Chapter 10: part 9{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 20347

''သား ခ ထတော့ အမေတို့ရောက်ပြီ"

မိခင်၏နှိုးသံကြားလိုက်တော့ မှ အိပ်ချင် မူးတူး ရုပ်ဖြင့် ပြူးပြဲ ထကာ မျက်လုံး နှစ်ဖက်ကို လက်ဖဝါးဖြင့် ပွတ်သီပွတ်သီလုပ်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သစ်ပင်များ စိမ်းစို အုပ်မှိုင်းနေသော ''အေးငြိမ်းချမ်းသာ ''ဆိုသည့် မိဘမဲ့ကျောင်းဝန်းကျင်နေရာ။

ကလေး တစ်သိုက်လည်း ပြေးလွှား ဆော့ကစားနေသော ကြောင့် သူတို့လေးတွေရဲ့ရယ်သံသည်လည်း ပျံလွင့် လျက်။

မနေ့က ညသန်းခေါင်ယံ ကျော်တဲ့အထိ ဒီက

ကလေးလေးများအတွက် ကိုယ်တိုင် Sweet Bunပေါင်မုန့်လုံးများကို ဒိုင်ခံအပင်ပန်းခံကာ ပြုလုပ် ထားသောကြောင့် အိပ်ရေးပျက်သော ဒဏ် ကြောင့်  မင်းမခ ခေါင်းက မကြည်မလင်။

ဘာဘဲဖြစ်ဖြစ် အိမ်ရောက်မှ အသား ကုန် အိပ်ရေးဝအောင် အိပ်ပစ်မည်ဟု အားခဲကာ မုန့်ထုပ်များ သယ်လျက် ကားပေါ်က ဆင်းလိုက်သည်။

မေမေ က ကားနောက်ဖုံးကနေ စာအုပ် ဒါဇင်နှင့် စာရေးကိရိယာများကို ထုတ်ကာ ဂေဟာရှိရင်းနှီး သိကျွမ်းနေပြီဖြစ်သော မိဘမဲ့ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များအား ပေးလိုက်သည်။

ကျောင်းဝင်းထဲတွင် Hyundai Grand Starex အဖြူရောင် Minivan ကား၊ light truck ကားနှစ်စီး ၊ Toyota Lancruiser Prado စုစုပေါင်း ကားသုံးစီး ရပ်ထားသည်ကို တွေ့ရသည်။ ကားပေါ်တွင်လည်း လှူ ဖွယ် ပစ္စည်း ပစ္စယများ အစုံအလင်။

မင်းမခစိတ်ထဲ

*ဒီနေ့ အလှူ ရှင် တွေရောက်နေတာဘဲ *

တွေးရင်း မိဘမဲ့ ကလေးများရှိရာ အဆောင်

ဘက်သို့ချီတက်လာသည်။

နေ့လည်စာ စားချိန်ဖြစ်သော ကြောင့် ကလေးများ ထမင်း စားဆောင်တွင် အားရပါးရ ခေါင်းပင်မဖော်နိုင် ငုံကာ စားနေသည်။ ထူးခြားစွာ နေ့လည်စာမှာကြက်ဆီထမင်းနဲ့ ရေခဲမုန့် ဖြစ်ပြီး ကလေး များမှာလည်း အင်္ကျီအသစ်စက်စက်လေးများ ဝတ်ဆင်ထားကြသည်။

*မိဘမဲ့ ကလေး 90 တောင်မပြည့်သော

ဤမြို့စွန်မြို့ဖျားရှိ လူသူအရောက်အပေါက်

နည်းသော မိဘမဲ့ ဂေဟာ သို့ ဘယ်လို သူဌေး ကများ လာပြီး ကုသိုလ် ဒါနပြုပါ လိမ့်် ?? *

မင်းမခ ကတော့ သူကိုယ်တိုင် လုပ်ထားသောမုန့်များကို ထမင်းစားပြီးသည့် အချိန်မှ ဝေမယ်ဟု စိတ်ကူးရင်း မျက်လုံးက တောင်ဘက်စွန်း စားပွဲဝိုင်းတွင် ကြက်ဆီထမင်းကို ဇွန်းနဲ့ မနည်း ကော်ကာ စားနေရသော ၄နှစ်အရွယ် ကလေးလေး တစ်ယောက်။

ကြက်သားကို မဖဲ့တတ် ဖဲ့တတ်ဖြင့် ကြိုးစားပြီး ဖဲ့နေရရှာသော  ကလေးလေး ။ဘေးက ကလေးများက အစာအာရုံထဲတွင်သာ ရှိနေသည့်အတွက်ကြောင့် ထို ကလေးငယ် အား ဂရုပြုမည့်ပုံမပေါ်။

