Back
/ 6
Chapter 2

သို့...ချစ်ရပါသော တီချယ်စိမ်း (part-2)

သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)

နောက်နေ့ကစပြီး ခန့် အန်တီစိမ်းကို ရှောင်နေမိသည်။ ဆိုင်လာလျှင်လည်း ထွက်မတွေ့ပေ။

အန်တီစိမ်းကို ရှောင်နေခဲ့တာ တစ်ပတ်ကျော်ခဲ့ပြီ ဒီနေ့ကစပြီး ကျောင်းစတတ်ရမှာဆိုတော့ ကျောင်းသွားနေတာနဲ့ ရှောင်နေစရာမလိုတော့ဘူး။

ခန့် အတွေးလွန်ပြီး စက်ဘီနင်းလာတာ ကျောင်းရှေ့တောင်ရောက်လာပြီ။

'ဟျောင့် ငခန့်'

'အေး'

'သားကြီး မတွေ့တာကြာတော့ ချောလာတယ်'

'ဘာစားချင်လဲ ဘာဝယ်ကျွေးရမလဲ လူကိုလာမြှောက်နေတယ်'

'ခန့်ရာ အကောင်းပြောတာပါ'

'ယုံလိုက်ပြီနော်'

ကျောင်းကို စစဝင်တော့ ခန့်ရဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းနှစ်ယောက်နဲ့တွေ့လေသည်။ သူတို့မှာ လမင်းကျော်နှင့် ဆောင်းနှင်းဝင်း တို့ပေ။ ခန့်ကတော့ ကျော်ကြီးနဲ့ အဝင်းလို့ခေါ်သည်။ နှစ်ယောက်လုံးမှာ tomboyများပင်။

စကားတပြောပြောနှင့် ခန့်တို့နေရမည့်အတန်းသို့ ရောက်လာသည်။ အတန်းထဲရောက်တာနဲ့ ခန့်တို့ နိဗ္ဗာန်လေးကို အမြန်ဝင်ထိုင်ကြသည်။

ခန့်တို့ နိဗ္ဗာန်လေးမှာ နောက်ဆုံးတန်းကိုပြောခြင်းပင်။

'နေမင်းခန့် ဆရာမရည်မွန်ခေါ်နေတယ်'

'အေး လာပြီ'

ခဏကြာတော့ ကောင်မလေးတစ်ယောက်က ခန့်ကိုလာခေါ်သည်။

ခန့်လည်း ထိုကောင်မလေးနောက်လိုက်သွားသည်။ ခန့်တတို့ အခန်းနှင့် နားနေခန်းမှာ အလွန်ဝေးသည်။

'ဆရာမ ဝင်ခွင့်ပြုပါ'

'အော် လာ'

'ဟုတ်'

'ဒါ ဆရာမအသစ် မင်းတို့အတန်းပိုင် အခန်းထဲကို ခေါ်သွားပြီး ဆရာမလိုတာ ကူညီလိုက်အုန်း စိမ်း သူက...'

ဒီဘက်ကို လှည့်လာတော့ အန်တီစိမ်းပင်။

'ခန့်...'

'အန်တီစိမ်း...'

'သိနေကြတာလား'

'ဟုတ်'

'ကောင်းတာပေါ့ အဲ့တာဆို ဆရာမကို အခန်းထဲခေါ်သွားပြီး လိုတာကူညီပေးလိုက်'

'ဟုတ်ကဲ့'

'စိမ်း ခန့်နောက်လိုက်သွားနော်'

'ဟုတ် အမ'

ထို့နောက် ခန့်လည်း အန်တီစိမ်း၏ ခြင်းတောင်းကို ကူသယ်ပေးကာ အတန်းဘက်သို့ ထွက်လာခဲ့ကြသည်။

'အန်တီစိမ်း'

'ရှင်'

အား...သဘောကျလိုက်တာဗျာ။

'အန်တီစိမ်းက ဆရာမဆိုတာ ခန့်ကို ဘာလို့မပြောတာလဲ'

'စကားမစမိလို့ပါ'

'အော် ဟုတ် အဲ့တာဆို အခု တီချယ်စိမ်းဖြစ်သွားပြီပေါ့နော်'

'အင်း...

ဒါနဲ့ ခန့်ကရော ဘာလို့ တို့ကိုရှောင်နေတာလဲ'

'ဘာမှမဖြစ်ပါဘူး'

'ဖြစ်ပါတယ်'

'မဖြစ်ပါဘူး'

'ဖြစ်ပါတယ်'

'ဟာ မဖြစ်ပါဘူးဆိုကွာ'

ထိုအချိန် အတန်းနားမရောက်ခင် ခုံတန်းလေးတွင် တီချယ်စိမ်းက ဝင်ထိုင်လိုက်သည်။

'ခန့်မပြောမချင်း တို့ဒီခုံကမထဘူး'

'တီချယ်စိမ်းကကွာ...'

