Back
/ 33
Chapter 14

အပိုင်း(၁၃)

ကိုကို့ကို[completed]

ချစ်ခြင်းနဲ့အကြင်နာည

''သမီး နှုတ်ဆက်လိုက်ပါဦး"

''မင်္ဂလာပါကိုကို"

ညနေစောင်းတော့ မသန္တာအောင်ကို သမီးလေးနဲ့အမျိုးသားဖြစ်သူက ၀င်ခေါ်သည်။

''ဦးဦးခေါ်ပါ သမီးရဲ့"

''မီးမီးကကိုကိုမှတ်လို့ပါ မင်္ဂလာပါဦးဦး"

''ဟုတ်ပါပြီ မင်္ဂလာပါ မီးငယ်လေး"

နေရှင်းမြတ်ကိုတို့နုပုံများ သူငယ်ချင်းသမီးက ကိုကိုတဲ့။

''ဟိုဘက်ကတစ်ယောက်ကိုရော

နှုတ်ဆက်လိုက်လေ"

''မင်္ဂလာပါ ဦးဦးကြီးရေ"

''ဟော"

မသန္တာရော သူ့အမျိုးသားကပါရယ်သည်။ညီစေကခပ်ရှုံ့ရှုံ့။ကိုကို့ကို ကိုကိုခေါ်သည့်ပြင် သူ့ကိုပါဦးကြီးတဲ့ ကလေးပေါက်စက။

''အစ်ကိုတို့ သားအဖထိုင်အုံးလေ"

''မထိုင်တော့ဘူး ကိုရှင်းမြတ် ကျွန်တော်တို့အပြန်မှောင်မှာစိုးလို့ သွားပြီနော်"

အမျိုးသားဖြစ်သူက သမီးကိုချီလျက် မသန္တာအောင်ကို ပခုံးကနေ ခပ်ဖွဖွ ဖက်ထားသည်။သည်လူက ကြင်နာတတ်ပြီး စိတ်ထားဖြောင့်မတ်မယ့်ပုံပါပဲ။

''တာ့တာ လုပ်လိုက်အုံးလေ"

''တာ့တာ ဦးဦးတို့ "

''တာ့တာ တာ့တာ"

သားမိသားဖတွေ ဆိုင်ကယ်ထွက်မောင်းထွက်သွားတာကို ကိုကိုက မျက်စိတဆုံး ပြုံးပြုံးကလေး

ကြည့်နေသည်။

''ကဲ ကိုယ်တို့လည်း ရေချိုးရမယ်"

အိမ်ထဲ၀င်တော့မယ့်သူကို လက်ကနေဆတ်ကနဲဆွဲတော့ သူ့ပေါင်ပေါ် ထိုင်လျက်သားကျသည်။

''ညီ့"

ပြန်ရုန်းထဖို့ပြင်သူရဲ့ ခါးကိုတင်းနေအောင်ဖက်တော့

''ညီ အိမ်ရှေ့ကြီးမှာ"

''အိမ်ရှေ့ကြီးတော့ ဘာဖြစ်လဲဗျ "

''ညီဘာဖြစ်နေ"

အရိပ်အကဲ မကြည့်တတ်သူနဲ့တော့ ခက်နေပါပြီ။နမ်းချင်စိတ်ကို သူဘယ်လောက်တောင် အောင့်ထားရတာကို နေရှင်းမြတ်ကိုလေးက မသိတာလား။

''ကညွတ်ခင်းကတည်းက နမ်းချင်နေတာမသိဘူးလား "

ပါးလေးကို ဖိနမ်းပြီး​အံကြိတ်ပြောတော့

''ဘယ်လိုသိမှာလဲ"တဲ့။

အသည်းယားဖို့ကောင်းသူကို ပုခုံးတွေရော ကုတ်သားတွေရော မှီသမျှ တရွှတ်ရွှတ်နမ်းပစ်လိုက်သည်။

''ကိုယ့်ကိုယ်ကို လိုတာထက်ပို နုငယ်နေတာရော သိရဲ့လား ကလေးလေးကတောင် ကိုကိုခေါ်နေတာ         ၂၉နှစ်သားကို စိတ်မချလို့ ဘယ်လိုလုပ်ရပါ့ ဟင်"

''ကိုကို့မှာညီပဲရှိတာ"

လာပြန်ပြီ ဒီစကားလေး။ခဏခဏကြားနေရတာတောင် ကြားရတိုင်း ရင်ထဲလှိုက်ဖိုပြီးကျေနပ်စိတ်ဖြစ်ရ၏။

