Chapter 25: အပိုင်း (၂၄) ပထမနှစ် (B) အတန်းခေါင်းဆောင် : ဆောင်းဟန်ဘင်း.......?

My other halfWords: 24057

ပူပြင်းတောက်လောင်နေတဲ့ နွေရာသီ အကူးအပြောင်းနဲ့အတူ ပထမ စာသင်နှစ်ဝက်၏ နောက်ဆုံးစာမေးပွဲအတွက် ကြိုးစားရုန်းကန်နေကြရသည်။ စာသင်ချိန်အများစုမှာ ပြန်လည်လေ့ကျင့်ခန်းလုပ်သည်နှင့် ဆရာ၊ ဆရာမတွေ ပေးလာသည့် မေးခွန်းဟောင်းတွေကို ထိုင်ဖြေရရင်းသာ အချိန်ကုန်နေခဲ့သည်။

ပူပြင်းလှတဲ့ရာသီဥတုကြောင့် တချို့ကျောင်းသားတွေမှာ အခန်းအပြင်ပင် မထွက်ကြတော့ဘဲ စာသင်ခန်းထဲတွင် နေကြသည်။ သို့ပေမယ့် ရာသီဥတုပင် သူတို့ဘက်မပါသည်မဟုတ်။စာသင်ခန်းထဲတွင် အဲကွန်းကို အဆုံးထိ ဖွင့်ထားပေမယ့် သူတို့ရဲ့ ဦးနှောက်မှာ မီးခိုးငွေ့တောင် ထွက်တော့မည့်အလား။

ကျောင်းသားတွေမှာ ခေါင်းလောင်းထိုးသံကိုပင် မကြားချင်တော့သည်အထိ။ အဘယ့်ကြောင့်ဆိုသော် စာသင်ချိန် အကူးအပြောင်းတွင် ဆရာမတွေက တစ်ယောက်ပြီး တစ်ယောက် မေးခွန်းလွှာတွေကို ကိုင်ပြီး ဝင်လာသည့်မြင်ကွင်းကို မခံနိုင်တော့သောကြောင့်ဖြစ်သည်။

သို့သော်.......

တီ.....တောင်......

"ရေးးးးးးးးး"

ခေါင်းလောင်းထိုးသံကြားသည်နှင့် ပထမနှစ် (B) ခန်းမှ ကျောင်းသား အားလုံး ထ အော်မိလိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် နောက်တစ်ချိန်မှာ ကာယ အချိန်ဖြစ်သောကြောင့်ဖြစ်သည်။ ရာသီဥတု ဘယ်လိုပင်ဖြစ်နေပါစေ။ ယခုအချိန်တွင် ဤ အခန်းထဲက ထွက်ပြေးလွတ်မြောက်ချင်နေပြီး ဖြစ်သည်။

"လန့်လိုက်တာ! ဘာလို့ ထ အော်နေကြတာလဲ? မပြီးသေးရင် ဘယ်သူမှ ဒီအခန်းထဲက ထွက်ဖို့မစဉ်းစားနဲ့"

အသက် ၅၀ ကျော်အရွယ်ရှိနေပြီးဖြစ်သည့် င်္သချာဆရာမမှာ သူမ၏ မျက်မှန်ကို အပေါ်သို့ ပင့်တင်ရင်း ရာဇသံပေးလာခဲ့သည့်အခါ တစ်ခန်းလုံး ညည်းညူသံများဖြင့် ဖုံးလွှမ်းသွားရသည်။

အဆိုးဆုံးမှာ ဂယူဘင်ဖြစ်သည်။

"ဆရာမ! ကျွန်တော်တို့တွေ တစ်မနက်လုံး မေးခွန်းတွေချည်းထိုင်ဖြေနေရတာ ဒါနဲ့ပါဆို ၄ ဘာသာထိရှိနေပြီး၊ ကျွန်တော်တို့ အနားယူဖို့လိုအပ်နေပြီး"

"ဟုတ်တယ်၊ ဒီအချိန်လေးဘဲ နားရတာပါ၊ သနားပါနော်"

အခန်းထဲရှိ တချို့ကျောင်းသူများမှာလဲ ညည်းတွားလာကြသည်။

ထိုအချိန်တွင် သူတို့၏ အတန်းပိုင်ဖြစ်သူက မေးခွန်းတစ်ထပ်ကြီးကိုင်ကာ အခန်းရှေ့ရောက်လာသည့်အခါ (B) ခန်းရှိ လူတိုင်းနီးပါး အော်ငိုမိတော့မတတ်ပင်ဖြစ်သွားရသည်။

