Chapter 11: part 10{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 30944

On Monday . . .

နေ့လည်12နာရီထိုးသောအခါ နေရဲမာန် တချိုးတည်း စာသင်ခန်းပြင်သို့ ထွက်ရန်ပြင်နေစဉ်

''မာန် ''

နေရဲမာန် ပုခုံးကို နောက်ကနေ လက်ဖြင့်

အသာလေး ပုတ် လိုက်ကာ ချိုသာ သော အသံဖြင့် လှမ်းခေါ်လိုက်သော ကြောင့် နောက်သို့လှည့်ကြည့်လိုက်ရာ UMM ရဲ့ fourth year  အလှဆုံး သတ်မှတ်ခံရသူ The whole queen မေမြတ်နဒီ ။ဘေးက သူ့ သူငယ်ချင်းမ အဖွဲ့။

အချောဆုံးဖြူ ဖွေး စိုပြေနေသော အသားအရေ မှာ သူမဝတ်ဆင်ထားသော အနီရင့်ရောင် မြန်မာဝတ်စုံ ဝမ်းဆက်နဲ့ထင်ပေါ်နေပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပြောစရာမလို အောင် အချိုးကျ နကာ ပြေပြစ်လှပနေသည်။

ပုခုံးကျော် လောက်ရှိသော ဆံပင်တို့မှာ

အောက်ဖျားတွင် ရွှေအိုရောင် ဆေး ဆိုးထားပြီး လှိုင်းတွန့်ပုံစံလို ကောက်ထားသောကြောင့် သူမရဲ့ဖြူ ဖွေး ကြော့ရှင်းနေသော လည်တိုင်နဲ့ ပနံတင့်လျက်။

ဖြောင့်စင်းသောနှာခေါင်း စင်ယော်မျက်ခုံးမွှေး ပိုင်ရှင် သူမ make up ခပ်ပါးပါးလိမ်းခြယ် ထားသော သော်လည်း အရမ်းကိုဆွဲဆောင်မှုရှိနေသည်။sexy ကျကျ အနီရောင်ဆိုးထားသော နှုတ်ခမ်းထက်မှ အလှဆုံး အပြုံး တစ်ခု ပန်ဆင်ကာ''မာန်တို့ သူငယ်ချင်းတွေ canteen သွားမှာမလား ?

နေ့လည်စာ အတူတူသွားစားရအောင်လေ။

တို့ဝယ်ကျွေးပါမယ် ။ ''

ကမ်းလှမ်းလိုက်သည်။

နေရဲမာန်နှင့် မေမြတ်နဒီ သည် နှစ်ဘက်မိဘများ ကြောင့် ငယ်စဉ်ကတည်းက ခင်မင်ရင်နှီးလာခဲ့ရသည်။ မာန် အား နဒီ စတွေ့ကတည်းက စိတ်ဝင်စားမိသော်လည်း ဖွင့်မပြောခဲ့ပေ။ မာန် ဘယ်လောက်ပင် ရည်စား ပွေရှုပ်ရှုပ် သူမနှင့်မဆိုင်သည့်အလား မသိချင်ယောင်ဆောင်နေခဲ့သည်။

ဒါကလည်းမာန်နှင့် နဒီ တို့၏ နှစ်ဖက် လူကြီး

မိဘချင်း ကတိကဝတ်ပြုထား သောသားသမီး ထိမ်းမြားရေး ကိစ္စကြောင့် မာန်၏ သတို့သမီးလောင်း (သို့) ဘဝလက်တွဲဖော်

သည် နဒီ ပင်ဖြစ်ရမည်ဟု ထစ်ထစ်ချ ယုံကြည် ထား သော ကြောင့် နဒီတို့ အခြား

ကောင်မလေး များလို တောက်တဲ့လို မာန်အနား တွယ်ကပ်နေစရာမလို ။

''တော်ပြီ နဒီ ကိုယ်သွားစရာရှိသေးတယ်။ bye သွားပြီ''