''မသန္တာအောင်မေးခိုင်းတာမေးရမှာလား ပြောပါဦးကိုကိုရဲ့ မိန်းကလေးဘယ်နှယောက်ကို ဒီလိုပြောပြီး ငြင်းခဲ့သေးလဲ"

''သန္တာက ညီ့ကိုလျှောက်​စတာပါညီရာ လွှတ်ဦး အိမ်ရှေ့ကြီးမှာကို"

''ကိုကိုသာ စပျစ်သီးလေးသာဆိုကောင်းမှာပဲ အဲ့တာမှ လူမြင်ကွင်း သော ဘာသောတွေးစရာ မလိုဘဲ အမြဲ ပါးစပ်ထဲငုံထားလို့ရမှာ"

''ပေါက်ကရ"

''တကယ်ကိုကိုရဲ့ ကျွန်တော်ရော ကိုကိုရော တစ်ယောက်တည်းကိုပဲသံယောဇဉ်ထားကြတာချင်းတူတူ ကျွန်တော်က အမြဲ ပူလောင်ရတယ် ကျွန်တော်က ကိုကို့ကို ရူးအောင်ကိုချစ်တယ် စိတ်မချဘူး မျက်စိအောက်ကအပျောက်မခံနိုင်ဘူး သေးသေးလေးလည်းမဟုတ်ပါဘဲ ရင်ခွင်ထဲထည့်ထားချင်တယ် နမ်းချင်တယ် ထိတွေ့ချင်တယ် ပိုင်ချင်တယ်... ကျစ်...ကျွန်တော့သံယောဇဉ်က လောဘတွေများလွန်းတယ်ကိုကို"

ရင်ထဲက စကားတချို့ကန်ထွက်လာတော့မှ

''ညီရယ်"

တိုးတိုးလေးဆိုကာ သူ့မျက်နှာကို လက်ဖဝါးလေးနဲ့ပင့်ယူမော့စေသည်။ညီစေက ပြောချင်ရာပြောမိပြီးမှ မျက်ရည်ကလည်ချင်လာသည်။

ရှုံ့နေတဲ့ ညီစေ့မျက်ခုံးတန်းတွေကို ပြေလျော့အောင် လက်ကလေးနဲ့ပြင်ရှာပါသည်။ ဖြစ်နိုင်ရင် တစ်သက်လုံးတောင်  သူ့ကိုယ်ပေါ် ပွေ့တင်ထားချင်ရဲ့။မျက်ခုံးပေါ်က လက်တွေကို ဆွဲယူပြီး နှုတ်ခမ်းတွေနဲ့နမ်းမိသည်။ညှို့ခံထားရသူတစ်ယောက်ပမာ မျက်ဝန်းတွေဆီကလည်း အကြည့်ကမခွာနိုင် ။ ဘယ်တုန်းမှ မဝေးခဲ့ဖူးတာတောင် အကြောင်းပြချက်မဲ့စွာ နှမြောတသ ဖြစ်နေမိတဲ့အဖြစ်။ မြင်နေလျက်နဲ့ လွမ်းရတယ်ဆိုတာ ဒီခံစားချက်မျိုး ထင်ပါရဲ့။

''ညီ"

''ဗျာ"

''ကိုကို ညီ့ကိုချစ်ပါတယ်"

ဆတ်ကနဲတောင်တုန်သွားမိတဲ့အခိုက်အတန့်။နောက်ဆုံးတော့ ဒီအသံလေးကို ညီစေကြားခဲ့ရပါပြီ။

''ညီ့အချစ်တွေကိုလည်း ကိုကို့ ရင်ထဲကနေ သေသေချာချာကို နားလည်ခံစားလို့ရတယ် လောဘများလိုက်တာလို့လည်း အပြစ်မမြင်နိုင်ပါဘူးညီရယ် နှစ်နှစ်ဆယ်ကျော်လုံး ညီက ငါ့ကိုချစ်တယ်ဆိုတဲ့ ယုံကြည်မှုကို နည်းနည်းမှ လျော့မသွားအောင် ချစ်ပေးခဲ့လို့ပဲ ကျေးဇူးတွေအထပ်ထပ်တင်ရတယ် ဘယ်လိုအချစ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် ညီ့အချစ်က ပြီးပြည့်စုံပါတယ်"

ပြောတတ်လိုက်တဲ့ကိုကိုပါပဲ။ကိုကို့ဆီက ချစ်စကားတွေ အမြဲ ကြားချင်ခဲ့ပေမယ့် လက်တွေ့ကြားရတော့လည်း လူက ချီတုန်ချတုန်။

