Back
/ 33
Chapter 10

အပိုင်း(၉)

ကိုကို့ကို[completed]

''ဘာသံကြားလို့ ဘယ်သူ့ကလေး ကျူရှင် လာမတက်ဖူး ပြောပြော ငါ့သားတွေကို ရှင်းမြတ်ဆီပဲထားမှာ"

မကြည်ညိုအသံက အတော်ကျယ်တာမို့ ညီစေအိမ်ပေါ်ကနေ အတိုင်းသားကြားနေရသည်။

သူ့သားတွေကို မနက်တိုင်းအစောကြီး သူများအရင် လာပို့နေကျ။

''အိမ်က အကြီးမလည်း ရှင်းမြတ်လက်ထွက်ပဲ ခုပဲ ဒုတိယနှစ်ရောက်နေပြီ၊ငါ့သမီး ဘာဖြစ်လဲ ပြော"

မကြည်ညိုအသံက တဖြည်းဖြည်းဒေါသသံပေါက်လာသည်။ကိုကို ကတစ်ခုခုပြောပေမယ့် အသံတိုးတာမို့ညီစေ မကြားရ။

''ခိုင်ဝေလွင်ကိုကမှားတာ တကယ့်မိန်းမကို

သွားရင်ဖွင့်ရတယ်လို့ ၊ ရှင်းမြတ်တို့ညီအစ်ကိုက ဂျင်းညီအစ်ကိုတဲ့ အဲ့အိသက်ကပြောတာ သူ့သားအတုမြင်အတတ်ရမှာမို့လို့ မလွှတ်တော့တာတဲ့ဟယ်"

''----"

''ဘာဖြစ်လဲ ဂျင်းညီအစ်ကိုတော့  သူ့လင်တို့ညီအစ်ကို အမွေလုတာ သတ်ပွဲတောင်ဖြစ်မတတ်လေ အဲ့တာသွေးရင်းတွေ ဂျင်းညီအစ်ကိုအဖျားအနားလောက်တောင် ကြင်ကြင်နာနာရှိကြလား အလကားဟာတွေ ချစ်တာမင်္ဂလာပဲ ဘာဖြစ်လဲ ချစ်သာချစ်ကြ   ကြားလား ကိုစေ"

ဟင်...။

မကြည်ညိုက သူနားထောင်နေမှန်း ဘယ်လိုသိလဲ။

မဟုတ်မှ ကြားအောင်ပြောနေတာလား။

''ကစ်ကစ်အမေကပြောတယ် သူ့သမီးလေး က အစားတခုတ်တရသမားဆိုပေမယ့် ခုဆို ဖအေကိုဟင်းဉီးချပြီး စားတာကျင့်သားရနေပြီတဲ့ သူ့ဆရာလေးသင်ပေးတာတဲ့ အိမ်ကငါ့သားပေါက်လည်း ဟုတ်ကဲ့ နဲ့ ခင်ဗျာနဲ့ကို အလုံးချင်းကို ထပ်လို့ အိမ်က သူ့အဒေါ်တွေနဲ့ထားလို့ကတော့ အဆဲပဲတတ်မှာ ဘာမှတတ်မလာဘူး"

''---"

''ဘယ်သူဘာပြောပြော ဒီပတ်ဝန်းကျင်လောက် အေးချမ်းတာတော့ တစ်ရွာလုံးရှာ ရှိကိုမရှိဘူး

ငါ့ကလေးတွေလည်း ရှင်းမြတ်နဲ့ပဲ စိတ်ချတယ် ငါ့လောက် ဒီအိမ်ဝင်ထွက်တာ ဘယ်သူရှိမလဲ ညီကအစ်ကိုကို တိုတာလေးကလွဲလို့ ဘာမှ အနေမတတ်အစားမတတ်မတွေ့ရဘူး ဒါကိုများ

သွားပုပ်လေလွင့်နဲ့ "

ညီစေမနေ့ညကခေါင်းကနေရေလောင်းချိုးပြီး ည၂ရီလောက်ကြီး အဖျားထတက်တာဖြစ်သည်။ ညဉီးပိုင်းတစ်လျှောက်လုံးတော့ သူအိပ်မရတာမို့ ကိုကို့အသက်ရှူသံလေးနားစွင့်လိုက် ဆံပင်လေးတွေထိကြည့်လိုက်နှင့် အလုပ်ရှုပ်နေခဲ့သည်။

