ လာဖက်နေသည့် မတ်သရူးအား အသာ တွန်းလိုက်ပြီး

"မင်း ဘာလို့ မြန်မြန် မဖွင့်ကြည့်တာလဲ"

"အင်း မြန်မြန်ဖွင့်ကြည့်မှ၊ ဘာလေးလဲ မသိဘူး"

မတ်သရူးမှာ လက်ဆောင်ဘူးလေးအား အလျင်မြန်ဖွင့်ကြည့်လိုက်သည်။

"earrings? Broooo!!!!!"

"မင်း ငါ့ကိုနောက်တစ်ခါ ထပ်ဖက်ရင် ငါ ကန်မိတော့မယ်"

မတ်သရူးက ပြောရင်း ဆိုရင်း သူ့အား လာဖက်ဖို့ လုပ်နေတာကြောင့် ကျန်းဟောက် တားလိုက်ရသည်။ ပြီးနောက် သူ့ကိုယ်သူ မျက်နှာလုပ်ကာ ချီးကျူးလိုက်သေးသည်။

"ငါတော်တယ်မလား? မင်းက ခနခန earrings တွေ လဲဝတ်တတ်လွန်းလို့ ဝယ်လာလိုက်တာ"

"ဟုတ်တယ်၊ earrings လေးတွေ စုတာ ဝါသနာလိုတောင်ဖြစ်နေပြီး"

"ဒါပေမယ့် ဒီတစ်ခုက မင်းဝတ်တာ ကြာသလိုဘဲ၊ ခါတိုင်းဆို မင်းခနခန လဲဝတ်နေကြ"

"ဒါလား? ဒီဟာက မွေးနေ့တုန်းက ဂွန်ဝုဂီက လက်ဆောင်ပေးထားတာ၊ ငါ ခနလေးနဲ့ လဲဝတ်လိုက်ရင် သူက စိတ်မကောင်းဖြစ်မယ် ဆိုလို့ မလဲရသေးတာ"

အရှေ့တွင် Ricky နဲ့ ဂယူဘင်က နမူနာ ရှိထားတာမို့ ကျန်းဟောက်မျက်လုံးတို့ မှေးကျဉ်းကာ မတ်သရူးအား ကြည့်လိုက်သည်။ သူ့အကြည့်ကို မတ်သရူးကလဲ သဘောပေါက်တာကြောင့် စိတ်မဆိုးသည့်အပြင် အသံကျယ်ကျယ် တစ်ချက်ရယ်ပြီး ပြောလေသည်။

"ဂွန်ဝုဂီနဲ့ ငါက သူငယ်ချင်းတွေဘဲ၊ တခြား အကန့်မရှိပါဘူး၊ သူ့လက်ဆောင်ကို ဝတ်ထားတာကလဲ အဲ့တုန်းက မွေးနေ့ရှင်ဖြစ်တဲ့ ငါကိုယ်တိုင်တောင် မေ့နေတာ၊ ဒါပေမယ့် သူက သတိတရနဲ့ ဝယ်လာပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဝတ်ထားတာ၊ ဒါပေမယ့် မင်းလဲ တစ်ခုထပ်ပေးတယ်ဆိုတော့ ငါ လဲဝတ်လိုက်တော့မယ်၊ ဒီလောက်ကြာနေပြီးကို သူစိတ်မဆိုးလောက်တော့ပါဘူး"

ကျန်းဟောက်လဲ သေချာမပြောတတ်တာကြောင့် ပုခုံးတွန့်ပြကာ မင်းသဘောဟုသာ ပြန်ပြောခဲ့သည်။

"မင်း ဆောင်းဟန်ဘင်းအိမ်ကို ဘယ်လိုသွားမှာလဲ?"

"ဂွန်ဝုလာခေါ်လိမ့်မယ်၊ ငါတို့တွေ ကိတ်တွေ မှာထားတာ သွားယူရဦးမှာ"

"အော်...."

"မင်းကရော?"