ကြာတော့ မင်းမခလည်းမနေနိုင်။ ထို ကလေးငယ်အနားသွားပြီး ကြက်သားကို တစ်မျှင် ချင်းထွင်ပေးလိုက်သည်။ ကလေးလေးကတော့ သူအား

''ကျေးဂျူ တင်ပါတယ် ကိုကြီး ''

သွားပိုးစားနေသော သွားကျိုးလေးများဖြင့်

ပြုံးပြတော့ မင်းမခ က ထိုကလေးရဲ့ ဆံပင်လေးကို သပ်ရင်း

''ရပါတယ်ကွာ မလိုပါဘူး။ တစ်ခုခုလိုရင် အကိုကိုပြောနော် ''

ပြုံးကာ ပြောလိုက်သည်။ ကလေးလေးကတော့ ခေါင်းလေးငြိမ့်ရင်း

ထမင်းဆက်စားနေသည်။

မင်းမခတစ်ယောက် ထိုအချိန်တွင် အပေါက်ဝကနေ သူအား ဓာတ်ပုံ ချောင်းရိုက်သည့် ကောင်လေးတစ်ယောက်ရှိခဲ့သည် ကို သတိမထားမိခဲ့ပေ။

မင်းမခ တစ်ယောက် ကလေးလေးများအား

မုန့်တွေကိုယ်တိုင်ကိုယ်ကျ ဝေပေးပြီး

ကျောင်းဝင်းထဲသို့ ပတ်ကြည့်မိသည်။ မေမေကတော့ လူကြီးသူမများနဲ့ စကားလက်ဆုံကျနေသည့်အတွက်ကြောင့်  အပျင်းဖြေ စိတ်ဖြေလက်ဖျောက်ရန် မကြီးမငယ် ကလေးငယ်များနဲ့  ဆော့သည့်နေရာတွင် ဝင်ပါနေလိုက်သည်။

မလှမ်းမကမ်း အရိပ်ရသစ်ပင်အောက်ရှိ

ကွပ်ပျစ်ပေါ်တွင် ထိုင် နေသော အကွက်စိပ်

ပုဆိုးအပြာရင့်ရောင် နဲ့ အင်္ကျီအဖြူ

လက်ရှည်လည်ကတုံး ကို သေသေရပ်ရပ် ဝတ်ဆင်ထားပြီး ဆံပင်ကို ကျကျ နန နောက်လှန်းဖြီးထားပြီး ဖြူ ဝင်း ရှင်းသန့်နေသော မျက်နှာမှာ လက်ထဲကကိုင်ထားသော Sony Cameraထဲက ဓာတ်ပုံများကို ကို ကြည့်ကာ နားအထိ တက်မချိတ်ရုံတမယ် ပြုံးနေသည့် နှုတ်ခမ်းပါးတစ်သွယ် . . .နေရဲမာန်။ ဟုတ်ပါသည်။

ဒယ်ဒီ ဆုံးသည်မှာ 8နှစ်ပြည့်ပြီဖြစ်သောကြောင့် ဘုန်းကြီး တစ်ပါးဦစီး တည်ထောင် ထား သောမြို့စွန်းမြို့ဖျားရှိ''အေးငြိမ်းချမ်းသာ''ဟု အမည်ရသည့် ဤ ဂေဟာ တွင် ဒယ်ဒီအားရည်စူး၍ ကောင်းမှု ပြုလုပ်သော နေ့ကျမှ သူရဲ့ မင်းသားလေး မင်းမခအား တွေ့ခဲ့ရသည်။ ယခုလို မင်းမခနဲ့ လှူ ဒါန်းသည့်နေရာ တိုက်ဆိုင် သည်ကိုလည်း အံသြမိရသည်မှာ အမှန်။ Mandalay တွင် မိဘမဲ့ ဂေဟာပေါင်းများစွာရှိသည့်အနက်မှ လူသိပ်မသိ မြို့စွန်းမြို့ဖျားရှိ ဂေဟာကို စိုက်စိုက်မြိုက်မြိုက် ရောက်ခဲ့သည်မှာ ရေစက်ပင် တိုက်ဆိုင်ခဲ့တာလား သူမသိတော့။

ကံတွေဘဲအရမ်းကောင်း နေ သည်လား ။

သူမပြောတတ် ။ သူကို စတွေ့သည့်

နေ့ကတည်းက တစ်ရက် မပျက်မကွက် တိုက်ဆိုင်မှုပေါင်းများစွာဖြင့် တွေ့ရသည်မှာ

အကြိမ်ကြိမ်။

အခုလည်း ကြည့်လေ။ နေ့လည် စာ ထမင်း စားဆောင်ထဲသို့ သူဝင်မည် အလုပ်

ရုတ်တရက် တောင်ဘက်စွန်း စားပွဲဝိုင်းတွင် ကလေးငယ်လေးအတွက် ကြက်သားကူနွှာ

ပေးနေသော သူ ။ သူလိုပင် လည်ကတုံး

အဖြူရောင် လက်ရှည်ကို လက်ဖျံအထိခေါက်တင်ထားပြီး တိုက်ပုံပုံစံ ပုဆိုး နီညိုရောင်ကို ဝတ်ဆင်ထားသောသူ။

