Back
/ 33
Chapter 16

အပိုင်း(၁၅)

ကိုကို့ကို[completed]

ကိုကို့ရဲ့ဒိုင်ယာရီ

သံသရာဟာလည်ပတ်နေပါတယ်။

နေ့ရက်တွေဟာ တစ်ရက်ပြီးတစ်ရက်ရွေ့လျားကုန်ဆုံးနေဆဲပါပဲ။

ကျွန်တော်ကရှင်းမြတ်ပါ  ညီစေဦး ရဲ့ကိုကိုပါ။

ကုန်ဆုံးသွားတဲ့တစ်ရက်တိုင်းမှာ ညီကကျွန်တော့ကို စက္ကန့်မလပ်ချစ်ပါတယ်။

ကျွန်တော်လည်းထပ်တူပါပဲ။

နေ့ရက်တိုင်းမှာ ကျွန်တော်တို့ ချစ်ကြပါတယ်။

ညီဟာ မျက်ခုံးကောင်းကောင်း အသားညိုညို ထောင်ထောင်မောင်းမောင်း အမျိုးသားလေး။

ရယ်လိုက်ရင် သွားစွယ်လေးပေါ်လာတတ်တဲ့ ငဂျစ်ကလေး။

ကျွန်တော့ကိုသူများကိုကိုခေါ်ရင်မကြိုက်တတ်တဲ့ကောင်လေး၊ကျွန်တော်နဲ့ပတ်သက်ရင် အမြဲအကဲဆတ်ပြီး ဘယ်တော့မှ မရင့်ကျက်တဲ့ ကလေးလေး။

ကျွန်တော်အမြဲမှတ်မိတယ်။

သုံးနှစ်သားရဲ့ အပိုင်လိုချင်ကြောင်း ဖော်ပြနေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို။ကျွန်တော့ကို ညီဟာ ဘ၀ထဲခေါ်ပြီး နွေးထွေးစေခဲ့တဲ့ကလေးပါ။

သူ့ဘ၀ထဲကနေ ဘယ်တော့မှ ထွက်သွားခွင့်မပြုခဲ့တဲ့ကလေးပါ။

''ညီစေဦးမှာ ကိုကိုပဲရှိတယ်"လို့ညီကဆိုတယ်။

ထပ်တူထပ်မျှ ကျွန်တော့မှာလည်း ညီပဲရှိတယ်။

မနက်လင်းတာနဲ့ ခြွေလာတဲ့အနမ်းတွေ၊

ဂရုတစိုက်ပွေ့ပိုက်မှုတွေ၊ဖြည့်ဆည်းမှုတွေ ---ညီက သူ့ဘ၀တစ်ခုလုံးကို ကျွန်တော့ဆီမှာပဲ မြှုပ်နှံထားရှာတယ်။

ဒါကြောင့်ပဲ ကျွန်တော့ကို ချစ်တာ အပြင် ညီ့ဘ၀အတွက် သံသရာအတွက်ကောင်းစေမယ့် အလုပ်ကလေးတွေ လုပ်ဖြစ်အောင် အမြဲ ထောက်ပံ့ပေးဖြစ်တယ်။ဘာလို့ဆို ဒီကလေးက နေ့စဉ်နဲ့အမျှ ကျွန်တော့အတွက်ပဲရှင်သန်နေတဲ့ထိကို ဖြစ်နေလို့။

ကျွန်တော်မှတ်မိသေးတယ် လွန်ခဲ့တဲ့လေးနှစ် ညီရှင်လိင်ပြန်တဲ့နေ့။

ကတုံးလေးနဲ့ အိမ်ပြန်လာတာ အပြေးတစ်ပိုင်းပဲ။

ကျွန်တော့ကို တင်းကြပ်နေအောင်ဖက်တယ်။မိနစ်တောင်မက နာရီပိုင်းအထိ ကို မလွတ်တမ်းပွေ့ဖက်ထားပြီး တဖွဖွနမ်းတယ်။ ပြီးတော့ ငိုရှာတယ်။ ကျွန်တော်တို့ဘယ်တုန်းကမှ မခွဲခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမယ့် လူတွေဟာ သေမျိုးတွေမို့လို့ ထာ၀ရရှင်သန်လို့မရနိုင်ဘူးလေ။

''ကျွန်တော်က ကိုကိုရှိမှ ရှင်သန်နိုင်မှာ"

ညီဒီလိုပြောတဲ့အခါ ကျွန်တော်ညီစိတ်မကောင်းဖြစ်မှာစိုးပေမယ့် ဒီစကားလေးတော့ ပြောမှဖြစ်မှာမို့ ကျွန်တော်ပြောခဲ့တယ်။

'' တစ်ယောက်ရှိမှ တစ်ယောက်ကရပ်တည်နိုင်တယ်ဆိုတာမျိုးတော့ ဟုတ်ပါ့မလား ညီညီရယ် တစ်ချိန်ချိန်ကျ ငါကအရင်ဖြစ်စေ မင်းအရင်ဖြစ်စေ တစ်ယောက်ကအရင်ထွက်သွားရမှာပဲဟာ"လို့။

ကျွန်တော်ညီ့ကိုချစ်ပါတယ်။ကျွန်တော်တို့ အိုမင်းတဲ့ထိလည်း တူတူရှိသွားကြမှာပါ။ဒါပေမယ့် ညီက ခုချိန်ထိတော့ ခွဲခွာခြင်းကို နည်းနည်းလေးမှ

ခံနိုင်ရည်မရှိတဲ့ကလေးလေး ဖြစ်နေတုန်းပဲ။

ဒါပေမယ့် ကျွန်တော့ ကလေးကလိမ္မာလာပါပြီ။တစ်ခုခုဆိုတာနဲ့ အရင်ကလောက် ဒေါသမထွက်တော့ဘူး။မိုးတွေရွာရင်လည်း ငါးမဖမ်းတော့ဘူး။ဥပုသ်လည်း ကျွန်တော်နဲ့အတူ စောင့်ရှာတယ်။ သင်္ကြန်တွင်းလည်း ကျွန်တော်နဲ့အတူ တရားလိုက်ထိုင်တယ်။

ညီ့ကို အရာရာ အလိုလိုက်ချင်ပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး။ညီ့ကိုအတွေးအခေါ် ရင့်ကျက်ပြီး ကိုယ်တိုင်လည်း ရပ်တည်နိုင်စေချင်သေးတယ်။

ညီ့ကိုကျွန်တော်က ချစ်ပါတယ်။

ညီ့ထက်မပိုရင်တောင်မှပေါ့။

သတ္တဝါအားလုံးကိုမေတ္တာထားပေမယ့်

ကျွန်တော် မေတ္တာအရှိဆုံး လူသားကတော့ ညီပါပဲ။

ညီစေဦးမှာ ကျွန်တော်ပဲရှိတာဟာ အမှန်တရားဆိုရင် နေရှင်းမြတ်ကိုမှာ ညီပဲရှိတာဟာ သစ္စာစကားပါ။

ညီကျွန်တော့ကို ထာ၀ရအတွက်ချစ်တယ်ဆိုရင် ကျွန်တော်ကလည်း ညီ့ကိုပဲ  ရာသက်ပန်

ချစ်သွားမယ့်သူပါ။

29/4/23

myathandarnaing

Share This Chapter