Back
/ 33
Chapter 8

အပိုင်း(၇)

ကိုကို့ကို[completed]

''ကိုကို  လေးနာရီခွဲကျော်ပြီ သွားကြမယ် ထ"

ကုတင်ခေါင်းရင်းက မီးပွင့်လေးကို လှမ်းဖွင့်ရင်း ကိုကို့ကိုနှိုးရသည်။ ဒီနေ့က မေမေ့နှစ်ပတ်လည်နေ့။မနက်ဆွမ်းဖို့ ညကတည်းက အကုန်ပြင်ဆင်ထားကြသည်။ဆွမ်းအမှီ သွားပို့ရမှာမို့ ကိုကိုကို နှိုးရခြင်းပင်။

''ဆွမ်းချိုင့်တွေရော"

''ကျွန်တော်ထည့်ပြီးပြီ ထ"

''အင်း"

နည်းနည်းရှုပ်နေတဲ့ ဆံပင်တွေ သပ်ပေးရင်း မျက်နှာသုတ်ပဝါ ပါလက်ထဲထည့်ပေးတော့

ကုတင်ပေါ်က ခပ်သုတ်သုတ်ဆင်းသည်။

''ဆွမ်းတော့မှီပါတယ်နော် ညီ"

''မှီတယ် စောသေးပါတယ်"

ကိုကိုမျက်နှာသစ်ပြီးပြန်တက်လာတော့ သူတို့အ၀တ်အစားတောင် မလဲဖြစ်ဘဲကျောင်းဆီလာကြသည်။ဘုန်းကြီးကျောင်း ရောက်တော့ ဆွမ်းစားဆောင်ဆီ ကပျာပြေးရသည်။ ဆွမ်းဝိုင်းပြင်တုန်းရှိသေးသည်။ ဦးပဉ္ဇင်းလေးဆီ ဆွမ်းကပ်ပြီး ပါလာသည့် ဘုရားပန်းစည်းကိုပါ ဘုရားမှာလှူဖြစ်ကြသည်။

''ကိုကို"

''ဟင်"

''မေမေက ကောင်းမွန်တဲ့ဘုံဘ၀မှာ

ရှိနေမှာမလား"

''သေချာပေါက်ပေါ့ ညီညီရယ်"

ကျောင်းလှေကားကဆင်းတော့ ကိုကိုက ညီစေ့ပုခုံးကို ဖွဖွဖက်ထားသည်။

''မုန့်ဟင်းခါး စားမလား"

''အင်း"

ပြန်တော့ မိုးစင်စင်မလင်းသေးပေ။မုန့်ဟင်းခါးဆိုင်မှာတောင် လူသိပ်မကျသေးသည်မို့ အေးအေးလူလူထိုင်စားဖြစ်သည်။

''အယ် ကိုရှင်းမြတ်"

ဆိုင်ထဲ၀င်လာရင်း နှုတ်ဆက်လာသောဆရာမခိုင်ဝေလွင်ပါပေ။သူမက Uniformအဖြူအနီ၀တ်နဲ့လည်း တမျိုးကြည့်လှနေသည်။

''ဆွမ်းသွားပို့တာလား"

ခိုင်ဝေလွင်က ဆွမ်းချိုင့်ကိုကြည့်ပြီးမေးသည်။

''ဟုတ်တယ် မေမေ့နှစ်ပတ်လည်မို့လို့ ဆွမ်းလေးချက်ဖြစ်တာ ညီမရော မုန့်လာစားတာလား"

ကိုကိုက သွက်သွက်လက်လက်ပင်ပြန်ဖြေသည်။

''ဟုတ်တယ်  သြော်   ညောင်ရေသွန်းရက်ကျ ခိုင်တို့မိသားစု အာဟာရကျွေးမှာ ကျောင်းလာခဲ့အုံးနော် ကိုရှင်းမြတ်တို့ ညီအစ်ကို"

ဆုံခွင့်ရအောင် အမြဲဖန်တတ်တာပဲဟု ညီစေတွေးရသည်။

''ညောင်ရေကနှစ်တိုင်းလာသွန်းတယ်"

ညီစေ၀င်ပြောတော့မှ ခိုင်ဝေလွင်က သူ့ဘက်လှည့်ကြည့်သည်။

''ဟုတ်လား ကောင်းတာပေါ့ ကိုရှင်းမြတ်ရော ကိုစေရော အဲ့နေ့ကျတွေ့ရင် နှုတ်ဆက်အုံးနော် ခိုင်လည်း ဆေးခန်းနောက်ကျမှာဆိုးလို့ မုန့်စားလိုက်အုံးမယ်"

