Chapter 16: Part-15(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 23892

(Zawgyi)

ယိင္းအိပ္ယာကႏိုးေတာ့ တစ္အိမ္သားလံုးဘယ္သူ႕ကိုမွ မေတြ႕ရ။ခါတိုင္းဆိုႀကီးဥက မီးဖိုေခ်ာင္ထဲမွာအလုပ္႐ႈပ္ေန တတ္သည္။ အိမ္ထဲလွည့္ပတ္ၾကည့္ေသာ္လည္း တစ္ေယာက္မွမေတြ႕ရသျဖင့္ ၿခံထဲဆင္းရွာလိုက္သည္။

ၿခံေစာင့္ေမာင္ၿငိမ္းတစ္ေယာက္သာေတြ႕ရၿပီး ဒ႐ိုင္ဘာ ေမာင္တိုးပါေပ်ာက္ေနေလသည္မို႔ ေမာင့္ကိုသာဖုန္းဆက္ ၾကည့္လိုက္သည္။

“ ဟယ္လို ယိင္းႏိုးၿပီလား"

“ အင္းေမာင္ အခုဘယ္မွာလဲ"

“ ေမာင္အခုၿခံထဲက ကံ့ေကာ္ပင္ေပၚမွာေလ"

“ ဟမ္ "

သူလည္းကံ့ေကာ္ပင္ေအာက္ေရာက္ေနသျဖင့္ အပင္ေပၚေမာ့ ၾကည့္လိုက္ေသာအခါ ကံ့ေကာ္ပင္ခြၾကားတြင္ထိုင္ေနေသာ ေမာင့္ကိုေတြ႕ရေလသည္။

“ ဘာလုပ္ေနတာလဲေမာင္ ဆင္းခဲ့ကြာ"

“ အင္း ပန္းတက္ခူးေနတာေလ"

“ ဆိုင္မွာ၀ယ္လည္းရရဲ႕သားနဲ႔"

“ ဟင့္အင္း ေမာင့္လက္နဲ႔ကိုယ္တိုင္ခူးခ်င္လို႔"

“ မေတာ္လို႔ေမာင္သာတစ္ခုခုျဖစ္သြားရင္ ယိင္းဘယ္လိုျဖစ္ မလဲေမာင္မေတြးမိဘူးလား"

သစ္ပင္ေပၚမွေမာင္သည္ ေလွကားမွတစ္ဆင့္ေအာက္သို႔ျပန္ ဆင္းလာခဲ့သည္။ ေမာင့္လက္ထဲမွာလည္း ကံ့ေကာ္ပန္းက တစ္ေပြ႕

“ ေမာင့္ရဲ႕အသည္းေလးက ေမာင့္ကိုစိုးရိမ္ေနတာေပါ့"

“ ေမာင္ေနာ္စကားကိုေျပာင္ေခ်ာ္ေခ်ာ္မေျပာနဲ႔ ယိင္းမႀကိဳက္ ဘူး ၿပီးေတာ့ ဒီပန္းဘယ္သူ႕အတြက္မို႔လူကိုယ္တိုင္တက္ခူးရ တာလဲေျပာ"

“ ေမာင့္အသည္းေလးအတြက္ေလ"

“ ဘယ္သူလဲေမာင့္ရဲ႕အသည္းက"

“ ဒီမွာေပါ့ ရႊတ္"

“ ဘာလုပ္တာလဲ"

“ နမ္းလိုက္တာေလ"

“ ေမာင္ေနာ္ "

“ ယိင္း"

“ ေျပာ"

“ ဘာလို႔အဲေလာက္ခ်စ္ဖို႔ေကာင္းေနရတာလဲဟင္"

“ ဘာလဲကြာ"

အရွက္သည္းသူေလးက ေခါင္းကိုေအာက္ငံု႔သြားေလသည္။

“ က်န္တဲ့သူေတြက ဘယ္သြားၾကတာလဲဟင္"

“ ဘယ္သြားလဲသိခ်င္လား"

“ အင္း"