"ဆောင်းဟန်ဘင်းက သူခေါ်သွားပေးမယ်ပြောတယ်"

"ဒါဆို မင်း ဆောင်းဟန်ဘင်းနဲ့လိုက်သွားပြီး ဟိုမှာဘဲစောင့်နေလိုက်ပေါ့"

"Okay"

ညနေကျောင်းဆင်းသည်နှင့် ဆောင်းဟန်ဘင်းနဲ့အတူ ကျန်းဟောက် လိုက်လာခဲ့ပေမယ့် ဆောင်းဟန်ဘင်းမှာ ခါတိုင်းလို ကျောင်းရှေ့ဂိတ်တံခါးသို့ မသွားဘဲ အနောက်ဘက်သို့ သွားနေတာကြောင့် ကျန်းဟောက် မနေနိုင်ဘဲ မေးလိုက်သည်။

"ဘာလို့ ကျောင်းအနောက်ဘက်ကို သွားနေတာလဲ၊ ဘတ်စ်ကားနဲ့မပြန်ဘူးလား"

"Z အလယ်တန်းကျောင်းကို သွားမလို့လေ၊ အနောက်ဘက်ကနေဆို ပိုနီးတယ်"

Z အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းမှာ ကြားထဲတွင် လမ်း တစ်လမ်းသာခြားသည်။ သူတို့ကျောင်းရဲ့ အနောက်တံခါးဘက်၏ နောက်တစ်လမ်းဆိုတာနှင့် Z အလယ်တန်းကျောင်းကို ရောက်ပြီဖြစ်သည်။ ထို့ကြောင့်လဲ ဟန်ယူဂျင်းက ဆောင်းဟန်ဘင်းဆီသို့ အလွယ်တကူလာလည်နိုင်တာပင်။

"ယူဂျင်းကို သွားခေါ်မလို့လား"

"အင်း တစ်ခါတည်း ခေါ်သွားမလို့၊ နောက်တော့ ညီမလေးကလဲ အဲ့ကျောင်းမှာဘဲ၊ ဟန်ယူဂျင်းနဲ့က တစ်ကျောင်းထဲလေ၊ အဖေက ညီမလေးကို လာကြိုမှာ၊ ဒီဘက်ကို တစ်ခေါက်ထပ်လာဖို့ဆို ကျောင်းဆင်းချိန် လမ်းပိတ်တော့ ကြာမှာစိုးလို့ ဟိုကျောင်းမှာ ညီမလေးတို့နဲ့ အတူသွားစောင့်မလို့"

"မင်းမှာ ညီမလေးရှိတာလား"

ကျန်းဟောက် တကယ်ကို မသိတာကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"စကားမဆက်မိလို့ မပြောပြဖြစ်တာပါ"

ဆောင်းဟန်ဘင်းက ကြင်နာတတ်ကာ သူတစ်ပါးဘက်ကြည့်ပေးတတ်သည််မှာ ညီမလေးကြောင့်လဲဖြစ်နိုင်သည်ဟု ကျန်းဟောက်တွေးမိလိုက်သည်။ နောက်ပြီး ဆောင်းဟန်ဘင်းမှာ အသေးစိတ် ဂရုစိုက်တတ်သူလဲ ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်သူလဲဖြစ်သည်။ ဆောင်းဟန်ဘင်းလို အစ်ကိုမျိုးပိုင်ဆိုင်ထားတာကြောင့် ညီမဖြစ်သူမှာ အလွန်ပင်ကံကောင်းလှသည်ဟု ကျန်းဟောက်မတွေးဘဲမနေနိုင်ပါ။

သူတို့၁၀ မိနစ်ခန့်လမ်းလျှောက်လာပြီးနောက် Z အလယ်တန်းကျောင်းရှေ့သို့ ရောက်နေပြီးဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြပေမယ့် ဟန်ယူဂျင်းနှင့် ဆောင်းဟန်ဘင်း၏ ညီမဖြစ်သူကို မတွေ့ရသေးပေ။ ထို့ကြောင့် ဆောင်းဟန်ဘင်း ဖုန်းခေါ်ကြည့်လိုက်သည်။

"ဟယ်လို? ယူဂျင်းးး ထွက်လာနေပြီးလား? Hyung တို့ ကျောင်းရှေ့ရောက်နေပြီး"

"ကျွန်တော်ကျောင်းရှေ့ရောက်တော့မယ်"

"အင်းးးး ဆောင်းဟန်အာရမ်လဲ ပါတယ်မလား"

"ပါတယ် ပါတယ်၊ အတူလာကြတာ"

"Ok ဒါဆို ဖုန်းချပြီနော်"