ခပ်မြန်မြန်ပြောပြီး ခြေလှမ်းကျယ်များ ဖြင့်

ကျောခိုင်းသွားလေတော့သည်။

ပေါင်းဖော်ပေါင်းဖက်နှစ်ကောင်ဖြစ်သည့် မျိုးမြင့်နဲ့ဟိန်းထက်က free စားရမယ့် ဝိုင်း ပါးစပ်ပေါက် ရောက်မှမာန်ကြောင့် ပြုတ်ကျရသဖြင့် မကျေမနပ်ရုပ်များဖြင့် သုတ်ခြေတင်ထွက်သွား သော မာန်နောက်မှ အမှီ လိုက်သွားသည်။

သစ်ပင် ဝါးရိပ်များ စိမ်းစို အုံမှိုင်းနေသော MU ရဲ့ လမ်းမကြီးများအထက်တွင် လေအဝှေ့ကြောင့် သစ်ရွက် စိမ်းများ လိပ်ပြာ လေး များသဖွယ် တဖြုတ်ဖြုတ် တဝဲဝဲကြွေကျလျက်။

ရေနီမြောင်းတစ်ဖက် ဘောလုံးကွင်း

နားတစ်လျှောက် အပြာရောင် ပလပ်စတစ်

အမိုးများဖြင့် မိုးထားသည့် အစားအသောက်

တန်းများ ။RC က စားသောက်ဆိုင်များလို အကျယ်တဝင့် မခင်းကျင်းထားသော်လည်း ရောင်းချသော အစားအစာများမှာ RC ထက် ပိုစုံပြီး မြန်မြန်ဆန်ဆန်ရသောကြောင့်

လာစားသည့် ကျောင်းသူကျောင်းသားများမှာလည်း ပြည့်နှက်လျက်။ ဝိုင်းအလွတ်ပင်မရှိ။ ရောင်းချသူများ မှာလက်မလှည်နိုင်အောင်ပင် ရောင်းကောင်းသည်။

မျက်လုံးတွေက တောင်စဉ် ကျီးမှောက်

ဝေ့ကြည့်ပြီး တစ်စုံတစ်ယောက်ကို လိုက်ရှာနေဟန်။ ဆိုင်ထဲက စားသောက်နေကြသော

ကောင်မလေး များအကြည့်က တော့

အနက်ရောင်ဘောင်းဘီ အိတ်ကပ်နှစ်ဘက်ထဲကို လက်ထည့်၍ခါးမတ်ကာ စတိုင်ကျကျ ဆိုင်ထဲ သို့ဦးတည် လမ်းလျှောက် လာသော မာန်အပေါ်သို့။

တွေ့ပါပြီ။ ဆိုင်အပြင်ဘက် မန်ကျည်းပင်ရိပ် အောက် တွင် တစ်ယောက်တည်း အိမ်က ထုပ်လာသော ထမင်းချိုင့်များ ဖွင့်ကာ အားရပါးရစား နေသည်မှာ ပါးနှစ်ဖက်မှာ ဖောင်းကားလျက်။

ဟင်းများကို ချိုင့်ထဲက တစ်ဇွန်းပြီး တစ်ဇွန်းထည့်ကာ လွေးနေသော မင်းမခ။ မသိလျှင် သူ့ချိုင့်ထဲက ဟင်းများကို တစ်ယောက်ယောက်ယူစားမှာကို စိုးရိမ်သည့်အလား ။

မာန်တစ်ယောက် တုံနှေးမဆိုင်း တော့ဘဲ

ထိုဝိုင်းသို့လျှောက်လာလိုက်သည်။

''အကို ဒီဝိုင်းမှာ ဝင်ထိုင်လို့ရမလား ညီ ?''