“ လာေမာင္နဲ႔အတူသြားရေအာင္ ေရာ့"

ခူးလာတဲ့ကံ့ေကာ္ပန္းမ်ားအား ယိင္းလက္ထဲထည့္ကာ

ကားေလးသည္ ၿခံ၀င္းထဲမွထြက္လာခဲ့လိုက္သည္။ တရိပ္ရိပ္ ေျပးေနေသာကားေလးသည္ တျဖည္းျဖည္းႏွင့္မႏၲေလးမွ ထြက္ခြာကာ ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းသို႔ေရာက္လာခဲ့သည္။

ဒီလမ္း ဒီၿမိဳ႕ကိုဦးတည္ေမာင္းေနကတည္းက ေမာင္ဘယ္ကို သြားမလဲဆိုတာ သူသိခ်င္မိသည္မို႔

“ ေမာင္ ေမာင္ဘယ္ကိုေမာင္းေနတာလဲ"

“ ဟိုေရာက္ရင္သိရမွာေပါ့ယိင္းရယ္"

“ ေမာင္မဟုတ္မွ... "

“ အင္း"

ကားေလးသည္တျဖည္းျဖည္းႏွင့္သူရင္းႏီွးေသာအေငြ႕ အသက္မ်ားရိွသည့္ေနရာသို႔ေရာက္လာေလသည္။ ဒီလမ္း၊ ဒီပတ္၀န္းက်င္ အရာအားလံုးသည္ယိင္းႏွင့္စိမ္းမေနပဲ အရင္တုန္းကအတိုင္းပင္မေျပာင္းလဲေသးေပ။ ကားေလးသည္ၿခံက်ယ္ႀကီးတစ္ခုထဲရိွ ႏွစ္ထပ္တိုက္ေလးေရွ႕ တြင္ရပ္သြားေလသည္။ ၿခံ၀န္းက်ယ္ႀကီးထဲမွာအမ်ဳိးစံုလွေသာ ပန္းပင္မ်ားႏွင့္သီးပင္စားပင္မ်ားကို စိုက္ပ်ဳိးထားသျဖင့္ ျမင္ရသည္မွာသာယာေအးခ်မ္းလွေပသည္။ ကားေပၚမွဆင္း သည္ႏွင့္တၿပိဳင္နက္ ယိင္းမ်က္၀န္းမွမ်က္ရည္တို႔လွ်ံတက္လာ ခဲ့သည္။ ေမာင္ကေတာ့အရိပ္တၾကည့္ၾကည့္ ၾကည့္ေနသူမို႔ ယိင္းပါးျပင္ေလးအားကိုင္ကာ ႏွစ္သိမ့္ေပးေလသည္။ အဲဒီေနာက္ ယိင္းလက္ဝါးေလးကိုကိုင္ကာ အိမ္ထဲသို႔၀င္လာခဲ့ ေလသည္။

“ သားေလးယိင္း ျပန္လာၿပီလား"

“ ႀကီးႀကီးတင္ ဘဘျမင့္"

ႀကီးႀကီးတင္ႏွင့္ ဘဘျမင့္တို႔မွာယိင္းတို႔မိသားစုရဲ႕အိမ္ထိန္း မ်ားျဖစ္ၾကၿပီး ယိင္းငယ္ငယ္ေလးကတည္းကေစာင့္ေရွာက္ ခဲ့ရသျဖင့္ သားအရင္းတစ္ေယာက္ပမာ ခ်စ္ခင္ၾကေလသည္။

“ သားျပန္လာမယ္ဆိုလို႔ေမွ်ာ္ေနၾကတာ"

“ သားအရမ္း၀မ္းသာတာပဲ "

“ လာ အထဲမွာအားလံုးေစာင့္ေနၾကၿပီ"

“ ဟင္ ဘယ္သူေတြလဲေမာင္"

“ ေမာင့္ေနာက္ကလိုက္ခဲ့ရင္သိရမွာပ"