ရုတ်တရက်ကိုကိုက သူ့နဖူးကိုဆတ်ကနဲနမ်းပြီး ပေါင်ပေါ်ကဆင်းသည်။

''ရှက်သွားမယ်ဆိုရင်လည်း ပြီးမှပဲအရှက်ပြေအောင်ချော့ပါ့မယ်ကိုကို"

လောလောဆယ်ဖြစ်တည်လာတဲ့ဆန္ဒကို ညီစေကလက်တွေ့အကောင်အထည်ဖော်သည်။ခါးသိမ်သိမ်ကို သိမ်းပွေ့ပြီး ချစ်စကားတွေရဲ့ မြစ်ဖျားလေးကို ဖိကပ်ပြီး ကြင်နာမိသည်။နက်နက်ရှိုင်းရှိုင်း   နမ်းမိတာဟာ နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးလို့ဆိုတာ ကိုကိုခံစားမိမှာပါ။

++++++++++++++++

''ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်"

''သာဓု သာဓု သာဓု"

ညီစေရော ကိုကိုရော လုပ်ချင်ခဲ့တဲ့ ဆွမ်းကျွေးအလှူလေး အထမြောက်ခဲ့ပါပြီ။

ရေစက်ချပြီး ကိုကို့ကို လှည့်ကြည့်တော့ ကိုကိုကလည်း သူ့ကိုပြုံးကြည့်သည်။ညီစေ သက်ပြင်းချမိသည်။အရှက်သည်းလေးက ရှေ့သုံးရက်ကနမ်းပြီးကတည်းက ရှိုးတို့ရှန်းတန်းလုပ်နေခဲ့တာ ခုမှပဲ ပြုံးပြဖော်ရတော့သည်လေ။

''ကိုစေ ခဏလာဦး"

ဆိတ်ကြီးက အနားလာခေါ်တော့ ကိုကို့ကိုပြောပြီးထလိုက်လာရသည်။ မုန့်ဟင်းခါးဝိုင်းတွေမှာလည်း ကလေးတွေရော လူကြီးတွေရော ပြည့်လို့နေသည်။

''ဟေ့ကောင် ဘာလဲ"

ဆိတ်ကြီးနောက်လိုက်လာတာ နောက်ဖေး ကုက္ကိုပင်အထိပင်ရောက်လာသည်။

''ခဏ"

ဆိုပြီး ကုက္ကိုပင် ခွ က အထုပ်ကိုလှမ်းယူပြီး သူ့လက်ထဲထည့်သည် ။

အိတ်ထဲကြည့်တော့ လက်ဆောင်ဘူးလို ဟာမျိုးလေး။

''ဘာလဲ"

''မင်္ဂလာ လက်ဖွဲ့လို့သဘောထား"

''ဘာကွ"

''စိတ်ကိုလျှော့ကိုစေ  မင်းမိန်းမ မယူတော့မှာ ငါသိတယ်ဟေ့ကောင်ရာ ပြီးတော့ကွာ မင်းတို့ကို စော်ကားလိုစိတ်နဲ့ပြောတာမဟုတ်ဖူး မင်းတို့နှစ်ယောက်က ချစ်နေကြတယ်လို့ ငါ့စိတ်ကတထစ်ချယုံနေတယ် ပြီးတော့ မင်းတို့ဆွမ်းကျွေးလုပ်မယ်ပြောသံကြားကတည်းက ရင်ထဲမှာ မင်္ဂလာ ဆွမ်းကျွေးကြီးလိုပဲ ခံစားနေရတာ "

''ပေါက်ကရလုပ်ပြီ ဆိတ်ကြီးရာ"

''တကယ်ကွ ဒါလေးတော့ယူပါကွာ ငါ့မှာမနည်းခိုးဖွက်ထားရတာ မင်းငါ့ကို၃နှစ်ကြာတာတောင် ဖေ့ဘုတ် အကောက်လက်မခံတာ ငါစိတ်မဆိုးဘူးကွာ ဒါမယူရင်တော့ သေခန်းပြတ်ပဲ ဟေ့ကောင်"

ဖေ့ဘုတ်အကောက်တဲ့ လုပ်လာပြီ။

''အကောင့်က မင်းမှမဟုတ်ဘူး ဘယ်သူမှလက်မခံတာ ကိုကိုတစ်ယောက်ပဲ အကောင့်ထဲထားတာ စကားကြီးစကားကျယ်တွေပြောမနေနဲ့ ယူမယ်  ရပြီလား"

''ဒီလိုမှပေါ့"

ညီစေက ဆိတ်ကြီးရဲ့အိတ်ကလေးဆွဲပြီးအိမ်ရှေ့ဘက်ခြေဦးလှည့်သည်။

''ဟေ့ကောင် ကိုစေ"