ဆောင်းဟန်ဘင်း ဖုန်းချလိုက်သည်။

ကျန်းဟောက်တို့နှစ်ယောက်မှာ သိသိသာသာကို အရပ်မြင့်ကြသူတွေဖြစ်တာကြောင့် အလယ်တန်းကျောင်းသားများကြားတွင် ထင်ပေါ်လို့နေသည်။ ဆောင်းဟန်ဘင်းနှင့် သိသည့်ကျောင်းသား၊ ကျောင်းသူများမှာ နှုတ်ဆက်သွားကြပြီး၊ တချို့ မသိသောကျောင်းသူများမှာ အရပ်ရှည်ကာ ချောမောကြတဲ့ စီနီယာကျောင်းသားနှစ်ယောက်ကို တစ်ပြိုင်တည်း တွေ့လိုက်ရတာကြောင့် အလိုလိုရှက်သွေးဖျာသွားကြကာ ခြေလှမ်းခပ်သွက်သွက်လှမ်း၍ ထွက်ပြေးသွားကြသည်များလဲရှိသည်။ တချို့ဆို ရှေ့သို့သာခြေလှမ်းနေပေမယ့် အကြည့်တို့က နောက်တွင်ကျန်နေခဲ့ကြသည်။

"ဒါဆို မင်းရဲ့ မျိုးရိုးနာမည်က ဆောင်း တစ်လုံးထဲ မဟုတ်ဘူးပေါ့"

ဆောင်းဟန်ဘင်းက ခေါင်းညိတ်ပြလာကာ

"ဟုတ်တယ် မိသားစုနာမည်က ဆောင်းဟန်၊ နာမည်က ဘင်း တစ်လုံးထဲ၊ အဲ့ဒါကြောင့် ငါ့နာမည်က ဆောင်းဟန်ဘင်း၊ ညီမလေးက ဆောင်းဟန်အာရမ်"

"အော်...."

ကျန်းဟောက်မှာ နားလည်ပြီးဟူသော အမူအရာဖြင့် ခေါင်းညိတ်ပြကာ တစ်ချက်ပြုံးပြီးနောက် ချစ်စဖွယ် အသံလေးဖြင့် ဆိုလာသည်။

"ပင်းပင်း!"

"ဟင်?"

ရုတ်တရက်မို့ ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်ဘာကို ဆိုလိုချင်မှန်း နားမလည်တာကြောင့် ကြောင်အအလေး ဖြစ်သွားပုံကိုကြည့်ရင်း ကျန်းဟောက် သဘောကျစွာရယ်လိုက်သည်။

"ပင်းပင်းလို့ ခေါ်လိုက်တာလေ မင်းကို"

ဆောင်းဟန်ဘင်း၏ နာမည် ဘင်း မှာ တရုတ်လို အသံထွက် ဖင်းရင်းပေါင်းမည်ဆိုလျှင် 'ပ' အသံထွက်တာကြောင့် "ဘင်း" ကို "ပင်း" ဟု ပြောင်းခေါ်လိုက်ခြင်းဖြစ်သည်။

"အဲ့ဒါကြောင့် 'ပင်းပင်း'လို့ခေါ်လိုက်တာ"

ကျန်းဟောက် သူ့အား ပင်းပင်း ဟုခေါ်နေသည်မှာ ကလေးတစ်ယောက်အား ချစ်စဖွယ်အသံလေးပြုကာ စနောက်နေသည့်အတိုင်းပင်။ ရုတ်တရက်ဆိုသလို သူ့အား ကလေးလေးတစ်ယောက်လို ပြုမူဆက်ဆံနေတာကြောင့် ထို "ပင်းပင်း" ဆိုသည်အား ဘာကိုဆိုလိုမှန်း သူသိချင်သွားရသည်။

"ပင်းပင်း က ဘာအဓိပ္ပာယ်လဲ"

"ရေခဲ လို့ အဓိပ္ပါယ်ရတယ်"

ထို့နောက် ကျန်းဟောက်မှာ ဖုန်းကိုထုတ်ပြီးနောက် ဆောင်းဟန်ဘင်းရဲ့ ဖုန်းနံပါတ်အား အရင်ကမှတ်ထားခဲ့သည့် "Sung Hanbin" ကိုဖျက်ကာ "小冰冰" ဟု ပြောင်းမှတ်လိုက်သည်။ ဘေးနားတွင် ရေခဲတုံးအီမိုဂျီလေးတောင် ပါလိုက်သေးသည်။

ထို့နောက် ရှောင်ပင်းပင်း ဟု အသံထွက်ရေရွတ်ကာ

"အိုးး ချစ်ဖို့ကောင်းသားဘဲ"

ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။

ဆောင်းဟန်ဘင်းမှာ သူ့ရှေ့တွင် ကျန်းဟောက်လုပ်နေသမျှကို ကြည့်နေခဲ့ပြီး ဘာတစ်ခုမှ ကန့်ကွက်ခြင်းမရှိ ပြုံး၍သာ ကြည့်နေခဲ့သည်။

"စိတ်ကျေနပ်ရင်ပြီးတာပါဘဲ"