ယိင္းေမာင့္ေနာက္ကအသာေလးလိုက္လာခဲ့သည္။ ျမင္လိုက္ရတဲ့ျမင္ကြင္းက အံ့ဩလြန္း၍ထိန္းထားခဲ့ရေသာ မ်က္၀န္းမွမ်က္ရည္တို႔က က်ဆင္းလာခဲ့ျပန္သည္။

“ happy birthday ယိင္း"

အားလံုးတစ္ညီတစ္ၫြတ္တည္းဆိုကာ ၀ိုင္း၍ဂုဏ္ျပဳၾကေလ သည္။ အခန္းထဲတြင္ ႀကီးဥ၊ ပူတူး၊ ပူစူးတို႔အျပင္ေမာင့္သူငယ္ ခ်င္းမ်ားႏွင့္ယိင္းသူငယ္ခ်င္းမ်ားအားလံုးကိုမထင္မွတ္ပဲေတြ႕လိုက္ေသာေၾကာင့္ ေမာင့္အစီအစဥ္ေတြမွန္းယိင္းနားလည္ လိုက္ပါၿပီ။

“ happy birthday ပါယိင္း ေမာင့္ရဲ႕ယိင္းလိုရာဆႏၵ အားလံုးျပည့္ပါေစေနာ္"

“ ေက်းဇူးပါေမာင္"

“ ယိင္းအတြက္ေမာင့္ရဲ႕ေမြးေန႔လက္ေဆာင္ေလ"

ကတၱီပါအနီေရာင္ဘူးေလးအားကမ္းေပးေလသည္။ ဖြင့္ၾကည့္ လိုက္ေတာ့ yဆိုတဲ့ဆြဲသီးေလးနဲ႔ ဆြဲႀကိဳးေလးတစ္ခု။

“ ယိင္း ငါကနင္ျပန္မလာေတာ့ဘူးထင္ေနတာ ဒီမွာနင့္အတြက္ေမြးေန႔လက္ေဆာင္"

အားလံုးဆီမွေမြးေန႔လက္ေဆာင္လက္ခံၿပီးသည္ႏွင့္ စားစရာ ေသာက္စရာမ်ားေကြၽးေမြးကာ ေမြးေန႔ပြဲကိုေပ်ာ္ရႊင္စြာက်င္းပ ခဲ့ေလသည္။ ၿပီးစီး၍အားလံုးျပန္သြားၾကေသာ အခ်ိန္တြင္ ေမာင္မွယိင္းလက္အားဆြဲကာ ေခၚသြားေလသည္။

“ ဘယ္သြားမလို႔လဲေမာင္"

“ ေမြးေန႔လက္ေဆာင္ေနာက္တစ္ခု ေပးစရာက်န္ေသးလို႔"

ေျပာၿပီးအခန္းတစ္ခုထဲေခၚသြားေလသည္။ အဲဒီအခန္းဟာ ယိင္းအရင္က ေနခဲ့တဲ့အခန္းပင္ျဖစ္သည္။ အခန္းထဲေရာက္ ေရာက္ခ်င္း ေမာင္ကတံခါးကိုအတြင္းထဲမွေလာ့ခ္ခ်လိုက္ သျဖင့္ ယိင္းလန္႔သြားရသည္။

“ ေမာင္ ေမာင္ဘာလုပ္မလို႔လဲဟင္"

“ ေမာင့္လက္ေဆာင္ကိုျပမလို႔ေလယိင္းရဲ႕"

ေျပာၿပီးေမာင္သည္ အက်ႌက်ယ္သီးမ်ားကိုျဖဳတ္ေနသျဖင့္ ယိင္းလက္ႏွစ္ဖက္ႏွင့္မ်က္ႏွာကိုအုပ္ကာကာထားလိုက္သည္။