လက်ပိုက်ကာ နှုတ်ခမ်းကြီးဆူပြီး ထိုင်နေသော တီချယ်စိမ်းမှာ ကလေးလေးအတိုင်းပင်။ အလွန်ချစ်ဖို့ကောင်းသည်။ ခန့်ခိုးရယ်လိုက်ပြီး မျက်နှာကို ပြန်တည်လိုက်ပြီး

'ဒါဆိုလည်း တီချယ်စိမ်း သဘော အခန်းကရှေ့က နှစ်ခန်းကျော် ခန့်သွားနှင့်ပြီ ကျောင်းတတ်တော့မယ်'

ဟုဆိုကာ ခန့် တီချယ်စိမ်းကို စချင်တာနဲ့ ထိုင်ခုံတွင် ထားခဲ့လိုက်သည်။

အတန်းထဲရောက်တော့ တီချယ်စိမ်း ခြင်းတောင်းကို ခုံပေါ်တင်ထားလိုက်ပြီး ခန့်ကိုယ့်နေရာ ကိုယ်ပြန်လာလိုက်သည်။

ခဏကြာတော့ တီချယ်စိမ်းဝင်လာသည်။ တီချယ်စိမ်း၏ မျက်နှာမှာ ေဒါသထွက်နေသည်ကို အတင်းပြုံးထားသလိုပင်။

နိုင်ငံတော့ သီချင်းဆိုပြီးတော့ တီချယ်စိမ်းမှာ ကိုယ့်ကိုကိုယ် မိတ်ဆက်သည်။

'ကဲ အားလုံးဘဲ တီချယ်နာမည်က ဒေါ်စိမ်းမဟာနွယ် မင်းတို့အတန်းပိုင် အင်္ဂလိပ်စာသင်မှာ ဟုတ်ပြီနော်'

'ဟုတ်ကဲ့ပါ' တစ်ခန်းလုံးက ပြန်ဖြေလိုက်သည်။

'မင်းတို့ တစ်ယောက်ချင်းစီ နာမည်လေးတွေ မိတ်ဆက်ပေးကြပါအုန်း'

တစ်ယောက်ချင်းစီ နာမည်မိတ်ဆက်ပြီး ခန့်အလှည့်ရောက်လာသည်။

'ခန့်နာမည်က..'

'တို့မင်း နာမည်ကိုသိတယ် မင်းထိုင်လို့ရပြီ'

သေချာပါသည် တီချယ်စိမ်း စိတ်ကောက်သွားပြီ။

'ဟျောင့် ကျော်ကြီး'

'ေဟ'

'ငါ့ကိုလေ စကားနဲ့မပြောရတဲ့ ချော့နည်းလေး ဘာလေးသင်ပေးပါလား'

'ဟ ထူးထူးဆန်းဆန်း စာကြမ်းပိုက ချော့နည်း မေးနေတယ် ဘယ်ကောင်မလေးကိုချော့မလို့လဲ'

'မုန့်စားဆင်းရင်ပြောပြမယ်'

'အေးပြီးရော ဒါနဲ့ မင်းကိုငါ ပြောပြရင် မင်းကငါ့ကို ဘယ်လိုဉာဏ်ပူဇော်ခပေးမှာလဲ'

'မုန့်ဝယ်ကျွေးမယ် ဟုတ်ပြီလား'

'အေး မင်းကိုငါပြောပြမယ် စာရေးပေးလေကွာ'

'စာ...ဟုတ်သားဘဲ မင်းဉာဏ်ကောင်းသားဘဲ'

'လမင်းကျော်လေ ဟဲ ဟဲ'

ခန့်လည်း ကျော်ကြီးစီမှ အကြံကိုယူပြီး စာရေးလိုက်သည်။ တီချယ်စိမ်း အချိန်ကုန်တော့ တီချယ်စိမ်းကို နားနေခန်းထဲ လိုက်ပို့လိုက်ပြီး ခြင်းတောင်းထဲကို စာလေးထည့်လိုက်သည်။

ထို့နောက် အတန်းပြန်သွားသည်။

'စိမ်းရေ'

'ရှင်အမ'

'မနက်က စိမ်းကိုပေးထားတဲ့ စတိုခန်းသော့လေး အမကို ခဏလောက်ပေးပါလား အမစာအုပ်တွေသွားထုတ်မလို့'

'အော် ဟုတ်အမ'