"ဆရာမတို့က သိပ်ရက်စက်တာဘဲ"

"အေးလေ နှစ်ဝက်စာမေးပွဲလေးဘဲကို၊ နောက်ဆုံးစာမေးပွဲလဲမဟုတ်ဘဲနဲ့"

သူတို့၏ အတန်းပိုင်ဆရာမရောက်လာသည်ကိုတွေ့တာကြောင့် သင်္ချာဆရာမ မှာ စာသင်ခန်းထဲမှ ထွက်ပေးဖို့ ပြင်တော့သည်။ ထို့ကြောင့် အတန်းခေါင်းဆောင်က ဦးဆောင်၍ ဆရာမအား နှုတ်ဆက်ကြသည်။

သူတို့၏ အတန်းပိုင်ဆရာမ ဝင်လာချိန်တွင် အားလုံးရဲ့ မျက်နှာအမူအရာမှာ နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ခံထားရသည့်အတိုင်း ဖြစ်နေတော့သည်။

ဆရာမက အတန်းရှေ့တွင် ရပ်ကာ ခုံပေါ်တွင် မေးခွန်းတစ်ထပ်ကြီးကို ဘုန်းခနဲမြည်အောင် တင်လိုက်သည်။

"ဘယ်လိုဖြစ်လို့ နှုတ်တောင် မဆက်နိုင်ကြတာလဲ"

ထိုအခါမှ အတန်းခေါင်းဆောင်က မတ်တပ်ရပ်ကာ ဦးဆောင်၍နှုတ်ဆက်လိုက်ကြသည်။

"မင်းတို့ စာမေးပွဲဖြေရမဲ့ရက်ကို သတ်မှတ်ပြီးပြီး၊ timetable က ဒီညနေ ရလိမ့်မယ်၊ အတန်းခေါင်းဆောင်က ညနေ ကျောင်းမလွှတ်ခင် ရုံးခန်းမှာလာယူပြီး အခန်းထဲက ကျောင်းသားတွေကို ဝေပေးပါ၊ notice board မှာလဲ ကပ်ပေးထားပါ"

"ဟုတ်ကဲ့ပါ ဆရာမ"

"ကဲ! နောက်တစ်ခုက....."

ဆရာမဖြစ်သူက သိသိသာသာပင် မေးခွန်းစာရွက်ကြီးကို ဘုန်းခနဲမြည်အောင် ရိုက်ပြလာသည့်အခါ အားလုံးမှာ တိတ်ဆိတ်သွားရပြီး အပ်ကျသံပင် ကြားနိုင်သည်အထိ ငြိမ်သက်သွားကြသည်။

"လိုတော့ မလိုအပ်ပေမယ့် သိထားရမှာ တစ်ခု ရှိတယ်၊ ဒီပထမနှစ်ဝက်စာမေးပွဲမှာ ကျတဲ့ ကျောင်းသားတွေကို နွေရာသီအားလပ်ရက်မှာ အချိန်ပိုခေါ်ပါမယ်"

သူတို့ကိုယ်တိုင် စာမေးပွဲမကျနိုင်တာကို သိပေမယ့်လဲ အားလပ်ရက်ဖြစ်တဲ့ ပူပြင်းလှတဲ့ ရာသီဥတုကြီးမှာ အပန်းမဖြေနိုင်ဘဲ ကျောင်းကိုလာပြီး အချိန်ပိုတက်ရမဲ့ ဒုက္ခဆိုးကြီးကို တွေးကြည့်ရုံနဲ့တင် ထိတ်လန့်စရာကောင်းနေတာမို့ ညည်းညူသံများ ထပ်ပြီး ထွက်လာကြသည်။

အတန်းပိုင်း ဆရာမဖြစ်သူက duster နှင့် စားပွဲခုံကို ထုကာ

"ဆိုလိုတာက.....မင်းတို့သာ စာမေးပွဲကျခဲ့မယ်ဆိုရင် နွေရာသီအားလပ်ရက်မှာကျောင်းကပို့ပေးတဲ့ ခရီးစဉ်ကို ပါဝင်ခွင့်ရမှာမဟုတ်တော့ဘူး"

ထိုစဉ် အခန်း၏ နောက်ဆုံးတန်းကနေ ကြမ်းပြင်ပေါ်တစ်ခုခုပြုတ်ကျသည့် အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ အားလုံးလှည့်ကြည့်လိုက်သည့်အခါ ဂယူဘင်တစ်ယောက် စိတ်လှုပ်ရှားသည့် မျက်ဝန်းတစ်စုံနှင့် မတ်တပ်ထရပ်လျက်ရှိပြီး သူ့ထိုင်ခုံမှာတော့ ကြမ်းပြင်ပေါ် လဲကျနေတော့သည်။