ေခြၽးပင္အနည္းငယ္ျပန္လာသလို ခံစားလိုက္ရသည္။ ႐ုတ္တရက္ ေမာင္ကယိင္းလက္ကိုကိုင္ကာ သူ႕ရင္ဘတ္ေပၚ တင္လိုက္သျဖင့္ ယိင္းလန္႔သြားကာမ်က္လံုးဖြင့္ၾကည့္လိုက္ ေလသည္။ ေမာင့္ရဲ႕ဘယ္ဘက္ရင္အံုမွာ ယိင္းကံ့ေကာ္ ပန္းေတြကိုင္ကာ ႐ိုက္ထားတဲ့ဓာတ္ပံုကိုတက္တူး ထိုးထားတာျမင္လိုက္ရသည္။ပံု ေအာက္ကရက္စြဲေလးက ယိင္းရဲ႕ေမြးေန႔ 20.4.1999တဲ့။

(Unicode)

ယိင်းအိပ်ယာကနိုးတော့ တစ်အိမ်သားလုံးဘယ်သူ့ကိုမှ မတွေ့ရ။ခါတိုင်းဆိုကြီးဥက မီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေ တတ်သည်။ အိမ်ထဲလှည့်ပတ်ကြည့်သော်လည်း တစ်ယောက်မှမတွေ့ရသဖြင့် ခြံထဲဆင်းရှာလိုက်သည်။

ခြံစောင့်မောင်ငြိမ်းတစ်ယောက်သာတွေ့ရပြီး ဒရိုင်ဘာ မောင်တိုးပါပျောက်နေလေသည်မို့ မောင့်ကိုသာဖုန်းဆက် ကြည့်လိုက်သည်။

“ ဟယ်လို ယိင်းနိုးပြီလား"

“ အင်းမောင် အခုဘယ်မှာလဲ"

“ မောင်အခုခြံထဲက ကံ့ကော်ပင်ပေါ်မှာလေ"

“ ဟမ် "

သူလည်းကံ့ကော်ပင်အောက်ရောက်နေသဖြင့် အပင်ပေါ်မော့ ကြည့်လိုက်သောအခါ ကံ့ကော်ပင်ခွကြားတွင်ထိုင်နေသော မောင့်ကိုတွေ့ရလေသည်။

“ ဘာလုပ်နေတာလဲမောင် ဆင်းခဲ့ကွာ"

“ အင်း ပန်းတက်ခူးနေတာလေ"

“ ဆိုင်မှာဝယ်လည်းရရဲ့သားနဲ့"

“ ဟင့်အင်း မောင့်လက်နဲ့ကိုယ်တိုင်ခူးချင်လို့"

“ မတော်လို့မောင်သာတစ်ခုခုဖြစ်သွားရင် ယိင်းဘယ်လိုဖြစ် မလဲမောင်မတွေးမိဘူးလား"

သစ်ပင်ပေါ်မှမောင်သည် လှေကားမှတစ်ဆင့်အောက်သို့ပြန် ဆင်းလာခဲ့သည်။ မောင့်လက်ထဲမှာလည်း ကံ့ကော်ပန်းက တစ်ပွေ့

“ မောင့်ရဲ့အသည်းလေးက မောင့်ကိုစိုးရိမ်နေတာပေါ့"

“ မောင်နော်စကားကိုပြောင်ချော်ချော်မပြောနဲ့ ယိင်းမကြိုက် ဘူး ပြီးတော့ ဒီပန်းဘယ်သူ့အတွက်မို့လူကိုယ်တိုင်တက်ခူးရ တာလဲပြော"

“ မောင့်အသည်းလေးအတွက်လေ"

“ ဘယ်သူလဲမောင့်ရဲ့အသည်းက"

“ ဒီမှာပေါ့ ရွှတ်"

“ ဘာလုပ်တာလဲ"

“ နမ်းလိုက်တာလေ"

“ မောင်နော် "

“ ယိင်း"

“ ပြော"

“ ဘာလို့အဲလောက်ချစ်ဖို့ကောင်းနေရတာလဲဟင်"

“ ဘာလဲကွာ"

အရှက်သည်းသူလေးက ခေါင်းကိုအောက်ငုံ့သွားလေသည်။

“ ကျန်တဲ့သူတွေက ဘယ်သွားကြတာလဲဟင်"