စိမ်းလည်း ခြင်းတောင်းထဲက ထိုသော့လေးကိုနှိုက်လိုက်ရာ စာလေးတစ်ခုပါလာသည်။

'ဟင် ဒါဘယ်ကစာလဲ'

တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး စာရွက်လေးကို ခုံပေါ်တင်ထားသည်။

'အမ ဒီမှာ'

'အေး ကျေးဇူးနော်စိမ်း'

'ဟုတ်'

အမရည်မွန်ထွက်သွားတော့ စိမ်းလည်းခုနက စာလေးကို ဖွင့်ဖတ်လိုက်သည်။

'သို့...ချစ်ရပါသော တီချယ်စိမ်း

ခန့်တီချယ်စိမ်းကို ရှောင်နေတာမဟုတ်ပါဘူး။ ခန့်တီချယ်စိမ်းကိုမြင်တိုင်း ခန့်ရင်ထဲက အကောင်က လှုပ်စိလှုပ်စိနဲ့ ဖြစ်လာလို့ပါ။ ဒါပေမယ့် တီချယ်စိမ်းမှာ ချစ်နေတဲ့မိန်းကလေးရှိတယ်ဆိုတော့ ခန့်လည်း နှုတ်ဆိတ်ပြီးနေနေတာပါ။ ခန့်တီချယ်စိမ်းကို ဒီအကြောင်းပြောပြတာ သိချင်စေရုံသက်သက်ပါ။  ခန့်ကို စိတ်မဆိုးပါနဲ့နော်။ ခန့်ကို မခေါ်မပြောဘဲနဲ့လည်း မနေပါနဲ့နော်။ ပြီးတော့ စိတ်ကောက်လည်းပြေပါတော့နော်။'

အော်...ဒီကလေးနှယ့် ချော့တဲ့စာလား ရည်းစားစာလားမသဲကွဲဘူး။

မုန့်စားဆင်းတော့ ကျော်ကြီးနဲ့ အဝင်းကို တီချယ်စိမ်းအကြောင်းပြောပြလိုက်သည်။

'ဟ ဒါဆို မင်းတီချယ်က ကောက်စိန်လေးပေါ့'

'အေး ငါထင်တောင်မထင်ထားဘူး စစတွေ့တုန်းက ချေမိုးနေတာ သူမဟုတ်တဲ့အတိုင်းဘဲ'

'မင်းတီချယ်က မင်းနဲ့တွေ့မှ ကောက်စိန်ဖြစ်သွားလို့နေမှာပေါ့'

အပေါ်ပြန်တတ်တော့ ခန့်လည်း တီချယ်စိမ်းဖို့ chocolate cakeလေး ဝယ်လာလိုက်သည်။

'နေမင်းခန့်'

နားနေခန်းနားရောက်တော့ တီချယ်စိမ်းနှင့်တွေ့သည်။

'ဗျာ'

'လာအုန်း သမီးတို့နှစ်ယောက်သွားနှင့်နော် ခန့်နဲ့ ပြောစရာလေးရှိလို့'

'ဟုတ် ဆရာမ' ဟုဆိုကာ ရီပြီးထွက်သွားကြသည်။

'ခန့်'

'ဗျာ'

'မင်းတို့ကိုပေးတဲ့စာက ချော့တဲ့စာလား ရည်းစားစာလား'

'ဟီး နှစ်ခုလုံး'

'မင်းကိုပြောပြောနေတဲ့ ကောင်မလေးက ဘယ်သူလို့ထင်လဲ'

'မသိဘူးလေ တီချယ်စိမ်းမှ မပြောဖူးတာ'

'မင်းကိုပြောတာ ငပေါလေးရဲ့ သူ့ကိုပြောမှန်းလဲ သူမသိဘူး'

'ခန့်...ခန့်ကို'

'အင်း'

'တကယ်ပြောတာလား'

'ခန့်ကို အ..အဖြေ ပြန်..ပြန်ပေးတာပေါ့နော်'

'အင်းလို့'

'ရေး'

'ဟဲ့ တိုးတိုးလုပ် သူများတွေကြားကုန်မယ်'

'ဟုတ်သားဘဲ ဟီး မေ့သွားလို့'

'သွားတော့ အတန်းထဲပြန်'

'ဟုတ်

အဲ နေပါအုန်း ဒါလေးပေးမလို့ မေ့တော့မလို့'

'အော် ကျေးဇူးနော် ကလေး'

'ချစ်တယ်နော် တီချယ်စိမ်း'

'အော် တော်တော်ကဲ'

'မချစ်ဘူးလား'

'ချစ်တယ် ချစ်တယ် ဟုတ်ပီလား သွားတော့'

'ဟုတ်'

~~~~~~~~~~~

နောက်တစ်ပိုင်းမျှော်ကြပါနော်...

Share This Chapter