ထိုအချိန်တွင် ဟန်ယူဂျင်းနှင့် ဆောင်းဟန်အာရမ်တို့ အတူရောက်လာခဲ့ကြသည်။ ဟန်ယူဂျင်းမှာ ကျန်းဟောက်အားတွေ့သည်နှင့် ရွှင်ရွှင်ပျပျကို ပြုံးပျော်၍ သူ့အနားသို့ရောက်လာကာ နှုတ်ဆက်လေသည်။

"Hyung.... Hyung လဲ ပါလာတာလား"

အခုမှ တွေ့ဖူးတာ ဒုတိယအကြိမ်ဆိုပေမယ့်လဲ ဟန်ယူဂျင်းမှာ သိသိသာသာကို လူကပ်လေသည်။

"အင်း မတွေ့တာကြာပြီး ယူဂျင်း"

"ဟုတ်"

ဟုဆိုကာ ဟန်ယူဂျင်းက သူ့အနားတွင် လာရပ်နေလေသည်။ တစ်ဖက်တွင် ဆောင်းဟန်ဘင်း၏ အနားတွင်ရပ်နေသည့် ညီမဖြစ်သူက သူ့အားကြည့်လာကာ တစ်ခုခုကို တွေးတောပြီးနောက်

"ကျန်းဟောက်?"

"အာရမ်......ကျန်းဟောက်က အိုပါးရဲ့ သူငယ်ချင်းနော်"

ညီမဖြစ်သူက ကျန်းဟောက်ကို နာမည်တန်းခေါ်လိုက်တာကြောင့် ဆောင်းဟန်ဘင်းက ဝင်ထိန်းပေးသည်။

ကျန်းဟောက်ကတော့ စိတ်ထားမထားပေ။

"ဟမ်? ဘယ်လိုသိတာလဲ?"

"ညီမ မတွေ့ဖူးတဲ့ သူ့ရဲ့ သူငယ်ချင်းဆိုလို့ အိုပါးဘဲရှိတာ၊ လူသာမမြင်ဖူးတာ၊ နာမည်တော့ တော်တော်ရင်းနှီးနေပြီး၊ သူက-"

"ဒီနေ့ဘာလို့ ဒီလောက်တောင် စကားများနေတာလဲ"

ဆောင်းဟန်ဘင်းက စကားဖြတ်ပြောလိုက်တာကြောင့် အာရမ်မှာ သူ့အစ်ကိုအားလက်ညိုးလေးထိုးရင်း ငြိိမ်သက်သွားရသည်။

တစ်ဖက်တွင် ကျန်းဟောက်မှာလဲ ရွယ်တူဖြစ်စေ၊ ငယ်သူဖြစ်စေ မိန်းကလေးနှင့်ဆိုပါက စကားသေချာမပြောဖူးပေ။ ထို့ကြောင့် အိုပါး ဟု အခေါ်ခံလိုက်ရသည့်အခါတွင် သူအနည်းငယ် နေရခက်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။

"အိုပါးလို့ ခေါ်ခံရတာ တစ်မျိုးကြီးဘဲ"

"ဒါဆို ဘယ်လိုခေါ်ရမလဲ?"

" ကော? ကျန်းဟောက်ကော? ဘယ်လိုလဲ"

တရုတ်ဘက်မှာက "ကော" ဆိုသည့်စကားလုံးက ယောကျ်ား၊ မိန်းမ မရွေး သုံးကြတာမို့ သူ သိပ်ပြီးတော့ နေရခက်သည်ဟု မခံစားရပေ။

"ကျန်းဟောက်ကော"

ကျန်းဟောက်ပြုံးသာပြုံးလိုက်သည်။ ထိုအချိန်တွင် သူတို့ရှေ့ကို အမဲရောင် ကားတစ်စီးရောက်လာလေသည်။ ကားကို အရှိန်လျှော့ကာရပ်ပြီးသည်နှင့် မှန်ချလာသည့်အခါ ဆောင်းဟန်ဘင်းနှင့် ရုပ်ချင်းဆင်တူသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်အား တွေ့လိုက်ရသည်။

"အကြာကြီးစောင့်လိုက်ရလား? လမ်းမှာ ကားတွေကြပ်နေတာ"

"မကြာပါဘူး၊ ကျွန်တော်တို့တောင် အခုမှလူစုံတာ"

ဟန်ယူဂျင်းနဲ့ ကျန်းဟောက်မှာ ကားပေါ်မတက်ခင် ဆောင်းပါးပါး အရင်နှုတ်ဆက်လိုက်ကြသည်။

"အန်ကယ် မင်္ဂလာပါ"