''ကောင်းပါပြီ"

ခိုင်ဝေလွင်က သွက်လက်စွာပင် ဝိုင်းလွတ်မှာထိုင်ပြီး မုန့်မှာနေပြီဖြစ်သည်။

''ညီ ထပ်ယူအုံးမလား"

''တော်ပြီ သွားကြမယ်"

ပိုက်ဆံရှင်းပြီး ဆိုင်ထဲကထွက်တော့ ကိုကို့ပုခုံးကို တင်းတင်းဖက်လိုက်သည်။ ဘယ်သွားသွား  ပုခုံးဖက်တာအကျင့်ဆိုပေမယ့် တချို့လူတွေရှေ့ကျ လျော့တိလျော့မဖက်ဘဲ မြင်သာထင်သာအောင် ဖက်ရမှ ညီစေကစိတ်ကျေနပ်တတ်သည်။

++++++++++++

''ဘူးညွန့်တွေရော"

ဘူးပင်ရေလောင်းရင် ဘူးညွန်းတွေနည်းသွားတာမို့ သူမေးလိုက်သည်။

''မကြည်ညိုက သူရောင်းပေးမယ် ဆိုပြီးချိုးသွားတာ"

''သြော် အင်း  ကိုကိုရေချိုးတာကြာနေပြီး မြန်မြန်ချိုးလေ  "

ရေချိုးခန်းထဲကလှမ်းဖြေသူကို ဖျားမှာစိုးလို့ အမြန်ချိုးခိုင်းရသည်။

''ပြီးနေပြီ ပုဆိုးလျှော်နေတာ"

''မုန်တိုင်းရှိတာလား မသိဘူး လေတွေတအားတိုက်နေတယ် ထားခဲ့ ကျွန်တော်လျှော်မယ်"

သူပြောတုန်းရှိသေး ကိုကို က ရေချိုးခန်းထွက်လာသည်။ သူတို့ရေချိုးခန်းက အိမ်နဲ့တွဲလျက်မဟုတ်။

ရေမောင်းထည့်ဖို့ လုပ်ထားတဲ့ အုတ်ကန်ကို အမိုး အကာနှင့်အခန်းဖွဲ့ထားခြင်းသာ။

''ရတယ်  ပြီးပြီ မင်းသာ အပင်တွေ ရေမြန်မြန်လောင်းပြီး ရေချိုးတော့ "

ကျောပြောင်ကလေးက သူ့နားကခပ်သုတ်သုတ် ထွက်သွားသည်။နွေနွေ မိုးမိုး နေရှင်းမြတ်ကိုက အသားညိုတယ်ဆိုတာမရှိ။အမြဲကို ဖွေးကြည်နေတတ်သည်။ဒါကြောင့်အောင်တိုးက မင်းကိုကို ဘာစားလဲမေးတာဖြစ်မည်။သူ့အသားသူပြန်ကြည့်တော့ ကိုကိုနဲ့လားလားမျှမဆိုင်။အဲ့တာကြောင့် ငယ်ငယ်ကသူတို့၂ယောက်ကို''ထန်းလျက်နဲ့သကြား

ညီအစ်ကို"ဆိုပြီးခေါ်ကြတာဖြစ်သည်။

''ဝေးးးး ကိုကို"

အတော်လှမ်းမှ သူလှမ်းခေါ်တော့ ကိုကိုလှည့်ကြည့်သည်။

''ကိုကို ဘာစားတာလဲ"

''ဘာကိုလဲ"

ကိုကိုကြောင်တောင်တောင်လေး ဖြစ်သွားတော့ သူကရယ်သည်။

''သူများတွေကမေးလို့"

''ဘာကိုလဲဆိုနေ ညီရယ်"

''ကိုကိုက ဘာစားလို့ ဖြူဖြူဖွေးဖွေးလေး ဖြစ်နေတာလဲတဲ့"

''သြော်  ကိုကိုက ညီ့လိုနေပူထဲမှ အလုပ်

မလုပ်ရတာ"

''နဂိုကိုက ဖြူတာပါဗျာ"

နဂိုဖြူကလေးက အိမ်ထဲ၀င်သွားပြီဖြစ်သည်။

နဂိုမည်းလေးကတော့ ပြုံးစစနဲ့ရေဆက်လောင်းနေဆဲဖြစ်၏။

21/4/24

Myathandarnaing

Share This Chapter