ခေါင်းမဖော်နိုင်အောင်ပင် လွေးနေသော

သူလေးက အသံကြားရာ ခေါင်းမော့ ကြည့်လိုက်တော့ မျက်လုံးလေးများ အဝိုင်းသားဖြင့် ပြူးကြည့်နေသည်။ ပါးစပ်ထဲမှာ အစားအသောက်များပင်မဝါးနိုင်။ နှုတ်ခမ်းက ပြုံး ရုံတစ်ချက်သာ ကွေးညွှတ်ထားပြီး ခွင့်တောင်းနေသော နေရဲမာန်။

တအံတသြဖြင့် သူဘေးတွင် ကြည့်တော့ ပလက်စတစ် ထိုင်ခုံက သုံးခုံတောင် ။ တစ်ခုံက ခြင်းတောင်း နေရာယူထားလျက်။

မင်းမခ အင်တင်တင်ဖြစ်နေသည်။

ထိုင်မခိုင်းလို့လည်းမကောင်း ။ သို့သော် သူ့သူငယ်ချင်းမနှစ်ယောက် ကလည်း အစားအသောက် သွားမှာတာ သည်မှာ ပြန်မလာသေး။ ဒီအတိုင်း မိုးထိုး မတ်တပ်ကြီးရပ်နေသည်မှာ အားနာစရာကောင်းလှသည်။

''ဟုတ် . . .ဟုတ်။ ရပါတယ်။ ထိုင်ပါ အကို ။ ''

မင်းမခ ပြောရင်း ထိုင်ခုံပေါ်က ခြင်းတောင်းကို

စားပွဲပေါ်သို့ပြောင်းရွှေ့လိုက်သည်။

မင်းမခ၏ ''ထိုင်'' ဆိုသော ခွင့်ပြုချက် ရသွားသည်နှင့် မာန်ကတော့ တုန့်နှေးမဆိုင်း မင်းမခအနီးတွင်နေ ရာ ဝင်ယူလိုက်သည်။

ကျန်တဲ့နှစ်ယောက်ကတော့ အသီးသီး နေရာ

တွင် ဝင်ထိုင်လျက်။

ရှေ့ ဆင့်နောက်ဆင့် ဆိုသလိုပင် မေနှင်း နှင့်

မြလေးက အကင်ပန်းကန်များ ကိုင်ကာ ရောက်လာကြသည်။ နှစ်ယောက်သမားမျက်နှာများက ပြုံး စိစိဖြင့် ။

ထိုင်စရာခုံ မရှိသည့်အတွက်ကြောင့် နေရဲမာန်နှင့် သူ့အပေါင်းအပါများလည်း ထိုင်ရမလိုလို ထရမလိုလိုဖြစ်နေသည်။ စကားပြော

သွက်လက်လှသော မေလေး(မေနှင်း) က ဆိုင်ကို ခုံ နှစ်ခုံ တောင်းကာ ဝင်ထိုင်လိုက်ရာ စုစုပေါင်း ဝိုင်းတစ်ဝိုင်းတွင် ခြောက်ယောက်ရှိသွားသည်။

''ခရာ နင်စားတာ မြန်တာ။ ငါတို့တောင်မစောင့်ဘူး''

မေလေးကထိုင်ထိုင်ချင်း စကားစလိုက်ရာ

''နင်တို့မှာနေတာ ကြာနေတာ။ ငါလည်း ဗိုက်ဆာနေပြီ ။ အာကြောင့် အရင်စားနှင့်လိုက်တာ။ sorry ဟာ။ နင်တို့အတွက် ဟင်းတော့ကျန်သေးတယ်။ ''

မင်းမခ ဟင်းထည့်ထားသော ချိုင့်နှစ်ဆင့်အား

မေနှင်းနှင့် မြလေးဖက်သို့တိုးရင်း ဖြေရှင်း

ချက်ပေးနေလေသည်။

ထိုစဉ်

'ကိုယ့်အတွက်ကော မပါဘူးလား? ''

နေရဲမာန် အပြောကြောင့် တစ်ဝိုင်းလုံး က

အကြည့်တွေက သူ့ဆီ။ မေလေးနှင့် မြလေး

ငုံးဥကင်များ ပါးစပ်ထဲတောင်မသွင်းနိုင်။

မျက်လုံးများ ကျွတ်ကျမတတ် ပြူးပြဲကြည့်နေကြသည်။

မင်းမခ ကတော့ နေမထိ မထိုင်သာဖြစ်ကာ

''ဟုတ် စားပါ အကို။ ကြိုက်သလောက် စားပါ။ ''