“ ဘယ်သွားလဲသိချင်လား"

“ အင်း"

“ လာမောင်နဲ့အတူသွားရအောင် ရော့"

ခူးလာတဲ့ကံ့ကော်ပန်းများအား ယိင်းလက်ထဲထည့်ကာ

ကားလေးသည် ခြံဝင်းထဲမှထွက်လာခဲ့လိုက်သည်။ တရိပ်ရိပ် ပြေးနေသောကားလေးသည် တဖြည်းဖြည်းနှင့်မန္တလေးမှ ထွက်ခွာကာ ပြင်ဦးလွင်မြို့နယ်အတွင်းသို့ရောက်လာခဲ့သည်။

ဒီလမ်း ဒီမြို့ကိုဦးတည်မောင်းနေကတည်းက မောင်ဘယ်ကို သွားမလဲဆိုတာ သူသိချင်မိသည်မို့

“ မောင် မောင်ဘယ်ကိုမောင်းနေတာလဲ"

“ ဟိုရောက်ရင်သိရမှာပေါ့ယိင်းရယ်"

“ မောင်မဟုတ်မှ... "

“ အင်း"

ကားလေးသည်တဖြည်းဖြည်းနှင့်သူရင်းနှီးသောအငွေ့ အသက်များရှိသည့်နေရာသို့ရောက်လာလေသည်။ ဒီလမ်း၊ ဒီပတ်ဝန်းကျင် အရာအားလုံးသည်ယိင်းနှင့်စိမ်းမနေပဲ အရင်တုန်းကအတိုင်းပင်မပြောင်းလဲသေးပေ။ ကားလေးသည်ခြံကျယ်ကြီးတစ်ခုထဲရှိ နှစ်ထပ်တိုက်လေးရှေ့ တွင်ရပ်သွားလေသည်။ ခြံဝန်းကျယ်ကြီးထဲမှာအမျိုးစုံလှသော ပန်းပင်များနှင့်သီးပင်စားပင်များကို စိုက်ပျိုးထားသဖြင့် မြင်ရသည်မှာသာယာအေးချမ်းလှပေသည်။ ကားပေါ်မှဆင်း သည်နှင့်တပြိုင်နက် ယိင်းမျက်ဝန်းမှမျက်ရည်တို့လျှံတက်လာ ခဲ့သည်။ မောင်ကတော့အရိပ်တကြည့်ကြည့် ကြည့်နေသူမို့ ယိင်းပါးပြင်လေးအားကိုင်ကာ နှစ်သိမ့်ပေးလေသည်။ အဲဒီနောက် ယိင်းလက်ဝါးလေးကိုကိုင်ကာ အိမ်ထဲသို့ဝင်လာခဲ့ လေသည်။

“ သားလေးယိင်း ပြန်လာပြီလား"

“ ကြီးကြီးတင် ဘဘမြင့်"

ကြီးကြီးတင်နှင့် ဘဘမြင့်တို့မှာယိင်းတို့မိသားစုရဲ့အိမ်ထိန်း များဖြစ်ကြပြီး ယိင်းငယ်ငယ်လေးကတည်းကစောင့်ရှောက် ခဲ့ရသဖြင့် သားအရင်းတစ်ယောက်ပမာ ချစ်ခင်ကြလေသည်။

“ သားပြန်လာမယ်ဆိုလို့မျှော်နေကြတာ"

“ သားအရမ်းဝမ်းသာတာပဲ "

“ လာ အထဲမှာအားလုံးစောင့်နေကြပြီ"

“ ဟင် ဘယ်သူတွေလဲမောင်"

“ မောင့်နောက်ကလိုက်ခဲ့ရင်သိရမှာပ"

ယိင်းမောင့်နောက်ကအသာလေးလိုက်လာခဲ့သည်။ မြင်လိုက်ရတဲ့မြင်ကွင်းက အံ့ဩလွန်း၍ထိန်းထားခဲ့ရသော မျက်ဝန်းမှမျက်ရည်တို့က ကျဆင်းလာခဲ့ပြန်သည်။

