Back
/ 33
Chapter 9

အပိုင်း(၈)

ကိုကို့ကို[completed]

ဘုန်းကြီးကျောင်းအနှံ့ ညောင်ရေလာလောင်းသူတွေပျားပန်းခတ်နေသည်။ကဆုန်လပြည့်နေမို့ ကျောင်းညောင်ပင်ကြီးကိုရေလောင်းကြသည်။

ထမ်းလာသည့်ရေအိုးထဲကရေကိုရေသွန်းပြီး

နို့ဆန်ပြုတ် တိုက်သည့်နေရာမှာ ကူညီညာဝိုင်းပြင်ပေးနေရသည်။

လုပ်ရင်းကိုင်ရင်း ကိုကို့ကိုမတွေ့တော့တာမို့ ညီစေလိုက်ရှာသည်။ဘုရားထဲသွား

ကြည့်တော့လည်းမတွေ့ ၊ကျောင်းပေါ်မှာလည်းမတွေ့၊ညောင်ပင်မှာလည်းမရှိ။သိမ်ရှေ့က ကံ့ကော်ပင်နားခုံမှာတော့ မရှိဘူးထင်မိသော်လည်း ကိုကိုသည် မထင်ထားပါဘဲ အနှီနေရာတွင်ရှိနေခဲ့သည်။ကိုကို့ဘေးမှာ ခိုင်ဝေလွင်။စကားတွေပြောနေကြသည်။ကိုကို့ကျောပြင်ကိုဘဲ မြင်ရပေမယ့် မိန်းကလေးမျက်နှာကပြုံးလို့။ရက်ပိုင်းအတွင်း နိမ့်လိုက်မြင့်လိုက် ဖြစ်နေခဲ့တဲ့ ခံစားချက်တချို့က ဒီနေ့သေချာသွားသည်ထင်ရဲ့။

ကိုကိုဟာ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့ဆို သေချာပေါက် ခိုင်ဝေလွင့်ကို ရွေးတော့မည်ပင်။ရင်ထဲကနာပေမယ့် ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို သဘောကျတာဟာ သဘာ၀ပဲလေ။ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့ သူကသာ မှားနေခဲ့တာမလား။

စတုဒီသာကျွေးသည့်နေရာပြန်လာခဲ့သည်။

''ဟေ့ကောင် ညနေငါလာမယ်"

ညီစေပြောတော့ ဆန်ပြုတ်သောက်နေတဲ့ဆိတ်ကြီးက ခေါင်းငြိမ့်ပြသည်။

++++++++++++++++++++

''ကိုကို ကျွန်တော် အပြင်ခဏသွားမယ်"

အိမ်ရှေ့အရောက် ဆိုင်ကယ်ပေါ်ကကိုကိုဆင်းသည်နှင့် ပြောချင်ရာ ပြောပြီး ဆိုင်ကယ်ကို တရှိန်ထိုးမောင်းထွက်သည်။ဆိတ်ကြီးအိမ်ရှေ့ရောက်တော့ဆိတ်ကြီးက အသင့်စောင့်နေသည်။

''ဘယ်ကိုလဲ စေကြီး"

''ကိုငွေဆောင်ဆိုင်"

''ဘာ"

ဆိုင်ကယ်နောက်ကထိုင်လိုက်သည့်ဆိတ်ကြီးခမျာ အလန့်တကြား။

''အဆန်းကြီးပဲဟေ့----ကိုကိုနဲ့တစ်ခုခုငြိလာပြီထင်တယ်"

ဆိတ်ကြီးတောင်သိသည်ပဲ။သူ့ဘ၀ရဲ့ အပျော်ဖြစ်ဖြစ်၊အငိုဖြစ်ဖြစ်  ကိုကို့ကြောင့်ပဲ ဖြစ်တယ်ဆိုတာကို။

''အလို----မိုးရွာမယ်ထင်တယ်"

ကိုငွေဆောင်က ညီစေ့မြင်တော့ အလန့်တကြားပြောလာသည်။

''၃လုံးချ ကိုငွေဆောင် ကျွန်တော် အပြတ်သောက်မှာ"

''ဟာ"

ညီစေက ထန်းရည်ဘူးတွေရတာနဲ့ တန်းမော့တော့သည်။

''ဟေ့ကောင် ဟုတ်မှလည်းလုပ်အုံး"