မာန်ကတော့ အေးအေးဆေးဆေးပင် မင်းမခရဲ့ချိုင့်ထဲက ကြက်သားတုံးများကို ဇွန်းဖြင့် နှိုက်ယူစားလိုက်သည်။ သူကြည့်ရတာ ပုံမှန်ပင်။ဘယ်သူကိုမှ ဂရုမစိုက်သည့်ပုံစံမျိုး။

king ရဲ့ ဂုဏ်ကို မထောက် သူရဲ့မထင်မှတ်ထားသည လုပ် ပုံလုပ်ရပ် များကို ကြည့်နေတဲ့မျက်လုံးပေါင်းများစွာပင်။ ဆိုင်ထဲက ကျောင်းသူများလည်း တီတိုးတီတိုးနဲ့။

ထိုစဉ် မြလေးက မင်းမခ အား တံတောင်ဖြင့်

တွတ်ကာ အချင်းချင်းမိတ်ဆက်ပေးရန် မျက်နှာကဲပြလိုက်သည်။

ဘေးက မိန်းကလေး မင်းမခအား မျက်နှာရိပ် ပြလိုက်သည့် ကို သတိထားမိသည့်အလား နေရဲမာန်က စ၍

''အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော်က

နေရဲမာန်ပါ။ fourth year UMM ကပါ။ ဒါကတော့ ကျွန်တော် ဘော်ဒါ တွေ မျိုး မြင့်နှင့်

ဟိန်းထက် ပါ။ ကျွန်တော်တို့ကို လည်း မင်းမခ လို ခင်နိုင်ပါတယ်။ ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆက်ဆံပေးပါဗျာ''

နှိမ့်ချကာ ဖော်ဖော်ရွေရွေ မိတ်ဆက်လိုက်သည်။ ဘေးက မာန်အပေါင်းအဖော်နှစ်ယောက်က လက်ပြလိုက်ပြီး သွား ၃၂ချောင်းလုံးပေါ်အောင် ပြုံးနေကြသည်။

မာန်ရဲ့ လုံးဝ မထင်မှတ်ထားသော ဖော်ဖော်

ရွေရွေ မိတ်ဆက်စကားပြောမှုကို တွေ့ရသော အခါ မေလေးနဲ့ မြလေးက မျောက် အုန်းသီးရသည့် မျက်နှာမျိုး ဖြင့်

''ညီမက မေနှင်းပါ။ မေလေးလို့ခေါ်လို့ရပါ

တယ်။

ဒါက မြလေးပါ။ မင်းမခကတော့

အထူးမိတ်ဆက်စရာ မလိုတော့ပါဘူး။ ရင်းနှီးပြီးသားတွေဘဲ။ သုံးယောက်လုံးက Botany Third year ကပါ ။အခုလို ခင်မင်ခွင့်ရတာ ညီမတို့ဝမ်းသာပါတယ်။''

သွက်သွက်လက်လက်ဖြင့် ဖော်ရွေစွာ

မိတ်ဆက်လိုက်သည်။

''မထင်ရဘူးနော်။အကိုလို ခန့်ချောချော kingကြီး က ဒီလောက်ဖော်ရွေလိမ့်မယ် လို့လုံးဝမထင်ထားတာ။ အကိုက ခ ပြောတဲ့မာန မင်းသားမဟုတ်ဘူးဘဲ''

မြလေးရဲ့စကားကို ကြားတော့ မာန် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

မင်းမခကတော့ ခေါင်းပင်မဖော်နိုင်။

စိတ်ထဲတွင် ချွန်းတုံးမမြလေး ကို

*တွေ့မယ် ချွန်းတုံးမ။ စစတွေ့တဲ့ လူကို ပလူးပလဲနဲ့ ။ဒီလိုရှေ့ကျမှ ကိုယ့်သူငယ်ချင်းတောင် ချောက်တွန်းတယ်။ *