''ဘုန်ကြီးပွဲက ကျတဲ့ ကိတ် ချန်ထားအုံး"

ဆိတ်ကြီးဆိုတဲ့အတိုင်းပဲ တကယ့်ကောင်။

++++++++++++

''ကိုကို သိမ်းလို့ဆည်းလို့မပြီးသေးဘူးလား"

ဖန်ခွက်တွေကိုဗီရိုထဲ ပြန်စီထည့်နေသူကို နောက်ကျောကနေ သိုင်းဖက်လိုက်သည်။အမြဲမွှေးနေသူရဲ့ လည်တိုင်မှာ မျက်နှာအပ်တော့ ကိုယ်လေးက တွန့်ကနဲ။

''ပြီးပြီ ခဏဖယ်ဦး"

''မဖယ်ချင်ဘူး ဖက်ပဲထားချင်တယ်"

ထိုင်ခုံဆီ သွားသူကို နောက်ကနေ ကလန့်ကလား အရပ်နဲ့ ကပ်ဖက်လိုက်သည်။

''ဆွမ်းကျွေးလာတဲ့သူဘယ်သူ

အထုပ်ကျန်ခဲ့တာလဲ"

စားပွဲပေါ်ကအထုပ်ကို ကိုကိုက လှမ်းယူပြီးဖွင့်သည်။

''အဲ  အဲ့တာကျွန်တော်တို့အထုပ်"

''ဘာထုပ်လဲ"

''ဆိတ်ကြီးလက်ဆောင်ပေးတာ"

''ဟင် အောင်တိုးကဘာဖြစ်လို့လက်ဆောင်ပေးတာလဲ"

''မသိဘူး ဖွင့်ကြည့်ဦးမယ်"

ညီစေက အိတ်ထဲကဘူးကိုထုတ်ပြီး ဖဲကြိုးကိုဖြည်သည်။ ဗူးဖုံးကို ဖွင့်တော့ အထဲမှာ ကော်ဖီခွက်ကလေးနှစ်ခွက် ခရမ်းရောင်လေးနဲ့အပြာရောင်လေး။

''ချစ်စရာလေးတွေ"

ကိုကိုက ခွက်ကလေးတွေကိုကိုင်ကြည့်ပြီးအသည်းယားနေသည်။

''အောင်တိုးကစိတ်ကူးစိတ်ရ အမယ် ဒီမှာလည်း အရုပ်ကလေးပါသေးတယ်ညီရဲ့"

''သည်းခံမှုမှာ အတိုင်းအတာရှိတာကိုသိလား"

မတ်တပ်အတိုင်းကလေး ခုံပေါ်က ခွက်ကို စိတ်၀င်စားနေသူကို ဆတ်ကနဲပွေ့ချီသည်။

''ဟေး ဘာလုပ်တာလဲ"

''ခွက်တွေ အသည်းယားဖို့ ကောင်းတာကို သဘောကျနေတဲ့သူက အသည်းယားစရာလေး ဖြစ်နေတာရော ကိုယ့်ကိုယ်ကိုသိရဲ့လား"

ကိုယ်လုံးပေါ့ပေါ့ပါးပါးကို စားပွဲပေါ်ပင့်တင်ပြီး သူက ခြေထောက်တွေကြား၀င်ရပ်လိုက်သည်။

''ညီ ဘယ်ကိုခြေလှမ်းနေတာလဲ"

''အဟင်းး ကိုကို့ကိုချစ်ဖို့ခြေလှမ်းနေတာလေ"

မေးဖျားကိုမော့နမ်းပြီးစနောက်ပြောတော့ မျက်နှာဖြူဖြူကလေးက သွေးရောင်လွှမ်းသွားရှာသည်။အရောင်ရင့်လာတဲ့ အစိတ်အပိုင်းတစ်လျှောက် ဖိကပ်နမ်းတော့ နမ်းမိသူက မရပ်တန့်နိုင်ဖြစ်ရသည်။

အစိတ်အပိုင်းတိုင်းက ပါးလွှာနူးညံ့နေတာဘာကြောင့်လဲ။ အထူးသဖြင့် လည်တိုင်။တိုးနမ်းမိရင်းက သူ့နှုတ်ခမ်းလွှာတွေက နူးညံ့မှုကို ပိုတိုးရှာဖွေနေကြသည်။ရုတ်တရက်ဖြစ်တည်လာတဲ့ ခန္ဓာဗေဒအပြောင်းအလဲကြောင့် နမ်းနေရာက သတိပြန်၀င်သွားရသည်။

''ဆောရီး ကိုကို နာသွားလား"