ဆိတ်ကြီးရဲ့ သတိပေးသံ။

စိတ်ရှိသမျှသောက်ချရင်း မူးဝေလာသည်။ သူကအူအရိုင်းဖြစ်သည်မို့ ခဏနဲ့ရေချိန်ကိုက်သွားတော့သည်။

+++++++++++++++++++

''ကိုကိုတော့ဆူတော့မှာပဲ"

မှောက်နေရာက ကုန်းရုန်းထသူကို ဆိတ်ကြီးကဖမ်းထိန်းသည်။

''မင်းအခြေနေမကောင်းဘူး  ငါပို့မယ်"

''နေအုံး ရေဘူး၀ယ်ပေး နံကုန်ပြီထင်တယ်"

လက်ထဲရေဘူးရောက်တော့ ဆယ်ခါမက အာလုတ်ကျင်းပစ်သည်။

သို့သော် အနံ့ကရှိနေသေးသည်။

ခေါင်းထဲလည်းနောက်ကျိနေသည်။

ဆိတ်ကြီးက ဆိုင်ကယ်ကို ခြံထဲထိမောင်းပြီးပို့သည်။ ည၇နာရီနားကပ်နေပြီမို့ အိမ်ဝမှာကိုကိုက ရပ်စောင့်နေသည်။ ညီစေဘယ်လိုမျက်နှာပြရမည်နည်း။

''ညီ"

စိုးရိမ်မှုတွေ အထင်းသားနဲ့မျက်နှာကလေး။

သြော် ဒီမျက်နှာပိုင်ရှင်လေးကို မိန်းမတစ်ယောက်လက်ထဲထည့်ရတော့မယ်တဲ့။ ဂရုတစိုက်ရှိတတ်

သည့် အမျိုးသားသည် သူ့ချစ်ဇနီးကိုသာဆိုရင်

''တောက်"

သူ့တောက်ခေါက်သံကျယ်ကြီးကြောင့် ရှင်းမြတ်မျက်လုံးပြူးသွားသည်။

''ညီ ဘာဖြစ်တာလဲ ရန်ဖြစ်လာသလား ကိုကိုမေးနေတယ်"

အိမ်ပေါက်၀ကမေးနေတဲ့လူကို လက်မောင်းနှစ်ဖက်ကနေ သူ့အနားဆွဲခေါ်မိသည်။

''ကျွန်တော့ကိုကြည့်ထားကိုကို ကိုကိုရှိနေတာတောင် ပျက်ယွင်းနေတဲ့ကောင် ကိုကို မရှိရင် ဘ၀ပျက်မယ့်ကောင်"

မူးနေလို့လားမသိ သဝန်တိုစိတ်၊မစွန့်လွှတ်နိုင်စိတ်တွေက ရုန်းကြွလာသည်။

''မူးနေတာလား အေးဆေးပြောမယ် စိတ်ကိုလျှော့စမ်းညီရယ်"

ကိုလူအေးက လေပြေဖြူးနေပေမယ့် သူ့ရင်ထဲမှာက မုန်တိုင်းထန်နေတာလေ။နှစ်ယောက်ပဲရှိတဲ့ ဘ၀မှာ သူကရူးနေလို့ တစ်ယောက်သူများလက်ထဲထည့်ပေးရမှာလား။

''အေးဆေးပြောလို့မရဘူးကိုကိုရဲ့ ဒီကိုကြည့်ကိုကို  ညီစေဦးမှာ ကိုကိုပဲရှိတယ် နော် ဘယ်မိန်းမမှလဲမယူနဲ့ ဘယ်မိန်းမလက်ထဲမှလည်း မထည့်နိုင်ဘူး ကိုကိုရှင်းလား "

''ညီဘာတွေပြောနေတာလဲ"

''ဆရာမခိုင်ဝေနဲ့ကိုကိုနဲ့ကဘာတွေလဲ

ကိုရှင်းမြတ်နဲ့ ခိုင်နဲ့ ဘာတွေလဲ ကိုကိုသူ့ကိုပြန် ကြိုက်မိနေပြီမလား"

''မဟုတ်တာတွေပြောနေပြီ"

အကြောက်အကန်ငြင်းမလာသည်မို့ သူအားမလိုအားမရဖြစ်ပြီး မျက်နှာကို အကြမ်းပတမ်း ပင့်ယူသည်။ဝဲနေတဲ့ မျက်ရည်တစ်ချို့ကြောင့် သူအသိစိတ်ကလက်ကနဲ။