မကျေမနပ် တေးထားလိုက်သည်။

''ကိုယ့်ရုပ်က အချေစတိုင်ရုပ်ပေါက်နေလို့လားဗျ။ haha ဒါနဲ့ ညီမတို့က ကိုယ့်အကြောင်း သိထားတယ်ပုံဘဲ။ king လို့တောင်ခေါ်တယ်ဆိုတော့''

''facebook မှာ ဒီလောက် cele ဆန်ပြီး

နာမည်ကြီးတဲ့ ခန့်ချော အကိုကြီးကို မသိရင် ညီမတို့တော်တော် တုံးနေပြီ။ ''

မေလေးရဲ့ မြှောက်ပင့် ပြောဆိုလိုက်မှုကြောင့် မာန်ကတော့

'' ညီမတို့ပြောမှဘဲ ကိုယ် ဘယ်လောက် popular ဖြစ်မှန်းသိတော့တယ်။ha ha''

မာန်ကတော့ အသစ်စက်စက်သူငယ်ချင်းမလေး နှစ်ယောက်နဲ့ စကားလက်ဆုံကျနေသလောက် ကျန်တဲ့ မင်းမခ မျိုးမြင့်နဲ့ဟိန်းထက်တို့က သူတို့တည်ရှိမှုတောင် အရေးစိုက်ပုံံမပေါ်။ စကားလည်းဝင်မပြောကြ။ ရုပ်တည်ကြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြသည်။ ထပြေးချင်မိသည့် စိတ်များ တဖွားဖွားပေါက်လျက် သူငယ်ချင်း မျက်နှာကြောင့် မနည်း ချုပ်တည်းထားရသည်။

မှာထားသည့် စားသောက်ပွဲများ လာချသောအခါ မြလေးနဲ့မေလေးက လူမှုရေးနားလည်သူပီပီ

''အကို မျိုးမြင့်နဲ့အကို ဟိန်းထက်တို့စားစရာ

မှာပြီးပြီလား?''

မေးလိုက်တော့မှ သုံးယောက်သမား

စားစရာမမှာရသေးသည့်အဖြစ်ကို သတိရသွားပြီး မှာလိုက်သည်။ မင်းမခကတော့

နို့ချဉ်တစ်ခွက်မှာလိုက်သည်။

စားပွဲဝိုင်းတွင်တော့ အာပူလျှာပူ ၊လက်ဖက်

ထမင်း၊ ပင်လယ်စာအကင် ၊ကော်ပြန့်ကြော်၊ ငါးဖယ်သုပ်၊မြီးရှည် ၊ မာလာဟင်း၊ နို့ချဉ်၊ ဖျော်ရည် များ ၊ချဉ်စပ် ခေါက်ဆွဲပြုတ် စသည့် အစားအသောက်များ

ပြည့်နှက်လျက်။ (Xing စားချင်နေသော အစားအစာတွေ 😁😁)

စားလိုက် သောက်လိုက် ဖြင့် ရင်းရင်းနှီးနှီးစကားပြောနေကြသော မင်းမခ တို့ စားပွဲဝိုင်းသည် ခါတိုင်းနေ့များနဲ့မတူ။

တမူထူးခြားစွာသူငယ်ချင်းသစ်များနဲ့

ပျော် ဖို့ကောင်းနေသည်။စစချင်း ဝစီပိတ်

တရားကျင့်နေခဲ့သော မျိုးမြင့်နဲ့ဟိန်းထက်တို့

လည်း တဖြည်းဖြည်း မင်းမခတို့အဖွဲ့နဲ့ ရင်းနှီးလာသည်။

အခြားဝိုင်းမှ ထိုင်နေသော ကျောင်းသူများကသန့်ပြန့်နေသော ကောင်လေး ချောချောလေးများရှိရာဝိုင်းသို့ မကြာခဏ ခိုးခိုး ရှိုးလျက် မင်းမခတို့အဖွဲ့အား အားကျနေကြသည်။