အနားရှိ Ricky မှာလဲ ဂယူဘင်ကြောင့် သူ့နားထင်ကိုသာ ဖိနှိပ်နေလိုက်သည်။

သူတို့ သိထားပြီးသား သတင်းစကားဆိုပေမယ့် ဆရာမဖြစ်သူဆီက တိုက်ရိုက်ကြားရသည့်အခါ ဝမ်းသာမဆုံးပင်။

"Wow!!!!"

"ရေးးးးး"

ပျော်ရွှင်ကာ အော်ဟစ်သံများက စာသင်ခန်း တစ်ခန်းလုံးကို ဖုံးလွှမ်းသွားသည်။

"ဒီတစ်ယောက်ကတော့ အမြဲတမ်း စိတ်လွတ်ကိုယ်လွတ်ဘဲ"

ကျန်းဟောက်တစ်ယောက် ဂယူဘင်ကို လှည့်ကြည့်ရင်း မနေနိုင်စွာခေါင်းခါလိုက်မိသည်။

"ကျန်းဟောက်!"

ဆရာမ ဖြစ်သူက သူ့ကို ခေါ်လိုက်တာကြောင့် ကျန်းဟောက် ခပ်မြန်မြန်အရှေ့သို့ ပြန်လှည့်လိုက်သည်။

"ဟုတ်!"

"ဒီတစ်ခေါက် စာမေးပွဲမှာ ကိုးရီးယား ဘာသာ အမှတ်တက်လာလိမ့်မယ် ယုံကြည်မှုရှိလား?"

"ရှိပါတယ်"

"ကောင်းတယ်၊ ဆောင်းဟန်ဘင်းက ကူညီပေးနေတယ်လို့ ကြားတယ်၊ ဒါပေမယ့်လဲ......"

ဆရာမက သူ့စကားကိုရပ်လိုက်သည်။

"ဒါပေမယ့်လဲ ဒီတစ်ခေါက် တစ်ကျောင်းလုံးမှာ ပထမရမဲ့သူက ကျွန်တော်ဘဲ"

"ကောင်းပြီး! ဆရာမ မင်းကို လုံးဝ မျှော်လင့်ထားတယ်"

ကျန်းဟောက် ခေါင်းညိတ်ပြလိုက်သည်။ ဒီတစ်ခါတော့ သူ ဆောင်းဟန်ဘင်းကို နိုင်မှာသေချာသည်။

"နွေရာသီအားလပ်ရက်မှာ ပို့ပေးမယ့် ခရီးစဉ်မှာ လိုက်မယ်ဆို အတန်းခေါင်းဆောင်မှာ နာမည်စာရင်းပေးထားကြပါ၊ ဒီအပတ်အတွင်း သေချာဆုံးဖြတ်ပြီး နာမည်ပေးကြ၊ အဲ့လိုမှလဲ ကျောင်းက စာမေးပွဲပြီးတာနဲ့ သွားနိုင်အောင် စီစဉ်ပေးလို့ရမှာ၊ ကဲ အားလုံး PE ဝတ်စုံလဲပြီး သွားလို့ရပြီး၊ ဆရာက မင်းတို့ကို စောင့်နေတယ်"

"ဟုတ်ကဲ့ပါ!!!!!"

"ရေးးးးး နင်သွားမှာမလား၊ စိတ်ကူးနဲ့တင် တအားပျော်နေပြီး၊ ဝတ်စုံသွားလဲရအောင်"

ဒီလိုနဲ့ အားလုံး ဝတ်စုံလဲရန် သွားကြပြီး အားကစားခန်းမ ရှိရာသို့ သွားလိုက်ကြသည်။

သူတို့ အားကစားခန်းမသို့ ရောက်သည့်အခါ ပထမနှစ် (A) ခန်းက လူတွေက တန်းစီကာ ထိုင်နေကြပြီး ဆောင်းဟန်ဘင်းနဲ့ ဂျန်ယူရီက စာအုပ် တစ်အုပ်နဲ့ နာမည်စာရင်းကောက်နေကြသည်ကို တွေ့လိုက်ရသည်။

"ဆောင်းဟန်ဘင်း!"