ကိုကိုဟာ သူ့ထက်မပိုရင်တောင် သူထက်မလျော့တဲ့မေတ္တာမျိုးရှိနေရှာတာသိရတော့ ရင်ထဲကကျေနပ်မှုတွေက တလှိုက်လှိုက်နှင့်။သူအဖျားတွေတက်တော့ ကိုကိုကနိုးလာပြီးရေပတ်တိုက်ပြီးဆေးပါတိုက်ပေမယ့် မိုးလင်းပိုင်းမှ သူအိပ်ပျော်ခဲ့တာဖြစ်သည်။ခုလည်း မကြည်ညိုအသံနားစွင့်ရင်းက မျက်လုံးတွေကျိန်းစပ်လာတာမို့ မျက်လုံးမှိတ်လိုက်ရင်း ခဏနေတော့သူအိပ်ပျော်သွားတော့သည်။

+++++++++++++++++++++

''ညီ ထအုံး ဆေးခန်းသွားမလား မိုးအုံ့နေတော့ မပူဘူး"

နဖူးကိုလက်ဖဝါးလေးနဲ့ ထိလာပြီး ခပ်တိုးတိုးပြောလာသူကြောင့် သူနိုးလာရသည်။

''ဘယ်နှနာရီရှိပြီလဲ"

''၁၂နာရီခွဲသွားပြီ"

''ကိုကို့ကလေးတွေရော"

''ပြန်လွှတ်လိုက်တာ ဒီနေ့တော့နေ့တစ်ပိုင်းပဲ--- နေ့ခင်းကျ ဘုရားပွဲသွားချင်ကြတယ်ပြောလို့ နေပူရင်တော့မလွှတ်ဖူးတွေးထားတာ ခုကမိုးအုံ့လို့ပြန်လွှတ်လိုက်တာ  ညီ ဆန်ပြုတ်သောက်အုံး ဘာမှလည်း မစားရသေးဘူး "

''ကိုကိုစားပြီးပြီလား"

''ဟင့်အင်း"

''ကျွန်တော် မျက်နှာသစ်အုံးမယ် ပြီးရင်ဆန်ပြုတ်သောက်မယ် ကိုကိုကထမင်းစား"

''အင်း ဆေးခန်းကရော"

''မသွားချင်ဘူး ကျွန်တော်ဘာမှမဖြစ်တော့ဘူး ညက ချွေးမတိတ်ဘဲ ရေချိုးလိုက်လို့ ကိုကိုသေချာစမ်းကြည့်"

လက်ကလေးကို ဆွဲယူပြီး သူ့နဖူးပေါ်ထပ်တင်လိုက်သည်။

''ကိုယ်ကမပူတော့ဘူး"

နဖူးပေါ်ကလက်ကလေးရုပ်မသွားခင် ဆွဲယူပြီး သူ့ပါးနဲ့ထိကပ်ကာ ကိုကို့ကိုနှစ်နှစ်ကာကာပြုံးပြမိသည်။

''ကျွန်တော် မကျန်းမာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ကျွန်တော်နဲ့အတူတူရှိပေးမယ်ဆိုတာကို ကိုကို့မျက်လုံးလေးတွေက ကျွန်တော့ကိုပြောပြနေတယ်"

ကိုကိုက ညီစေ့ကို ပါးချိုင့်လေးထင်းနေအောင် ပြန်ပြုံးပြလာပြီး  ရှုပ်နေတဲ့ ဆံပင်တွေကို သေချာသပ်ရပ်အောင် လုပ်ပေးသည်။

''ကျွန်တော့ကိုဖြေအုံးလေ"

''ကိုကို့မှာညီဘဲရှိတယ် ဘယ်အခြေအနေမှာဖြစ်ဖြစ် ညီ့ကိုထားမသွားဘူး ငယ်ငယ်ကတည်းက ခုချိန်ထိ ကိုကို့ကို ချစ်ပေးလို့ အများကြီးကျေးဇူးတင်တယ် "

ကျေးဇူးစကားဆိုလာသူ့ရဲ့ လက်ကလေးကိုသူ့ခေါင်းပေါ်က ဆွဲယူပြီး လက်ဖမိုးလေးကို ဖိနမ်းလိုက်သည်။

''ကျွန်တော့တစ်ယောက်ထဲကိုပဲ ဘဝထဲထားပေးလို့  တစ်သက်လုံးစာ ချစ်တယ်"

စကားတွေအများကြီးမပြောတဲ့ အမျိုးသားက သူ့ကို မျက်ဝန်းနက်တွေနဲ့ပဲ ဒီတိုင်းလေးကြည့်သည်။မျက်ဝန်းထဲက မေတ္တာတွေက တလက်လက်တောက်ပလို့နေသည်။

+++++++++++++++++"

''မနက်က မကြည်ညို ဘာတွေပြောတာလဲ"