ခရဲ့သူငယ်ချင်းမလေးများက

စကားပေါသလောက် မင်းမခကတော့ စကားဝိုင်းထဲတွင် စကားအနည်းဆုံးဖြစ်ပြီး အထိုက်အလျောက်သာ ဝင်ပြော လေ့ရှိသည်။ များသောအားဖြင့် နို့ချဉ်ကိုသာ သောက်လေ့ရှိပြီး တော်ရုံတန်ရုံစကားမပြော။ ငြိမ်ပြီး သူများပြောနေတာကို ပြုံးလျက်နားထောင်နေသည်။

နေရဲမာန် စကားပြောရာတွင် တက်ကြွမှုမရှိသည့် ထိုကောင်လေး မင်းမခ အားအလိုမကျ။ သူလေးက နေရဲမာန် အလိုမကျဖြစ်နေသည်ကို သိမည်မထင်။

နို့ချဉ်ကိုပင် သောက်နေသည်မှာ သူရဲ့

ပန်းရောင် ဖူးဖူး နှုတ်ခမ်းတစ်ဝိုက်တွင် ပေနေသည်ကိုပင် သတိမမူမိ။ ကြာတော့ နေရဲမာန်မနေနိုင်တော့။

မာန်ရဲ့လက်က တစ်ရှုးဘူးထဲက tissueလိပ်ကို ဆွဲယူုပြီး ကိုယ်တိုင် သုတ်ပေးလိုက်သည့်အချိန်တွင်ဝိုင်းထဲက စကားသံများ ရုတ်ချည်းတိတ်ဆိတ်သွားပြီး ထူးဆန်းသော အကြည့်များ က နေရဲမာန်နှင့် မင်းမခဆိုသောကောင်လေးနှစ်ယောက်ပေါ်သို့။

မင်းမခလည်း သူအား tissue ဖြင့် သုတ်ပေးသော လက်ကို မဖယ်မိ။ အသက်မရှိသော ကျောက်ရုပ်ကြီးလို ငြိမ်သက်ကာ မျက်လုံးလေးများဝိုင်းစက်ကာ မာန်အား ကြည့်လျက် ။

'' အဟမ်း . . . မင်း ဒိန်ချဉ်ကို ဘယ်လိုသောက်နေတာလဲ ?ကလေးကျနေတာဘဲ။

ပါးစပ်မှာ ပွစိကို တက်လို့။ မင်းကိုအသိပေး

လိုက်ရင်လည်း နှုတ်ခမ်းနားမှာပေနေသော

ဒိန်ချဉ်တွေ မင်းမျက်လုံးနဲ့မြင်ရတာ မှမဟုတ်ဘဲ။အာတော့ မင်းသုတ်တာ ပြောင်ချင် မှပြောင်မှာ။ အာ့ကြောင့် အကောင်းနဲ့ ငါကိုယ်တိုင် tissue ယူပြီး သုတ်ပေးလိုက်တာ''

နေရဲမာန် သုတ်ပေးချင် တာတောင် သုတ်ပေးတယ်လို့မပြော။တခြားသူများအကြည့်ကြောင့် မင်းမခနားလည်အောင် သွယ်ဝိုက်ကာ အေးအေးဆေးဆေး ရှင်းပြရင်း

လက်ဖက်ထမင်းဆက်စားနေလိုက်သည်။ မင်းမခဆိုသော ကောင်လေးမှာ  ပါးနှစ်ဖက်ပေါ်တွင် အနီရောင်  လေးများရှပ်ပြေးလျက်။

''ကျေးဇူးတင်ပါတယ် အကို''

ဟု တစ်ခွန်းသာ ပြောပြီး သောက်လက်စ ဒိန်ချဉ်ကို ဖြေးဖြေးလေး သောက်နေရင်းနှုတ်ဆိတ်နေသည်။ ထမင်းဝိုင်းမှာတော့ ဆက်၍စကားသံများဖုံးလွှမ်းနေသည်။