သူ့နာမည်အားခေါ်လိုက်သည်ကို ကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်သည့်အခါ နက်ပြာရောင် ကိုမှ ဘေးအစင်းအဖြူ sport suit ကို ဝတ်ဆင်ထားသည့် ကျန်းဟောက်က သူ့အား လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။

ကျန်းဟောက်က သူ့အနားလျှောက်လာတာကြောင့် လက်ထဲမှ စာအုပ်နှင့် ဘောပင်ကို ဂျန်ယူရီလက်ထဲ ထည့်ပေးလိုက်သည်။

"မင်းတို့လဲ PE ချိန်လား?"

"မဟုတ်ပါဘူး၊ တစ်မနက်လုံး မေးခွန်းတွေ ဖြေထားရလို့ ဆရာက လွှတ်ပေးလိုက်တာ၊ ပြီးတော့ အတန်းပိုင်ဆရာမတွေပြောပြီးပြီးထင်တယ် နွေရာသီခရီးစဉ်အကြောင်း၊ အဲ့ဒါ နာမည်စာရင်းကောက်နေတာ၊ ပြီးရင် ဆရာက ခရီးစဉ်မှာ လိုအပ်တဲ့အချက်တွေပြောမယ်ထင်တယ်၊ အ့ကြောင့် နှစ်ခန်းစီ လူစုလိုက်ကြတာ"

မေးခွန်းဖြေရသည်ဟု အသံကြားသည်နှင့် ကျန်းဟောက်ပင် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

"အာ.....မေးခွန်းတွေဖြေရတာ တအားပင်ပန်းတယ်"

"ပင်ပန်းနေပြီးလား?"

ကျန်းဟောက် နှာခေါင်းရှုံ့ကာ ခေါင်းညိတ်ပြလိုက်သည်။

"အင်း အင်း...နှိပ်ပေးမယ်"

ဟုဆိုကာ ကျန်းဟောက်၏ ပုခုံးနှင့် ဇက်ပိုးတို့ကိုအလှည့်ကျ နှိပ်ပေးတော့သည်။

ထိုစဉ် ကျန်းဟောက်တို့အတန်းမှ ဒုအတန်းခေါင်းဆောင်က သူတို့နှစ်ယောက်အားပြောလာသည်။

"မင်းတို့ကို အားတော့နာပေမယ့် နောက်မှ အလွမ်းသယ်ကြပါလား၊ ကျန်းဟောက် ဒီမှာ ခနလာထိုင်ဦး"

လှည့်ကြည့်လိုက်သည့်အခါ မတ်သရူးက သူ့အားနေရာဦးထားပေးကာ လက်ယက်လှမ်းခေါ်နေတာကို တွေ့လိုက်ရတာကြောင့် ကျန်းဟောက် ထိုနေရာသို့ သွားကာ ထိုင်လိုက်သည်။

ဆောင်းဟန်ဘင်းနှင့် သူ့အား ဝိုင်း စ နေကြသည်မှာ သူ ဆောင်းဟန်ဘင်း၏ ကျောင်းအင်္ကျီကို ဝတ်ပြီးနောက်ပိုင်းတွင် ပို၍ ရဲရဲတင်းတင်းဖြစ်လာခဲ့သည်။ ပိုဆိုးသည်က နောက်တစ်ရက်တွင် သူနှင့် ဆောင်းဟန်ဘင်း နှစ်ယောက်အတူ ကျောင်းပျက်ကြပြီး ကျောင်းပြန်တက်သည့်အခါတွင် သူက ဆောင်းဟန်ဘင်း၏ စာအုပ်တွေကို သုံးနေသည်အား တွေ့သည့်အခါ ပို၍ စ နောက်လာကြတော့သည်။

ပထမကတော့ နားမလည်နိုင်ပေမယ့် ဂယူဘင်က သူတို့နှစ်ယောက်အား ထိုကဲ့သို့ပြောသည််ကို ဖြေရှင်းဖို့ထက် အာရုံမစိုက်ချင်ရင် မစိုက်နဲ့ဟုသာ ပြောလာတာကြောင့် ကျန်းဟောက်လဲ ထိုကိစ္စကို အထူးတလည်လုပ်ပြီး ဂရုစိုက်မနေတော့ပေ။ ဒီလိုနဲ့ သူ့အား ဆောင်းဟန်ဘင်းနဲ့ စ နောက်နေသည်ကို နေသားကျလာခဲ့သည်။

ထောင့်အစွန်းတွေ ထိုင်နေတာမို့ ဆောင်းဟန်ဘင်းကလဲ သူ့အနားမှာ ရှိနေသည်။ ထို့နောက် သူတို့တစ်စု ခရီးစဉ် ကိစ္စအား ဆွေးနွေးကြတော့သည်။

"Ricky ကလိုက်မှာမလား?"