“ happy birthday ယိင်း"

အားလုံးတစ်ညီတစ်ညွတ်တည်းဆိုကာ ဝိုင်း၍ဂုဏ်ပြုကြလေ သည်။ အခန်းထဲတွင် ကြီးဥ၊ ပူတူး၊ ပူစူးတို့အပြင်မောင့်သူငယ် ချင်းများနှင့်ယိင်းသူငယ်ချင်းများအားလုံးကိုမထင်မှတ်ပဲတွေ့လိုက်သောကြောင့် မောင့်အစီအစဉ်တွေမှန်းယိင်းနားလည် လိုက်ပါပြီ။

“ happy birthday ပါယိင်း မောင့်ရဲ့ယိင်းလိုရာဆန္ဒ အားလုံးပြည့်ပါစေနော်"

“ ကျေးဇူးပါမောင်"

“ ယိင်းအတွက်မောင့်ရဲ့မွေးနေ့လက်ဆောင်လေ"

ကတ္တီပါအနီရောင်ဘူးလေးအားကမ်းပေးလေသည်။ ဖွင့်ကြည့် လိုက်တော့ yဆိုတဲ့ဆွဲသီးလေးနဲ့ ဆွဲကြိုးလေးတစ်ခု။

“ ယိင်း ငါကနင်ပြန်မလာတော့ဘူးထင်နေတာ ဒီမှာနင့်အတွက်မွေးနေ့လက်ဆောင်"

အားလုံးဆီမှမွေးနေ့လက်ဆောင်လက်ခံပြီးသည်နှင့် စားစရာ သောက်စရာများကျွေးမွေးကာ မွေးနေ့ပွဲကိုပျော်ရွှင်စွာကျင်းပ ခဲ့လေသည်။ ပြီးစီး၍အားလုံးပြန်သွားကြသော အချိန်တွင် မောင်မှယိင်းလက်အားဆွဲကာ ခေါ်သွားလေသည်။

“ ဘယ်သွားမလို့လဲမောင်"

“ မွေးနေ့လက်ဆောင်နောက်တစ်ခု ပေးစရာကျန်သေးလို့"

ပြောပြီးအခန်းတစ်ခုထဲခေါ်သွားလေသည်။ အဲဒီအခန်းဟာ ယိင်းအရင်က နေခဲ့တဲ့အခန်းပင်ဖြစ်သည်။ အခန်းထဲရောက် ရောက်ချင်း မောင်ကတံခါးကိုအတွင်းထဲမှလော့ခ်ချလိုက် သဖြင့် ယိင်းလန့်သွားရသည်။

“ မောင် မောင်ဘာလုပ်မလို့လဲဟင်"

“ မောင့်လက်ဆောင်ကိုပြမလို့လေယိင်းရဲ့"

ပြောပြီးမောင်သည် အင်္ကျီကျယ်သီးများကိုဖြုတ်နေသဖြင့် ယိင်းလက်နှစ်ဖက်နှင့်မျက်နှာကိုအုပ်ကာကာထားလိုက်သည်။

ချွေးပင်အနည်းငယ်ပြန်လာသလို ခံစားလိုက်ရသည်။ ရုတ်တရက် မောင်ကယိင်းလက်ကိုကိုင်ကာ သူ့ရင်ဘတ်ပေါ် တင်လိုက်သဖြင့် ယိင်းလန့်သွားကာမျက်လုံးဖွင့်ကြည့်လိုက် လေသည်။ မောင့်ရဲ့ဘယ်ဘက်ရင်အုံမှာ ယိင်းကံ့ကော် ပန်းတွေကိုင်ကာ ရိုက်ထားတဲ့ဓာတ်ပုံကိုတက်တူး ထိုးထားတာမြင်လိုက်ရသည်။ပုံ အောက်ကရက်စွဲလေးက ယိင်းရဲ့မွေးနေ့ 20.4.1999တဲ့။