မသိစိတ် စိုးမိုးသွားသည့်အချိန်

သတိလက်လွတ်ဖြစ်ကာ ထို ကောင်လေး၏

လှုပ်ရှားပုံများကို camera တစ်လုံးဖြင့်

တဖျပ်ဖျပ် မှတ်တမ်းတင်နေလိုက်သည် ။

ထို ကောင်လေး သူအားမမြင်မိစေရန် ရှောင်နေကာ သစ်ပင် အရိပ်အောက်တွင် ဝင်ထိုင်ကာ ထို ကောင်လေး၏ snapshot ပေါင်း များစွာ တစိမ့်စိမ့်ကြည့်နေသည်။ ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်လောက် အထိန်းအချုပ်မဲ့ပြုံးမိသည်ဟု လည်း သတိမထားမိခဲ့ပေ။

''ခပ်ချောချော အကိုကြီး ''

camera ပေါ် စိတ်ရောက်နေသော နေရဲမာန် က လှည့်တောင်မကြည့်မိ။

''ဒီမယ် ခပ်ချောချော အကိုကြီး!!!''

အသံအနည်းငယ် မြင့်ပြီး ခေါ်လိုက်တော့မှ မာန်တစ်ယောက် လှည့်ကြည့် လိုက်ရာ

စူးရှရှ အသံလေးဖြင့် သူ ဘေးနားလေးမှ

လက်မောင်းအား လက်ညှိုးသေးသေးလေးဖြင့် တို့ကာ ခေါ်နေသော 6နှစ်အရွယ်ကလေးမလေး ။ သူအား ပေါင်မုန့်လုံး တစ်လုံးလှမ်းပေးနေသည်။

မာန် တစ်ယောက် ပေါင်မုန့် ကိတ်မုန့်မကြိုက်

သောသူ ဖြစ်သောကြောင့် မစားဘူး ဟု ငြင်းပြန်ရင်လည်း ထို ကလေး မလေး ဝမ်းနည်းသွားမည်မှာ အမှန်ပင်။ ဘာဘဲဖြစ်ဖြစ် ကျွေးတဲ့သူ ကျေနပ်သွားအောင် တစ်ကိုက်လောက် စားလိုက်ပါမည် ဟု ဆုံးဖြတ်ရင်း ထို ကလေးမလေးရဲ့လက်ထဲက Sweet Bun အား တစ်ကိုက်ကိုက်လိုက်သည်။

*တော်တော်အရသာရှိတာဘဲ။ ဒီ ကိတ်မုန့်က။ မာမီယူလာတဲ့ ပစ္စည်းအမယ်ထဲမှာမပါ ပါဘူး။ *

ဟု တွေးရင်း

''ကျေးဇူးညီမလေး။ ကိတ်မုန့်က တော်တော်

ကောင်းလှချည်လား။ဘယ်သူပေးတာလဲ''

ဟု မေးလိုက်သည်။

''ဒီ ကိတ်မုန့် ကိုကြီး စားလိုက်တော့။ ကို ကြီး အတွက် တစ်ခုပေးတာ။အရမ်း ချောလို့လေ

အဟီး . . . ဟို ဘက်မှာ ပုဆိုး အနီလေးနဲ့ကိုကို ကိုယ်တိုင် လုပ်လာပြီး သမီးတို့ကို တစ်ယောက်နှစ်ခုစီ ဝေပေးတာ။ ''

ကလေးမလေးရဲ့ လက်ညှိုးထိုးရာကို ကြည့်

လိုက်တော့ ငို နေသော ကလေး လေး

တစ်ယောက်ရှေ့ ဒူးထောက်ကာ မျက်ရည် လေးများ သုတ်ပေးနေသော ကြင်နာ တတ်သည့် နှလုံးသားပိုင်ရှင်ကောင်လေး ။

မျက်ရည် ရွှဲလဲဖြစ် နေသော ကလေးလေးအား အငို တိတ်စေရန် ပါးလေး ဖောင်းလိုက် မျက်လုံးလေးပြူးလိုက် လျှာလေး ထုတ်ပြလိုက် ဖြင့် ကျီစယ်ကာလုပ်ပြနေသော မင်းမခ ။ ရှေ့က ငိုနေသောကလေးက အငို ရပ်ကာ မင်းမခ လုပ်ပြနေသည့် facial expression အမျိုးမျိုးကိုကြည့်ကာ သဘောကျဟန်ဖြင့် တခစ်ခစ်ရယ်နေလေသည်။