အငွေ့တထောင်းထောင်းနဲ့ဆန်ပြုတ်ပန်းကန်လေးကို သူ့ရှေ့ချပေးလာသူကို မေးတော့ မျက်နှာကလေး အရိပ်အခြေတစ်မျိုးပြောင်းသွားသည်။

''ညီ ဒေါသမထွက်နဲ့နော် ကိုကိုပြောရင်"

ထမင်းပန်းကန်ထဲ အရွက်ကြော်ခပ်ထည့်ရင်း စကားပလ္လင်ခံသည်။

''ဒေါသထွက်စရာပါရင်တော့---"

''ပါလည်းမထွက်နဲ့ ကိုကိုကအဆင်ပြေတာမို့လို့"

သည်လို သည်းခံတတ်တာမျိုးတွေကြောင့်ခက်တာ။

''ပြောဗျာ မထွက်ဘူး"

''မအိသက်က သူ့သားကို ကျူရှင်မလွှတ်တော့ဘူး

ခိုင်ဝေလွင်နဲ့က အိမ်နားနီးတရင်းတနှီးရှိတော့ သူ ကိုကိုနဲ့ပတ်သက်လို့ ခံစားရတာတွေ ရင်ဖွင့်လိုက်မိတယ်ထင်တယ် မကြည်ညိုပြောတာပဲ အဲ့တာကို

မအိသက်က ကိုကိုတို့နှစ်ယောက်က မရိုးမသားအတူနေကြတာလို့တစ်ထစ်ချယူဆလိုက်လို့နေမယ် သူ့သားအတုယူမှားမှာစိုးလို့ မထားတော့ဘူးတဲ့"

''ဘာဆိုင်လဲဗျာ  ကျူရှင်ထားတဲ့ ရည်ရွယ်ချက်ကိုကစာသင်ဖို့မဟုတ်ဖူးလား  နေပါအုံး ခိုင်ဝေလွင်က ဘယ်လိုပြောမိလို့ သူကဒီလိုတွေးတာလဲ ကိုကိုကရော ဘယ်လိုငြင်းလိုက်လို့လဲ"

''တခြားမပြောဘူး ကိုယ့်ဘဝမှာ ညီပဲရှိတယ်လို့ပြောလိုက်တာ"

''ကိုကိုကဗျာ"

ညီစေ့မှာ ရယ်ရခက် ငိုရခက်နဲ့ ၊တကယ်ကို

ကိုနေရှင်းမြတ်ကိုလေးက သူ့တစ်မျက်နှာပဲကြည့်ခဲ့တာပဲ။

''ဘာလို့ အဲ့လိုပြောလိုက်တာလဲ"

''ကိုယ့်မှာ ဒီ့ပြင် ငြင်းစရာအကြောင်းပြချက် မလိုအပ်လို့လေ"

ညီစေက အူထဲယားယံလှိုက်လှဲလာမှုကို မတားနိုင်သည့်အဆုံး ဆန်ပြုတ်ပန်းကန်ချပြီး ထိုင်ရာကထကာ ကိုကို့ကို ထိုင်ခုံနောက်ကနေခါးကိုင်းပြီး ဖက်ထားမိတော့သည်။

''ကျွန်တော်ကတစ်ခုတည်းသော အကြောင်းပြချက်ပေါ့ ဒါဆို"

''အင်း"

''ကိုကို့ကို အသည်းယားလွန်းလို့ ဆန်ပြုတ်တောင်ဆက်မသောက်နိုင်တော့ဘူး သိရဲ့လား"

ပုခုံးလေးကို ဖွဖွညစ်ရင်းညီစေပြောတော့ ကိုကိုက

''မသောက်လို့တော့မရဘူး နေကောင်းဖို့လို

တယ်"တဲ့။

ထမင်းကို တစ်ဇွန်းချင်း ပုံမှန်စားနေသူက မလှုပ်မချောက်ကလေးဆိုပေမယ့် အပေါ်စီးက ကြည့်နေတဲ့ကောင်က နေရင်းထိုင်ရင်းကို ပိုပို ချစ်နေမိသည်။ချစ်မိမှန်း သိပြီးမှ ယောင်လို့တောင် မလျော့ဘဲ ရှေ့ကိုသာဆက်ဆက် တိုးချစ်နေရ၏။

ကိုကိုပေးတဲ့ချစ်ခြင်း​က ညီစေ့ကိုဒေါသငြိမ်းစေပြီး ပျော်ရွှင်မှုသာ ဖြစ်စေသည်လေ။

23/4/24

myathandarnaing

သဘောကျရင် Voteကလေးတွေပေးကြပါအုံးနော်☘️

Share This Chapter