''ဆော ဆောရီးကိုကို ကျွန်တော်လွတ်သွားတယ်"

ကိုကိုရှေ့က ထွက်လာပြီး ရေချိုးခန်းထဲ တန်း၀င်ပစ်သည်။ခေါင်းကနေတဝုန်းဝုန်းလောင်းချသည့်တိုင် အရှင်းမကြည်လင်သေး။စကားတွေ လွန်မိသွားတာကို သူဘယ်လို တောင်းပန်ရပါ့မလဲ။အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ပုဆိုးနဲ့အင်္ကျီကအသင့်။

''ကိုယ်တို့ သေချာစကားပြောသင့်ပြီ"

နောက်ကအသံကြောင့် သူလှည့်ကြည့်တော့ ကိုကို က ထွက်သွားပြီဖြစ်သည်။

ကွပ်ပျစ်ပေါ်ဖျာကျနေသည့် လရောင်က လင်းလင်းထင်းထင်း။လရောက်အောက်ကအမျိုးသားက ခပ်မော့မော့လေး လမင်းကိုငေးကြည့်နေသည်။

''ကျွန်တော်မှားတယ် တောင်းပန်ပါတယ် ကိုကို"

ဘေးက၀င်ထိုင်ရင်း အလိုလိုထွက်ကျလာတဲ့ တောင်းပန်စကား။သူ့ဘ၀မှာ ကလေးကတည်းက ဘာဖြစ်လာလာ သူ့ဘက်ကပဲတောင်းပန်ဖို့ ရည်ရွယ်ထားမိသူက ကိုကို့တစ်ယောက်တည်းသာ။

''ကိုကိုက ရည်ရွယ်ချက်များများစားစားရှိတဲ့ သူတစ်ယောက်မဟုတ်ဘူးလို့ပြောရင် ညီလက်ခံမလား"

သူ့ကိုမကြည့်ဘဲမေးလာသူ။

''ကိုကို အိပ်မက်တွေအများကြီးမထားဘူးညီ  ညီတစ်အိုးတစ်အိမ် မဖြစ်မချင်း ညီနဲ့နေမယ် စာသင်မယ် ဒါလေးပဲတွေးထားတာ"

''ကျွန်တော်က သေတောင်မယူဘူး"

ကိုကို့စကားကြောင့် သူပိတ်ပြောမိရသည်။

''ထုတ်မပြောဖြစ်ပေမယ့် ညီအိမ်ထောင်ကျသွားရင် ကိုကို လောကီထဲမှာ မနေတော့ဘူး ရည်ရွယ်ထားတာ"

''ကိုကိုက မဟုတ်တာဗျာ"

ဘယ်လိုနည်းနဲ့မှကို ဝေးလို့မဖြစ်တာမို့ ထောက်ချထားတဲ့ လက်ကို ဆွဲယူပြီး သူ့လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်မိသည်။

''တကယ်ညီရဲ့ ဒီကိုကြည့်"

သူ့လက်တွေ့ပေါ် ထပ်ကိုင်လာတဲ့ နောက်လက်ဖဝါး

လရောင်အောက်ကမျက်၀န်းက မျက်ဝန်းတွေက မျက်ရည်ဝေ့လည်လည်နဲ့။

''ကိုကို့ဘဝမှာ ညီပဲရှိတယ်"

ကိုးလုံးသော စကားက သူ့ရင်ထဲက အပူကို တမုဟုတ်ချင်း ညှိမ်း၏။

''ကိုယ် ခိုင်ဝေလွင့်ကို သေချာရှင်းပြပြီး ငြင်းခဲ့တယ်"

''တကယ်လား"

''အင်း"

ခေါင့်ငြိမ့်ပြသူကြောင့် ယိမ်းထိုးလာတဲ့ ရင်ခုန်သံ။

စကားတွေအများကြီး ပြောစရာမလိုအောင် ကိုကိုနဲ့ညီစေဟာ တစ်သားတည်းရှိနေခဲ့ကြောင်းကို ညီစေသဘောပေါက်လိုက်ပြီဖြစ်သည်။ကိုကိုဟာလည်း သူ့အပေါ် မေတ္တာရှိနေခဲ့သည်ပဲ။

တမာနံ့သင်းတဲ့ဒီခြံဝန်းဟာ ဒီညတော့ လရောင်ခပြီး

ငြိမ်းမြနေတော့သည်။

23/4/24

Myathandarnaing

Share This Chapter