နေရဲမာန် camera ကို အဝေးကနေ ချိန်၍

အနီရောင်သွေးကြောလေးများ သမ်းနေသော ပါးဖောင်းဖောင်း လေးလုပ်နေသော ချစ်စရာကောင်လေးတစ်ယောက်ပုံကို အလျင်အမြန် မှတ်တမ်းတင်နိုင်လိုက်သည်။

*မင်းလေးက ငါ တွေ့ဖူးသမျှ လူတွေထဲမှာ

စိတ်ဝင်စားစရာ အကောင်းဆုံးပါ ဘဲလား ။

မင်းလေးက ပျဉ်စလက်မျက်လှည့်လို ကိုယ့်ကို တစ်ခုပြီးတစ်ခု စိတ်ဝင်စားအောင်လုပ်ပြနေပါလား*

တွေးရင်း သူရှေ့တွင် ကိုယ်ထင်ပြကာ သွားနှုတ်ဆက်ချင် သော စိတ်တို့ကို ထိန်းချုပ်ရင်းအဝေးကနေ ငေးကြည့်နေကာ မင်းမခပြုလုပ်ထားသော ပေါင်မုန့်ကို တစ်ကိုက်ချင်း ကိုက်ကာ အရသာခံရင်း စားနေလိုက်သည်။

နေရဲမာန်တစ်ယောက် မင်းမခ အား GL

company ပိုင်ရှင် ရဲ့ သားတစ်ဦးအဖြစ်မသိစေချင်။ သိသွားလျှင် မင်းမခ အနေဖြင့် နေရဲမာန်အား လူရှိန် မည့် သဘော အလားအလာရှိသည့်သာမက မာန်အနေဖြင့် ရှေ့ဆက်တိုးဖို့ အခွင့်အရေး မရှိမည်မှာ ဧကန်ပင်။ဒါကြောင့် အခုတော့ သူလေးကို အဝေးကနေသာ ငေးကြည့်ခွင့်ရခဲ့သည်။

မင်းမခ ကား ပေါ်တက်တက်ချင်း ဘေးမှ

အမေ ဖြစ်သူအား

''မေမေ ဒီနေ့ကျောင်းဝင်းထဲမှာ ကားတွေအများကြီး ရပ်ထားတယ်နော်။ အလှူ ရှင်ပေါတဲ့နေ့ဘဲ။ ''

ခါးပတ်ပတ်ရင်း ပြောလိုက်သည်။

''မဟုတ်ဘူး သားရဲ့ ။ အလှူ ရှင် က GL(Golden Land) company ပိုင်ရှင် မိသားစု က ဖခင် ကွယ်လွန်တာ 8နှစ်ပြည့်တဲ့အတွက်ကြောင့် ရည်စူးပြီး လာလှူတာတဲ့။ မိဘမဲ့ဂေဟာအတွက် ကျပ်သိန်း 100တောင်လှူ ဒါန်းသွားတယ်''

''wow အာလောက်ကြီးတောင်လား ။သူတို့က တော်တော် ချမ်းသာမဲ့ပုံဘဲ ''

''imm GL company က မြန်မာနိုင်ငံရဲ့ top-ten companies တွေထဲမှာပါတယ်။

နာမည် လည်းကြီးတယ် ''

မိခင်ဖြစ်သူ က ကားမောင်းရင်း ဖြေလိုက်သည်။

''aww ဘာဘဲဖြစ်ဖြစ် သာဓု ပါ ဗျာ ။ ဒီလို မျိုး ချို့တဲ့လှသော မိဘ မဲ့ဂေဟာ အတွက် အလှူငွေ ဆိုတာ အရမ်း ကိုတန်ဖိုးရှိတယ်''

မင်းမခ ပြောရင်း စိတ်ထဲတွင် သူတစ်ပါး ပြုလုပ်လိုက်သော ဒါန ကောင်းမှုအား သာဓု

အကြိမ်ကြိမ် ခေါ်မိသည်။

''ဟုတ်တာပေါ့ ။ ''

အမေဖြစ်သူ ဒေါ်နန်းသင်းက ထောက်ခံပြော

လိုက်ရင်း ကားကိုသာ အာရုံစိုက် မောင်း ခဲ့သည်။

ဒီနေ့ မတွေ့ခဲ့ရတာကြာပြီဖြစ်သော

သူငယ်ချင်းဟောင်းဖြစ်သူ GL Company

ကြီး၏ ပိုင်ရှင် ဒေါ်သိင်္ဂီထက်နဲ့ တွေ့ခဲ့သည်ကိုတော့ သူမ မပြောခဲ့မိပေ။

~~~~~~~~~~~~~~~~~~~~~~~~~

Sweet Bun

Source from Pinterest