"ဟန်ယူဂျင်း မတွေ့တာကြာပြီဘဲ၊ ဒီဘက်က သူငယ်ချင်းအသစ်ဖြစ်ရမယ်"

"ဟုတ်ကဲ့ မင်္ဂလာပါ"

"ကဲ ကဲ ကားပေါ်တက်ကြတော့၊ မေကြီးက အိမ်မှာတစ်ယောက်တည်း ပြင်ဆင်ရင်းစောင့်နေတာ"

သူတို့အားလုံးကားပေါ်တက်လိုက်ကြသည်။ အာရမ်က အရှေ့တွင် ဆောင်းပါးပါးနှင့်အတူထိုင်ပြီး ယောကျ်ားလေးတွေဖြစ်တဲ့ သူတို့သုံးယောက်ကတော့ နောက်ခန်းတွင် အတူဝင်ထိုင်လိုက်ကြသည်။

"အန်ကယ်အမှတ်မမှားဘူးဆိုရင် မင်းက ကျန်းဟောက်၊ ဟုတ်တယ်မလား?"

သူတောင် မမိတ်ဆက်ရသေးဘဲ သူ့ကို သိနေတာကြောင့် ကျန်းဟောက် အံ့အားသင့်သွားရသည်။

"အာ... ဟုတ်ပါတယ်"

"ဟန်ဘင်းက သူအိမ်ပြန်လာတဲ့နေ့တွေဆို သားအကြောင်းကို ပြောပြတယ်လေ၊ တရုတ်ကပြောင်းလာတဲ့ သူငယ်ချင်းအသစ်ထပ်ရတယ်တဲ့ စာလဲတော်တယ် ဒုတိယတောင် ရခဲ့တာတဲ့အရမ်းလဲချောတယ်တဲ့၊ အပြင်မှာတွေ့တော့လဲ တကယ်ကို ချောတာဘဲ"

"ကျေးဇူးတင်ပါတယ်"

ကောင်းသော ချီးကျူးစကားတွေဘဲရခဲ့တာကြောင့် ကျန်းဟောက်ပျော်သလို အနည်းငယ်လဲ ရှက်သလိုခံစားလိုက်ရသည်။ သူ ဆောင်းဟန်ဘင်းကို လှည့်ကြည့်လိုက်တော့ ဆောင်းဟန်ဘင်းရဲ့ နားရွက်တွေမှာ သိသိသာသာကို နီရဲနေတာတွေ့လိုက်ရသည်။ ထို့ကြောင့် တမင် စ နောက်ချင်လာရသည်။

"ငါတကယ်ဘဲချောတာလား"

ထိုအခါ ဆောင်းဟန်ဘင်းမှာ ပါးစပ်ကတော့ ထုတ်မပြောဘဲ လက်မထောင်ပြကာ ခေါင်းအားညိတ်ပြလာလေသည်။

"တကယ်လား?"

ဆောင်းဟန်ဘင်းခေါင်းညိတ်ပြကာ ထပ်၍ အတည်ပြုပေးပြန်သည်။

"တကယ်"

ကျန်းဟောက်မှာ သဘောကျစွာဖြင့် ပြုံးကာ မျက်နှာအားဝင့်ချီ၍

"ငါလဲ အဲ့လိုထင်တာဘဲ"

"ကျွန်တော်ရောဘဲ၊ ကျွန်တော်လဲ ကျန်းဟောက်ကောကို ချောတယ်လို့ထင်တယ်"

အာရမ်ကိုခေါ်ခိုင်းသည့်အတိုင်း ဟန်ယူဂျင်းကပါလိုက်ခေါ်၍ ထောက်ခံလာတာကြောင့် အာရမ်ကပါ နောက်လှည့်လာကာ

"ညီမလဲ အဲ့လိုဘဲထင်တယ်"

"အန်ကယ်ရောဘဲ"

အကုန်လုံးက ဝိုင်းပြောလာကြတာကြောင့် နောက်ဆုံးမနေနိုင်ဘဲရှက်သွားရသူမှာ ကျန်းဟောက်ဖြစ်သွားရသည်။

"ဟားးးဟားးးဟားးး"

အားလုံးပြိုင်တူရယ်မောလိုက်ကြပြီး ဆောင်းဟန်ဘင်း၏ အိမ်ရှိရာသို့ ကားလေးမှာ ပုံမှန်အမြန်နှုန်းဖြင့် သွားနေတော့သည်။

===============

Tbc...........

25 December,2024