မာန်ကတော့ သူကိုယ်တိုင် သူနှုတ်ခမ်းအား

သုတ်ပေးလိုက်သည်ကို စိတ်ထဲတွင်

ကျေနပ်မိသော်လည်း ကျေးဇူးတင်စကား

တစ်ခွန်းသာပြောပြီး ဖာသီဖာသာကောင်လေးအား ဘဝင်သိပ်မကျ။ သူကို စကားများများပြောလာစေချင်သည်။ သူကဘဲ အနေအေးလွန်းနေသလား ။ကိုယ်ကဘဲ အဖြစ်သည်းပြနေသလား

နားမလည်မိ။ကိုယ့်ရဲ့fbပေါ်က friend request ကို သူအခုအထိ လက်မခံသေးတာတောင် စိတ်ထဲတွင်မကျေနပ်မိ။

''ခ ကိုယ် မင်းကို friend request လုပ်ထားတောင် မင်းဘာလို့ကိုယ့်ကို လက်မခံသေးတာလဲ?''

နေရဲမာန်က မင်းမခအား ရုတ်တရက် အသွားအလာ မလွတ်သော မေးခွန်းကြောင့် မေလေးနဲ့မြလေးတို့က သံသယမျက်လုံးများဖြင့် ထိုနှစ်ယောက်အား တစ်ချက် တစ်ချက် ကြည့်လျက်။

မင်းမခ ကတော့ သူရဲ့ထူးဆန်းသော မေးခွန်း

ကြောင့် ကြောင်တောင်တောင်ဖြစ်ပြီး

''ဘာ friend requestလဲ အကို?''

မေးလိုက်ရာ

''facebook ပေါ်က friend request လေ။ ညီ ဘာလို့လက်မခံသေးတာလဲ အကိုကို ''

မင်းမခအား စေ့စေ့ကြည့်ပြီး နေရဲမာန် ပြန်မေးလိုက်သည်။ မသိလျှင် ရဲက မသင်္ကာ ကင်းသောသူအား အမှုစစ်နေသလိုပုံစံ။

မင်းမခ သွားတန်းလေးများပေါ်ရုံမျှ ပြုံးလိုက်ပြီး

''အော် . . .ကျွန်တော် facebook ကို log out လုပ်ထားတာ 5ရက်တောင်ရှိပြီ ။အလုပ်များနေတာနဲ့။ အာကြောင့် အကိုရဲ့ request ကို မမြင်သေးတာ။Sorryပါဗျ။ကျွန်တော်ဒီနေ့ facebook ကိုlog in လုပ်လိုက်ပြီး အကိုရဲ့ requestကို accept လုပ်လိုက်ပါ

မယ်။''

ကလေးလေးလို လက်ဟန်အမူအရာများဖြင့် သေချာရှင်းပြနေသော မင်းမခရဲ့ပုံစံအား ကြည့်ပြီး နေရဲမာန် မပြုံး ဘဲမနေနိုင်ပေ။

အခုလည်းကြည့်လေ။ မာန်ရဲ့မကျေမနပ်မေးခွန်းကို နားလည်သဘောပေါက်သည့်ပုံစံမျိုးဖြင့် မာန်ပင် လက်ခံပေးပါ ဟု အတင်းမတောင်းဆိုလိုက်ရ။fb ကို log in လုပ်ပြီး friend request ကို လက်ခံ ပေးမယ်တဲ့လေ။ တော်တော်ချစ်စရာ ကောင်းပြီး အကင်းပါးသောကောင်လေးပါလား . . . .

ထိုနေ့လည်က နေရဲမာန် မိတ်ဖြစ်ဆွေဖြစ်

အဖြစ် နေ့လည်စာ တစ်ဝိုင်းလုံးကို ဝယ်ကျွေးခဲ့ပြီး နောက်လည်း အတူတူ စားမယ်ဟုသော ပုံစံမျိုးဖြင့် ပြောကာ သူ့သူငယ်ချင်းများနဲ့အတူ ကားဖြင့် UMMသို့ပြန်သွားလေသည်။

~~~~~~~~~~~~~~~