ဂယူဘင်က အစားဝင်ဖြေသည်။

"သူ လိုက်မှာ၊ မလိုက်လို့မရဘူး"

"Okay မတ်သရူးရော ငါရော သွားမှာ"

မတ်သရူးကလဲ ကျန်းဟောက်အား လှည့်ကြည့်ကာ

"ကျန်းဟောက်! မင်းကရော? မင်းအဖေနဲ့ ပြောကြည့်ပြီးပြီလား?"

ကျန်းဟောက် ဆောင်းဟန်ဘင်းကို တစ်ချက်လှည့်ကြည့်လိုက်သည့်အခါ ဆောင်းဟန်ဘင်းကလဲ သူ့အားပြန်ကြည့်နေသည့်ကို တွေ့လိုက်ရသည်။

ကျန်းဟောက်က အတူသွားမည့်အကြောင်းကို သိထားပြီးပေမယ့် ကျန်းဟောက်တစ်ယောက် သူ့အဖေဆီက ခွင့်ပြုချက် ရ မရကိုတော့ ဆောင်းဟန်ဘင်းလဲ မသိရသေးပေ။

ကျန်းဟောက် မတ်သရူးကို ပြန်လှည့်ကြည့်လိုက်ပြီး

"ငါပြောပြီးပြီး၊ အဖေက သွားလို့ရတယ်လို့ပြောတယ်"

"ဝိုးးးးကောင်းတယ်၊ ငါတို့အဖွဲ့လူစုံသွားပြီ ဒါဆိုရင်"

ထိုစဉ် ပထမနှစ် (A) ခန်းကလူတွေကလဲ ဆောင်းဟန်ဘင်းအား အော်ပြောလာသည်။

"အတန်းခေါင်းဆောင်၊ နင်က (A) ခန်းကို စာရင်းကောက်ရမှာနော်၊ အခန်းမှားနေပြီး"

ဂျန်ယူရီမှာလဲ မကျေမနပ်သည့် မျက်နှာနှင့် စာအုပ်ကို ကိုင်ကာ ရပ်နေသည်အား တွေ့လိုက်ရသည်။

သူ့ကို ဝိုင်း စနေကြသည်ကို စိတ်ဆိုးခြင်း လုံးဝ မရှိဘဲ ဆောင်းဟန်ဘင်းတစ်ယောက် ခပ်ပြုံးပြုံးဖြင့် ပြန်တုံ့ပြန်ရင်း ကျန်းဟောက်တို့အား နှုတ်ဆက်ကာ ဂျန်ယူရီဆီပြန်သွား၍ စာအုပ်ကို ယူကာ နာမည်စာရင်းပြန်ကောက်နေလိုက်သည်။

အတန်း နှစ်တန်းလုံး စာရင်း ကိုယ်စီ ကောက်ပြီးသွားသည့်အခါ ကာယ ဆရာက စာရွက်တစ်ရွက်အား ကိုင်ကာ သူတို့အရှေ့တွင်ရပ်၍ လိုအပ်သည့် အချက်အလက်နှင့် ပစ္စည်းများကို ပြောပြ၊ ရှင်းပြလာသည်။

ရသည့်အချိန် ၄၅ မိနစ်လောက်တွင် လိုအပ်သည့်အချက်များကို ရှင်းပြပြီးနောက် ဆရာက သင်ခန်းစာ မပေးတော့ဘဲ ကျောင်းသားတွေကို ပေးနားလိုက်သည်။ ထိုအချိန်တွင် ကျောင်းသားများ သူ့အုပ်စုနဲ့ သူ လူစုလိုက်ကြပြီး ကစားသူ ကစား၊ နွေရာသီခရီးစဉ်အတွက် အစီစဉ်ဆွဲသူက ဆွဲနှင့် လာမည့် စာမေးပွဲကိုပင် မေ့ကာ အပျော်ကြီး ပျော်နေကြတော့သည်။

===============

Tbc.......

26 January,2025

ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို နမ်းနေပုံအား ဆောင်းဟန်ဘင်းကိုယ်တိုင်ရိုက်ထားပုံ

ကျန်းဟောက်လေးက တရုတ်ကနေ ကျောင်းပြောင်းလာတဲ့ ကျောင်းသားနေရာကနေ သရုပ်ဆောင်ချင်ပါတယ်တဲ့ 🥺