လည်တိုင်က နီကွက်သွားတာမို့ ဖွဖွထိရင်း ညီစေ စိတ်မကောင်းဖြစ်ရသည်။စိတ်ပူပန်မှုကြောင့် ပွေ့ချီပြီး ခုံပေါ်က ပြန်ချပေးလိုက်သည်။

''ကိုကိုနားတော့နော်"

ရှောင်ထွက်မသွားရင် ကိုကို့ကိုသူနာကျင်စေမိတော့မှာ။

''ညီ"

လှည့်အထွက်မှာ သူ့ရှပ်အနားစွန်းကို လှမ်းဆွဲလိုက်တဲ့ကိုကို။

''အမြဲရှောင်နေလို့အပြီးသတ်သွားမယ့်အရာမဟုတ်ဖူးဆိုတာရော ညီသိရဲ့လား"

''ကျွန်တော်---"

''ညီဝယ်ထားတာတွေ ကိုကိုတွေ့တယ်"

''အဲ့တာ---အဲ့တာက ကျွန်တော် အရူးထပြီး ၀ယ်သိမ်းထားမိတာ ကိုကိုပင်ပန်းရမှာကို ကျွန်တော်မေ့သွားပြီး စိတ်လွတ်မိတဲ့ စက္ကန့်ပိုင်းတွေကလွဲလို့ ကျွန်တော် ထိန်းထားနိုင်အောင် ကြိုးစားဖို့ တွေးထားတယ်"

''ညီက ဘာလို့

ကိုကိုနာကျင်မှာကိုကြောက်တာလဲ ဖြေ"

တည်တံ့နက်ရှိုင်းတဲ့မျက်ဝန်းအကြည့်တွေနဲ့မေးခွန်းထုတ်လာသူ။

''ကိုကိုကို့ ချစ်လို့ပေါ့ "

လို့ တိုးတိုးလေး ညီစေပြန်ဖြေမိသည်။

''ကိုကို ချစ်တာရောညီက ယုံရဲ့လား"

''ယုံတာပေါ့ ကိုကိုရယ်"

''ချစ်ရတဲ့သူက စိတ်ဆန္ဒကို ချုပ်ထိန်းပြီး တစ်သက်လုံးနေသွားမယ် ဆုံးဖြတ်ထားတာကို သိလိုက်ရတာ ကိုကိုပျော်မယ်လို့ညီထင်လား"

''ဒါပေမယ့်---"

''အချစ်က မျှဝေခံစားမှုမဟုတ်ဘူးလားညီ

ယောက်ျားတစ်ယောက်ရဲ့လိုအပ်မှုကိုလည်းနားလည်ပြီးသားညီလိုအပ်လာခဲ့ရင် ကိုကိုပေးဖို့ စိတ်ကိုပြင်ဆင်ထားပြီးသား"

''ကိုကို့"

ဒီတစ်ခါ ရင်ခွင်ထဲဝင်တိုးမိသူက ညီစေဖြစ်နေသည်ပင်။ကိုကိုက သူ့ကို အဲ့လောက်တောင်ချစ်တာလား။

မျက်ရည်တွေပါ ပိုးပိုးပေါက်ပေါက်ကျလာရသည်။

''ညီက ကိုကိုပေးမယ့်ဘယ်အရာနဲ့ဖြစ်ဖြစ် ထိုက်တန်တယ် ဘာလို့ဆို ညီ့အချစ်က တန်ဖိုးဖြတ်မရလို့ "

အချစ်ဟာ တကယ်ကိုညီမျှတဲ့ ပျော်ရွှင်မှုကို လက်ဆောင်ပေးတော့မည်ထင်သည်။မြတ်နိုးရသူကို လေတိုးမရအောင်ပင် ပွေ့ဖက်သိမ်းထုပ်ပြီး

တဖွဖွနမ်းမိသည်။ဆံစပျော့လေးတွေကို သပ်တင်ကာ နဖူးပြင်ကို နင့်နေအောင် နမ်းပြီး မျက်လုံးလေးတွေကို ဆုံကြည့်လိုက်သည်။

''ဒီလိုဆို ကိုကို"

''ဟင်"

''ကိုကို့ကို ချစ်ပါရစေ"

''အင်း"

လေအဝေ့တွင် တမာပန်းနံ့နှင့်မြေသင်းနံ့တို့ရောနှောကာ သင်းပျံ့လာသည်။ချစ်ခြင်းနှင့် အကြင်နာရနံ့ကိုတော့ တုယှဉ်ပြိုင် သင်းနိုင်အံ့မထင်ပါလေ။

28/4/24

myathandarnaing

Share This Chapter